ပိုင္ရွင္၏ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူရွိေနေသာ အိမ္နွင့္ေျမကို ဝယ္မယ္ဆိုလွ်င္

ပိုင္ရွင္၏ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူရွိေနေသာ အိမ္နွင့္ေျမကို ဝယ္မယ္ဆိုလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
3 Dec 2019 12:00 pm တွင် တင်ခဲ့သည်
7399 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

“ အိမ္ဝယ္ဖုိ႕သြားၾကည့္တာဆရာ ၊ ေရာင္းမယ့္အိမ္မွာ လူေနတာရွိေနေတာ့ ဝယ္ရင္အဆင္ေျပပါ့မလားဆရာ ” ဟု မိတ္ေဆြ တစ္ဦး၏ သားျဖစ္သူက စာေရးသူထံ လာေရာက္ေဆြးေႏြးျခင္းျဖစ္သည္။

“ လူေနတယ္ဆိုတာက ေရာင္းသူကိုယ္တိုင္ေနတာလား”

“ ေဆြမ်ိဳးသားခ်င္းတစ္ဦးကို ခဏတင္ထားတာလို႕ ေျပာတယ္”

“ ေျမ ၊ အိမ္ပိုင္ရွင္ကိုေတြ႕ျပီးျပီလား”

“ ပို္င္ရွင္ကိုေတာ့ေတြ႕ျပီးပါျပီ”

“ပိုင္ရွင္က ဘာေျပာလဲ”

“ သူ႕တူဝမ္းကြဲ မိသားစုကို ခဏေခၚထားတာေျပာတယ္၊ အိမ္ေထာင္က်ခါစေနဖို႕ အဆင္မေျပတာနဲ႕ ေခၚထားတာလို႕ ေျပာပါတယ္”

“ အိမ္မွ ဖယ္ရွားေပးဖို႕ ဘာေျပာေသးလဲ”

“ သူကေတာ့ တာဝန္ယူဖယ္ရွားေပးမယ္စိတ္ခ်လို႕ေျပာတာပဲ”

“ ခြင့္ျပဳခ်က္နဲ႕ ထားတဲ့သေဘာဆိုေတာ့ ေျပာရခက္သား”

“ ဘယ္လိုျဖစ္ႏုိင္လို႕လဲဆရာ”

“ အိမ္ပိုင္ရွင္ေျပာစကားအရဆိုရင္ေတာ့ ေနဖို႕ အခက္အခဲရွိလို႕ ေခၚထားတဲ့ သေဘာပဲ။ ဒါဆိုရင္ ေျပာင္းေရႊ႕ေနထိုင္ဖို႕အတြက္ ေငြေၾကးအခက္အခဲေတာ့ရွိႏိုင္တယ္ ”

“ ကၽြန္ေတာ္လည္း အဲဒါစဥ္းစားေနတာ၊ ဝယ္ျပီးမွ ဆင္းမေပးရင္ ဘယ္လိုလုပ္မလဲဆိုျပီး ေတြးေနတာ”

“ သားသမီးဆိုရင္ေတာ့ မိဘကေရာင္းမယ္ဆိုရင္ အျငင္းပြားစရာမလိုဘူးေလ။ မိဘနဲ႕သားသမီးတစ္နည္းနည္းနဲ႕ ေျဖရွင္းေပးလို႕ရတယ္။ တစ္စိမ္းသေဘာမ်ိဳး ၊ ေဆြမ်ိဳးနီးစပ္ေတာ္ရုံဆိုေတာ့ အဆင္ေျပပါ့မလားလို႕”

“ ဟုတ္ပါတယ္ဆရာ ၊ သူတို႕အဆင္ေျပမယ့္ေငြေၾကးမရရင္ မဆင္းဘဲ ေနႏိုင္တယ္ မဟုတ္လား၊ ဆင္းမေပးရင္ တရားစြဲရမွာလာဆရာ”

“ ဝယ္တဲ့လူကေတာ့ အဆံုးစြန္ထိ စဥ္းစားထားရမွာေပါ့ေလ။ဒီအပိုင္းခဏ ထားျပီးေျမအိမ္ပို္င္ဆိုင္မႈက ဘယ္လို ရွိသလဲ၊ ေရာင္းသူအမည္ေပါက္လား”

“ ေပ ၂၀ ၊ ေပ ၆၀ ဂရန္ေျမဆရာ ၊ ဒါေပမဲ့ အဲဒီအမ်ိဳးသမီးအမည္ေပါက္မဟုတ္ဘူးဆရာ။သူ႔ခင္ပြန္းအမည္ေပါက္ျဖစ္ေနတယ္”

“ သူ႕ေယာက်ာ္းက သက္ရွိထင္ရွား ရွိေသးလား ၊ နွစ္ဦးသေဘာတူေရာင္းတာမဟုတ္လား” “ သူ႔ေယာက်ာ္းက ကြယ္လြန္သြားျပီဆရာ”

“ သူ႕ေယာက်ာ္းဆိုသူက ေျပာေတာ့ တရားဝင္လင္ေယာက်ာ္းမဟုတ္ဘူးလား”

“ တခ်ိဳ႕ကေျပာတာေတာ့ ေနာက္အိမ္ေထာင္လို႕ေျပာတယ္။ေသခ်ာတာေတာ့ ကာယကံရွင္ကိုမေမးၾကည့္မိဘူး။မွားသြားရင္ အားနားစရာျဖစ္သြားမွာစိုးလို႕”

“ သူက ဘယ္မွာေနတာလဲ”

“ သူက လိႈင္ျမိဳ႕နယ္ ကြန္ဒို တိုက္ခန္း တစ္ခုမွာ ဆရာ ၊ ေရာင္းမယ့္ေျမနဲ႕အိမ္က ဒဂံုျမိဳ႕သစ္ အေရွ႕ပိုင္းမွာဆရာ”

“ ဥပေဒအရေျပာရရင္ေတာ့ တရားဝင္တစ္ဦးတည္းေသာ ဇနီးျဖစ္ရင္ လင္ေယာက်ာ္းရဲ႕ အေမြကို ဇနီးျဖစ္သူက ခံစားခြင့္ရွိတာမို႕ ၊ အဆိုပါ အိမ္နဲ႕ေျမဟာ ဇနီးျဖစ္သူ ပိုင္ဆိုင္မွာျဖစ္တယ္ ”

“ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ရင္လည္း သူနဲ႕ပဲခ်ဳပ္ဆိုရမွာေပါ့ ”

“ မွန္ပါတယ္။ တရား၀င္ ဇနီးျဖစ္တဲ့အတြက္ ခင္ပြန္းသည္ အမည္ေပါက္ ေျမနဲ႕အိမ္ဟာ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေၾကညာ စာခ်ဳပ္တစ္ခုကို မွတ္ပံုတင္ စာခ်ဳပ္စာတမ္းရုံးမွာ အရင္ခ်ဳပ္ဆိုရပါမယ္။ ျပီးမွ ဝယ္သူနဲ႕ အေရာင္းအဝယ္မွတ္ပံုတင္ စာခ်ဳပ္ကို ခ်ဳပ္ဆိုရမွာျဖစ္တယ္”

“ ေရာင္းမယ္ဆိုတဲ့ ေနအိမ္မွာ ေနသူနဲ႕စာခ်ဳပ္ခ်ဳပ္ဖို႔ လိုပါသလား”

သူနဲ႕ေတာ့ တိုက္ရုိက္ခ်ဳပ္ဆိုဖို႕မလိုပါဘူး။ဒါေပမဲ့ ေရာင္းသူနဲ႕ ခ်ဳပ္ဆိုတဲ့ ကတိစာခ်ဳပ္မွာေရာင္းမည့္ေျမနဲ႕အိမ္မွာ ေနသူတို႕ကို ေရာင္းသူက တာဝန္ယူေျဖရွင္းေပးမယ္ဆိုတာေတာ့ ထည့္သြင္းခ်ဳပ္ဆိုဖို႕လိုအပ္ပါတယ္။

“ အိမ္မွဆင္းေပးခဲ့အခ်ိန္မွာ ေငြအေၾကေပးမယ္ဆိုျပီး စာခ်ဳပ္ဖို႔ လိုမယ္ထင္တယ္ဆရာ ”

“ မွန္ပါတယ္ စရန္ေငြေပးစဥ္ စရန္ေပးစာခ်ဳပ္မွာ ကတိျပဳရမယ့္ အခ်က္ေတြကို အျပည့္အစံုထည့္သြင္းခ်ဳပ္ဆိုဖို႔ လိုပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကတိေဖာက္ဖ်က္ရင္ စရန္ေပးေငြ၏နွစ္ဆျဖစ္သည့္ ေငြေၾကးကို ျပန္လည္ေပးေခ်မည္ဆိုတဲ့ အခ်က္ကလည္း မျဖစ္မေနပါရွိရမွာျဖစ္ပါတယ္”

“ သတင္းစာထဲမွာလည္း ကန္႕ကြက္ရန္ရွိ ၊ မရွိ ထည့္သင့္တယ္ထင္တယ္ဆရာ”

“ ထည့္ရမွာေပါ့။ ဝယ္မယ့္အိမ္မွာ အျခားသူေနထိုင္လ်က္ရွိတဲ့အတြက္ မျဖစ္မေန ထည့္သြင္းေၾကညာရမွာျဖစ္တယ္ ”

“ သတ္မွတ္ရက္အတြင္း အိမ္မွဆင္းေပးဖို႕ ေတာင္းဆိုရမွာေပါ့ဆရာ”

“ မွန္ပါတယ္ ေရာင္းသူအေနနဲ႕ သတ္မွတ္တဲ့ရက္မွာ အခန္းလြတ္ျဖစ္ေအာင္ အပ္နွံရမယ္ဆိုတဲ့ သေဘာတူညီခ်က္ရယူစာခ်ဳပ္ခ်ဳပ္ဆိုရပါမယ္ ”

“ အခ်ိဳ႕ေျပာေတာ့ အိမ္ဝယ္သူကို လက္ရွိအိမ္မွာေနသူက သံုးလ ေျခာက္လစသည္ျဖင့္ ဆက္လက္ေနခြင့္ျပဳပါလို႕ ေနခြင့္ေတာင္းတာမ်ိဳးရွိတတ္တယ္လို႕ေျပာတယ္ ၊ အဲဒါမ်ိဳးၾကေတာ့ ဘယ္လိုဆက္လက္ေဆာင္ရြက္ရပါ့မလဲ”

“ ဒီအခ်က္မ်ိဳးက ႏႈတ္အားျဖင့္ ေျပာတာလြယ္ေပမယ့္ ဥပေဒနဲ႕အညီ ေဆာင္ရြက္ထားဖို႕လိုပါတယ္”

“ ဟုတ္ကဲ့ ရွင္းျပပါဦးဆရာ”

“ အိမ္ဝယ္သူနဲ႕ လက္ရွိအိမ္မွာေနသူတို႕ သက္ဆိုင္ရာ ကတိစာခ်ဳပ္တစ္ခု ခ်ဳပ္ဆိုထားရပါမယ္။ ဥပမာ- အိမ္ငွါးအျဖစ္ထားမယ္ဆိုရင္ အိမ္လခ ဘယ္ေရြ႕ဘယ္မွ်နဲ႕ အခ်ိန္ကာလဘယ္ေလာက္ကိုငွါးရမ္းေၾကာင္း ၊ အိမ္ရွင္အိမ္ငွါးစာခ်ဳပ္ ခ်ဳပ္ဆိုရပါမယ္။ အကယ္၍ ခြင့္ျပဳခ်က္နဲ႕ ဆက္ထားမယ္ဆိုရင္လည္း ဘယ္ကာလအထိအခမဲ့ေနခြင့္ေပးျပီး ယင္းကာလကုန္ဆံုးက ေနအိမ္မွ ဖယ္ရွားေပးမည့္အေၾကာင္း ၊ အိမ္ပိုင္ရွင္နဲ႕ အခမဲ့ေနထိုင္သူတို႕ ကတိစာခ်ဳပ္ ခ်ဳပ္ဆိုရပါတယ္။ အဲဒါမွ ေနာက္ထပ္ ဝယ္လိုက္သူနဲ႕ ေနထိုင္သူတို႕ ဆက္စပ္မႈရွိသြားမွာျဖစ္တယ္”

“ အခုကိစၥမွာလည္း အိမ္မွာေနထိုင္သူက သံုးလခန္႕ဆက္လက္ေနထိုင္ခြင့္ျပဳပါ၊ အိမ္ရွာမရေသးလို႕ဆိုရင္ ဆရာေျပာသလို အခမဲ့ေနထိုင္ခြင့္စာခ်ဳပ္ ခ်ဳပ္ထားရမွာေပါ့”

“ မွန္ပါတယ္။ တကယ္ေတာ့ ေရာင္းသူက တာဝန္ယူေျဖရွင္းေပးရမယ့္ကိစၥျဖစ္တယ္ ”

“ ကၽြန္ေတာ့ အထင္ေတာ့ ကြယ္လြန္သြားတဲ့ခင္ပြန္ဘက္က ေဆြးမိ်ဳးသားခ်င္းျဖစ္မယ္ထင္တယ္။ ဒါေၾကာင့္ အိမ္မွ ဆင္းမေပးမွာ စိုးရိမ္ျပီး ေရာင္းတယ္လို႕ထင္ပါတယ္။ အကယ္၍ အိမ္မွ ဆင္းမေပးရင္ ဝယ္သူအေနနဲ႕ ဆံုးရႈံးသြားနိုင္ပါသလား ”

“ ဒါနဲ႕ ပတ္သက္လို႕ တရားရုံးခ်ဳပ္က ဆံုးျဖတ္ထားတဲ့ ဦးစံေသာင္းနွင့္ ဦးေအ ၁၉၈၆ ခုနွစ္ ျမန္မာႏိုင္ငံ တရားစီရင္ထံုး စာမ်က္နွာ ၁၀၀ အမႈမွာ ပစၥည္းကို အေမြဆက္ခံခြင့္ရွိသူသည္ အေမြရွင္က ယင္းပစၥည္းတြင္ အခမဲ့ေနထိုင္ခြင့္ရွိသူအား မိမိ၏ အခြင့္အမိန္႕အရ ေနထိုင္သူအျဖစ္ ဖယ္ရွားခြင့္ရွိေသာ္လည္း ပစၥည္းဝယ္သူသည္ ပစၥည္းတြင္ ေရာင္းသူ၏ ခြင့္ျပဳခ်က္အရ ေနထိုင္သူအား မိမိ၏ အခြင့္အမိန္႕အရ ေနထိုင္သူအျဖစ္ဖယ္ရွားခြင့္မရွိေၾကာင္း ဆံုးျဖတ္ထားပါတယ္။ ဒါေၾကာင့္ အခုအိမ္နဲ႕ ေျမကိုဝယ္မယ္ဆိုရင္ လက္ရွိေနထိုင္သူေတြက နွစ္ဖက္သေဘာတူကတိစာခ်ဳပ္ေတာ့ ခ်ဳပ္ဆိုဖို႕လိုပါတယ္ ”

“ ဟုတ္ကဲ့ဆရာ ၊ အေရာင္းအဝယ္ျဖစ္ရင္ ဆရာ့ထံဆက္သြယ္ပါမယ္ ” ဟု ႏႈတ္ဆက္ကာေဆြးေႏြးခဟု စာအိတ္တစ္အိတ္ျဖင့္ ကန္႕ေတာသြားပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီးယု(ဥပေဒအတိုင္ပင္ခံ)

 

### Unicode Version ###

“ အိမ်ဝယ်ဖို့သွားကြည့်တာဆရာ ၊ ရောင်းမယ့်အိမ်မှာ လူနေတာရှိနေတော့ ဝယ်ရင်အဆင်ပြေပါ့မလားဆရာ ” ဟု မိတ်ဆွေ တစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်းဖြစ်သည်။

“ လူနေတယ်ဆိုတာက ရောင်းသူကိုယ်တိုင်နေတာလား”

“ ဆွေမျိုးသားချင်းတစ်ဦးကို ခဏတင်ထားတာလို့ ပြောတယ်”

“ မြေ ၊ အိမ်ပိုင်ရှင်ကိုတွေ့ပြီးပြီလား”

“ ပိုင်ရှင်ကိုတော့တွေ့ပြီးပါပြီ”

“ပိုင်ရှင်က ဘာပြောလဲ”

“ သူ့တူဝမ်းကွဲ မိသားစုကို ခဏခေါ်ထားတာပြောတယ်၊ အိမ်ထောင်ကျခါစနေဖို့ အဆင်မပြေတာနဲ့ ခေါ်ထားတာလို့ ပြောပါတယ်”

“ အိမ်မှ ဖယ်ရှားပေးဖို့ ဘာပြောသေးလဲ”

“ သူကတော့ တာဝန်ယူဖယ်ရှားပေးမယ်စိတ်ချလို့ပြောတာပဲ”

“ ခွင့်ပြုချက်နဲ့ ထားတဲ့သဘောဆိုတော့ ပြောရခက်သား”

“ ဘယ်လိုဖြစ်နိုင်လို့လဲဆရာ”

“ အိမ်ပိုင်ရှင်ပြောစကားအရဆိုရင်တော့ နေဖို့ အခက်အခဲရှိလို့ ခေါ်ထားတဲ့ သဘောပဲ။ ဒါဆိုရင် ပြောင်းရွှေ့နေထိုင်ဖို့အတွက် ငွေကြေးအခက်အခဲတော့ရှိနိုင်တယ် ”

“ ကျွန်တော်လည်း အဲဒါစဉ်းစားနေတာ၊ ဝယ်ပြီးမှ ဆင်းမပေးရင် ဘယ်လိုလုပ်မလဲဆိုပြီး တွေးနေတာ”

“ သားသမီးဆိုရင်တော့ မိဘကရောင်းမယ်ဆိုရင် အငြင်းပွားစရာမလိုဘူးလေ။ မိဘနဲ့သားသမီးတစ်နည်းနည်းနဲ့ ဖြေရှင်းပေးလို့ရတယ်။ တစ်စိမ်းသဘောမျိုး ၊ ဆွေမျိုးနီးစပ်တော်ရုံဆိုတော့ အဆင်ပြေပါ့မလားလို့”

“ ဟုတ်ပါတယ်ဆရာ ၊ သူတို့အဆင်ပြေမယ့်ငွေကြေးမရရင် မဆင်းဘဲ နေနိုင်တယ် မဟုတ်လား၊ ဆင်းမပေးရင် တရားစွဲရမှာလာဆရာ”

“ ဝယ်တဲ့လူကတော့ အဆုံးစွန်ထိ စဉ်းစားထားရမှာပေါ့လေ။ဒီအပိုင်းခဏ ထားပြီးမြေအိမ်ပိုင်ဆိုင်မှုက ဘယ်လို ရှိသလဲ၊ ရောင်းသူအမည်ပေါက်လား”

“ ပေ ၂၀ ၊ ပေ ၆၀ ဂရန်မြေဆရာ ၊ ဒါပေမဲ့ အဲဒီအမျိုးသမီးအမည်ပေါက်မဟုတ်ဘူးဆရာ။သူ့ခင်ပွန်းအမည်ပေါက်ဖြစ်နေတယ်”

“ သူ့ယောကျာ်းက သက်ရှိထင်ရှား ရှိသေးလား ၊ နှစ်ဦးသဘောတူရောင်းတာမဟုတ်လား” “ သူ့ယောကျာ်းက ကွယ်လွန်သွားပြီဆရာ”

“ သူ့ယောကျာ်းဆိုသူက ပြောတော့ တရားဝင်လင်ယောကျာ်းမဟုတ်ဘူးလား”

“ တချို့ကပြောတာတော့ နောက်အိမ်ထောင်လို့ပြောတယ်။သေချာတာတော့ ကာယကံရှင်ကိုမမေးကြည့်မိဘူး။မှားသွားရင် အားနားစရာဖြစ်သွားမှာစိုးလို့”

“ သူက ဘယ်မှာနေတာလဲ”

“ သူက လှိုင်မြို့နယ် ကွန်ဒို တိုက်ခန်း တစ်ခုမှာ ဆရာ ၊ ရောင်းမယ့်မြေနဲ့အိမ်က ဒဂုံမြို့သစ် အရှေ့ပိုင်းမှာဆရာ”

“ ဥပဒေအရပြောရရင်တော့ တရားဝင်တစ်ဦးတည်းသော ဇနီးဖြစ်ရင် လင်ယောကျာ်းရဲ့ အမွေကို ဇနီးဖြစ်သူက ခံစားခွင့်ရှိတာမို့ ၊ အဆိုပါ အိမ်နဲ့မြေဟာ ဇနီးဖြစ်သူ ပိုင်ဆိုင်မှာဖြစ်တယ် ”

“ အရောင်းအဝယ်စာချုပ်ချုပ်ရင်လည်း သူနဲ့ပဲချုပ်ဆိုရမှာပေါ့ ”

“ မှန်ပါတယ်။ တရားဝင် ဇနီးဖြစ်တဲ့အတွက် ခင်ပွန်းသည် အမည်ပေါက် မြေနဲ့အိမ်ဟာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာ စာချုပ်တစ်ခုကို မှတ်ပုံတင် စာချုပ်စာတမ်းရုံးမှာ အရင်ချုပ်ဆိုရပါမယ်။ ပြီးမှ ဝယ်သူနဲ့ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ကို ချုပ်ဆိုရမှာဖြစ်တယ်”

“ ရောင်းမယ်ဆိုတဲ့ နေအိမ်မှာ နေသူနဲ့စာချုပ်ချုပ်ဖို့ လိုပါသလား”

သူနဲ့တော့ တိုက်ရိုက်ချုပ်ဆိုဖို့မလိုပါဘူး။ဒါပေမဲ့ ရောင်းသူနဲ့ ချုပ်ဆိုတဲ့ ကတိစာချုပ်မှာရောင်းမည့်မြေနဲ့အိမ်မှာ နေသူတို့ကို ရောင်းသူက တာဝန်ယူဖြေရှင်းပေးမယ်ဆိုတာတော့ ထည့်သွင်းချုပ်ဆိုဖို့လိုအပ်ပါတယ်။

“ အိမ်မှဆင်းပေးခဲ့အချိန်မှာ ငွေအကြေပေးမယ်ဆိုပြီး စာချုပ်ဖို့ လိုမယ်ထင်တယ်ဆရာ ”

“ မှန်ပါတယ် စရန်ငွေပေးစဉ် စရန်ပေးစာချုပ်မှာ ကတိပြုရမယ့် အချက်တွေကို အပြည့်အစုံထည့်သွင်းချုပ်ဆိုဖို့ လိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကတိဖောက်ဖျက်ရင် စရန်ပေးငွေ၏နှစ်ဆဖြစ်သည့် ငွေကြေးကို ပြန်လည်ပေးချေမည်ဆိုတဲ့ အချက်ကလည်း မဖြစ်မနေပါရှိရမှာဖြစ်ပါတယ်”

“ သတင်းစာထဲမှာလည်း ကန့်ကွက်ရန်ရှိ ၊ မရှိ ထည့်သင့်တယ်ထင်တယ်ဆရာ”

“ ထည့်ရမှာပေါ့။ ဝယ်မယ့်အိမ်မှာ အခြားသူနေထိုင်လျက်ရှိတဲ့အတွက် မဖြစ်မနေ ထည့်သွင်းကြေညာရမှာဖြစ်တယ် ”

“ သတ်မှတ်ရက်အတွင်း အိမ်မှဆင်းပေးဖို့ တောင်းဆိုရမှာပေါ့ဆရာ”

“ မှန်ပါတယ် ရောင်းသူအနေနဲ့ သတ်မှတ်တဲ့ရက်မှာ အခန်းလွတ်ဖြစ်အောင် အပ်နှံရမယ်ဆိုတဲ့ သဘောတူညီချက်ရယူစာချုပ်ချုပ်ဆိုရပါမယ် ”

“ အချို့ပြောတော့ အိမ်ဝယ်သူကို လက်ရှိအိမ်မှာနေသူက သုံးလ ခြောက်လစသည်ဖြင့် ဆက်လက်နေခွင့်ပြုပါလို့ နေခွင့်တောင်းတာမျိုးရှိတတ်တယ်လို့ပြောတယ် ၊ အဲဒါမျိုးကြတော့ ဘယ်လိုဆက်လက်ဆောင်ရွက်ရပါ့မလဲ”

“ ဒီအချက်မျိုးက နှုတ်အားဖြင့် ပြောတာလွယ်ပေမယ့် ဥပဒေနဲ့အညီ ဆောင်ရွက်ထားဖို့လိုပါတယ်”

“ ဟုတ်ကဲ့ ရှင်းပြပါဦးဆရာ”

“ အိမ်ဝယ်သူနဲ့ လက်ရှိအိမ်မှာနေသူတို့ သက်ဆိုင်ရာ ကတိစာချုပ်တစ်ခု ချုပ်ဆိုထားရပါမယ်။ ဥပမာ- အိမ်ငှါးအဖြစ်ထားမယ်ဆိုရင် အိမ်လခ ဘယ်ရွေ့ဘယ်မျှနဲ့ အချိန်ကာလဘယ်လောက်ကိုငှါးရမ်းကြောင်း ၊ အိမ်ရှင်အိမ်ငှါးစာချုပ် ချုပ်ဆိုရပါမယ်။ အကယ်၍ ခွင့်ပြုချက်နဲ့ ဆက်ထားမယ်ဆိုရင်လည်း ဘယ်ကာလအထိအခမဲ့နေခွင့်ပေးပြီး ယင်းကာလကုန်ဆုံးက နေအိမ်မှ ဖယ်ရှားပေးမည့်အကြောင်း ၊ အိမ်ပိုင်ရှင်နဲ့ အခမဲ့နေထိုင်သူတို့ ကတိစာချုပ် ချုပ်ဆိုရပါတယ်။ အဲဒါမှ နောက်ထပ် ဝယ်လိုက်သူနဲ့ နေထိုင်သူတို့ ဆက်စပ်မှုရှိသွားမှာဖြစ်တယ်”

“ အခုကိစ္စမှာလည်း အိမ်မှာနေထိုင်သူက သုံးလခန့်ဆက်လက်နေထိုင်ခွင့်ပြုပါ၊ အိမ်ရှာမရသေးလို့ဆိုရင် ဆရာပြောသလို အခမဲ့နေထိုင်ခွင့်စာချုပ် ချုပ်ထားရမှာပေါ့”

“ မှန်ပါတယ်။ တကယ်တော့ ရောင်းသူက တာဝန်ယူဖြေရှင်းပေးရမယ့်ကိစ္စဖြစ်တယ် ”

“ ကျွန်တော့ အထင်တော့ ကွယ်လွန်သွားတဲ့ခင်ပွန်ဘက်က ဆွေးမျိုးသားချင်းဖြစ်မယ်ထင်တယ်။ ဒါကြောင့် အိမ်မှ ဆင်းမပေးမှာ စိုးရိမ်ပြီး ရောင်းတယ်လို့ထင်ပါတယ်။ အကယ်၍ အိမ်မှ ဆင်းမပေးရင် ဝယ်သူအနေနဲ့ ဆုံးရှုံးသွားနိုင်ပါသလား ”

“ ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးစံသောင်းနှင့် ဦးအေ ၁၉၈၆ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၀၀ အမှုမှာ ပစ္စည်းကို အမွေဆက်ခံခွင့်ရှိသူသည် အမွေရှင်က ယင်းပစ္စည်းတွင် အခမဲ့နေထိုင်ခွင့်ရှိသူအား မိမိ၏ အခွင့်အမိန့်အရ နေထိုင်သူအဖြစ် ဖယ်ရှားခွင့်ရှိသော်လည်း ပစ္စည်းဝယ်သူသည် ပစ္စည်းတွင် ရောင်းသူ၏ ခွင့်ပြုချက်အရ နေထိုင်သူအား မိမိ၏ အခွင့်အမိန့်အရ နေထိုင်သူအဖြစ်ဖယ်ရှားခွင့်မရှိကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် အခုအိမ်နဲ့ မြေကိုဝယ်မယ်ဆိုရင် လက်ရှိနေထိုင်သူတွေက နှစ်ဖက်သဘောတူကတိစာချုပ်တော့ ချုပ်ဆိုဖို့လိုပါတယ် ”

“ ဟုတ်ကဲ့ဆရာ ၊ အရောင်းအဝယ်ဖြစ်ရင် ဆရာ့ထံဆက်သွယ်ပါမယ် ” ဟု နှုတ်ဆက်ကာဆွေးနွေးခဟု စာအိတ်တစ်အိတ်ဖြင့် ကန့်တောသွားပါသည်။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီးယု(ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service