အားလံုး သိထားသင့္သည္ ေျမအဆင့္အတန္း သို႕မဟုတ္ ေျမအမ်ိဳးအစားမ်ား

အားလံုး သိထားသင့္သည္ ေျမအဆင့္အတန္း သို႕မဟုတ္ ေျမအမ်ိဳးအစားမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
26 Nov 2019 1:37 pm တွင် တင်ခဲ့သည်
2306 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

ကၽြန္မအစ္ကိုအရင္း၏ သားျဖစ္သူကိုေအာင္မ်ိဳးသြင္သည္ ဘြဲ႕ရတစ္ေယာက္ျဖစ္ေသာ္လည္း အစိုးရဝန္ထမ္းလည္းမလုပ္ခ်င္၊ ကုမၸဏီဝန္ထမ္းအလုပ္ကိုလည္းမနွစ္သက္သျဖင့္ သူ ဝါသနာပါရာ အငွါးကားတကၠစီတစ္စီးအား ဝယ္ျပီးလွ်င္ ကို္ယ္တိုင္ ေမာင္းနွင္လုပ္ကိုင္ေနျပီး ၾကံဳလွ်င္ၾကံသလို အိမ္ျခံေျမပြဲစားလည္း လုပ္ပါသည္။ ကၽြန္မအေနနဲ႕ တစ္ခါတစ္ရံတြင္ ပဲခူးတိုင္းမွအမႈအတြက္ ပဲခူးျမိဳ႕သို႕ျဖစ္ေစ၊ ဧရာဝတီတိုင္းမွ အမႈအတြက္ ပုသိမ္ျမိဳ႕ ၊ ဟသၤာတျမိဳ႕သို႕ျဖစ္ေစ သြားရသည့္အခါမွာ သူ႕ကားအား ငွါးကာ သြားခဲ့ရပါသည္။

သြားၾကသည့္အခါတိုင္းတြင္လည္း သူသိလိုသည့္ အိမ္၊ ျခံ ၊ ေျမ ကိစၥမ်ားကို ေမးျမန္းေလ့ရွိျပီး မွတ္သားထားတတ္ပါသည္။ တစ္ခါတစ္ရံမွာ ကၽြန္မက ေျပာျပျပီး အခ်ိန္မေလာက္ငွ၍ အဆံုးမသတ္ႏိုင္ခဲ့လွ်င္လည္း၊ စိတ္ရွည္စြာ ေစာင့္စားမွတ္သားျပီး ေနာက္တစ္ၾကိမ္ဆံုသည့္အခါ ထပ္မံ၍ ဇာတ္ေၾကာင္းကို ဆက္ခိုင္းျပီး ေမးျမန္းမွတ္သားတတ္ပါသည္။

ယခုလည္း ပဲခူးတိုင္း လက္ပံတန္းျမိဳ႕သို႕ အမႈကိစၥအတြက္ ကၽြန္မ၏ တပည့္မေလး အထက္တန္းေရွ႕ေန မသိဂီေအး ကို ေခၚျပီး ေန႕ခ်င္းျပန္ခရီးထြက္ခဲ့ရာ ထံုးစံအတိုင္း တူေတာ္ေမာင္ ကိုေအာင္မ်ိဳးသြင္ က လိုက္ပို႕ျပီး ထံုးစံအတိုင္း ေမးျမန္းျပန္ပါသည္။

တူေတာ္ေမာင္က “ အန္တီသင္းရယ္ ၊ ဒီတစ္ခါ ကၽြန္ေတာ္သိခ်င္တာက ၊ ေျမနဲ႕ပတ္သက္တာကို လူမ်ားေတြေျပာတာၾကားၾကားေနရျပီး မရွင္လင္းဘူး ျဖစ္ေနလို႕ပါ ၊ ေျမအမ်ိဳးအစားက ေတာ္ေတာ္ေလးကို ခြဲျခားထားတယ္လို႕ သိေနၾကားေနရလို႕ပါ ခင္ဗ်ာ အဲဒါ အန္တီ သင္း သိသေလာက္သာ ေျပာျပသြားပါ ၊ ကၽြန္ေတာ္ ကားေမာင္းရင္ မွတ္ထားလိုက္ပါ့မယ္ ” ဟု ေျပာသျဖင့္ ကၽြန္မကလည္း “ ေအး ေကာင္းျပီး၊ မင္းလည္း ကားေမာင္းရင္း နားေထာင္ေတာ့ အိပ္မငိုက္ေတာ့ဘူးေပါ့၊ အန္တီလည္း စာျပန္ေႏႊးသလို ျဖစ္သြားတာေပါ့ကြယ္ ” ဟု ေျပာကာ ကၽြန္မလည္း ပါလာသည့္ မွတ္စုမ်ားကို ၾကည့္ရင္ ရွင္းလင္းေျပာျပပါသည္။

“ ေျမသီးသန္႕ျဖစ္ေစ ၊ အိမ္နွင့္ေျမ တြဲလ်က္ျဖစ္ေစ ၊ ပတ္သက္ရင္ အခုေျပာမယ့္ ေျမအမ်ိဳးအစားေတြကို သိထားရမယ္ ”

“ အဲဒါေတြကေတာ့ လယ္ေျမ ၊ လယ္ယာေျမ ၊ လယ္ယာဥယ်ာဥ္ေျမ ၊ ေျမပိုင္ေျမ (ဘိုးဘြားေျမ ) ၊ ဂရန္ေျမ ၊ ခ်ထားေျမ (ပါမစ္ေျမ) ၊ စကြာတာေျမ၊ စားက်က္ေျမ ၊ က်ဴးေက်ာ္ေျမ ၊ သာသနာပိုင္ေျမ စတာေတြ ျဖစ္တယ္ ”

“ တစ္ခုခ်င္း ရွင္းျပရရင္ လယ္ေျမဆိုတာက ဆန္စပါးတစ္မ်ိဳးတည္းကိုသာ အဓိ္ကထားျပီး စိုက္ပ်ိဳးတဲ့ေျမလို႕ မွတ္ထားပါ ”

“ ေနာက္ျပီး စိုက္လို႕ရတဲ့ ေျမအားလံုးကိုေတာ့ လယ္ေျမလို႕သာ သတ္မွတ္ထားပါတယ္ ”

“ လယ္ယာဥယ်ာဥ္ေျမဆိုတာက လယ္ယာဥယ်ာဥ္ စိုက္ပ်ိဳးလုပ္ကိုင္ရန္ အတြက္သာ အသံုးျပဳခြင့္ရတယ္။ ေရာင္းျခင္း၊ ေပါင္ျခင္း၊ လႊဲေျပာင္း ခြဲစိတ္ပိုင္ခြင့္မရွိပါ ”

“ ၁၉၅၃ ခုနွစ္ ၊ လယ္ေျမႏိုင္ငံပိုင္ျပဳလုပ္ေရး အက္ဥပေဒပုဒ္မ ၃(ခ)အရ လယ္ေျမဆိုသည္မွာ ႏိုင္ငံေတာ္က အလိုရွိသည့္အတိုင္း သံုးစြဲႏိုင္သည့္ လယ္ယာလုပ္ကိုင္ႏိုင္ေသာ ေျမရုိင္းမ်ားနွင့္ လယ္ယာကိုင္းကၽြန္း ဥယ်ာဥ္စိုက္ပ်ိဳးမႈ သို႕တည္မဟုတ္ လယ္ယာကိုင္းကၽြန္းျဖင့္ အသက္ေမြးမႈ ကိစၥမ်ားအတြက္ျဖစ္ေစ ယင္းသို႕ စိုက္ပ်ိဳးမႈနဲ႕ အသက္ေမြးမႈ၏ အေထာက္အပံ့ျဖစ္ေသာ အမႈကိစၥမ်ားအတြက္ျဖစ္ေစ။ လက္ရွိထားသည့္ သို႕တည္မဟုတ္ သာမန္လုပ္ကိုင္သည့္ သို႕တည္မဟုတ္ အငွါးခ်ထားျပီးသည့္ေျမကို ဆိုလိုသည္. ထို႕ျပင္ေျမေပၚရွိ လူေနအိမ္မ်ားနွင့္ အျခားအေဆာက္အအံုမ်ား ပါဝင္သည္။ ”

“ သို႔ရာတြင္ ျမိဳ႕ရြာတြင္တည္ရွိေသာ လူေနအိမ္ရာအျဖစ္ လက္ရွိထားသည့္ ေျမမပါဝင္ေခ် ” ဆိုျပီး ပုဒ္မ ၃(ခ)မွာ ျပဌာန္းထားျပီး

“အထက္ပါ ပုဒ္မ ၃(ခ) အဓိပၸာယ္သတ္မွတ္ခ်က္တြင္ မပါဝင္ ၊ အက်ံဳးမဝင္ မွသာ၊ လူေနရပ္ကြက္အျဖစ္ သတ္မွတ္ပါတယ္”

“ ၂၀၁၂ ခုနွစ္ ၊ လယ္ယာေျမဥပေဒ ၊ ျပည္သူ႕လႊတ္ေတာ္ ဥပေဒအမွတ္ (၁၁)အရ၊ ၁၉၅၃ ခုနွစ္၊ လယ္ယာေျမႏိုင္ငံပိုင္ျပဳလုပ္ေရးအက္ဥပေဒကို ၂၀၁၂ ခုနွစ္ မတ္လ ၃၀ ရက္ေန႕မွာ ဖ်က္သိမ္းျပီး ၂၀၁၂ ခုနွစ္ လယ္ယာေျမဥပေဒကို ျပဌာန္းပါတယ္ ” ၊ “ ယင္းဥပေဒအရ အပိုဒ္ ၃(က) (ခ)တြင္ “ လယ္ယာေျမ” ၏ အဓိပၸါယ္ကို သတ္မွတ္ထားျပီး ယခင္ ၁၉၅၃ ခုနွစ္၊ လယ္ယာေျမႏိုင္ငံ ျပဳလုပ္ေရးအက္ဥပေဒတြင္ လယ္ယာေျမမွ လူေနရပ္ကြက္အျဖစ္ ျမိဳ႕ေျမစာရင္းဝင္ သတ္မွတ္ေပးႏိုင္ေသာ ပုဒ္မ မွာ လန-၃၉ (လယ္ယာေျမဥပေဒ ၊ ပုဒ္မ ၃၉) ျဖစ္ပါတယ္။

“ ယခု ၂၀၁၂ ခုနွစ္ ၊ လယ္ယာေျမ ဥပေဒအရ၊ လယ္ယာေျမအား၊ အျခားနည္းသံုးခြင့္ေပးျပီး၊ လူေနေျမ (ျမိဳ႕ေျမ)သို႕ သတ္မွတ္ႏိုင္ေသာပုဒ္မ လ/ယ ၃၀ (က)(ခ)(လယ္ယာေျမဥပေဒ၊ ပုဒ္မ ၃၀) ျဖစ္ပါတယ္ ” “ အစိုးရေျမျဖစ္တဲ့အတြက္ သေကၤတကို A နွင့္ ျပပါတယ္၊ ေနာက္ျပီး ေျမပံုကို ခရမ္းေရာင္းနွင့္ ဆြဲပါတယ္၊ ရြာေျမကိုေတာ့ လိေမၼာ္ေရာင္နွင့္ဆြဲျပီး၊ သာသနာပိုင္ေျမဆိုရင္ အစိမ္းေရာင္းနွင့္ ေျမပံုကို ဆြဲပါတယ္ ”

“ ေျမပိုင္ေျမ (ဘိုးဘြားပိုင္ေျမ)ဆိုတာက ျမန္မာႏိုင္ငံအားနယ္ခ်ဲ႕ အဂၤလိပ္ သိမ္းပိုက္ စဥ္က ျမိဳ႕ကြက္မ်ားကို ျပင္ဆင္ခ်ဲ႕ထြင္းျပီး ျပည္သူမ်ားအား ေရာင္းခ်ခဲ့စဥ္က ဝယ္ယူထားတဲ့ ေျမ ျဖစ္ပါတယ္။ ဒါ့အျပင္ လယ္ယာေျမ ဥပေဒအရ လယ္ယာဥယ်ာဥ္ျခံေျမမွ ေျပာင္းလဲလာႏိုင္ေသာေျမလည္း ပါ ပါတယ္၊ အဆိုပါ ေျမကို ေရာင္း ၊ ေပါင္ ၊ လႊဲေျပာင္းခြဲစိတ္ႏိုင္ပါတယ္ ” “ ဘိုးဘြားပိုင္ေျမျဖစ္တဲ့အတြက္ သေကၤတကို B နဲ႕ ျပျပီး ေျမပံုကို အျပာနဲ႕ ဆြဲထားပါတယ္ ”

“ ဂရန္ေျမ (ေျမငွားစာခ်ဳပ္ေျမ )ဆိုတာက အဂၤလိပ္အစိုးရလက္ထက္က အစိုးရထံမွ ေျမ မဝယ္ယူႏိုင္ေသာသူမ်ားအား ေျမငွါးခသတ္မွတ္၍ အငွါးခ်ထားေသာေျမ ျဖစ္ပါတယ္ ၊ ဒါ့အျပင္ ခ်ထားေျမ ၊ စကြာတာေျမ ၊ ရြာေျမစသည္တို႕မွ ေျပာင္းလဲလာႏိုင္ေသာ ေျမလည္းျဖစ္ပါတယ္ ၊ အဆိုပါေျမအား ေရာင္းေပါင္ ၊ လႊဲေျပာင္း ၊ ခြဲစိတ္ႏိုင္ပါတယ္ ” ဂရန္ေျမျဖစ္တဲံအတြက္ သေကၤတကို L နွင့္ ျပျပီး ေျမပံုကို အနီေရာင္နဲ႕ ဆြဲထားပါတယ္ ”

“ ခ်ထားေျမ (ပါမစ္ေျမ) ဆိုတာက ေျမငွါးစာခ်ဳပ္မရွိေသာ္လည္းႏိုင္ငံေတာ္မွ ခ်ထားေသာ ေျမျဖစ္ပါတယ္ ၊ တစ္ခ်ိန္ခ်ိန္မွာ ေျမငွါးစာခ်ဳပ္ထုတ္ေပးႏိုင္တဲ့ အလားအလာရွိပါတယ္ ၊ ပါမစ္ပါ စည္းကမ္းခ်က္အရဆိုရင္ ေရာင္း၊ ေပါင္ ၊ လႊဲေျပာင္းခြင့္ မရွိပါ ”

“စကြာတာေျမဆိုတာက အဂၤလိပ္အစိုးရလက္ထက္က ေျမငွါးခ မေပးႏိုင္၍ ဂရန္ ေျမမရသူမ်ားအား မေျပာပေလာက္ေသာ ေျမငွါးခထမ္းေဆာင္ေစ၍ ေနထိုင္ခြင့္ေပးထားေသာ ေျမ ျဖစ္ပါတယ္၊ေျမေပၚမွ ဆက္လက္ေနထိုင္ျပီး ေျမခကို ဆက္လက္ထမ္းေဆာင္ေနသူမ်ား ၊ ၄င္း ေျမ အငွါးခ်သူမ်ားသည္ ဂရန္ေျမအျဖစ္သို႕ ေလွ်ာက္ထားႏိုင္တယ္ ” “ ဂရန္ က်ျပီးမွသာ ေရာင္း၊ ေပါင္၊ လႊဲေျပာင္းႏိုင္တယ္”

“ စားက်က္ေျမဆိုတာက ေဒသတြင္းရွိ ကၽြဲ ၊ ႏြား၊ သိုး ၊ ဆိတ္မ်ားအတြက္ စားက်က္ခ်ရာေနရာအျဖစ္ ေျမနွင့္ အခြန္ဥပေဒမ်ားက သတ္မွတ္ခဲ့ျပီး က်ဴးေက်ာ္စိုက္ပ်ိဳးလွ်င္လည္းေကာင္း ။ အျခားနည္း အသံုးျပဳလွ်င္လည္းေကာင္း ၊ အေရးယူႏိုင္သည္ဟု ျပဌာန္းထားပါတယ္ ” “ သို႕ေသာ္ ၂၀၁၂ ခုနွစ္ ၊ လယ္ယာေျမ ဥပေဒတြင္ ပံုစံ (၇) ရရွိႏိုင္သူမွာ လက္ရွိ လက္ငုတ္စိုက္ပ်ိဳးလုပ္ကိုင္သူ ျဖစ္ရမည္ ဟု ျပဌာန္းထားသျဖင့္ ေျမပိုင္အခြင့္အေရး ဂရန္ ရရွိႏိုင္သည့္ အခြင့္အေရး ရွိပါတယ္ ”

“ က်ဳးေက်ာ္ေျမ (က်ဴးဂရန္) ဆိုတာက ၊ ေျမငွါးစာခ်ဳပ္လည္းမရွိ ၊ သက္ဆိုင္ရာမွလည္း ခ်ေပးျခင္းမရွိ ၊ အသံုးမျပဳသည့္ အစိုးရေျမ (သို႕မဟုတ္) ပုဂၢလိကေျမေပၚတြင္ က်ဳးေက်ာ္ေဆာက္လုပ္္ေနထိုင္ေသာေျမမ်ားျဖစ္ျပီး ႏိုင္ငံေတာ္မွ လိုအပ္ပါက ဖယ္ရွားခရမည္ျဖစ္ျပီး မလိုအပ္ပါက က်ဳးဂရန္ သတ္မွတ္ကာ ေျမငွါးခ ထမ္းေဆာင္ေစပါတယ္၊ အဆိုပါ ေျမကြက္အား ေရာင္း ၊ ေပါင္ ၊ လႊဲေျပာင္း ခြဲစိတ္ပိုင္ခြင့္မရွိပါ ”

“ သာသနာ့ပိုင္ေျမဆိုတာက ဝတၱကေျမ ၊ ခရစ္ယာန္ဘုရားရွိခိုးေက်ာင္း၊ ဗလီ ၊ ဟိႏၵဴ ဘုရားေက်ာင္း စသျဖင့္ ကိုးကြယ္ဝတ္ျပဳမႈ ဘာသာေရးနွင့္ ပတ္သက္ဆက္စပ္ေျမကို ေခၚပါတယ္ ”

“ ကဲ တူေတာ္ေမာင္ေရ ၊ ဒီေလာက္ဆိုရင္ ျပည့္စံုလံုေလာက္ျပီလို႕ ထင္ပါတယ္ ၊ အကယ္၍ အန္တီမသိဘူး၊ မၾကံဳဘူးေသးတဲ့ ေျမအမ်ိဳးအစား ထပ္ေတြ႕ခဲ့ရင္လည္း ေျပာျပပါ ၊ တို႕တစ္ေတြ စံုးစမ္းေလ့လာၾကရမွာေပါ့ကြာ ” ဟု ေျပာရင္ ကၽြန္မလည္း ပင္ပန္းသြားသျဖင့္ အနားယူကာ ေခတၱေမွးစက္လိုက္ပါေတာ့သည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ၾကာညိဳသင္း (ဥပေဒေရးရာအတိုင္ပင္ခံေရွ႕ေန)

 

### Unicode Version ###

ကျွန်မအစ်ကိုအရင်း၏ သားဖြစ်သူကိုအောင်မျိုးသွင်သည် ဘွဲ့ရတစ်ယောက်ဖြစ်သော်လည်း အစိုးရဝန်ထမ်းလည်းမလုပ်ချင်၊ ကုမ္ပဏီဝန်ထမ်းအလုပ်ကိုလည်းမနှစ်သက်သဖြင့် သူ ဝါသနာပါရာ အငှါးကားတက္ကစီတစ်စီးအား ဝယ်ပြီးလျှင် ကိုယ်တိုင် မောင်းနှင်လုပ်ကိုင်နေပြီး ကြုံလျှင်ကြံသလို အိမ်ခြံမြေပွဲစားလည်း လုပ်ပါသည်။ ကျွန်မအနေနဲ့ တစ်ခါတစ်ရံတွင် ပဲခူးတိုင်းမှအမှုအတွက် ပဲခူးမြို့သို့ဖြစ်စေ၊ ဧရာဝတီတိုင်းမှ အမှုအတွက် ပုသိမ်မြို့ ၊ ဟင်္သာတမြို့သို့ဖြစ်စေ သွားရသည့်အခါမှာ သူ့ကားအား ငှါးကာ သွားခဲ့ရပါသည်။

သွားကြသည့်အခါတိုင်းတွင်လည်း သူသိလိုသည့် အိမ်၊ ခြံ ၊ မြေ ကိစ္စများကို မေးမြန်းလေ့ရှိပြီး မှတ်သားထားတတ်ပါသည်။ တစ်ခါတစ်ရံမှာ ကျွန်မက ပြောပြပြီး အချိန်မလောက်ငှ၍ အဆုံးမသတ်နိုင်ခဲ့လျှင်လည်း၊ စိတ်ရှည်စွာ စောင့်စားမှတ်သားပြီး နောက်တစ်ကြိမ်ဆုံသည့်အခါ ထပ်မံ၍ ဇာတ်ကြောင်းကို ဆက်ခိုင်းပြီး မေးမြန်းမှတ်သားတတ်ပါသည်။

ယခုလည်း ပဲခူးတိုင်း လက်ပံတန်းမြို့သို့ အမှုကိစ္စအတွက် ကျွန်မ၏ တပည့်မလေး အထက်တန်းရှေ့နေ မသိဂီအေး ကို ခေါ်ပြီး နေ့ချင်းပြန်ခရီးထွက်ခဲ့ရာ ထုံးစံအတိုင်း တူတော်မောင် ကိုအောင်မျိုးသွင် က လိုက်ပို့ပြီး ထုံးစံအတိုင်း မေးမြန်းပြန်ပါသည်။

တူတော်မောင်က “ အန်တီသင်းရယ် ၊ ဒီတစ်ခါ ကျွန်တော်သိချင်တာက ၊ မြေနဲ့ပတ်သက်တာကို လူများတွေပြောတာကြားကြားနေရပြီး မရှင်လင်းဘူး ဖြစ်နေလို့ပါ ၊ မြေအမျိုးအစားက တော်တော်လေးကို ခွဲခြားထားတယ်လို့ သိနေကြားနေရလို့ပါ ခင်ဗျာ အဲဒါ အန်တီ သင်း သိသလောက်သာ ပြောပြသွားပါ ၊ ကျွန်တော် ကားမောင်းရင် မှတ်ထားလိုက်ပါ့မယ် ” ဟု ပြောသဖြင့် ကျွန်မကလည်း “ အေး ကောင်းပြီး၊ မင်းလည်း ကားမောင်းရင်း နားထောင်တော့ အိပ်မငိုက်တော့ဘူးပေါ့၊ အန်တီလည်း စာပြန်နွှေးသလို ဖြစ်သွားတာပေါ့ကွယ် ” ဟု ပြောကာ ကျွန်မလည်း ပါလာသည့် မှတ်စုများကို ကြည့်ရင် ရှင်းလင်းပြောပြပါသည်။

“ မြေသီးသန့်ဖြစ်စေ ၊ အိမ်နှင့်မြေ တွဲလျက်ဖြစ်စေ ၊ ပတ်သက်ရင် အခုပြောမယ့် မြေအမျိုးအစားတွေကို သိထားရမယ် ”

“ အဲဒါတွေကတော့ လယ်မြေ ၊ လယ်ယာမြေ ၊ လယ်ယာဥယျာဉ်မြေ ၊ မြေပိုင်မြေ (ဘိုးဘွားမြေ ) ၊ ဂရန်မြေ ၊ ချထားမြေ (ပါမစ်မြေ) ၊ စကွာတာမြေ၊ စားကျက်မြေ ၊ ကျူးကျော်မြေ ၊ သာသနာပိုင်မြေ စတာတွေ ဖြစ်တယ် ”

“ တစ်ခုချင်း ရှင်းပြရရင် လယ်မြေဆိုတာက ဆန်စပါးတစ်မျိုးတည်းကိုသာ အဓိကထားပြီး စိုက်ပျိုးတဲ့မြေလို့ မှတ်ထားပါ ”

“ နောက်ပြီး စိုက်လို့ရတဲ့ မြေအားလုံးကိုတော့ လယ်မြေလို့သာ သတ်မှတ်ထားပါတယ် ”

“ လယ်ယာဥယျာဉ်မြေဆိုတာက လယ်ယာဥယျာဉ် စိုက်ပျိုးလုပ်ကိုင်ရန် အတွက်သာ အသုံးပြုခွင့်ရတယ်။ ရောင်းခြင်း၊ ပေါင်ခြင်း၊ လွှဲပြောင်း ခွဲစိတ်ပိုင်ခွင့်မရှိပါ ”

“ ၁၉၅၃ ခုနှစ် ၊ လယ်မြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃(ခ)အရ လယ်မြေဆိုသည်မှာ နိုင်ငံတော်က အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့် လယ်ယာလုပ်ကိုင်နိုင်သော မြေရိုင်းများနှင့် လယ်ယာကိုင်းကျွန်း ဥယျာဉ်စိုက်ပျိုးမှု သို့တည်မဟုတ် လယ်ယာကိုင်းကျွန်းဖြင့် အသက်မွေးမှု ကိစ္စများအတွက်ဖြစ်စေ ယင်းသို့ စိုက်ပျိုးမှုနဲ့ အသက်မွေးမှု၏ အထောက်အပံ့ဖြစ်သော အမှုကိစ္စများအတွက်ဖြစ်စေ။ လက်ရှိထားသည့် သို့တည်မဟုတ် သာမန်လုပ်ကိုင်သည့် သို့တည်မဟုတ် အငှါးချထားပြီးသည့်မြေကို ဆိုလိုသည်. ထို့ပြင်မြေပေါ်ရှိ လူနေအိမ်များနှင့် အခြားအဆောက်အအုံများ ပါဝင်သည်။ ”

“ သို့ရာတွင် မြို့ရွာတွင်တည်ရှိသော လူနေအိမ်ရာအဖြစ် လက်ရှိထားသည့် မြေမပါဝင်ချေ ” ဆိုပြီး ပုဒ်မ ၃(ခ)မှာ ပြဌာန်းထားပြီး

“အထက်ပါ ပုဒ်မ ၃(ခ) အဓိပ္ပာယ်သတ်မှတ်ချက်တွင် မပါဝင် ၊ အကျုံးမဝင် မှသာ၊ လူနေရပ်ကွက်အဖြစ် သတ်မှတ်ပါတယ်”

“ ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေဥပဒေ ၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (၁၁)အရ၊ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ဖျက်သိမ်းပြီး ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြဌာန်းပါတယ် ” ၊ “ ယင်းဥပဒေအရ အပိုဒ် ၃(က) (ခ)တွင် “ လယ်ယာမြေ” ၏ အဓိပ္ပါယ်ကို သတ်မှတ်ထားပြီး ယခင် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံ ပြုလုပ်ရေးအက်ဥပဒေတွင် လယ်ယာမြေမှ လူနေရပ်ကွက်အဖြစ် မြို့မြေစာရင်းဝင် သတ်မှတ်ပေးနိုင်သော ပုဒ်မ မှာ လန-၃၉ (လယ်ယာမြေဥပဒေ ၊ ပုဒ်မ ၃၉) ဖြစ်ပါတယ်။

“ ယခု ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေ ဥပဒေအရ၊ လယ်ယာမြေအား၊ အခြားနည်းသုံးခွင့်ပေးပြီး၊ လူနေမြေ (မြို့မြေ)သို့ သတ်မှတ်နိုင်သောပုဒ်မ လ/ယ ၃၀ (က)(ခ)(လယ်ယာမြေဥပဒေ၊ ပုဒ်မ ၃၀) ဖြစ်ပါတယ် ” “ အစိုးရမြေဖြစ်တဲ့အတွက် သင်္ကေတကို A နှင့် ပြပါတယ်၊ နောက်ပြီး မြေပုံကို ခရမ်းရောင်းနှင့် ဆွဲပါတယ်၊ ရွာမြေကိုတော့ လိမ္မော်ရောင်နှင့်ဆွဲပြီး၊ သာသနာပိုင်မြေဆိုရင် အစိမ်းရောင်းနှင့် မြေပုံကို ဆွဲပါတယ် ”

“ မြေပိုင်မြေ (ဘိုးဘွားပိုင်မြေ)ဆိုတာက မြန်မာနိုင်ငံအားနယ်ချဲ့ အင်္ဂလိပ် သိမ်းပိုက် စဉ်က မြို့ကွက်များကို ပြင်ဆင်ချဲ့ထွင်းပြီး ပြည်သူများအား ရောင်းချခဲ့စဉ်က ဝယ်ယူထားတဲ့ မြေ ဖြစ်ပါတယ်။ ဒါ့အပြင် လယ်ယာမြေ ဥပဒေအရ လယ်ယာဥယျာဉ်ခြံမြေမှ ပြောင်းလဲလာနိုင်သောမြေလည်း ပါ ပါတယ်၊ အဆိုပါ မြေကို ရောင်း ၊ ပေါင် ၊ လွှဲပြောင်းခွဲစိတ်နိုင်ပါတယ် ” “ ဘိုးဘွားပိုင်မြေဖြစ်တဲ့အတွက် သင်္ကေတကို B နဲ့ ပြပြီး မြေပုံကို အပြာနဲ့ ဆွဲထားပါတယ် ”

“ ဂရန်မြေ (မြေငှားစာချုပ်မြေ )ဆိုတာက အင်္ဂလိပ်အစိုးရလက်ထက်က အစိုးရထံမှ မြေ မဝယ်ယူနိုင်သောသူများအား မြေငှါးခသတ်မှတ်၍ အငှါးချထားသောမြေ ဖြစ်ပါတယ် ၊ ဒါ့အပြင် ချထားမြေ ၊ စကွာတာမြေ ၊ ရွာမြေစသည်တို့မှ ပြောင်းလဲလာနိုင်သော မြေလည်းဖြစ်ပါတယ် ၊ အဆိုပါမြေအား ရောင်းပေါင် ၊ လွှဲပြောင်း ၊ ခွဲစိတ်နိုင်ပါတယ် ” ဂရန်မြေဖြစ်တဲံအတွက် သင်္ကေတကို L နှင့် ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲထားပါတယ် ”

“ ချထားမြေ (ပါမစ်မြေ) ဆိုတာက မြေငှါးစာချုပ်မရှိသော်လည်းနိုင်ငံတော်မှ ချထားသော မြေဖြစ်ပါတယ် ၊ တစ်ချိန်ချိန်မှာ မြေငှါးစာချုပ်ထုတ်ပေးနိုင်တဲ့ အလားအလာရှိပါတယ် ၊ ပါမစ်ပါ စည်းကမ်းချက်အရဆိုရင် ရောင်း၊ ပေါင် ၊ လွှဲပြောင်းခွင့် မရှိပါ ”

“စကွာတာမြေဆိုတာက အင်္ဂလိပ်အစိုးရလက်ထက်က မြေငှါးခ မပေးနိုင်၍ ဂရန် မြေမရသူများအား မပြောပလောက်သော မြေငှါးခထမ်းဆောင်စေ၍ နေထိုင်ခွင့်ပေးထားသော မြေ ဖြစ်ပါတယ်၊မြေပေါ်မှ ဆက်လက်နေထိုင်ပြီး မြေခကို ဆက်လက်ထမ်းဆောင်နေသူများ ၊ ၎င်း မြေ အငှါးချသူများသည် ဂရန်မြေအဖြစ်သို့ လျှောက်ထားနိုင်တယ် ” “ ဂရန် ကျပြီးမှသာ ရောင်း၊ ပေါင်၊ လွှဲပြောင်းနိုင်တယ်”

“ စားကျက်မြေဆိုတာက ဒေသတွင်းရှိ ကျွဲ ၊ နွား၊ သိုး ၊ ဆိတ်များအတွက် စားကျက်ချရာနေရာအဖြစ် မြေနှင့် အခွန်ဥပဒေများက သတ်မှတ်ခဲ့ပြီး ကျူးကျော်စိုက်ပျိုးလျှင်လည်းကောင်း ။ အခြားနည်း အသုံးပြုလျှင်လည်းကောင်း ၊ အရေးယူနိုင်သည်ဟု ပြဌာန်းထားပါတယ် ” “ သို့သော် ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေ ဥပဒေတွင် ပုံစံ (၇) ရရှိနိုင်သူမှာ လက်ရှိ လက်ငုတ်စိုက်ပျိုးလုပ်ကိုင်သူ ဖြစ်ရမည် ဟု ပြဌာန်းထားသဖြင့် မြေပိုင်အခွင့်အရေး ဂရန် ရရှိနိုင်သည့် အခွင့်အရေး ရှိပါတယ် ”

“ ကျုးကျော်မြေ (ကျူးဂရန်) ဆိုတာက ၊ မြေငှါးစာချုပ်လည်းမရှိ ၊ သက်ဆိုင်ရာမှလည်း ချပေးခြင်းမရှိ ၊ အသုံးမပြုသည့် အစိုးရမြေ (သို့မဟုတ်) ပုဂ္ဂလိကမြေပေါ်တွင် ကျုးကျော်ဆောက်လုပ်နေထိုင်သောမြေများဖြစ်ပြီး နိုင်ငံတော်မှ လိုအပ်ပါက ဖယ်ရှားခရမည်ဖြစ်ပြီး မလိုအပ်ပါက ကျုးဂရန် သတ်မှတ်ကာ မြေငှါးခ ထမ်းဆောင်စေပါတယ်၊ အဆိုပါ မြေကွက်အား ရောင်း ၊ ပေါင် ၊ လွှဲပြောင်း ခွဲစိတ်ပိုင်ခွင့်မရှိပါ ”

“ သာသနာ့ပိုင်မြေဆိုတာက ဝတ္တကမြေ ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဗလီ ၊ ဟိန္ဒူ ဘုရားကျောင်း စသဖြင့် ကိုးကွယ်ဝတ်ပြုမှု ဘာသာရေးနှင့် ပတ်သက်ဆက်စပ်မြေကို ခေါ်ပါတယ် ”

“ ကဲ တူတော်မောင်ရေ ၊ ဒီလောက်ဆိုရင် ပြည့်စုံလုံလောက်ပြီလို့ ထင်ပါတယ် ၊ အကယ်၍ အန်တီမသိဘူး၊ မကြုံဘူးသေးတဲ့ မြေအမျိုးအစား ထပ်တွေ့ခဲ့ရင်လည်း ပြောပြပါ ၊ တို့တစ်တွေ စုံးစမ်းလေ့လာကြရမှာပေါ့ကွာ ” ဟု ပြောရင် ကျွန်မလည်း ပင်ပန်းသွားသဖြင့် အနားယူကာ ခေတ္တမှေးစက်လိုက်ပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ကြာညိုသင်း (ဥပဒေရေးရာအတိုင်ပင်ခံရှေ့နေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service