ပုသိမ်စက်မှုမြို့တော် စီမံကိန်းဧရိယာအတွင်း အပြည်ပြည်ဆိုင်ရာစက်မှုဆိပ်ကမ်းတစ်ခုအား တည်ဆောက်ရန် ရတနာပိုင်တိုင်စိုက်ထူ - Property News in Myanmar from iMyanmarHouse.com
416 ကြိမ် ကြည့်ရှု့ ပြီး


ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

### Zawgyi Version ###




ပုသိမ်စက်မှုမြို့တော်စီမံကိန်းသည် ပုသိမ်-ငပုတောအမြန်လမ်းပေါ်မှာရှိပြီး ပုသိမ်မြို့တွင်းကနေ မော်တော်ယာဉ်ခရီးဖြင့် ငါးမိနစ်အကွာ ဧရိယာ ၆၇၀၀ ပေါ်တွင် အကောင်အထည်ဖော်ဆောင်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ယင်းဧရိယာဝင်းအတွင်းတွင် မီတာ ၇၀၀ ခန့်အထိ ကျယ်ဝန်းသည့် စက်မှုဆိပ်ကမ်းတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာသန်း ၂၀၀ ခန့်အထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။




 

### Unicode Version ###

ပုသိမ်စက်မှုမြို့တော် စီမံကိန်း ဧရိယာအတွင်း အပြည်ပြည်ဆိုင်ရာစက်မှုဆိပ်ကမ်းတစ်ခုအား တည်ဆောက်ရန် ရတနာပိုင်တိုင်စိုက်ထူ ခြင်း အခမ်းအနား နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဆိပ်ကမ်းကို ဧရာဝတီဖွံ့ဖြိုးတိုးတတ်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတတ်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းဝင်း ဧရိယာအတွင်း ဆိပ်ခံတံတားတည်ဆောက်မည့်နေရာတွင်ကျင်းပခဲ့ကြောင်း၊ရတနာပိုင်တိုင်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက စက်ခလုတ်နှိပ်ရိုက်သွင်းပေးခဲ့ကြောင်း သိရသည်။

ယင်းဆိပ်ကမ်းသည် ပုသိမ်စက်မှုမြို့တော် စီမံကိန်းအတွင်းရှိ ကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိသည့်ကုန်ပစ္စည်းများ တင်ပို့ရန်၊လိုအပ် သောကုန်ပစ္စည်းများတင်သွင်နိုင်ရန် ပြည်တွင်း ပြည်ပ ဆိပ်ကမ်းများနှင့်တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်မည့်ဆိပ်ကမ်းတစ်ခု ဖြစ်ကြောင်းသိရသည်။

ပုသိမ်စက်မှုမြို့တော်စီမံကိန်းသည် ပုသိမ်-ငပုတောအမြန်လမ်းပေါ်မှာရှိပြီး ပုသိမ်မြို့တွင်းကနေ မော်တော်ယာဉ်ခရီးဖြင့် ငါးမိနစ်အကွာ ဧရိယာ ၆၇၀၀ ပေါ်တွင် အကောင်အထည်ဖော်ဆောင်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ယင်းဧရိယာဝင်းအတွင်းတွင် မီတာ ၇၀၀ ခန့်အထိ ကျယ်ဝန်းသည့် စက်မှုဆိပ်ကမ်းတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာသန်း ၂၀၀ ခန့်အထိ ရင်းနှီးမြှုုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

စက်မှုမြို့တော်စီမံကိန်းတွင် စက်မှုဇုန်နှင့်အတူ လူနေမှုအဆင့်အတန်း မြင့်မားစွာနေထိုင်နိုင်မည့် အဆင့်မြင့်အိမ်ရာစီမံကိန်းနှင့်ရုံးခန်းများ ကို ပူးတွဲတည်ဆောက်သွားမှာဖြစ်ကြောင်း၊ဆိပ်ကမ်းစီမံခန့်ခွဲရေးစနစ်တွင် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများကို One Stop Service အနေဖြင့်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ဧရာဝတီတိုင်းဒေသကြီး၏အရင်းအမြစ်များကို အခြေပြုသည့် စက်မှုလုပ်ငန်းများ၊ငါးပုဇွန် စသည့် ရေထွက်ပစ္စည်း အခြေခံစက်မှုလုပ်ငန်းများ၊သစ်တောထွက်ပစ္စည်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညောင်ဦး​လေဆိပ်ကို မြန်မာနိုင်ငံ၏ စတုတ္ထ​မြောက်အပြည်ပြည်ဆိုင်​လေဆိပ်အဖြစ် သမ္မတရုံးသတ်မှတ်...
ညောင်ဦး​လေဆိပ်ကို မြန်မာနိုင်ငံ၏ စတုတ္ထ​မြောက်အပြည်ပြည်ဆိုင်​လေဆိပ်အဖြစ် သမ္မတရုံးသတ်မှတ်...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးကြပ်ပြီး မင်္ဂလာဒုံမြို့နယ်အတွင်း (TOD) မြို့သစ်တစ်ခု ဖော်ဆောင်မည်...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးကြပ်ပြီး မင်္ဂလာဒုံမြို့နယ်အတွင်း (TOD) မြို့သစ်တစ်ခု ဖော်ဆောင်မည်...
ခရီးသွားကဏ္ဍတွင် ဖြစ်ပေါ်နေတဲ့ဇီးရိုးဘတ်ဂျက်ကို တားဆီးပေးနိုင်ဖို့ အစီအစဉ်ရှိမရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မေးမြန်း...
ခရီးသွားကဏ္ဍတွင် ဖြစ်ပေါ်နေတဲ့ဇီးရိုးဘတ်ဂျက်ကို တားဆီးပေးနိုင်ဖို့ အစီအစဉ်ရှိမရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မေးမြန်း...
ရန်ကုန်တိုင်းအစိုးရက ​ရောင်းသည့် ​မြေကွက်များဝယ်ယူခွင့်ကို ၂၀၂၀ နှစ်ဆန်းတွင်ထုတ်ပြန်​ပေးမည်ဟုဆို...
ရန်ကုန်တိုင်းအစိုးရက ​ရောင်းသည့် ​မြေကွက်များဝယ်ယူခွင့်ကို ၂၀၂၀ နှစ်ဆန်းတွင်ထုတ်ပြန်​ပေးမည်ဟုဆို...
စင်္ကာပူခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုက ဟိုတယ်ရင်းနှီးမြှုပ်နှံမှုကြီးများဆီသို့ ဦးတည်
စင်္ကာပူခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုက ဟိုတယ်ရင်းနှီးမြှုပ်နှံမှုကြီးများဆီသို့ ဦးတည်
နိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ဈေးကစားမှုထိန်းချုပ်ရန် အကျိုးဆောင်ဥပဒေလိုအပ်ဟုဆို
နိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ဈေးကစားမှုထိန်းချုပ်ရန် အကျိုးဆောင်ဥပဒေလိုအပ်ဟုဆို
နိုင်ငံခြားလုပ်သားများအတွက် အာရှ၏တတိယဈေးအကြီးဆုံးနေရာအဖြစ် ဟောင်ကောင် ဖော်ပြခံရ
နိုင်ငံခြားလုပ်သားများအတွက် အာရှ၏တတိယဈေးအကြီးဆုံးနေရာအဖြစ် ဟောင်ကောင် ဖော်ပြခံရ
လက်ရှိ အခွန်ဥပဒေအတိုင်း ဆက်သွားနိုင်ပါက၂၀၂၀ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကောင်းမွန်လာမည်ဟုဆို
လက်ရှိ အခွန်ဥပဒေအတိုင်း ဆက်သွားနိုင်ပါက၂၀၂၀ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကောင်းမွန်လာမည်ဟုဆို
ဗြိတိန်တွင် ကျောင်းသားအဆောင်များ တည်ထောင်လုပ်ကိုင်နေသည့် ကုမ္ပဏီကြီး iQ Student ကို ကန်ဒေါ်လာ ၅ ဘီလီယံကျော်ဖြင့် ရောင်းချမည်...
ဗြိတိန်တွင် ကျောင်းသားအဆောင်များ တည်ထောင်လုပ်ကိုင်နေသည့် ကုမ္ပဏီကြီး iQ Student ကို ကန်ဒေါ်လာ ၅ ဘီလီယံကျော်ဖြင့် ရောင်းချမည်...
ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ လုပ်သားစာရင်းစစ်တမ်း ၂၀၂၀ ခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်မည်
ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ လုပ်သားစာရင်းစစ်တမ်း ၂၀၂၀ ခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)