ကမၻာေက်ာ္ ဖက္ရွင္ဒီဇိုင္းကုမၸဏီၾကီး Dolce & Gabbana ကို တည္ေထာင္သူ ဒိုမီနီကို ဒို႔ခ်္ႏွင့္ စတက္ဖားႏိုတို႔ စံုတြဲက အီတလီႏိုင္ငံ၊ စစၥလီကၽြန္းရွိ ပင္လယ္ကမ္းေျခအပန္းေျဖစံအိမ္ၾကီးကို ေပါင္ ၆ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္တင္

ကမၻာေက်ာ္ ဖက္ရွင္ဒီဇိုင္းကုမၸဏီၾကီး Dolce & Gabbana ကို တည္ေထာင္သူ ဒိုမီနီကို ဒို႔ခ်္ႏွင့္ စတက္ဖားႏိုတို႔ စံုတြဲက အီတလီႏိုင္ငံ၊ စစၥလီကၽြန္းရွိ ပင္လယ္ကမ္းေျခအပန္းေျဖစံအိမ္ၾကီးကို ေပါင္ ၆ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္တင္ - Property News in Myanmar from iMyanmarHouse.com
20 Nov 2019 12:11 pm တြင္ တင္ခဲ့သည္
534 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ျပည္ပ အိမ္ၿခံေျမ သတင္း | Posted by ဇာနည္ေက်ာ္ (iMyanmarHouse.com)

### Zawgyi Version ###

ကမၻာေက်ာ္ ဖက္ရွင္ဒီဇိုင္းကုမၸဏီၾကီး Dolce & Gabbana ကို တည္ေထာင္သူ ဒိုမီနီကို ဒို႔ခ်္ႏွင့္ စတက္ဖားႏို ဂဘားနာ တို႔ စံုတြဲသည္ အီတလီႏိုင္ငံ၊ စစၥလီကၽြန္းရွိ ပင္လယ္ကမ္းေျခအပန္းေျဖစံအိမ္ၾကီးကို ေပါင္ ၆ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္တင္လာေၾကာင္း အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ဒိုမီနီကိုႏွင့္ စတက္ဖားႏိုတို႔သည္ စစၥလီကၽြန္းစုမွ စထရိုမိုလီကၽြန္းေပၚတါင္ တည္ရွိေသာ ဇိမ္ခံစံအိမ္ၾကီးကို ေပါင္ ၅ ဒသမ ၈ သန္းျဖင့္ Lionard အိမ္ျခံေျမကုမၸဏီမွတဆင့္ အေရာင္းေစ်းကြက္တင္လာျခင္း ျဖစ္သည္။

အကယ္၍ သင္သည္သာယာလွပေသာ ပင္လယ္ကမ္းေျခရႈခင္းမ်ားႏွင့္ ေႏြးေထြးေသာ ရာသီဥတုတို႔ကို ႏွစ္သက္သူဆိုပါက စထရိုမိုလီကၽြန္းသည္ အလြန္သင့္ေလ်ာ္သည့္ေနရာတစ္ခု ျဖစ္သည္။

စံအိမ္ၾကီးမွာ သမုဒၵရာကို စီးမိုးရႈျမင္ရသည့္ ေခ်ာက္ကမ္းပါးစြန္းတစ္ခုတြင္ တည္ရွိသည္။

အကယ္၍ ပင္လယ္ရႈေမွ်ာ္ခင္းမ်ားကို ျငီးေငြ႔လာျပီး အျခားရႈေမွ်ာ္ခင္းမ်ား ၾကည့္ရႈလိုပါကလည္း ကၽြန္းေပၚတြင္ လွည့္လည္ၾကည့္ရႈႏိုင္ေသးျပီး အနီးရွိ အသက္ဝင္ေနေသာ အီဒူးမီးေတာင္ကို သြားေရာက္ၾကည့္ရႈႏိုင္ေသးသည္။

အဆိုပါကၽြန္းသို႔ ကမၻာေက်ာ္ အေက်ာ္အေမာ္မ်ားစြာလာေရာက္လည္ပတ္ခဲ့ၾကဖူးသည္။

ဒိုမီနီကိုႏွင့္ စတက္ဖားႏိုတို႔သည္ အဆိုပါစံအိမ္ကို ၁၉၉၀ ျပည့္လြန္ကာလမ်ားကတည္းက ပိုင္ဆိုင္ခဲ့ျခင္ျဖစ္ျပီး ေႏြရာသီမ်ားတြင္ ဤစံအိမ္ၾကီးတြင္ အျမဲလာေရာက္ေနထုိင္ေလ့ရွိကာ ၎တို႔၏ အေက်ာ္အေမာ္ မိတ္ေဆြမ်ားကို ပါတီပြဲမ်ားျဖင့္ ဧည့္ခံေလ့ရွိခဲ့သည္။

ယင္းသို႔ ဧည့္ခံခဲ့သည့္ ထိပ္တန္းအေက်ာ္အေမာ္မ်ားတြင္ နာအိုမီ ကင့္ပ္ဘဲလ္၊ အင္မလီယာ ကလာ့ခ္ႏွင့္ မက္ေဒါနားတို႔လည္း ပါဝင္သည္။

ဝန္းက်င္ရႈခင္းမ်ားမွာ အလြန္သာယာလွပရံုသာမက စံအိမ္ၾကီးမွာလည္း ခမ္းနားလွပလွသည္။

အတြင္းပိုင္းတြင္ မည္သည့္ေနရာတြင္မွ မေတြ႔ရေသာ ထူးျခားသည့္ပစၥည္းမ်ား ၊ Dolce & Gabbana ကုမၸဏီထုတ္ အထည္အလိပ္မ်ား၊ ေဒသတြင္း အႏုပညာရွင္တို႔၏ လက္ရာမ်ားကို ေတြ႔ရမည္ ျဖစ္သည္။

ပိုင္ရွင္သစ္ျဖစ္လာမည့္သူတို႔သည္ ယခုစံအိမ္ၾကီးကို ျပန္လည္မြမ္းမံျခင္းမျပဳဘဲ မူလအတုိင္းထားရွိ ေနထိုင္မည္ဆိုပါက အေရာင္အေသြး စံုလင္လွေသာ ကမၻာတစ္ခုသို႔ ေရာက္ရွိသြားမည္ ျဖစ္သည္။

စိမ္းလြင့္လြင့္ အိပ္ခန္း တစ္ခန္း၊ ဝမ္းဘဲေရာင္ ဧည့္ခန္း၊ လွပေသာ mosaic လက္ရာနံရံတစ္ခု အစရွိသည္တို႔ကို ေတြ႔ရမည္ ျဖစ္သည္။

အခန္းတိုင္းတြင္ ဒိုမီနီကိုႏွင့္ စတက္ဖားႏိုတို႔ ေရြးခ်ယ္ခဲ့ေသာ ကိုယ္ပိုင္ အေရာင္ theme မ်ားရွိၾကသည္။

နံရံႏွင့္ ၾကမ္းျပင္မ်ားတြင္ စပိန္ေၾကြထည္လက္ရာမ်ား ျမွဳပ္သြင္းကာ မြမ္းမံျခယ္လွယ္ထားသည္။

စံအိမ္အတြင္း အိပ္ခနး္ ၇ ခန္း၊ ေရခ်ဳိးခန္း ၉ ခန္းပါဝင္ကာ ေနအိမ္ျပင္ပတြင္လည္း စကားစျမည္ ေျပာဆိုရန္ အလြန္ေကာင္းမြန္သည့္ ဆိတ္ျငိမ္ေသာ ေနရာေလးမ်ား ပါဝင္သည္။ ကၽြန္းေပၚတြင္ ရဟတ္ယာဥ္ကြင္းတစ္ခုလည္း ပါဝင္ရာ ေလေၾကာင္းမွလာမည့္ ဧည့္သည္မ်ားအတြက္ အဆင္ေျပေစမည္ ျဖစ္သည္။

ဒိုမီနီကိုႏွင့္ စတက္ဖားႏိုတို႔သည္ ယခုစံအိမ္ကို ႏွစ္ေပါင္းမ်ားစြာ ပိုင္ဆိုင္ခဲ့ျပီး အဘယ္ေၾကာင့္ ေရာင္းထုတ္လာသည္ကိုမူ မသိရေခ်။

ဒိုမီနီကိုႏွင့္ စတက္ဖားႏိုတို႔သည္ ၎တို႔၏ အခ်စ္ေရးကို ၂၀၀၅ ခုႏွစ္တြင္ အဆံုးသတ္ခဲ့ေသာ္လည္း ဆက္လက္ လက္တြဲကာ အလုပ္လုပ္ကိုင္လ်က္ရွိသည့္နည္းတူ စံအိမ္မ်ားစြာကိုလည္း ပူးတြဲပိုင္ဆိုင္ထားရာ ယခုစံအိမ္ၾကီးလည္း ပါဝင္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်းကုမ္ပဏီကြီး Dolce & Gabbana ကို တည်ထောင်သူ ဒိုမီနီကို ဒို့ချ်နှင့် စတက်ဖားနို ဂဘားနာ တို့ စုံတွဲသည် အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ ပင်လယ်ကမ်းခြေအပန်းဖြေစံအိမ်ကြီးကို ပေါင် ၆ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင်လာ ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဒိုမီနီကိုနှင့် စတက်ဖားနိုတို့သည် စစ္စလီကျွန်းစုမှ စထရိုမိုလီကျွန်းပေါ်တါင် တည်ရှိသော ဇိမ်ခံစံအိမ်ကြီးကို ပေါင် ၅ ဒသမ ၈ သန်းဖြင့် Lionard အိမ်ခြံမြေကုမ္ပဏီမှတဆင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

အကယ်၍ သင်သည် သာယာလှပသော ပင်လယ်ကမ်းခြေရှုခင်းများနှင့် နွေးထွေးသော ရာသီဥတုတို့ကို နှစ်သက်သူဆိုပါက စထရိုမိုလီကျွန်းသည် အလွန်သင့်လျော်သည့်နေရာတစ်ခု ဖြစ်သည်။

စံအိမ်ကြီးမှာ သမုဒ္ဒရာကို စီးမိုးရှုမြင်ရသည့် ချောက်ကမ်းပါးစွန်းတစ်ခုတွင် တည်ရှိသည်။

အကယ်၍ ပင်လယ်ရှုမျှော်ခင်းများကို ငြီးငွေ့လာပြီး အခြားရှုမျှော်ခင်းများ ကြည့်ရှုလိုပါကလည်း ကျွန်းပေါ်တွင် လှည့်လည်ကြည့်ရှုနိုင်သေးပြီး အနီးရှိ အသက်ဝင်နေသော အီဒူးမီးတောင်ကို သွားရောက်ကြည့်ရှုနိုင်သေးသည်။

အဆိုပါကျွန်းသို့ ကမ္ဘာကျော် အကျော်အမော်များစွာ လာရောက်လည်ပတ်ခဲ့ကြဖူးသည်။

ဒိုမီနီကိုနှင့် စတက်ဖားနိုတို့သည် အဆိုပါစံအိမ်ကို ၁၉၉၀ ပြည့်လွန်ကာလများကတည်းက ပိုင်ဆိုင်ခဲ့ခြင်ဖြစ်ပြီး နွေရာသီများတွင် ဤစံအိမ်ကြီးတွင် အမြဲလာရောက်နေထိုင်လေ့ရှိကာ ၎င်းတို့၏ အကျော်အမော် မိတ်ဆွေများကို ပါတီပွဲများဖြင့် ဧည့်ခံလေ့ရှိခဲ့သည်။

ယင်းသို့ ဧည့်ခံခဲ့သည့် ထိပ်တန်းအကျော်အမော်များတွင် နာအိုမီ ကင့်ပ်ဘဲလ်၊ အင်မလီယာ ကလာ့ခ်နှင့် မက်ဒေါနားတို့လည်း ပါဝင်သည်။

ဝန်းကျင်ရှုခင်းများမှာ အလွန်သာယာလှပရုံသာမက စံအိမ်ကြီးမှာလည်း ခမ်းနားလှပလှသည်။

အတွင်းပိုင်းတွင် မည်သည့်နေရာတွင်မှ မတွေ့ရသော ထူးခြားသည့်ပစ္စည်းများ ၊ Dolce & Gabbana ကုမ္ပဏီထုတ် အထည်အလိပ်များ၊ ဒေသတွင်း အနုပညာရှင်တို့၏ လက်ရာများကို တွေ့ရမည် ဖြစ်သည်။

ပိုင်ရှင်သစ်ဖြစ်လာမည့်သူတို့သည် ယခုစံအိမ်ကြီးကို ပြန်လည်မွမ်းမံခြင်းမပြုဘဲ မူလအတိုင်းထားရှိ နေထိုင်မည်ဆိုပါက အရောင်အသွေး စုံလင်လှသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။

စိမ်းလွင့်လွင့် အိပ်ခန်း တစ်ခန်း၊ ဝမ်းဘဲရောင် ဧည့်ခန်း၊ လှပသော mosaic လက်ရာနံရံတစ်ခု အစရှိသည်တို့ကို တွေ့ရမည် ဖြစ်သည်။

အခန်းတိုင်းတွင် ဒိုမီနီကိုနှင့် စတက်ဖားနိုတို့ ရွေးချယ်ခဲ့သော ကိုယ်ပိုင် အရောင် theme များရှိကြသည်။

နံရံနှင့် ကြမ်းပြင်များတွင် စပိန်ကြွေထည်လက်ရာများ မြှုပ်သွင်းကာ မွမ်းမံခြယ်လှယ်ထားသည်။

စံအိမ်အတွင်း အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၉ ခန်းပါဝင်ကာ နေအိမ်ပြင်ပတွင်လည်း စကားစမြည် ပြောဆိုရန် အလွန်ကောင်းမွန်သည့် ဆိတ်ငြိမ်သော နေရာလေးများ ပါဝင်သည်။ ကျွန်းပေါ်တွင် ရဟတ်ယာဉ်ကွင်းတစ်ခုလည်း ပါဝင်ရာ လေကြောင်းမှလာမည့် ဧည့်သည်များအတွက် အဆင်ပြေစေမည် ဖြစ်သည်။

ဒိုမီနီကိုနှင့် စတက်ဖားနိုတို့သည် ယခုစံအိမ်ကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့ပြီး အဘယ်ကြောင့် ရောင်းထုတ်လာသည်ကိုမူ မသိရချေ။

ဒိုမီနီကိုနှင့် စတက်ဖားနိုတို့သည် ၎င်းတို့၏ အချစ်ရေးကို ၂၀၀၅ ခုနှစ်တွင် အဆုံးသတ်ခဲ့သော်လည်း ဆက်လက် လက်တွဲကာ အလုပ်လုပ်ကိုင်လျက်ရှိသည့်နည်းတူ စံအိမ်များစွာကိုလည်း ပူးတွဲပိုင်ဆိုင်ထားရာ ယခုစံအိမ်ကြီးလည်း ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

ေနာက္ဆံုးရ အိမ္ၿခံေျမ သတင္းမ်ား

အစိုးရနှင့် ပုဂ္ဂလိကပေါင်း၍ အိမ်ယာများဆောက်ကာ အလုပ်စဝင်သည့် ဝန်ထမ်းများကို နှစ် ၃၀ အထိ အရစ်ကျရောင်းချရန် ဒုဝန်ကြီးပြော...
အစိုးရနှင့် ပုဂ္ဂလိကပေါင်း၍ အိမ်ယာများဆောက်ကာ အလုပ်စဝင်သည့် ဝန်ထမ်းများကို နှစ် ၃၀ အထိ အရစ်ကျရောင်းချရန် ဒုဝန်ကြီးပြော...
ဧက ၆၀၀ ကျယ်သည့် မြင်းခြံသံမဏိစက်ရုံလုပ်ကိုင်ခွင့်အတွက် ကုမ္ပဏီ ၅ခု ပမာဏစာရင်းအောင်မြင်
ဧက ၆၀၀ ကျယ်သည့် မြင်းခြံသံမဏိစက်ရုံလုပ်ကိုင်ခွင့်အတွက် ကုမ္ပဏီ ၅ခု ပမာဏစာရင်းအောင်မြင်
ကိုရိုနာဗိုင်းရပ်စ်သည် လေ၏ဆောင်ယူဖြန့်ကြဲခံရကြောင်း သက်သေကို လက်ခံသော်လည်း မခိုင်မာဟု WHO ထုတ်ပြန်...
ကိုရိုနာဗိုင်းရပ်စ်သည် လေ၏ဆောင်ယူဖြန့်ကြဲခံရကြောင်း သက်သေကို လက်ခံသော်လည်း မခိုင်မာဟု WHO ထုတ်ပြန်...
ကမ္ဘောဇသာဒီနန်းတော် အဆင့်မြှင့်တင်မှုနှင့် ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးငွေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်...
ကမ္ဘောဇသာဒီနန်းတော် အဆင့်မြှင့်တင်မှုနှင့် ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးငွေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်...
မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအား ပညာရေးဝန်ကြီးဌာနက " ၂၀၂၀-၂၀၂၁ ပညာသင်နှစ် " အတွက် မေတ္တာရပ်ခံထား...
မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအား ပညာရေးဝန်ကြီးဌာနက " ၂၀၂၀-၂၀၂၁ ပညာသင်နှစ် " အတွက် မေတ္တာရပ်ခံထား...
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အမေရိကန် တရားဝင်နုတ်ထွက်ပြီ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အမေရိကန် တရားဝင်နုတ်ထွက်ပြီ
အိမ်ယာစီမံကိန်းနှင့် အခြေခံဆောက်လုပ်ရေးကဏ္ဍတွင် အသုံးပြုငွေ နှစ်စဉ် ဒေါ်လာ ၅ ဘီလီယံကျော်ဖိုးရှိ...
အိမ်ယာစီမံကိန်းနှင့် အခြေခံဆောက်လုပ်ရေးကဏ္ဍတွင် အသုံးပြုငွေ နှစ်စဉ် ဒေါ်လာ ၅ ဘီလီယံကျော်ဖိုးရှိ...
နိုင်ငံခြားအသေးစားလုပ်ငန်း သုံးခုက ပြည်တွင်းတောင်သူများအတွက် ဒေါ်လာ ၁၄ သန်းထုတ်ချေးမည်
နိုင်ငံခြားအသေးစားလုပ်ငန်း သုံးခုက ပြည်တွင်းတောင်သူများအတွက် ဒေါ်လာ ၁၄ သန်းထုတ်ချေးမည်
အဆောက်အဦးနှင့်အိမ်ရာများ အရည်အသွေးမြင့်မားပြီး အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရန် ဝန်ကြီးတိုက်တွန်း...
အဆောက်အဦးနှင့်အိမ်ရာများ အရည်အသွေးမြင့်မားပြီး အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရန် ဝန်ကြီးတိုက်တွန်း...
ဟောလိဝုဒ်သရုပ်ဆောင်များ ဗြိတိန်၏ COVID-19 quarantine စည်းမျဉ်းများမှ ကင်းလွတ်ခွင့်ရ
ဟောလိဝုဒ်သရုပ်ဆောင်များ ဗြိတိန်၏ COVID-19 quarantine စည်းမျဉ်းများမှ ကင်းလွတ်ခွင့်ရ

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)