အိမ်ခြံမြေ၀ယ်ယူရာတွင်ပေးဆောင်ရမည့် အခွန်နှုန်းပြောင်းလဲသွားသည့် နှုန်းထားအရ မည်မျှပေးဆောင်ရမလဲ။ ပေးဆောင်သင့်သလား? - Property Knowledge in Myanmar from iMyanmarHouse.com
3105 ကြိမ် ကြည့်ရှု့ ပြီး

အိမ်ခြံမြေ၀ယ်ယူရာတွင်ပေးဆောင်ရမည့် အခွန်နှုန်းပြောင်းလဲသွားသည့် နှုန်းထားအရ မည်မျှပေးဆောင်ရမလဲ။ ပေးဆောင်သင့်သလား?

ဗဟုသုတ | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

### Zawgyi Version ###












 

### Unicode Version ###

၂၀၁၉ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ် ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေရလည်းတင်ပြနိုင်ခြင်းမရှိလျှင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ပေးဆောင်ရသည့် အခွန်နှုန်းထားကို လျော့ပေါ့၍ သက်သာခွင့် ပေးထားတာ ကို အောက်ပါ အတိုင်းတွေ့ရမှာဖြစ်ပါသည်။

 

တစ်ကျပ်မှ သိန်း တစ်ထောင်အထိ ၃%

သိန်းတစ်ထောင့်တစ်ကျပ်မှ သိန်း သုံးထောင်အထိ ၅%

သိန်းသုံးထောင်တစ်ကျပ်မှ သိန်းတစ်သောင်းအထိ ၁၀%

သိန်းတစ်သောင်းတစ်ကျပ်မှ သိန်းသုံးသောင်းအထိ ၁၅%

သိန်းသုံးသောင်းတစ်ကျပ်နှင့်အထက် ၃၀%

တိုင်းကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှ သတ်မှတ်သော မြေကွက်တန်ဖိုးအပေါ် အထက်ပါအတိုင်း ဝင်ငွေခွန် ပေးဆောင်ပြီး တံဆိပ်ခေါင်းခွန် ၄%၊ စာချုပ်စာတမ်းမှတ်ပုံတင်တင်ခ ဝ.၅% ပေးဆောင်ရမှာဖြစ်ပါသည်။

အခွန်သက်သာခွင့်နှုန်းထားများသည် ၂၀၁၉ခုနှစ်၊ အောက်တိုဘာ၊ (၁)ရက်နေ့မှ ၂၀၂၀ခုနှစ်၊ စက်တင်ဘာ၊ (၃၀)ရက်အထိသာ အကျိုးသက်ရောက်မှာဖြစ်ပြီး နောက်နှစ်တွင် သက်သာခွင့်ပြုမပြုသည် ထပ်မံပြဌာန်းမည့် ၂၀၂၀ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ထွက်မှသာ သိရှိနိုင်မှာဖြစ်သောကြောင့် အိမ်ခြံမြေဝယ်ယူထားသူများအနေဖြင့် သက်သာခွင့်ပေးထားသောနှုန်းထားသစ်အရ ပေးဆောင်ရမည့်အခွန်မှာ ယခင်နှစ်နဲ့ယှဉ်လျှင် များစွာသက်သာသွားတာကြောင့် အခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုကြရန် တိုက်တွန်းလိုပါတယ်။ ထိုမှသာ မိမိတို့ဝယ်ယူထားသော အိမ်ခြံမြေများသည် ဥပဒေအရ တရားဝင်ပိုင်ဆိုင်မှု ခိုင်မာသွားမှာဖြစ်ပြီး နောက်တစ်ချိန်ပြန်လည်ရောင်းချရာတွင်လည်း အဆင်ပြေချောမွေနိုင်မှာဖြစ်သောကြောင့် ဆောလျင်စွာ အခွန်ပေးဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုကျရန် အကြံပြုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပါမစ်မြေကို ၀ယ်ယူလျှင် ဘာတွေစစ်ဆေးဖို့လိုအပ်သလဲ။ မည်သို့ ဂရန်လျှောက်ထားရမလဲ?
ပါမစ်မြေကို ၀ယ်ယူလျှင် ဘာတွေစစ်ဆေးဖို့လိုအပ်သလဲ။ မည်သို့ ဂရန်လျှောက်ထားရမလဲ?
မည်သည့်မြေအမျိုးအစားကို မည်သူကရောင်းချခွင့်ရှိသလဲ ?
မည်သည့်မြေအမျိုးအစားကို မည်သူကရောင်းချခွင့်ရှိသလဲ ?
အိမ်သစ် ဝယ်ယူရာမှာ သတိပြုရမယ့် အချက်ခြောက်ချက်
အိမ်သစ် ဝယ်ယူရာမှာ သတိပြုရမယ့် အချက်ခြောက်ချက်
ပိုင်ရှင်၏ခွင့်ပြုချက်ဖြင့် နေထိုင်သူရှိနေသော အိမ်နှင့်မြေကို ဝယ်မယ်ဆိုလျှင်
ပိုင်ရှင်၏ခွင့်ပြုချက်ဖြင့် နေထိုင်သူရှိနေသော အိမ်နှင့်မြေကို ဝယ်မယ်ဆိုလျှင်
နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင် တရားဝင် မြေ၀ယ်ယူခွင့်ရှိသလား?
နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင် တရားဝင် မြေ၀ယ်ယူခွင့်ရှိသလား?
ကွန်ဒိုတိုက်ခန်း ဝယ်တဲ့အခါ သတင်းစာကြော်ငြာဖို့မမေ့သင့်ပါ
ကွန်ဒိုတိုက်ခန်း ဝယ်တဲ့အခါ သတင်းစာကြော်ငြာဖို့မမေ့သင့်ပါ
စွမ်းနိုင်သူက ကွန်ဒိုပေါ်တက် အရစ်ကျစနစ်ရဲ့ကောင်းချက်
စွမ်းနိုင်သူက ကွန်ဒိုပေါ်တက် အရစ်ကျစနစ်ရဲ့ကောင်းချက်
အိမ်ပတ်ဝန်းကျင် တွင် မစိုက်အပ်သော အပင်များ ၊ အိမ်ဆောက်ရက် ရွေးနည်း ၊ မသုံးအပ်သော သစ် (၈) မျိုးအကြောင်း .....
အိမ်ပတ်ဝန်းကျင် တွင် မစိုက်အပ်သော အပင်များ ၊ အိမ်ဆောက်ရက် ရွေးနည်း ၊ မသုံးအပ်သော သစ် (၈) မျိုးအကြောင်း .....
အဖြစ်ကမနှစ်ကနဲ့မတူ အိမ်ခြံမြေဝယ်နည်းအဆန်းပါနော်
အဖြစ်ကမနှစ်ကနဲ့မတူ အိမ်ခြံမြေဝယ်နည်းအဆန်းပါနော်
မြေကွက်ရောင်းပေးဖို့ ပါမစ်မိတ္တူ ပေးခဲ့မိပါသလား ?
မြေကွက်ရောင်းပေးဖို့ ပါမစ်မိတ္တူ ပေးခဲ့မိပါသလား ?

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)