အစိုးရပိုင္ေၿမ ႏွင့္အေဆာက္အအုံ ၂၅ ခုကို အမ်ားျပည္သူသို႔ေရာင္းခ်မည္ ဟုေၾကညာ

အစိုးရပိုင္ေၿမ ႏွင့္အေဆာက္အအုံ ၂၅ ခုကို အမ်ားျပည္သူသို႔ေရာင္းခ်မည္ ဟုေၾကညာ - Property News in Myanmar from iMyanmarHouse.com
27 Nov 2019 10:27 am တွင် တင်ခဲ့သည်
8549 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တိုင္းေဒသႀကီးသုံးခုရွိ ေျမႏွင့္ အေဆာက္အအုံ၊ တိုက္ခန္းႏွင့္ ေျမကြက္ စုစုေပါင္း ၂၅ ေနရာကို အမ်ားျပည္သူသို႔ေရာင္းခ်မည္ ဟု ပုဂၢလိကပိုင္ ျပဳလုပ္ေရးေကာ္မရွင္က ေၾကညာသည္။

ေရာင္းခ်မည့္ေနရာမ်ားမွာ ရန္ကုန္၊ မႏၲေလးႏွင့္ ပဲခူးတိုင္းတို႔တြင္ျဖစ္ၿပီး တည္ေနရာအတိအက်ကို အက်ယ္အဝန္း၊ လက္ရွိေျမျပင္အေနအထား ဓာတ္ပုံတို႔ကို စီမံကိန္းစိစစ္ေရးႏွင့္ တိုးတက္မႈအစီရင္ခံေရးဦးစီးဌာန ဝဘ္ဆိုက္တြင္ ေဖာ္ျပထားသည္ဟုဆိုသည္။

ေရာင္းခ်မည့္ေနရာမ်ားတြင္ ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္ ရွိ ပုလဲကြန္ဒိုမွ တိုက္ခန္းငါးခန္း၊ ပန္းဘဲတန္း နွင့္ စမ္းေခ်ာင္းၿမိဳ႕နယ္ ရွိ တိုက္ခန္းသုံးခန္း၊ လိႈင္သာယာ ေရႊျပည္သာ ၊ ေတာင္ဥကၠလာပ ႏွင့္ ဒဂုံ (အေရွ႕) ၿမိဳ႕နယ္မ်ားတြင္ ေျမႏွင့္ အေဆာက္အအုံတြဲလ်က္ႏွင့္ ေျမသီးသန႔္ ၁၀ ေနရာတို႔ျဖစ္သည္။

မႏၲေလးတိုင္း ခ်မ္းေအးသာစံ၊ မိုးကုတ္ႏွင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မ်ားရွိ ေျမႏွင့္အေဆာက္အအုံ၊ တိုက္ခန္း၊ ေျမကြက္စုစုေပါင္း ငါးေနရာ၊ ပဲခူးတိုင္း  ေညာင္ေလးပင္ႏွင့္ ေတာင္ငူၿမိဳ႕ ရွိ ေျမညီထပ္ အခန္းတစ္ခန္းႏွင့္ ေျမကြက္တစ္ကြက္ ပါဝင္သည္။

ဝယ္ယူလိုသူမ်ားသည္ စီမံကိန္းစိစစ္ေရးႏွင့္ တိုးတက္မႈအစီရင္ခံေရးဦးစီးဌာနရွိ ပုဂၢလိကပိုင္ ျပဳလုပ္ေရးေကာ္မရွင္႐ုံးသို႔ ဒီဇင္ဘာ ၁၉ ရက္ ေနာက္ဆုံးထားေလၽွာက္ထားရမည္ျဖစ္သည္။

ဒုသမၼတ ဦးျမင့္ေဆြ ဦးေဆာင္သည့္ ပုဂၢလိကပိုင္ျပဳလုပ္ေရးေကာ္မရွင္ကို ၂၀၁၆ ေမလက ဖြဲ႕စည္းၿပီး ႏွစ္စဥ္ နိုင္ငံပိုင္အေဆာက္အအုံမ်ားႏွင့္ ျပည္သူပိုင္သိမ္းယူခဲ့သည့္ ေျမႏွင့္တိုက္ခန္းမ်ား ေရာင္းခ်ရန္ ေလလံေခၚယူၿပီး ၂၀၁၇ က ၁၉ ေနရာ၊ ၂၀၁၈ က ၁၇ ေနရာကို အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်ခဲ့သည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

တိုင်းဒေသကြီးသုံးခုရှိ မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် စုစုပေါင်း ၂၅ နေရာကို အများပြည်သူသို့ရောင်းချမည် ဟု ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က ကြေညာသည်။

ရောင်းချမည့်နေရာများမှာ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းတို့တွင်ဖြစ်ပြီး တည်နေရာအတိအကျကို အကျယ်အဝန်း၊ လက်ရှိမြေပြင်အနေအထား ဓာတ်ပုံတို့ကို စီမံ ကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန ဝဘ်ဆိုက်တွင် ဖော်ပြထားသည်ဟုဆိုသည်။

ရောင်းချမည့်နေရာများတွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပုလဲကွန်ဒိုမှ တိုက်ခန်းငါးခန်း၊ ပန်းဘဲတန်းနှင့် စမ်းချောင်းမြို့နယ်ရှိ တိုက်ခန်းသုံးခန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာပနှင့် ဒဂုံ (အရှေ့) မြို့နယ်များတွင် မြေနှင့် အဆောက်အအုံတွဲလျက်နှင့် မြေသီးသန့် ၁၀ နေရာတို့ဖြစ်သည်။

မန္တလေးတိုင်း ချမ်းအေးသာစံ၊ မိုးကုတ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များရှိ မြေနှင့်အဆောက်အအုံ၊ တိုက်ခန်း၊ မြေကွက် စုစုပေါင်း ငါးနေရာ၊ ပဲခူးတိုင်း ညောင်လေးပင်နှင့် တောင်ငူမြို့ရှိ မြေညီထပ် အခန်းတစ်ခန်းနှင့် မြေကွက်တစ်ကွက် ပါဝင်သည်။

ဝယ်ယူလိုသူများသည် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနရှိ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရုံးသို့ ဒီဇင်ဘာ ၁၉ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်သည်။

ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို ၂၀၁၆ မေလက ဖွဲ့စည်းပြီး နှစ်စဉ် နိုင်ငံပိုင်အဆောက်အအုံများနှင့် ပြည်သူပိုင်သိမ်းယူခဲ့သည့် မြေနှင့်တိုက်ခန်းများ ရောင်းချရန် လေလံခေါ်ယူပြီး ၂၀၁၇ က ၁၉ နေရာ၊ ၂၀၁၈ က ၁၇ နေရာကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့သည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
mya-villa
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service