ရှန်ဟိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့ ကတည်ထောင်ထားသည့် အိမ်ခြံမြေ Developer ကဘက်စုံသုံး စီမံကိန်းနေရာတစ်ခုကို ယွမ်ငွေ ၇ ဘီလီယံ ကျော်ဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
340 ကြိမ် ကြည့်ရှု့ ပြီး
ရှန်ဟိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့ ကတည်ထောင်ထားသည့် အိမ်ခြံမြေ Developer ကဘက်စုံသုံး စီမံကိန်းနေရာတစ်ခုကို ယွမ်ငွေ ၇ ဘီလီယံ ကျော်ဖြင့်ဝယ်ယူ
ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)
### Zawgyi Version ###
### Unicode Version ###
ရှန်ဟိုင်းမြို ့အုပ်ချုပ်ရေးအဖွဲ့ကတည်ထောင်ထားသည့် အိမ်ခြံမြေ Developer သည် ရှန်ဟိုင်းမြို ့၊ ပူတုံးအရပ်ရှိ ဘက်စုံသုံး စီမံကိန်း နေရာတစ်ခုကို ယွမ်ငွေ ၇ ဒသမ ၁၄ ဘီလီယံဖြင့်ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ မြေနေရာတွင် ကူးသန်းရောင်းဝယ်ရေးနှင့်လူနေဘက်စုံသုံး စီမံကိန်းတစ်ခုကို ဆောက်လုပ်သွားမည်ဖြစ်ပြီး ၃၂၀ မီတာ (၁၀၅၀ပေ)အမြင့်ရှိသော တာဝါကြီးတစ်ခုလည်း ပါဝင်မည်ဖြစ်သည်။
Shanghai Zhangjiang High Tech Park Development ဟုအမည်ရသော စီမံကိန်း၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၅၈၂၂၅ (၆၂၆၇၂၈ စတုရန်းပေ) ကျယ်ဝန်းရာ ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၁၆၇၈၆ ကျသင့်ကြောင်း ရှန်ဟိုင်းစတော့အိတ်ချိန်းသို့ တင်သွင်း သည့် အချက်အလက်များတွင် ဖော်ပြသည်။
စီမံကိန်းအကောင်အထည်ဖော်မည့် deveoper က အဆိုပါမြေနေရာကို အောက်တိုဘာလကုန်ပိုင်းက အစိုးရလေလံပွဲတွင် လေလံဆွဲ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ယခုစီမံကိန်းနေရာတွင် စတုရန်းမီတာ ၄၂၅၃၅၅ ကျယ်ဝန်းသည့် ရုံးခန်းများ၊ လက်လီနှင့် အငှားအိမ်ရာများ အပါအဝင် မိုးမျှော်တိုက်ကြီး တစ်လုံး ဆောက်လုပ်သွားရန် အတည်ပြုထားပြီး ဖြစ်သည်။
မိုးမျှော်တိုက်ဆောက်လုပ်မည့် နေရာအနီးတွင် မီတာ ၃၂၀ မြင့်မားသည့် မိုးမျှော်တိုက်တစ်လုံး တည်ရှိပြီးဖြစ်ရာ ဆောက်လုပ်ပြီးစီးပါက ရှုလင်းဘူတာရုံအနီး တည်ရှိသော အဆိုပါ အမြွှာမျှော်စင်သည် ရှန်ဟိုင်း၏ ပဉ္စမမြောက် အမြင့်မားဆုံး မိုးမျှော်တိုက်များဖြစ်လာမည် ဖြစ်ပြီး ရှန်ဟိုင်းမြို့ပြင်ရှိ တစ်ခုတည်းသော မိုးမျှော်တိုက်များလည်း ဖြစ်လာမည် ဖြစ်သည်။
တရုတ်အစိုးရ၏ မူဝါဒတစ်ရပ်ဖြစ်သော အချက်အခြာမြို့ကြီးများတွင် အငှားလူနေအိမ်ရာများ မြင့်တက်လာရေးမူအရ ယခုစီမံကိန်းတွင် အငှားအိမ်ရာခန်းပေါင်း အနည်းဆုံး ၃၆၉ ခန်း ထည့်သွင်းဆောက်လုပ်သွားမည်ဟု ဆိုသည်။
စီမံကိန်းတွင် ကုမ္ပဏီကြီးများကို ဆွဲဆောင်နိုင်ရန်အတွက် ရုံးခန်းများ ထည့်သွင်းဆောက်လုပ်သွားမည့်အပြင် လက်လီအရောင်းဆိုင် နေရာများလည်း ထည့်သွင်းပေးသွားမည် ဖြစ်သည်။
မိုးမျှော်တိုက် ဆောက်လုပ်မှုကို လာမည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်တွင် စတင်ရန် စီစဉ်ထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသည့် အဆောက်အအုံများကို စစ်ဆေးအရေးယူလျက်ရှိ
ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသည့် အဆောက်အအုံများကို စစ်ဆေးအရေးယူလျက်ရှိ
နေပြည်တော်စည်ပင်သာယာရေးကော်မတီက မြေဧက (၆၀) ခန့်တွင်နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအတွက် အိမ်ရာဖော်ဆောင်မည်...
နေပြည်တော်စည်ပင်သာယာရေးကော်မတီက မြေဧက (၆၀) ခန့်တွင်နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအတွက် အိမ်ရာဖော်ဆောင်မည်...
တစ်နိုင်ငံလုံးတွင် သတ္တုတူးဖော်ရေးလုပ်ကွက်ပေါင်း ၁၂၀၀ ကျော်ခွင့်ပြုထား
တစ်နိုင်ငံလုံးတွင် သတ္တုတူးဖော်ရေးလုပ်ကွက်ပေါင်း ၁၂၀၀ ကျော်ခွင့်ပြုထား
ဂရမ်မီဆုပေါင်း ၂၀ နှင့် အော်စကာဆုများ ရရှိထားသူ ကမ္ဘာကျော်တေးသံရှင် Bruce Springteen ၏ နယူးဂျာစီပြည်နယ် စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ    ...
ဂရမ်မီဆုပေါင်း ၂၀ နှင့် အော်စကာဆုများ ရရှိထားသူ ကမ္ဘာကျော်တေးသံရှင် Bruce Springteen ၏ နယူးဂျာစီပြည်နယ် စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ    ...
မြိတ်တွင် တရုတ်စက်မူဇုန်တစ်ခုထူထောင်ရန် နားလည်မူစာချွန်လွှာလက်မှတ်ရေးထိုး
မြိတ်တွင် တရုတ်စက်မူဇုန်တစ်ခုထူထောင်ရန် နားလည်မူစာချွန်လွှာလက်မှတ်ရေးထိုး
ပဲခူးတိုင်းတွင် ကုန်သွယ်ရေးဥယျာဉ်မြို့တော်တည်ဆောက်ရန် တိုင်းအစိုးရထံ ကုမ္ပဏီတစ်ခုတင်ပြ
ပဲခူးတိုင်းတွင် ကုန်သွယ်ရေးဥယျာဉ်မြို့တော်တည်ဆောက်ရန် တိုင်းအစိုးရထံ ကုမ္ပဏီတစ်ခုတင်ပြ
ကမ္ဘာကျော် ဝင်ချက်စတာရိုင်ဖယ်ကို ထုတ်လုပ်သူ၏ ဇနီး ရိုင်ဖယ်ကြောင့် သေခဲ့ရသူတို့၏ ဝိဥာဉ်များက ခြောက်လှန့်မှုကြောင့် လျှို့ဝှက်ခန်းများ၊ မြေအောက်ခန်းများအပါအဝင် အခန်းပေါင်း ၁၆၀ ကျော် ပါဝင်သော စံအိမ်ကြီးဆောက်လုပ်ကာ တစ္ဆေများရန်မှ ပ...
နယူးယောက်မြို့ တွင် အဆောက်အအုံမှန်များကို ဝင်တိုက်ကာသေဆုံးကြရသည့် ငှက်ကောင်ရေ နှစ်စဉ် ၂ သိန်းကျော် ရှိနေသောကြောင့် အဆောက်အအုံသစ်များတွင် အတားအဆီးမှန်းသိသာစေသော မှန်များသာ အသုံးပြုစေမည့် ဥပဒေတစ်ရပ်ပြဌာန်း...
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေ ၂ဝ၂ဝ ပြည့်နှစ် မတ် ၁၆ ရက်တွင်အာဏာတည်မည် ကုန်ပစ္စည်းအညွှန်းကို မြန်မာဘာသာ ဖြင့်မဖော်ပြလျှင် အရေးယူမည်...
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေ ၂ဝ၂ဝ ပြည့်နှစ် မတ် ၁၆ ရက်တွင်အာဏာတည်မည် ကုန်ပစ္စည်းအညွှန်းကို မြန်မာဘာသာ ဖြင့်မဖော်ပြလျှင် အရေးယူမည်...
ရထားတွဲဆိုင်း ၃၂ စင်း ဂျပန်နိုင်ငံမှထပ်မံရောက်ရှိမည်
ရထားတွဲဆိုင်း ၃၂ စင်း ဂျပန်နိုင်ငံမှထပ်မံရောက်ရှိမည်
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)