မဟာရန္ကုန္ႏွင့္ မႏၲေလးေရႊၿမိဳ႕ေတာ္အတြင္းရွိ အိမ္ၿခံေျမမ်ားႏွင့္စပ္လ်ဥ္း၍ ေလၽွာက္ထားေဆာင္ရြက္ရန္ နည္းလမ္းမ်ား

မဟာရန္ကုန္ႏွင့္ မႏၲေလးေရႊၿမိဳ႕ေတာ္အတြင္းရွိ အိမ္ၿခံေျမမ်ားႏွင့္စပ္လ်ဥ္း၍ ေလၽွာက္ထားေဆာင္ရြက္ရန္ နည္းလမ္းမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
25 Nov 2019 1:45 pm တွင် တင်ခဲ့သည်
1526 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

စကားခ်ီး။ ။ စာေရးသူသည္ အိမ္ၿခံေျမႏွင့္ စပ္လ်ဥ္း၍ ေရာင္းဝယ္/ေပးကမ္း/လႊဲ ေျပာင္းလိုသူမ်ားအတြက္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္လုပ္ငန္းအေၾကာင္း သိေကာင္းစရာမ်ားႏွင့္ “ ယင္းအိမ္ၿခံေျမမ်ားအား မိမိ၏ အမည္ေပါက္ပိုင္ဆိုင္ေရးအတြက္ ဆက္လက္ေဆာင္ရြက္သင့္ေသာလုပ္ငန္းမ်ား ” အေၾကာင္းကို ျမန္မာတိုင္းမ္ေန႔စဥ္၌ ေရးသားတင္ျပၿပီးျဖစ္ပါသည္။ ယခုတစ္ဖန္ လုပ္သားျပည္သူမ်ား လိမ္လည္ခံရျခင္းမွ ကာကြယ္နိုင္ရန္အတြက္ သိသင့္သိထိုက္ေသာ အခ်က္မ်ားအား ထပ္မံ၍ အသိေပး မၽွေဝတင္ျပအပ္ပါသည္။

ေျမႏွင့္အိမ္ဝယ္ယူရန္ စရန္ေငြေပးေခ်ျခင္း

* ေရွးဦးစြာ ဂရန္ေျမေရာင္းခ်သူထံမွ “ဂရန္မွန္ကန္မႈရွိလၽွင္ဝယ္ပါမည္” ဟု စကားခံၿပီးမွ ေဈးဆစ္သင့္ပါသည္။

* ေဈးတည့္သည္ႏွင့္တစ္ၿပိဳင္နက္ ဂရန္မိတၱဴေတာင္း၍ ၿမိဳ႕ေတာ္စည္ပင္သာ ယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန႔္ခြဲေရးဌာန၌ မွန္/မမွန္ တရားဝင္ စစ္ေဆးသင့္ပါသည္

* စရန္ေငြမေပးေခ်မီ ဂရန္မူရင္းကို ၾကည့္ရႈခြင့္ ေတာင္းဆိုသင့္ပါသည္

* ထုံးစံအတိုင္း သတင္းစာတြင္ ေၾကာ္ျငာခြင့္ျပဳပါဟုေျပာဆိုၿပီး စရန္ေငြကို ေပးေခ်သင့္ပါသည္

* စရန္ေငြေပးေခ်ၿပီးလၽွင္ၿပီးခ်င္း သတင္းစာ၌ ေၾကာ္ျငာရန္မေမ့ပါႏွင့္

ေျမႏွင့္အိမ္အတြက္ ေငြအေျပအေက်ေပးေခ်ျခင္း

ေအာက္ေဖာ္ျပပါစာရြက္စာတမ္း၊ ေျမပုံအေထာက္အထားမ်ားရရွိမွသာ ေငြအေျပအေက်ေပးေခ်ရန္ လိုအပ္ပါသည္။

* အေရာင္းအဝယ္ျပဳလုပ္ရန္အတြက္ တစ္ႏွစ္အတြင္း ေရးကူးထားေသာ ေျမပုံႏွင့္ ေျမရာဇဝင္

* မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္ အဆင္ေၿပ ေခ်ာေမြ႕ေစမည့္သူ၏ နာမည္ျဖင့္ လႊဲေျပာင္းေပးထားသည့္ အထူးကိုယ္စားလွယ္လႊဲစာ (Special Power)

* မူရင္းဂရန္ႏွင့္ ေရ၊ မီးတို႔အတြက္ ပါမစ္ (Permit) မ်ား

* က်ဴးေက်ာ္မႈ (ပစၥည္း၊လူ) ကင္းရွင္းရမည့္ ေျမႏွင့္အိမ္ျဖစ္ရမည္

(မွတ္ခ်က္)

ထိုေလးမ်ိဳးကို စရန္ေပးစာခ်ဳပ္တြင္ ထည့္သြင္းေရးသား၍ ႏႈတ္ျဖင့္လည္း သိသာေအာင္ေျပာဆိုထားရပါမည္။

စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးႏွင့္ ဆက္သြယ္ေဆာင္ရြက္ျခင္း

ေျမႏွင့္အိမ္ကို တရားဝင္ဝယ္ယူလိုပါက ရန္ကုန္၊ မန ၱေလး ၿမိဳ႕ေတာ္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ဌာနမႉး႐ုံး (လယ္ယာေၿမ စီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန) တြင္ မုခ်စာခ်ဳပ္ခ်ဳပ္ဆို မွတ္ပုံတင္ရပါမည္။ ထို႐ုံးသို႔ သြားေရာက္သည့္အခါ ေအာက္ပါ ပုဂၢိဳလ္ႏွင့္ စာရြက္စာတမ္းမ်ားအား မျဖစ္မေန ယူေဆာင္သြားရမည္ျဖစ္ပါသည္။

* ေရာင္းခ်သူ သို႔မဟုတ္ ၄င္း၏ အထူးကိုယ္စားလွယ္လႊဲစာ ရရွိထားသူ

* ဝယ္ယူသူ သို႔မဟုတ္ ၄င္း၏ အထူးကိုယ္စားလွယ္လႊဲစာ ရရွိထားသူ

* ျပည္တြင္းအခြန္ဦးစီးဌာန၊ ကာလတန္ဖိုး စိစစ္သတ္မွတ္ေရးအဖြဲ႕၏ ရာျပတ္တန္ဖိုးအတိုင္း ငါးရာခိုင္ႏႈန္း အခြန္ေတာ္တံဆိပ္ေခါင္း ကပ္ႏွိပ္ထားၿပီးေသာ အေရာင္း/အဝယ္စာခ်ဳပ္

* ယင္းစာခ်ဳပ္တြင္ လက္မွတ္ေရးထိုးမည့္ အသိသက္ေသႏွစ္ဦး

* ေရာင္းခ်သူ၊ ဝယ္ယူသူႏွင့္ အသိသက္ေသႏွစ္ဦးတို႔၏ မွတ္ပုံတင္မူရင္းႏွင့္မိတၱဴမ်ား

* တစ္ႏွစ္အတြင္းေရးကူးထားသည့္ အေရာင္းအဝယ္ျပဳလုပ္မည့္ေျမအတြက္ ေျမပုံ/ေျမရာဇဝင္

(မွတ္ခ်က္)

အထက္ပါအခ်က္ေျခာက္ခ်က္ ျပည့္စုံလၽွင္ တစ္ႀကိမ္တစ္ရက္တည္းျဖင့္ ၿပီးဆုံးေအာင္ျမင္ပါမည္။

ၿမိဳ႕နယ္အခြန္ဦးစီးဌာနႏွင့္ ဆက္သြယ္ေဆာင္ရြက္ျခင္း

အိမ္ၿခံေျမအေရာင္းအဝယ္/လႊဲေျပာင္းျခင္းမ်ားအား ဥပေဒႏွင့္ ညီညြတ္မွန္ကန္ ေအာင္/ေဘာင္ဝင္ေအာင္ ျပဳလုပ္လိုပါက ျပည္တြင္းအခြန္ဦးစီးဌာနႏွင့္ ဆက္သြယ္ရန္ အထူးလိုအပ္ပါသည္။

* စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ စာခ်ဳပ္ခ်ဳပ္ဆို မွတ္ပုံတင္နိုင္ရန္အတြက္ ကာလတန္ဖိုး စိစစ္သတ္မွတ္ေရးအဖြဲ႕မွ ရာျပတ္တန္ဖိုး၏ ငါးရာခိုင္ႏႈန္းႏွင့္ ဝင္ေငြရလမ္း မေဖာ္ျပနိုင္ေသာ ေငြအတြက္ ၁၅ ရာခိုင္ႏႈန္း (သို႔) ၂၀ ရာခိုင္ႏႈန္း (သို႔) ၃၀ ရာခိုင္ႏႈန္းေပးေဆာင္ရန္ သက္ဆိုင္ရာၿမိဳ႕နယ္ အခြန္ဦးစီးဌာနသို႔ သြားေရာက္ရပါမည္။

* သက္ဆိုင္ရာျမန္မာ့စီးပြားေရးဘဏ္တြင္ ခ်လန္ျဖင့္ ေငြေပးသြင္းၿပီးမွသာ ငါးရာခိုင္ႏႈန္း အခြန္ေတာ္တံဆိပ္ေခါင္းမ်ား ရရွိပါ မည္။

ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသို႔ေလၽွာက္ထားေဆာင္ရြက္ရမည့္အခ်က္မ်ား

(က) ေျမပုံ/ေျမရာဇဝင္ ေရးကူးေပးရန္ ေလၽွာက္ထားျခင္း

* အေဆာက္အအုံသစ္ေဆာက္လုပ္ျခင္း၊ ဘဏ္ေငြေခ်းျခင္း၊ အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ဆိုျခင္း၊ အေမြဆက္ခံခြင့္ေၾကာ္ျငာျခင္း၊ ေျမကြက္ခြဲေဝျခင္း/စြန႔္လႊတ္ စာခ်ဳပ္/အပိုင္ေပးစာခ်ဳပ္စသည့္ ခ်ဳပ္ဆိုျခင္း၊ၿခံစည္းရိုးကာရံျခင္း

* ေျမကြက္ခြဲစိတ္ျခင္း၊ အဝီစိတြင္းတူးျခင္း၊ လႉဒါန္းျခင္း စာခ်ဳပ္မွတ္တမ္းတင္ထားရွိရန္ ကိစၥရပ္မ်ား

* က်ဴးလြန္ျခင္းျပေျမပုံ၊ ဌာနဆိုင္ရာတင္ျပရန္ အမွားျပင္ျခင္း/ငွားရမ္းျခင္း/ ေပါင္ႏွံျခင္း/ေျမကြက္လဲလွယ္ျခင္း/မိသားစုခြဲေဝျခင္း စာခ်ဳပ္မ်ားခ်ဳပ္ဆိုရန္ႏွင့္ အခြန္လြတ္သာသနာေျမေလၽွာက္ထားရန္ကိစၥရပ္မ်ား

(မွတ္ခ်က္)

အထက္ပါကိစၥရပ္မ်ားအတြက္ ပိုင္ဆိုင္ေၾကာင္းအေထာက္အထား၊ မွတ္ပုံတင္မိတၱဴႏွင့္ ဝန္ေဆာင္ခကို ေပးသြင္း၍ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန႔္ခြဲမႈဌာနမွပုံစံတြင္ ေရးသြင္းေလၽွာက္ထားရပါမည္။

(ခ) ဂရန္ပိုင္ရွင္အမည္ေျပာင္းေလၽွာက္ထားျခင္း

ေအာက္ပါစာရြက္စာတမ္းအေထာက္အထားမ်ားႏွင့္အတူ ပူးတြဲေလၽွာက္ထားရပါမည္။

* ေလၽွာက္ထားသူ၏ နိုင္ငံသားစိစစ္ေရးကတ္ျပား (သို႔) အမ်ိဳးသားမွတ္ပုံ တင္ မူရင္း + မိတၱဴ

* ေျမငွားဂရန္မူရင္း

* ေလၽွာက္ထားသူပိုင္ဆိုင္ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္ (သို႔) ေလလံအမိန႔္ (သို႔) တရား႐ုံးမွ ထုတ္ေပးေသာ ပစၥည္းဝယ္လက္မွတ္ႏွင့္ အခြန္ထမ္းေဆာင္ၿပီးေၾကာင္း အေထာက္အထားမ်ား

* ေျမခြန္ေႂကြးက်န္ကင္းရွင္းေၾကာင္း (ေနာက္ဆုံး) ေျပစာ

(မွတ္ခ်က္)

(၁) ဌာနမွ သတ္မွတ္ထားေသာ ေလၽွာက္လႊာပုံစံျဖင့္သာ ေလၽွာက္ထားရပါမည္။

(၂) တရား႐ုံး၊ဘဏ္၊ အခြန္ဦးစီးဌာနတို႔မွ ကန႔္ကြက္မႈရွိ/မရွိ စစ္ေဆးပါမည္။

(ဂ) ဂရန္ခြဲေလၽွာက္ထားျခင္း

ေအာက္ပါစာရြက္စာတမ္းအေထာက္ အထားမ်ားႏွင့္အတူ ပူးတြဲေလၽွာက္ထားရပါမည္။

နိုင္ငံသားစိစစ္ေရးကတ္ျပား (သို႔) အမ်ိဳးသားမွတ္ပုံတင္မိတၱဴ

* မူရင္းေျမငွားဂရန္စာခ်ဳပ္

* ဂရန္ခြဲရန္အတြက္ပိုင္ဆိုင္ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္ (သို႔) တရား႐ုံးအမိန႔္ဒီကရီ (သို႔) ေျမလႊဲေျပာင္းအမိန႔္စာ

* ေျမငွားေႂကြးက်န္ကင္းရွင္းေၾကာင္း (ေနာက္ဆုံး) ေျပစာ

* ေျမကြက္ခြဲစိတ္အတည္ျပဳပုံစံ ခြင့္ျပဳခ်က္တစ္စုံ

* ေျမကြက္ခြဲစိတ္တိုင္းတာသည့္ ေျမပုံတစ္ပုံ

(မွတ္ခ်က္)

(၁) သက္တမ္းမကုန္ဆုံးေသးေသာ ဂရန္မ်ားကိုသာ ေလၽွာက္ထားနိုင္သည္။

(၂) မူလဂရန္၏ သက္တမ္းအတိုင္းသာ “ဂရန္ခြဲ” ထုတ္ေပးပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09- 268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ေဆြျမင့္သူ (ေၾကး/ေျမ)

 

### Unicode Version ###

စကားချီး။ ။ စာရေးသူသည် အိမ်ခြံမြေနှင့် စပ်လျဉ်း၍ ရောင်းဝယ်/ပေးကမ်း/လွှဲ ပြောင်းလိုသူများအတွက် စာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်းအကြောင်း သိကောင်းစရာများနှင့် “ ယင်းအိမ်ခြံမြေများအား မိမိ၏ အမည်ပေါက်ပိုင်ဆိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သောလုပ်ငန်းများ ” အကြောင်းကို မြန်မာတိုင်းမ်နေ့စဉ်၌ ရေးသားတင်ပြပြီးဖြစ်ပါသည်။ ယခုတစ်ဖန် လုပ်သားပြည်သူများ လိမ်လည်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် သိသင့်သိထိုက်သော အချက်များအား ထပ်မံ၍ အသိပေး မျှဝေတင်ပြအပ်ပါသည်။

မြေနှင့်အိမ်ဝယ်ယူရန် စရန်ငွေပေးချေခြင်း

* ရှေးဦးစွာ ဂရန်မြေရောင်းချသူထံမှ “ဂရန်မှန်ကန်မှုရှိလျှင်ဝယ်ပါမည်” ဟု စကားခံပြီးမှ ဈေးဆစ်သင့်ပါသည်။

* ဈေးတည့်သည်နှင့်တစ်ပြိုင်နက် ဂရန်မိတ္တူတောင်း၍ မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာန၌ မှန်/မမှန် တရားဝင် စစ်ဆေးသင့်ပါသည်

* စရန်ငွေမပေးချေမီ ဂရန်မူရင်းကို ကြည့်ရှုခွင့် တောင်းဆိုသင့်ပါသည်

* ထုံးစံအတိုင်း သတင်းစာတွင် ကြော်ငြာခွင့်ပြုပါဟုပြောဆိုပြီး စရန်ငွေကို ပေးချေသင့်ပါသည်

* စရန်ငွေပေးချေပြီးလျှင်ပြီးချင်း သတင်းစာ၌ ကြော်ငြာရန်မမေ့ပါနှင့်

မြေနှင့်အိမ်အတွက် ငွေအပြေအကျေပေးချေခြင်း

အောက်ဖော်ပြပါစာရွက်စာတမ်း၊ မြေပုံအထောက်အထားများရရှိမှသာ ငွေအပြေအကျေပေးချေရန် လိုအပ်ပါသည်။

* အရောင်းအဝယ်ပြုလုပ်ရန်အတွက် တစ်နှစ်အတွင်း ရေးကူးထားသော မြေပုံနှင့် မြေရာဇဝင်

* မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် အဆင်ပြေ ချောမွေ့စေမည့်သူ၏ နာမည်ဖြင့် လွှဲပြောင်းပေးထားသည့် အထူးကိုယ်စားလှယ်လွှဲစာ (Special Power)

* မူရင်းဂရန်နှင့် ရေ၊ မီးတို့အတွက် ပါမစ် (Permit) များ

* ကျူးကျော်မှု (ပစ္စည်း၊လူ) ကင်းရှင်းရမည့် မြေနှင့်အိမ်ဖြစ်ရမည်

(မှတ်ချက်)

ထိုလေးမျိုးကို စရန်ပေးစာချုပ်တွင် ထည့်သွင်းရေးသား၍ နှုတ်ဖြင့်လည်း သိသာအောင်ပြောဆိုထားရပါမည်။

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း

မြေနှင့်အိမ်ကို တရားဝင်ဝယ်ယူလိုပါက ရန်ကုန်၊ မန ္တလေး မြို့တော် စာချုပ်စာတမ်း မှတ်ပုံတင်ဌာနမှူးရုံး (လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန) တွင် မုချစာချုပ်ချုပ်ဆို မှတ်ပုံတင်ရပါမည်။ ထိုရုံးသို့ သွားရောက်သည့်အခါ အောက်ပါ ပုဂ္ဂိုလ်နှင့် စာရွက်စာတမ်းများအား မဖြစ်မနေ ယူဆောင်သွားရမည်ဖြစ်ပါသည်။

* ရောင်းချသူ သို့မဟုတ် ၎င်း၏ အထူးကိုယ်စားလှယ်လွှဲစာ ရရှိထားသူ

* ဝယ်ယူသူ သို့မဟုတ် ၎င်း၏ အထူးကိုယ်စားလှယ်လွှဲစာ ရရှိထားသူ

* ပြည်တွင်းအခွန်ဦးစီးဌာန၊ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့၏ ရာပြတ်တန်ဖိုးအတိုင်း ငါးရာခိုင်နှုန်း အခွန်တော်တံဆိပ်ခေါင်း ကပ်နှိပ်ထားပြီးသော အရောင်း/အဝယ်စာချုပ်

* ယင်းစာချုပ်တွင် လက်မှတ်ရေးထိုးမည့် အသိသက်သေနှစ်ဦး

* ရောင်းချသူ၊ ဝယ်ယူသူနှင့် အသိသက်သေနှစ်ဦးတို့၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူများ

* တစ်နှစ်အတွင်းရေးကူးထားသည့် အရောင်းအဝယ်ပြုလုပ်မည့်မြေအတွက် မြေပုံ/မြေရာဇဝင်

(မှတ်ချက်)

အထက်ပါအချက်ခြောက်ချက် ပြည့်စုံလျှင် တစ်ကြိမ်တစ်ရက်တည်းဖြင့် ပြီးဆုံးအောင်မြင်ပါမည်။

မြို့နယ်အခွန်ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း

အိမ်ခြံမြေအရောင်းအဝယ်/လွှဲပြောင်းခြင်းများအား ဥပဒေနှင့် ညီညွတ်မှန်ကန် အောင်/ဘောင်ဝင်အောင် ပြုလုပ်လိုပါက ပြည်တွင်းအခွန်ဦးစီးဌာနနှင့် ဆက်သွယ်ရန် အထူးလိုအပ်ပါသည်။

* စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စာချုပ်ချုပ်ဆို မှတ်ပုံတင်နိုင်ရန်အတွက် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ ရာပြတ်တန်ဖိုး၏ ငါးရာခိုင်နှုန်းနှင့် ဝင်ငွေရလမ်း မဖော်ပြနိုင်သော ငွေအတွက် ၁၅ ရာခိုင်နှုန်း (သို့) ၂၀ ရာခိုင်နှုန်း (သို့) ၃၀ ရာခိုင်နှုန်းပေးဆောင်ရန် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနသို့ သွားရောက်ရပါမည်။

* သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင် ချလန်ဖြင့် ငွေပေးသွင်းပြီးမှသာ ငါးရာခိုင်နှုန်း အခွန်တော်တံဆိပ်ခေါင်းများ ရရှိပါ မည်။

မြို့တော်စည်ပင်သာယာရေးကော်မတီသို့လျှောက်ထားဆောင်ရွက်ရမည့်အချက်များ

(က) မြေပုံ/မြေရာဇဝင် ရေးကူးပေးရန် လျှောက်ထားခြင်း

* အဆောက်အအုံသစ်ဆောက်လုပ်ခြင်း၊ ဘဏ်ငွေချေးခြင်း၊ အရောင်းအဝယ် စာချုပ်ချုပ်ဆိုခြင်း၊ အမွေဆက်ခံခွင့်ကြော်ငြာခြင်း၊ မြေကွက်ခွဲဝေခြင်း/စွန့်လွှတ် စာချုပ်/အပိုင်ပေးစာချုပ်စသည့် ချုပ်ဆိုခြင်း၊ခြံစည်းရိုးကာရံခြင်း

* မြေကွက်ခွဲစိတ်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ လှူဒါန်းခြင်း စာချုပ်မှတ်တမ်းတင်ထားရှိရန် ကိစ္စရပ်များ

* ကျူးလွန်ခြင်းပြမြေပုံ၊ ဌာနဆိုင်ရာတင်ပြရန် အမှားပြင်ခြင်း/ငှားရမ်းခြင်း/ ပေါင်နှံခြင်း/မြေကွက်လဲလှယ်ခြင်း/မိသားစုခွဲဝေခြင်း စာချုပ်များချုပ်ဆိုရန်နှင့် အခွန်လွတ်သာသနာမြေလျှောက်ထားရန်ကိစ္စရပ်များ

(မှတ်ချက်)

အထက်ပါကိစ္စရပ်များအတွက် ပိုင်ဆိုင်ကြောင်းအထောက်အထား၊ မှတ်ပုံတင်မိတ္တူနှင့် ဝန်ဆောင်ခကို ပေးသွင်း၍ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှပုံစံတွင် ရေးသွင်းလျှောက်ထားရပါမည်။

(ခ) ဂရန်ပိုင်ရှင်အမည်ပြောင်းလျှောက်ထားခြင်း

အောက်ပါစာရွက်စာတမ်းအထောက်အထားများနှင့်အတူ ပူးတွဲလျှောက်ထားရပါမည်။

* လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့) အမျိုးသားမှတ်ပုံ တင် မူရင်း + မိတ္တူ

* မြေငှားဂရန်မူရင်း

* လျှောက်ထားသူပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် (သို့) လေလံအမိန့် (သို့) တရားရုံးမှ ထုတ်ပေးသော ပစ္စည်းဝယ်လက်မှတ်နှင့် အခွန်ထမ်းဆောင်ပြီးကြောင်း အထောက်အထားများ

* မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်း (နောက်ဆုံး) ပြေစာ

(မှတ်ချက်)

(၁) ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်သာ လျှောက်ထားရပါမည်။

(၂) တရားရုံး၊ဘဏ်၊ အခွန်ဦးစီးဌာနတို့မှ ကန့်ကွက်မှုရှိ/မရှိ စစ်ဆေးပါမည်။

(ဂ) ဂရန်ခွဲလျှောက်ထားခြင်း

အောက်ပါစာရွက်စာတမ်းအထောက် အထားများနှင့်အတူ ပူးတွဲလျှောက်ထားရပါမည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင်မိတ္တူ

* မူရင်းမြေငှားဂရန်စာချုပ်

* ဂရန်ခွဲရန်အတွက်ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် (သို့) တရားရုံးအမိန့်ဒီကရီ (သို့) မြေလွှဲပြောင်းအမိန့်စာ

* မြေငှားကြွေးကျန်ကင်းရှင်းကြောင်း (နောက်ဆုံး) ပြေစာ

* မြေကွက်ခွဲစိတ်အတည်ပြုပုံစံ ခွင့်ပြုချက်တစ်စုံ

* မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံတစ်ပုံ

(မှတ်ချက်)

(၁) သက်တမ်းမကုန်ဆုံးသေးသော ဂရန်များကိုသာ လျှောက်ထားနိုင်သည်။

(၂) မူလဂရန်၏ သက်တမ်းအတိုင်းသာ “ဂရန်ခွဲ” ထုတ်ပေးပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09- 268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ဆွေမြင့်သူ (ကြေး/မြေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
taunggyi-garden-city
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service