ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ထိုင္းႏိုင္ငံ၊ ဖူးခက္ကမ္းေျခ အေနာက္ပိုင္းတြင္ တည္ရွိေသာ အပန္းေျဖစံအိမ္ၾကီးတစ္လံုးကို လာမည့္ ဒီဇင္ဘာ ၆ ရက္တြင္ အြန္လိုင္းမွ တဆင့္ စတင္ေလလံတင္ ေရာင္းခ်ရန္ စီစဥ္ထားေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပ သည္။
စံအိမ္ၾကီးသည္ ျခံအက်ယ္အဝန္း ၆၅၉၅၀ စတုရန္းေပရွိကာ ကပၸလီပင္လယ္ျပင္ကို ရႈျမင္ႏိုင္သည့္ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားသည္။
ဆာဝမ္စံအိမ္ဟု အမည္ရျပီး အိပ္ခန္း ၈ ခန္း၊ ေရခ်ဳိးခန္း ၈ ခန္း၊ ကေလးမ်ား ေရကစားရန္ ေရတိမ္ေနရာပါဝင္သည့္ အလ်ား ၂၅ ေပရွိေသာ ေရကူးကန္၊ အျခားေရကူးကန္ ၂ ခုတို႔ ပါဝင္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။ ဆာဝမ္ဟူသည္မွာ ထိုင္းဘာသာစကားအရ ေကာင္းကင္ဘံုဟု အဓိပၸာယ္ရသည္။
ေျမကမၻာရွိ ေကာင္းကင္ဘံုသို႔ ေရာက္ရွိေနသည့္သဖြယ္ ခံစားလိုေသာေၾကာင့္ ပိုင္ရွင္မ်ားက ယင္းသို႔ အမည္ေပးခဲ့ျခင္းျဖစ္ေၾကာင္း ယခု စံအိမ္ၾကီးကို ေလလံတင္ေပးသည့္ Concierge Auctions ေလလံအဖြဲ႔ႏွင့္ ပူးေပါင္းလုပ္ေဆာင္ေနသည့္ Prime Real Estate Phuket မွ လင္ဒန္ ဖိလစ္က ေျပာၾကားသည္။
စံအိမ္ၾကီးသည္ ဖူးခက္အပန္းေျဖကၽြန္း၏ နာမည္ေက်ာ္ကမ္းေျခတစ္ခုျဖစ္ေသာ ထရိုင္ဆာရာတြင္ တည္ရွိသည္။ ေလလံတင္ျခင္းကို လာမည့္ ဒီဇင္ဘာ ၆ ရက္တြင္ စတင္မည္ျဖစ္ျပီး ဒီဇင္ဘာလ ၁၂ ရက္၌ နယူးေယာက္ျမိဳ ႔တြင္ တိုက္ရိုက္ထုတ္လႊင့္ျခင္းျဖင့္ အဆံုးသတ္မည္ ျဖစ္သည္။
စံအိမ္ကို ၂၀၀၄ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး ၂၀၁၀ ျပည့္ႏွစ္အတြင္း ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း Concierge Auctions ေလလံအဖြဲ႔မွ ေလလံဒါရိုက္တာ ဒင္နီယယ္ စပါ့ခ္မန္းက ေျပာၾကားသည္။
စံအိမ္ၾကီးသည္ ယခင္က တစ္ၾကိမ္မွ် အေရာင္းေစ်းကြက္မဝင္ခဲ့ဖူးေခ်။
ကာလေပါက္ေစ်းအားျဖင့္ ကန္ေဒၚလာ ၂၃ သန္းခန္႔ တန္ေၾကးရွိျပီး ယခုေလလံတင္ရာတြင္မူ ၾကမ္းခင္းေစ်း သတ္မွတ္ထားျခင္း မရွိေၾကာင္း မစၥတာ လင္ဒန္ ဖိလစ္က ေျပာၾကားသည္။
လင္ဒန္ဖိလစ္သည္ ဖူးခက္တန္ဖိုးၾကီး အိမ္ျခံေျမေလာကတြင္ ၁၅ ႏွစ္ခန္႔ အေတြ႔အၾကံဳရွိသူတစ္ဦးလည္း ျဖစ္သည္။ လက္ရွိပိုင္ရွင္မ်ားက မိသားစုေနအိမ္အျဖစ္ ပြဲလမ္းအခ်ဳိ ႔အတြက္ အသံုးျပဳခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ မ်ားစြာအသံုးမျပဳျဖစ္ေတာ့ ေသာေၾကာင့္ ေရာင္းထုတ္လိုက္ျခင္းျဖစ္သည္ဟု ဆိုသည္။
လက္ရွိပိုင္ရွင္ မည္သူျဖစ္သည္ကိုမူ မသိရေခ်။
စံအိမ္ေရွ ႔ သစ္သားတံခါးမ်ားမွ ဝင္ေရာက္သြားလွ်င္ ထုတ္ေလ်ာက္ေဖာ္ မ်က္ႏွာၾကက္မ်ား၊ ထိုင္ခံု ၁၄ လံုးဆန္႔ ညစာစားရန္ေနရာ၊ အားကစားႏွင့္ ေယာဂေလ့က်င့္ေရးခန္းမမ်ား၊ ေရေႏြးေငြ႔ခန္း၊ ရုပ္ရွင္ရံုႏွင့္ အစည္းအေဝးခန္းတစ္ခုပါဝင္ေသာ အိမ္တြင္းရံုးခန္းတိုိ႔ ပါဝင္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။
ထိုင္း၊ စင္ကာပူ၊ မေလးရွားႏွင့္ အျခားျပည္ပႏိုင္ငံမ်ားတြင္ အိမ္ၿခံေျမ ဝယ္ယူလိုပါက iMyanmarHouse.com သို႔ ဆက္သြယ္ႏိုင္ပါသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေ အနောက်ပိုင်းတွင် တည်ရှိသော အပန်းဖြေစံအိမ်ကြီးတစ်လုံးကို လာမည့် ဒီဇင်ဘာ ၆ ရက်တွင် အွန်လိုင်းမှ တဆင့် စတင်လေလံတင် ရောင်းချရန် စီစဉ်ထားကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြ သည်။
စံအိမ်ကြီးသည် ခြံအကျယ်အဝန်း ၆၅၉၅၀ စတုရန်းပေရှိကာ ကပ္ပလီပင်လယ်ပြင်ကို ရှုမြင်နိုင်သည့်မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။
ဆာဝမ်စံအိမ်ဟု အမည်ရပြီး အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၈ ခန်း၊ ကလေးများ ရေကစားရန် ရေတိမ်နေရာပါဝင်သည့် အလျား ၂၅ ပေရှိသော ရေကူးကန်၊ အခြားရေကူးကန် ၂ ခုတို့ ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။ ဆာဝမ်ဟူသည်မှာ ထိုင်းဘာသာစကားအရ ကောင်းကင်ဘုံဟု အဓိပ္ပာယ်ရသည်။
မြေကမ္ဘာရှိ ကောင်းကင်ဘုံသို့ ရောက်ရှိနေသည့်သဖွယ် ခံစားလိုသောကြောင့် ပိုင်ရှင်များက ယင်းသို့ အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း ယခု စံအိမ်ကြီးကို လေလံတင်ပေးသည့် Concierge Auctions လေလံအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် Prime Real Estate Phuket မှ လင်ဒန် ဖိလစ်က ပြောကြားသည်။
စံအိမ်ကြီးသည် ဖူးခက်အပန်းဖြေကျွန်း၏ နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်သော ထရိုင်ဆာရာတွင် တည်ရှိသည်။ လေလံတင်ခြင်းကို လာမည့် ဒီဇင်ဘာ ၆ ရက်တွင် စတင်မည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်၌ နယူးယောက်မြို့တွင် တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် အဆုံးသတ်မည် ဖြစ်သည်။
စံအိမ်ကို ၂၀၀၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အတွင်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြောင်း Concierge Auctions လေလံအဖွဲ့မှ လေလံဒါရိုက်တာ ဒင်နီယယ် စပါ့ခ်မန်းက ပြောကြားသည်။
စံအိမ်ကြီးသည် ယခင်က တစ်ကြိမ်မျှ အရောင်းဈေးကွက်မဝင်ခဲ့ဖူးချေ။
ကာလပေါက်ဈေးအားဖြင့် ကန်ဒေါ်လာ ၂၃ သန်းခန့် တန်ကြေးရှိပြီး ယခုလေလံတင်ရာတွင်မူ ကြမ်းခင်းဈေး သတ်မှတ်ထားခြင်း မရှိကြောင်း မစ္စတာ လင်ဒန် ဖိလစ်က ပြောကြားသည်။
လင်ဒန်ဖိလစ်သည် ဖူးခက်တန်ဖိုးကြီး အိမ်ခြံမြေလောကတွင် ၁၅ နှစ်ခန့် အတွေ့အကြုံရှိသူတစ်ဦးလည်း ဖြစ်သည်။ လက်ရှိပိုင်ရှင်များက မိသားစုနေအိမ်အဖြစ် ပွဲလမ်းအချို့အတွက် အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် များစွာအသုံးမပြုဖြစ်တော့ သောကြောင့် ရောင်းထုတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိပိုင်ရှင် မည်သူဖြစ်သည်ကိုမူ မသိရချေ။
စံအိမ်ရှေ့ သစ်သားတံခါးများမှ ဝင်ရောက်သွားလျှင် ထုတ်လျောက်ဖော် မျက်နှာကြက်များ၊ ထိုင်ခုံ ၁၄ လုံးဆန့် ညစာစားရန်နေရာ၊ အားကစားနှင့် ယောဂလေ့ကျင့်ရေးခန်းမများ၊ ရေနွေးငွေ့ခန်း၊ ရုပ်ရှင်ရုံနှင့် အစည်းအဝေးခန်းတစ်ခုပါဝင်သော အိမ်တွင်းရုံးခန်းတို့ ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းများတွင် ဖော်ပြသည်။
ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် အခြားပြည်ပနိုင်ငံများတွင် အိမ်ခြံမြေ ဝယ်ယူလိုပါက iMyanmarHouse.com သို့ ဆက်သွယ်နိုင်ပါသည်။ iMyanmarHouse.com မှ ပြည်ပနိုင်ငံများရှိ ကွန်ဒိုများကို မြန်မာနိုင်ငံသားများအတွက် ပိုင်ဆိုင်မှုခိုင်မာပြီး အလွယ်တကူ ဝယ်ယူနိုင်စေရန် ဝန်ဆောင်မှု ပေးလျက် ရှိပါသည်။ ဆက်သွယ်ရန် ဤနေရာကို နှိပ်ပါ။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)