Hitachi Asia က အာရှပစိဖိတ်အိမ်ခြံမြေကဏ္ဍကို ဒီဂျီတယ်အသွင်ပြောင်းရန် Frasers Property Group နှင့် ပူးပေါင်း
Hitachi Asia က အာရှပစိဖိတ်အိမ်ခြံမြေကဏ္ဍကို ဒီဂျီတယ်အသွင်ပြောင်းရန် Frasers Property Group နှင့် ပူးပေါင်း - Property News in Myanmar from iMyanmarHouse.com
15 Nov 2019 11:04 am တွင် တင်ခဲ့သည်
806 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
Hitachia Asia နှင့် Frasers Property Group တို့က လာမည့်ငါးနှစ်အတွင်း အာရှပစိဖိတ်အိမ်ခြံမြေကဏ္ဍကို ဒီဂျစ်တယ်အသွင်ပြောင်းရေးအရှိန်မြှင့်တင်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀ စီ ရင်းနှီးမြှုပ်နှံလိုက်ပြီဖြစ်ကြောင်း Yahoo! Finance သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
ပထမဆုံးအနေဖြင့် သြစတြေးလျ၊ စင်္ကာပူနှင့် ထိုင်းတို့ရှိ အိမ်မြေကဏ္ဍကို အဓိကအားဖြင့် ဒီဂျစ်တယ်အသွင်ပြောင်းရန် သူတို့၏ ရည်မှန်းချက်အား ဖော်ပြသော နားလည်မှုစာချွန်လွှာတစ်ရပ်ကို ကုမ္ပဏီနှစ်ခုစလုံးက လက်မှတ်ရေးထိုးခဲ့ကြသည်။
ကုမ္ပဏီနှစ်ခုစလုံးက facility management operational system များအတွက် စမတ်စီးတီးဝန်ဆောင်မှုများ ၎င်းတို့ဖော်ဆောင်ခဲ့ကြသည့် One Bangkok Development အတွက် လုပ်ဆောင်ခဲ့ကြပြီးနောက် များမကြာမီပင်တွင် ထိုနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
တရုတ်နှင့် ဂျပန်မှအပ အာရှပစိဖိတ်၏ စုစုပေါင်းအိမ်ခြံမြေဈေးကွက်သည် ၂၀၂၅ ခုနှစ်မကုန်မီ အမေရိကန်ဒေါ်လာ ၈၂ ဘီလျံ ရှိလာမည်ဟု ခန့်မှန်းရကြောင်း Hitachi ၏ သုတေသနဌာနက ထုတ်ပြန်ခဲ့သည်။
Hitachia Asia နှင့် Frasers Property Group တို့သည် အာရှပစိဖိတ်အိမ်ခြံမြေကဏ္ဍသို့ နည်းပညာနှင့် Infrastructure as a Service (IaaS) တို့ ပေးရန်အလို့ငှာ မျိုးဆက်ပေါင်းစုံစဉ်ဆက်မပြတ်ဖြစ်ပေါ်နိုင်သော လုပ်ငန်းစဉ်သစ်တစ်ခု ရေးဆွဲရန် အခြားဂျပန်အဖွဲ့အစည်းများနှင့်လည်း လက်တွဲထားပြီးဖြစ်သည်။
“စဉ်ဆက်မပြတ်ဖွံ့ဖြိုးတဲ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်တည်ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ထပ်တူကျတဲ့ Frasers Property နဲ့ ပူးပေါင်းလက်တွဲဆောင်ရွက်ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ Hitachi ရဲ့ လူမှုဆန်းသစ်မှုလုပ်ငန်းကနေ လူ့ဘဝတွေကို ပိုမိုကောင်းမွန်စေဖို့နဲ့ go-to-market solution သစ်တွေဖြစ်ပေါ်လာစေဖို့ရာ အိုင်တီနည်းပညာနဲ့ အိုတီနည်းပညာကျွမ်းကျင်မှုတွေကို အသုံးပြုမှာပါ။” ဟု Hitachi Asia ၏ ဥက္ကဋ္ဌ နာကာကီတာက ပြောကြားခဲ့သည်။
“အိမ်ခြံမြေလုပ်ငန်းကဏ္ဍဟာ လျင်မြန်စွာနဲ့ပြောင်းလဲဖြစ်ပေါ်နေပါတယ်။ ဒါဟာဘာကိုဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ဖောက်သည်တွေရဲ့ အတွေ့အကြုံတွေကို ပြန်လည်အဓိပ္ပါယ်ဖော်ဖို့အတွက် နည်းလမ်းတွေရှာရမယ်ဆိုတဲ့သဘောပါပဲ။” ဟု Frasers Property Group ၏ အမှုဆောင်ချုပ် ပါနုတ် သီရိဝဒါနာဘက်ဒီကလည်း ပြောကြားခဲ့သည်။
“ဒီကနေ့နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးမှုဟာ Frasers Property အတွက် ဒီဂျစ်တယ်အသွင်ပြောင်းမှုအရှိန်မြှင့်တင်ရေးကူညီပေးဖို့အတွက် ကျွန်တော်တို့ရှာနေတဲ့ပူးပေါင်းဆောင်ရွက်မှုတွေအများကြီးရဲ့ ပထမဆုံးတစ်ခုပဲဖြစ်ပါတယ်။ Hitachi နဲ့အတူ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက်၊ ကျွန်တော်တို့ရဲ့ အိမ်ခြံမြေနဲ့ ဒေသတွင်းဈေးကွက်ဗဟုသုတနဲ့ ကွန်ရက်တွေကို ဝေမျှခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။” ဟုလည်း သူက ပြောကြားခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
bkk-projects
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service