ဝေမျှနေထိုင်ခြင်းက အာရှတွင် ကျိုးကြောင်းဆီလျော်သည့်နေထိုင်မှုနည်းလမ်းဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
375 ကြိမ် ကြည့်ရှု့ ပြီး
ဝေမျှနေထိုင်ခြင်းက အာရှတွင် ကျိုးကြောင်းဆီလျော်သည့်နေထိုင်မှုနည်းလမ်းဖြစ်လာ
ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)
### Zawgyi Version ###
### Unicode Version ###
သိုက်သိုက်ဝန်းဝန်းရှိခြင်း၊ အဆင်ပြေသက်သာခြင်းနှင့် အိမ်ငှားခသက်သာခြင်းစသည့် အားသာချက်တို့က အိမ်ငှားတို့အား ဝေမျှနေထိုင်မှုနည်းလမ်းကိုစဉ်းစားရန် ပိုမိုတွန်းအားပေးလာသည်။
ဝေမျှနေထိုင်မှုများသည် အာရှတွင် ရေပန်းစားလာကြောင်း၊ ယင်းသည် အဓိကအားဖြင့် ငှားလိုအားနည်းသော ရှန်ဟိုင်းအိမ်ရာဈေးကွက်နှင့် အိမ်ငှားခကြီးမားသော ဟောင်ကောင်အိမ်ငှားဈေးကွက်တို့ကြောင့် ဖြစ်ကြောင်း OZY မီဒီယာကုမ္ပဏီက အစီရင်ခံခဲ့သည်။
အတူတကွဝေမျှနေထိုင်ခြင်းဟုဆိုလိုက်သည်နှင့် အခန်းဖော်များရှိသည့် စုပေါင်းနေထိုင်ခြင်းပုံစံကိုသာ ပြေးမြင်နိုင်ပေသည်။ သို့သော် ယခုသတင်းတွင် အခန်းများစွာရှိသော အထပ်များစွာပါဝင်သည့် အဆောင်တန်းလျားကဲ့သို့သော အဆောက်အအုံများတွင် နေထိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အိမ်ငှားများသည် မီးဖိုးချောင်များနှင့် အခြားအများဆိုင်အခန်းများကို ဝေမျှအသုံးပြုခွင့်ရှိရုံသာမက ပရိဘောဂများဖြင့် ပြင်ဆင်ထားသော ပုဂ္ဂလိကအခန်းများသို့လည်း ဝင်ထွက်ခွင့်ရှိမည်ဖြစ်သည်။
ဝေမျှနေထိုင်စရာနေရာများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အိမ်ပိုင်ရှင်များအတွက် မြောက်များစွာသော ဘဏ္ဍာရေးအကျိုးကျေးဇူးများရှိကြောင်း အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Jones Lang LaSalle (JLL) က ၂၀၁၉ ခုနှစ် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သည်။
“ ဟောင်ကောင်ဟာ ကမ္ဘာတစ်ဝန်းက လူငယ်ပညာရှင်တွေနဲ့ ကျောင်းသားတွေကို ဆွဲဆောင်ပါတယ်။ အဲ့ဒီလိုအလုပ်၊ ပညာရေး စတဲ့ အကြောင်းတစ်ခုခုနဲ့လာရောက်ကြတဲ့သူတွေကလည်း သူတို့အတွက် အဆင်ပြေတဲ့ ဝေမျှနေထိုင်မှုနည်းလမ်းကို ရွေးချယ်တောင်းဆိုကြတာပါ။” ဟု ဟောင်ကောင်အခြေစိုက် အာရှဝေမျှနေထိုင်ရေးကုမ္ပဏီ Weave Co-Living ၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) ဆာချင်းဒိုရှီက ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်မကုန်မီ အငှားခန်းပေါင်း ၁ သောင်း ပံ့ပိုးပေးနိုင်ရန် Weave က စီစဉ်နေသည်။
ရှန်ဟိုင်းရှိ Harbour Apartments က ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့သည်။
ယခုအခါ developer များသည် အာရှတစ်လွှားတွင် ယခုနှစ်မကုန်မီ စုစုပေါင်းအခန်းပေါင်း ၈ သောင်းပါ ဝေမျှနေထိုင်စရာအဆောက်အအုံများနှင့် နောင်ငါးနှစ်တွင် အခန်းပေါင်းတစ်သန်း ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညောင်ဦး​လေဆိပ်ကို မြန်မာနိုင်ငံ၏ စတုတ္ထ​မြောက်အပြည်ပြည်ဆိုင်​လေဆိပ်အဖြစ် သမ္မတရုံးသတ်မှတ်...
ညောင်ဦး​လေဆိပ်ကို မြန်မာနိုင်ငံ၏ စတုတ္ထ​မြောက်အပြည်ပြည်ဆိုင်​လေဆိပ်အဖြစ် သမ္မတရုံးသတ်မှတ်...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးကြပ်ပြီး မင်္ဂလာဒုံမြို့နယ်အတွင်း (TOD) မြို့သစ်တစ်ခု ဖော်ဆောင်မည်...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးကြပ်ပြီး မင်္ဂလာဒုံမြို့နယ်အတွင်း (TOD) မြို့သစ်တစ်ခု ဖော်ဆောင်မည်...
ခရီးသွားကဏ္ဍတွင် ဖြစ်ပေါ်နေတဲ့ဇီးရိုးဘတ်ဂျက်ကို တားဆီးပေးနိုင်ဖို့ အစီအစဉ်ရှိမရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မေးမြန်း...
ခရီးသွားကဏ္ဍတွင် ဖြစ်ပေါ်နေတဲ့ဇီးရိုးဘတ်ဂျက်ကို တားဆီးပေးနိုင်ဖို့ အစီအစဉ်ရှိမရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မေးမြန်း...
ရန်ကုန်တိုင်းအစိုးရက ​ရောင်းသည့် ​မြေကွက်များဝယ်ယူခွင့်ကို ၂၀၂၀ နှစ်ဆန်းတွင်ထုတ်ပြန်​ပေးမည်ဟုဆို...
ရန်ကုန်တိုင်းအစိုးရက ​ရောင်းသည့် ​မြေကွက်များဝယ်ယူခွင့်ကို ၂၀၂၀ နှစ်ဆန်းတွင်ထုတ်ပြန်​ပေးမည်ဟုဆို...
စင်္ကာပူခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုက ဟိုတယ်ရင်းနှီးမြှုပ်နှံမှုကြီးများဆီသို့ ဦးတည်
စင်္ကာပူခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုက ဟိုတယ်ရင်းနှီးမြှုပ်နှံမှုကြီးများဆီသို့ ဦးတည်
နိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ဈေးကစားမှုထိန်းချုပ်ရန် အကျိုးဆောင်ဥပဒေလိုအပ်ဟုဆို
နိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ဈေးကစားမှုထိန်းချုပ်ရန် အကျိုးဆောင်ဥပဒေလိုအပ်ဟုဆို
နိုင်ငံခြားလုပ်သားများအတွက် အာရှ၏တတိယဈေးအကြီးဆုံးနေရာအဖြစ် ဟောင်ကောင် ဖော်ပြခံရ
နိုင်ငံခြားလုပ်သားများအတွက် အာရှ၏တတိယဈေးအကြီးဆုံးနေရာအဖြစ် ဟောင်ကောင် ဖော်ပြခံရ
လက်ရှိ အခွန်ဥပဒေအတိုင်း ဆက်သွားနိုင်ပါက၂၀၂၀ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကောင်းမွန်လာမည်ဟုဆို
လက်ရှိ အခွန်ဥပဒေအတိုင်း ဆက်သွားနိုင်ပါက၂၀၂၀ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကောင်းမွန်လာမည်ဟုဆို
ဗြိတိန်တွင် ကျောင်းသားအဆောင်များ တည်ထောင်လုပ်ကိုင်နေသည့် ကုမ္ပဏီကြီး iQ Student ကို ကန်ဒေါ်လာ ၅ ဘီလီယံကျော်ဖြင့် ရောင်းချမည်...
ဗြိတိန်တွင် ကျောင်းသားအဆောင်များ တည်ထောင်လုပ်ကိုင်နေသည့် ကုမ္ပဏီကြီး iQ Student ကို ကန်ဒေါ်လာ ၅ ဘီလီယံကျော်ဖြင့် ရောင်းချမည်...
ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ လုပ်သားစာရင်းစစ်တမ်း ၂၀၂၀ ခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်မည်
ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ လုပ်သားစာရင်းစစ်တမ်း ၂၀၂၀ ခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်မည်
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)