ရှန်ဟိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့ ကတည်ထောင်ထားသည့် အိမ်ခြံမြေ Developer ကဘက်စုံသုံး စီမံကိန်းနေရာတစ်ခုကို ယွမ်ငွေ ၇ ဘီလီယံ ကျော်ဖြင့်ဝယ်ယူ
ရှန်ဟိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့ ကတည်ထောင်ထားသည့် အိမ်ခြံမြေ Developer ကဘက်စုံသုံး စီမံကိန်းနေရာတစ်ခုကို ယွမ်ငွေ ၇ ဘီလီယံ ကျော်ဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
2 Dec 2019 12:24 pm တွင် တင်ခဲ့သည်
580 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ရှန်ဟိုင်းမြို ့အုပ်ချုပ်ရေးအဖွဲ့ကတည်ထောင်ထားသည့် အိမ်ခြံမြေ Developer သည် ရှန်ဟိုင်းမြို ့၊ ပူတုံးအရပ်ရှိ ဘက်စုံသုံး စီမံကိန်း နေရာတစ်ခုကို ယွမ်ငွေ ၇ ဒသမ ၁၄ ဘီလီယံဖြင့်ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ မြေနေရာတွင် ကူးသန်းရောင်းဝယ်ရေးနှင့်လူနေဘက်စုံသုံး စီမံကိန်းတစ်ခုကို ဆောက်လုပ်သွားမည်ဖြစ်ပြီး ၃၂၀ မီတာ (၁၀၅၀ပေ)အမြင့်ရှိသော တာဝါကြီးတစ်ခုလည်း ပါဝင်မည်ဖြစ်သည်။
Shanghai Zhangjiang High Tech Park Development ဟုအမည်ရသော စီမံကိန်း၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၅၈၂၂၅ (၆၂၆၇၂၈ စတုရန်းပေ) ကျယ်ဝန်းရာ ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၁၆၇၈၆ ကျသင့်ကြောင်း ရှန်ဟိုင်းစတော့အိတ်ချိန်းသို့ တင်သွင်း သည့် အချက်အလက်များတွင် ဖော်ပြသည်။
စီမံကိန်းအကောင်အထည်ဖော်မည့် deveoper က အဆိုပါမြေနေရာကို အောက်တိုဘာလကုန်ပိုင်းက အစိုးရလေလံပွဲတွင် လေလံဆွဲ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ယခုစီမံကိန်းနေရာတွင် စတုရန်းမီတာ ၄၂၅၃၅၅ ကျယ်ဝန်းသည့် ရုံးခန်းများ၊ လက်လီနှင့် အငှားအိမ်ရာများ အပါအဝင် မိုးမျှော်တိုက်ကြီး တစ်လုံး ဆောက်လုပ်သွားရန် အတည်ပြုထားပြီး ဖြစ်သည်။
မိုးမျှော်တိုက်ဆောက်လုပ်မည့် နေရာအနီးတွင် မီတာ ၃၂၀ မြင့်မားသည့် မိုးမျှော်တိုက်တစ်လုံး တည်ရှိပြီးဖြစ်ရာ ဆောက်လုပ်ပြီးစီးပါက ရှုလင်းဘူတာရုံအနီး တည်ရှိသော အဆိုပါ အမြွှာမျှော်စင်သည် ရှန်ဟိုင်း၏ ပဉ္စမမြောက် အမြင့်မားဆုံး မိုးမျှော်တိုက်များဖြစ်လာမည် ဖြစ်ပြီး ရှန်ဟိုင်းမြို့ပြင်ရှိ တစ်ခုတည်းသော မိုးမျှော်တိုက်များလည်း ဖြစ်လာမည် ဖြစ်သည်။
တရုတ်အစိုးရ၏ မူဝါဒတစ်ရပ်ဖြစ်သော အချက်အခြာမြို့ကြီးများတွင် အငှားလူနေအိမ်ရာများ မြင့်တက်လာရေးမူအရ ယခုစီမံကိန်းတွင် အငှားအိမ်ရာခန်းပေါင်း အနည်းဆုံး ၃၆၉ ခန်း ထည့်သွင်းဆောက်လုပ်သွားမည်ဟု ဆိုသည်။
စီမံကိန်းတွင် ကုမ္ပဏီကြီးများကို ဆွဲဆောင်နိုင်ရန်အတွက် ရုံးခန်းများ ထည့်သွင်းဆောက်လုပ်သွားမည့်အပြင် လက်လီအရောင်းဆိုင် နေရာများလည်း ထည့်သွင်းပေးသွားမည် ဖြစ်သည်။
မိုးမျှော်တိုက် ဆောက်လုပ်မှုကို လာမည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်တွင် စတင်ရန် စီစဉ်ထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
bkk-projects
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service