၂၀၅၀ ျပည့္ႏွစ္မကုန္မီ ကမ္း႐ိုးတန္းၿမိဳ႕အားလံုးကို ပင္လယ္ေရတိုက္စားသြားႏိုင္

၂၀၅၀ ျပည့္ႏွစ္မကုန္မီ ကမ္း႐ိုးတန္းၿမိဳ႕အားလံုးကို ပင္လယ္ေရတိုက္စားသြားႏိုင္ - Property News in Myanmar from iMyanmarHouse.com
19 Nov 2019 2:04 pm တွင် တင်ခဲ့သည်
6911 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ျမင့္တက္လာေသာ ပင္လယ္ေရမ်က္ႏွာျပင္မ်ားက ၂၀၅၀ ျပည့္ႏွစ္မကုန္မီ ကမာၻတစ္ဝန္းရွိ လူ႕အသက္ သန္း ၃၀၀ ကို ေဘးသင့္ေစမည္ျဖစ္ၿပီး ၎ပမာဏသည္ ယခင္ခန္႔မွန္းခဲ့သည့္ထက္ သံုးဆထက္မနည္း ပိုမိုမ်ားျပားေပသည္။ Nature Communications ဂ်ာနယ္တြင္ ေဖာ္ျပခဲ့သည့္ ေတြ႕ရွိခ်က္အရဆိုရေသာ္ ေအာက္တြင္ေဖာ္ျပထားသည့္ အာရွသားမ်ားက ေဘးအသင့္ႏိုင္ဆံုးသူမ်ားျဖစ္သည္ဟု CNN သတင္းဌာနက ေဖာ္ျပခဲ့ေၾကာင္း သိရသည္။

အဆင့္ျမင့္နည္းပညာမ်ားကို အသံုးျပဳ၍ သုေတသီမ်ားက တြက္ခ်က္ခဲ့ရာ ျမင့္မားေသာဒီေရမ်ားသည္ လာမည့္ ရာစုႏွစ္အတြင္း ၀ ဒသမ ၆ မွ ၂ ဒသမ ၁ မီတာအၾကား ျမင့္တက္ႏုိင္ေၾကာင္း ခန္႔မွန္းေတြ႕ရွိခဲ့သည္။

တြက္ခ်က္မႈမ်ားအရ ၂၀၅၀ ျပည့္ႏွစ္မကုန္မီ လူဦးေရ သန္း ၃၀၀ ေနထိုင္သည့္ ၿမိဳ႕မ်ားက တစ္ႏွစ္လွ်င္တစ္ႀကိမ္ထက္မနည္း ျပင္းထန္ေသာေရလႊမ္းမိုးမႈမ်ားႏွင့္ ႀကံဳေတြ႕ရႏုိင္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုဧရိယာမ်ားသည္ ပ်မ္းမွ်ႏွစ္ပတ္လည္ကမ္း႐ိုးတန္းေရလႊမ္းမိုးမႈမ်ဥ္းေအာက္ က်ေနသျဖင့္ ျဖစ္ေၾကာင္း သိရသည္။ ၂၁၀၀ ျပည့္ႏွစ္မကုန္မီ လူဦးေရ သန္း ၂၀၀ ေနထိုင္ရာ ၿမိဳ႕မ်ားက ေနထိုင္၍ရေတာ့မည္မဟုတ္ေပ။ အဘယ္ေၾကာင့္ဆုိေသာ္ ၎ဧရိယာမ်ားသည္ HTL မ်ဥ္း (ဒီေရျမင့္တက္မႈအျမင့္ဆံုးေရာက္ရွိႏုိင္သည့္ အျမင့္ဆံုးေနရာတြင္ ပင္လယ္ေရမ်က္ႏွာျပင္ႏွင့္ ေျမမ်က္ႏွာျပင္တို႔ဆံုရာမ်ဥ္း) ေအာက္သို႔ အစဥ္က်ေနသျဖင့္ ျဖစ္ေၾကာင္း သိရသည္။

“အဆုိပါရလဒ္ေတြက ဘာကိုျပသလဲဆိုေတာ့ အင္အားခ်ိနဲ႔ေနတဲ့ေျမေပၚမွာေနတဲ့လူဦးေရက ကၽြန္ေတာ္တို႔ထင္တာထက္ ပိုမ်ားလာတာကို ျပေနပါတယ္။” ဟု အက်ဳိးအျမတ္အတြက္မဟုတ္ေသာ အဖြဲ႕အစည္း Climate Central ၏ စီအီးအို (အမႈေဆာင္အရာရွိခ်ဳပ္) ႏွင့္ ထိုေလ့လာတြက္ခ်က္မႈတြင္ ပါဝင္သူတစ္ဦျဖစ္သည့္ ဘင္ဂ်မင္စထေရာက္စ္က ေျပာၾကားခဲ့သည္။

ထိုျဖစ္အံ့ဆဲဆဲစီးပြားေရးႏွင့္လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာကပ္ေဘးမွ ကာကြယ္ရန္ သက္ဆုိင္ရာေဒသမ်ားအေနျဖင့္ အဆင့္ျမင့္ကမ္း႐ိုးတန္းကာကြယ္ေရးႏွင့္စီမံကိန္းမ်ား ေဆာင္ရြက္ၾကရန္ သူက တိုက္တြန္းထားသည္။

ထိုသမိုင္းတြင္မည့္ ေရလႊမ္းမိုးမႈေဘးသင့္ႏိုင္ေသာသူ ၇၀ ရာခိုင္ႏႈန္းခန္႔မွာ ဘဂၤလားေဒ့ရွ္၊ တ႐ုတ္၊ အိႏိၵယ၊ အင္ဒိုနီးရွား၊ ဂ်ပန္၊ ဖိလစ္ပိုင္၊ ထိုင္းႏွင့္ ဗီယက္နမ္ ဟူသည့္ အာရွရွစ္ႏိုင္ငံမွျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္တြင္ ရွန္ဟိုင္၊ ထ်န္က်င္း၊ ေဟာင္ေကာင္ႏွင့္ အျခားေျမနိမ့္ပိုင္းၿမိဳ႕မ်ား၊ အိႏိၵယတြင္ ကလကတၱား၊ ဗီယက္နမ္တြင္ ၿမိဳ႕ေတာ္ ဟႏြိဳင္းႏွင့္ ဘဂၤလားေဒ့ရွ္တြင္ ဒါကာတို႔က ေဘးသင့္ႏုိင္သည္။ ထို႔အျပင္ ဗီယက္နမ္ေတာင္ဘက္ဖ်ားေဒသတစ္ခုလံုးနီးပါးက ေရေအာက္ေရာက္ႏုိင္သည့္ အႏၱရာယ္ရွိေနသည္။

ကမာၻ႕က်န္ေဒသမ်ားတြင္ အာဖရိက၊ ဘရာဇီး၊ ယူေကႏွင့္ အျခား ၁၆ ႏိုင္ငံတို႔ကလည္း HTL မ်ဥ္းေအာက္ ၂၁၀၀ ျပည့္ႏွစ္မကုန္မီ က်ေရာက္ႏိုင္ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ရာသီဥတုပြောင်းလဲမှုကြောင့် မြင့်တက်လာသော ပင်လယ်ရေမျက်နှာပြင်များက ၂၀၅၀ ပြည့်နှစ်မကုန်မီ ကမ္ဘာတစ်ဝန်းရှိ လူ့အသက် သန်း ၃၀၀ ကို ဘေးသင့်စေမည်ဖြစ်ပြီး ၎င်းပမာဏသည် ယခင်ခန့်မှန်းခဲ့သည့်ထက် သုံးဆထက်မနည်း ပိုမိုများပြားပေသည်။ Nature Communications ဂျာနယ်တွင် ဖော်ပြခဲ့သည့် တွေ့ရှိချက်အရဆိုရသော် အောက်တွင်ဖော်ပြထားသည့် အာရှသားများက ဘေးအသင့်နိုင်ဆုံးသူများဖြစ်သည်ဟု CNN သတင်းဌာနက ဖော်ပြခဲ့ကြောင်း သိရသည်။

အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ သုတေသီများက တွက်ချက်ခဲ့ရာ မြင့်မားသောဒီရေများသည် လာမည့် ရာစုနှစ်အတွင်း ၀ ဒသမ ၆ မှ ၂ ဒသမ ၁ မီတာအကြား မြင့်တက်နိုင်ကြောင်း ခန့်မှန်းတွေ့ရှိခဲ့သည်။

တွက်ချက်မှုများအရ ၂၀၅၀ ပြည့်နှစ်မကုန်မီ လူဦးရေ သန်း ၃၀၀ နေထိုင်သည့် မြို့များက တစ်နှစ်လျှင်တစ်ကြိမ်ထက်မနည်း ပြင်းထန်သောရေလွှမ်းမိုးမှုများနှင့် ကြုံတွေ့ရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဧရိယာများသည် ပျမ်းမျှနှစ်ပတ်လည်ကမ်းရိုးတန်းရေလွှမ်းမိုးမှုမျဉ်းအောက် ကျနေသဖြင့် ဖြစ်ကြောင်း သိရသည်။ ၂၁၀၀ ပြည့်နှစ်မကုန်မီ လူဦးရေ သန်း ၂၀၀ နေထိုင်ရာ မြို့များက နေထိုင်၍ရတော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းဧရိယာများသည် HTL မျဉ်း (ဒီရေမြင့်တက်မှုအမြင့်ဆုံးရောက်ရှိနိုင်သည့် အမြင့်ဆုံးနေရာတွင် ပင်လယ်ရေမျက်နှာပြင်နှင့် မြေမျက်နှာပြင်တို့ဆုံရာမျဉ်း) အောက်သို့ အစဉ်ကျနေသဖြင့် ဖြစ်ကြောင်း သိရသည်။

“အဆိုပါရလဒ်တွေက ဘာကိုပြသလဲဆိုတော့ အင်အားချိနဲ့နေတဲ့မြေပေါ်မှာနေတဲ့လူဦးရေက ကျွန်တော်တို့ထင်တာထက် ပိုများလာတာကို ပြနေပါတယ်။” ဟု အကျိုးအမြတ်အတွက်မဟုတ်သော အဖွဲ့အစည်း Climate Central ၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) နှင့် ထိုလေ့လာတွက်ချက်မှုတွင် ပါဝင်သူတစ်ဦဖြစ်သည့် ဘင်ဂျမင်စထရောက်စ်က ပြောကြားခဲ့သည်။

ထိုဖြစ်အံ့ဆဲဆဲစီးပွားရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးမှ ကာကွယ်ရန် သက်ဆိုင်ရာဒေသများအနေဖြင့် အဆင့်မြင့်ကမ်းရိုးတန်းကာကွယ်ရေးနှင့်စီမံကိန်းများ ဆောင်ရွက်ကြရန် သူက တိုက်တွန်းထားသည်။

ထိုသမိုင်းတွင်မည့် ရေလွှမ်းမိုးမှုဘေးသင့်နိုင်သောသူ ၇၀ ရာခိုင်နှုန်းခန့်မှာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် ဟူသည့် အာရှရှစ်နိုင်ငံမှဖြစ်ကြောင်း သိရသည်။

တရုတ်တွင် ရှန်ဟိုင်၊ ထျန်ကျင်း၊ ဟောင်ကောင်နှင့် အခြားမြေနိမ့်ပိုင်းမြို့များ၊ အိန္ဒိယတွင် ကလကတ္တား၊ ဗီယက်နမ်တွင် မြို့တော် ဟနွိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တွင် ဒါကာတို့က ဘေးသင့်နိုင်သည်။ ထို့အပြင် ဗီယက်နမ်တောင်ဘက်ဖျားဒေသတစ်ခုလုံးနီးပါးက ရေအောက်ရောက်နိုင်သည့် အန္တရာယ်ရှိနေသည်။

ကမ္ဘာ့ကျန်ဒေသများတွင် အာဖရိက၊ ဘရာဇီး၊ ယူကေနှင့် အခြား ၁၆ နိုင်ငံတို့ကလည်း HTL မျဉ်းအောက် ၂၁၀၀ ပြည့်နှစ်မကုန်မီ ကျရောက်နိုင်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service