အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးနိုင်ငံများ
အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးနိုင်ငံများ - Property News in Myanmar from iMyanmarHouse.com
15 Nov 2019 12:32 pm တွင် တင်ခဲ့သည်
3300 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
(ဂ) လုံခြုံမှု- security
(၅) ကနေဒါ
(၄) တူရကီ
(၃) မလေးရှား
(၂) ပနားမား
(၁) စင်္ကာပူ
### Unicode Version ###
ပြီးခဲ့သော နှစ်ကုန်ပိုင်း အချက်အလက်များအရ ရင်းနှီးမြှုပ်နှံသူများသည် မစားရဝခမန်း သတင်းများ၏ ဒဏ်ကို ခံခဲ့ရကြောင်း ပေါ်ပေါက်လာသည်။
အိမ်ခြံမြေအကျိုးဆောင်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍတွင် ကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော် လည်ပတ်ငွေရှိခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေကုမ္ပဏီများမှာမူ ၃၅ ဘီလီယံခန့်သာ ရှိခဲ့သည်။
ထိုအချက်က ထင်ရှားစွာပြသနေသည်မှာ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အမြတ်အစွန်းသေချာလိုသည့် ရင်းနှီးမြှုပ်နှံသူများအတွက် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ထင်ရှားနေသည်။
သို့ရာတွင် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်မီ သတိပြုရမည့်အချက်များကား ရှိနေသည်။
အောက်ဖော်ပြပါ နိုင်ငံတို့မှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အကောင်းဆုံးနိုင်ငံများ ဖြစ်ကြသည်။
အကောင်းဆုံးနိုင်ငံများကို ရွေးချယ်ရာတွင် အောက်ဖော်ပြပါ အချက်များကို အခြေခံပြီး ရွေးချယ်ခြင်း ဖြစ်သည်။
(က) အိမ်ခြံမြေတို့၏ ပျှမ်းမျှတန်ဖိုး- average cost of properties
(ခ) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း- tourism
(ဂ) လုံခြုံမှု- security
(ဃ) ဥပဒေ လုပ်ထုံးလုပ်နည်းများ- legal regulations
(င) စီးပွားရေးတည်ငြိမ်မှု - economic stability
(စ) ယေဘုယျ ရာသီဥတု အခြေအနေ- average weather conditions
(၅) ကနေဒါ
လက်ရှိအချိန်တွင် ကနေဒါသည် အလားအလာကောင်း များစွာရှိနေသည်။ ရေနံများစွာတင်ပို့နိုင်ခြင်း၊ ကုန်ကြမ်းများနှင့် သီးနှံများစွာ ထွက်ရှိခြင်းတို့အပြင် ကမ္ဘာပေါ်တွင် စီးပွားရေးအတည်ငြိမ်ဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟု သတ်မှတ်ခြင်းခံထားရသည့် နိုင်ငံလည်း ဖြစ်သည်။
ကနေဒါနိုင်ငံတွင် ဗန်ကူးဗားနှင့် တိုရွန်တိုမြို့ကြီးများသည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အကောင်းဆုံးနေရာများဖြစ်ကြသည်။
သို့ရာတွင် အဆိုပါမြို့ကြီးများရှိ အိမ်ခြံမြေများမှာ အလွန်ဈေးနှုန်းမြင့်မားသောကြောင့် ဈေးနှုန်းနည်းပါးသည့် ကနေဒါ၏ အခြားဒေသများတွင် များစွာလေ့လာရှာဖွေကာ ရင်းနှီးမြှုပ်နှံသင့်သည်။
ကနေဒါကဲ့သို့ ကြီးမားသည့်နိုင်ငံမျိုးတွင် အခွင့်အလမ်းများမှာ မကုန်ဆုံးနိုင်အောင် များပြားလှသည်။ ကနေဒါမှတဆင့် အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီများနှင့်လည်း အလွန်လွယ်ကူစွာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။
(၄) တူရကီ
တူရကီတွင် ၂၀၁၆ စစ်အာဏာသိမ်းမှု ပေါ်ပေါက်ပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားသည်။ သို့ရာတွင်အဆိုပါ အခြေအနေမှာ တစ်နှစ်ပင် မကြာမြင့်ခဲ့ဘဲ မြို့တော် အစ္စတန်ဘူမှာ နိုင်ငံခြားခရီးသည်များ ဝင်ရောက်မှုဖြင့် ပြန်လည်အသက်ဝင်လာခဲ့သည်။
၂၀၁၇ ခုနှစ် ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု အများဆုံးကမ္ဘာ့မြို့ကြီးများတွင် ဘာစီလိုနာ၊ လော့စ်အိန်ဂျလိ၊ ရောမတို့နှင့်အတူ ကမ္ဘာ့ထိပ်တန်းနေရာတွင် ရပ်တည်ခဲ့သည်။
အစ္စတန်ဘူသည် အကြီးစားနှင့် အသေးစား ရင်းနှီးမြှုပ်နှံသူ နှစ်ရပ်လုံးအတွက် အိမ်ခြံမြေကဏ္ဍ ကုန်ကျစရိတ်အနည်းဆုံးမြို့ကြီးများတွင် အပါအဝင်ဖြစ်သည်။ အကယ်၍ ရင်းနှီးမြှုပ်နှံမှုအတွက် ရွေးချယ်မည်ဆိုပါက အငှားလူနေခန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အကောင်းဆုံးဖြစ်သည်။
(၃) မလေးရှား
နှစ်သက်ဖွယ် မုတ်သုန်ရာသီဥတုရှိခြင်း၊ ပင်လယ်ကမ်းခြေများစွာရှိခြင်း၊ လျင်မြန်စွာတိုးတက်ဖွံ့ဖြိုးလာနေသည့် စီးပွားရေးရှိခြင်းတို့က မလေးရှားကို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာစေသည်။
မလေးရှားတွင် အင်္ဂလိပ်ဘာသာစကားကို ကျယ်ပြန့်စွာအသုံးပြုကြပြီး ဘဏ်စနစ်သည်လည်း အနောက်တိုင်းဓလေ့ထုံးစံများအတိုင်း အကောင်အထည်ဖော်ဆောင်ခဲ့ပြီး ဖြစ်သည်။ မလေးရှားသည် အခြားနိုင်ငံများနှင့် ယှဉ်လျှင် လူနေမှုစရိတ်သက်သာလှသည့် နိုင်ငံလည်းဖြစ်သည်။
အထက်ပါအချက်အလက်များကြောင့် ငွေအလုံးအရင်း ရင်းနှီးမြှုပ်နှံရန်နှင့် အမြတ်အစွန်းများများ မျှော်လင့်ရန် နေရာကောင်းတစ်ခု ဖြစ်လာစေသည်။
(၂) ပနားမား
ဥရောပ၊ မြောက်အမေရိကနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ ပနားမားသို့ ဝင်ရောက်လာသည့်ပမာဏမှာ နေ့စဉ်မြင့်တက်လာနေသည်။
အဆိုပါအချက်အလက်က ပနားမားကို ရေတို အမြတ်အစွန်းရှာဖွေရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေသည်။
တောင်အမေရိကဝယ်လက်များရှိနေခြင်းက ယခုအချိန်မှစကာ ဆယ်စုနှစ်တစ်ခုကြာသည်အထိ စီးပွားရေး တည်ငြိမ်နေမည်ဖြစ်ပြီး အချိန်တိုအတွင်း ကြီးမားသည့်အပြောင်းအလဲ ဖြစ်ပေါ်ဖွယ် မရှိချေ။
ပနားမားတွင် မြေသြဇာကောင်းမွန်လှသောကြောင့် စိုက်ပျိုးရေးကဏ္ဍ အိမ်ခြံမြေရင်းနှီးမြှုပ်နှံခြင်းမှာလည်း အမြတ်အစွန်းများစွာ ရရှိရန် အခြားအခွင့်အလမ်းတစ်ခု ဖြစ်သည်။
(၁) စင်္ကာပူ
အာရှ၏ ဝင်ပေါက်ဟု နာမည်ကျော်သော စင်္ကာပူသည် အာရှတိုက်ကြီးတစ်ခုလုံး စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပဓာနကျသော နိုင်ငံဖြစ်သည်။ ဗြိတိသျှအင်ပါယာ၏ ကောင်းမွန်သောစနစ်များဖြင့် လည်ပတ်နေခြင်းက စီးပွားရေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် ဥပဒေရေးရာ နယ်ပယ်တို့တွင် စင်္ကာပူကို အခြားနိုင်ငံများထက် ခေါင်းတစ်လုံး ပိုမိုမြင့်မားနေစေခဲ့သည်။
ကမ္ဘာပေါ်တွင် စတုတ္ထမြောက် တစ်ဦးချင်းဝင်ငွေ အမြင့်မားဆုံးနိုင်ငံဖြစ်သော စင်္ကာပူတွင် အိမ်ခြံမြေဈေးနှုန်းများ မြင့်မားလှသော်လည်း ဘဏ္ဍာရေးတောင့်တင်းသည့် ရင်းနှီးမြှုပ်နှံသူများအဖို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အလွန်ကောင်းမွန်သည့် နိုင်ငံ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများ၏ စီးပွားရေးကဏ္ဍတွင် မည်သို့သော အခြေအနေများ ပေါ်ပေါက်နေသည်ဖြစ်စေ စင်္ကာပူအိမ်ခြံမြေ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားခြင်းသည် သင့်ကို အမြတ်အစွန်းရှာဖွေပေးမည်ကား သေချာလှသည်။
ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် အခြားပြည်ပနိုင်ငံများတွင် အိမ်ခြံမြေ ဝယ်ယူလိုပါက iMyanmarHouse.com သို့ ဆက်သွယ်နိုင်ပါသည်။ iMyanmarHouse.com မှ ပြည်ပနိုင်ငံများရှိ ကွန်ဒိုများကို မြန်မာနိုင်ငံသားများအတွက် ပိုင်ဆိုင်မှုခိုင်မာပြီး အလွယ်တကူ ဝယ်ယူနိုင်စေရန် ဝန်ဆောင်မှု ပေးလျက် ရှိပါသည်။ ဆက်သွယ်ရန် ဤနေရာကို နှိပ်ပါ။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
kalaw-garden-valley
taunggyi-garden-city
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service