ရန်ကုန်တိုင်းအတွင်း ဓာတ်အားခွဲရုံ ၃ ခု တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်မှု ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
354 ကြိမ် ကြည့်ရှု့ ပြီး


ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

### Zawgyi Version ###








### Unicode Version ###

ရန်ကုန်တိုင်းအတွင်း ဓာတ်အားခွဲရုံ ၃ ခု တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်မှု ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့်အထိမ်းအမှတ် အဖြစ် ဖွင့်လှစ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မှသိရသည်။

နိုင်ငံတော် ဓာတ်အားပေးစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်မှု ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းအတွင်းရှိ 33/11 kV, 5 MVA ဓာတ်အားခွဲရုံများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းဓာတ်အားခွဲ ရုံ၊ ဥက္ကံမြို့ကျွန်းတောကုန်း ဓာတ်အားခွဲရုံနှင့် အဖျောက်မြို့အဖျောက်ဓာတ်အားခွဲရုံများကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အစိုးရသစ်လက်ထက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်းခဲ့ချိန်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားရရှိခဲ့ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောသည်။

နိုင်ငံတော်ဓာတ်အားစနစ်မှ တိုးချဲ့၍ ကျေးလက်မီးလင်းရေးဆောင်ကို ဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံး၌ မြို့ပေါင်း (၃၆၈) မြို့နှင့် ကျေးရွာစုစု ပေါင်း (၁၆၉၄၁) ကျော် ဓာတ်အား ရရှိပြီးဖြစ်ကာ တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း အထိ တိုးတက်ဖြန့်ဖြူး ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ဆက်လက်၍ လည်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း ၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ရာခိုင်နှုန်း အထိ ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝှမ်းလုံး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ရည်မှန်းချက်ထား၍ ဆောင်ရွက်နေကြောင်း သိရသည်။

ယခု အစိုးရတာဝန်စယူစဉ်က တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်သည့် ပြည်သူမှာ ၃၄ ရာခိုင်နှုန်းသာရှိသော်လည်း ၄ နှစ်အ တွင်း ၁၆ ရာခိုင်နှုန်းတိုးတက်လာပြီး လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်မှု ၅၀ ရာခိုင်နှုန်းထိရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညောင်ဦး​လေဆိပ်ကို မြန်မာနိုင်ငံ၏ စတုတ္ထ​မြောက်အပြည်ပြည်ဆိုင်​လေဆိပ်အဖြစ် သမ္မတရုံးသတ်မှတ်...
ညောင်ဦး​လေဆိပ်ကို မြန်မာနိုင်ငံ၏ စတုတ္ထ​မြောက်အပြည်ပြည်ဆိုင်​လေဆိပ်အဖြစ် သမ္မတရုံးသတ်မှတ်...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးကြပ်ပြီး မင်္ဂလာဒုံမြို့နယ်အတွင်း (TOD) မြို့သစ်တစ်ခု ဖော်ဆောင်မည်...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးကြပ်ပြီး မင်္ဂလာဒုံမြို့နယ်အတွင်း (TOD) မြို့သစ်တစ်ခု ဖော်ဆောင်မည်...
ခရီးသွားကဏ္ဍတွင် ဖြစ်ပေါ်နေတဲ့ဇီးရိုးဘတ်ဂျက်ကို တားဆီးပေးနိုင်ဖို့ အစီအစဉ်ရှိမရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မေးမြန်း...
ခရီးသွားကဏ္ဍတွင် ဖြစ်ပေါ်နေတဲ့ဇီးရိုးဘတ်ဂျက်ကို တားဆီးပေးနိုင်ဖို့ အစီအစဉ်ရှိမရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မေးမြန်း...
ရန်ကုန်တိုင်းအစိုးရက ​ရောင်းသည့် ​မြေကွက်များဝယ်ယူခွင့်ကို ၂၀၂၀ နှစ်ဆန်းတွင်ထုတ်ပြန်​ပေးမည်ဟုဆို...
ရန်ကုန်တိုင်းအစိုးရက ​ရောင်းသည့် ​မြေကွက်များဝယ်ယူခွင့်ကို ၂၀၂၀ နှစ်ဆန်းတွင်ထုတ်ပြန်​ပေးမည်ဟုဆို...
စင်္ကာပူခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုက ဟိုတယ်ရင်းနှီးမြှုပ်နှံမှုကြီးများဆီသို့ ဦးတည်
စင်္ကာပူခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုက ဟိုတယ်ရင်းနှီးမြှုပ်နှံမှုကြီးများဆီသို့ ဦးတည်
နိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ဈေးကစားမှုထိန်းချုပ်ရန် အကျိုးဆောင်ဥပဒေလိုအပ်ဟုဆို
နိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ဈေးကစားမှုထိန်းချုပ်ရန် အကျိုးဆောင်ဥပဒေလိုအပ်ဟုဆို
နိုင်ငံခြားလုပ်သားများအတွက် အာရှ၏တတိယဈေးအကြီးဆုံးနေရာအဖြစ် ဟောင်ကောင် ဖော်ပြခံရ
နိုင်ငံခြားလုပ်သားများအတွက် အာရှ၏တတိယဈေးအကြီးဆုံးနေရာအဖြစ် ဟောင်ကောင် ဖော်ပြခံရ
လက်ရှိ အခွန်ဥပဒေအတိုင်း ဆက်သွားနိုင်ပါက၂၀၂၀ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကောင်းမွန်လာမည်ဟုဆို
လက်ရှိ အခွန်ဥပဒေအတိုင်း ဆက်သွားနိုင်ပါက၂၀၂၀ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကောင်းမွန်လာမည်ဟုဆို
ဗြိတိန်တွင် ကျောင်းသားအဆောင်များ တည်ထောင်လုပ်ကိုင်နေသည့် ကုမ္ပဏီကြီး iQ Student ကို ကန်ဒေါ်လာ ၅ ဘီလီယံကျော်ဖြင့် ရောင်းချမည်...
ဗြိတိန်တွင် ကျောင်းသားအဆောင်များ တည်ထောင်လုပ်ကိုင်နေသည့် ကုမ္ပဏီကြီး iQ Student ကို ကန်ဒေါ်လာ ၅ ဘီလီယံကျော်ဖြင့် ရောင်းချမည်...
ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ လုပ်သားစာရင်းစစ်တမ်း ၂၀၂၀ ခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်မည်
ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ လုပ်သားစာရင်းစစ်တမ်း ၂၀၂၀ ခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)