မြန်မာရှိ ကိုရီးယားလုပ်ငန်းများ ဘင်္ဂလားဒေ့ရှ် ရွှေ့မည်ဆိုခြင်းမှာမဟုတ် မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်၏သုံးသပ်မှုများ ကောင်းမွန်လာချိန် ဝါဒဖြန့်ခြင်းနှင့်နိုင်ငံရေးအရလည်း ပါဝင်ဟု (DICA) ညွှန်ကြားရေးမှူးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
686 ကြိမ် ကြည့်ရှု့ ပြီး
မြန်မာရှိ ကိုရီးယားလုပ်ငန်းများ ဘင်္ဂလားဒေ့ရှ် ရွှေ့မည်ဆိုခြင်းမှာမဟုတ် မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်၏သုံးသပ်မှုများ ကောင်းမွန်လာချိန် ဝါဒဖြန့်ခြင်းနှင့်နိုင်ငံရေးအရလည်း ပါဝင်ဟု (DICA) ညွှန်ကြားရေးမှူးချုပ်ပြော
ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင် (iMyanmarHouse.com)
### Zawgyi Version ###
နိုဝင်ဘာ ၆ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ယင်းဖော်ပြချက်မှာ လုံးဝမဟုတ်ကြောင်း ညွှန်ကြားရေးမှူးချုပ်ကပြောထားသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ နေရာမှာလည်း လွယ်ကူချောမွေ့အောင်လုပ်ဆောင်ပေးတယ်။ ဒါကြောင့်မို့လို့ ကိုရီးယားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အဆိုပြုချက်တင်ပြထားတာတွေ ရှိပြီးတော့ လာရောက်စုံစမ်းလျက်ရှိတဲ့ လုပ်ငန်းတွေကဆက်ပြီးတိုးတက်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်တွေပြန်အပ်နှံတာမျိုး၊ ရင်းနှီးမြှုပ်နှံမှုတွေ ရွှေ့ပြောင်းသွားတာမျိုး လုံးဝမရှိဘူးဆိုတာ ပြောလိုပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ဆဋ္ဌမမြောက်အကြီးဆုံး ဖြစ်ကြောင်းသိရသည်။
### Unicode Version ###
မြန်မာရှိ ကိုရီးယားလုပ်ငန်းများဘင်္ဂလားဒေ့ရှ် ရွှေ့မည်ဆိုခြင်းမှာမဟုတ် မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်၏သုံးသပ်မှုများ ကောင်းမွန်လာချိန် ဝါဒဖြန့်ခြင်းနှင့်နိုင်ငံရေးအရလည်း ပါဝင်ဟု (DICA) ညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်ကပြောသည်။
နိုဝင်ဘာ ၅ ရက်က ဘင်္ဂလားဒေ့ရှ် မီဒီယာ bdnews 24.com တွင် တောင်ကိုရီးယားကုမ္ပဏီ လုပ်ငန်းပေါင်း ၁၀၀ ခန့် မြန်မာနိုင်ငံမှ ထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်တွင် အခြေချလုပ်ကိုင်ရန် စီစဉ်နေသည်ဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေးဇုန်အာဏာ ပိုင်အဖွဲ့ BEZA က ပြောကြောင်း ဖော်ပြထားသည်။
နိုဝင်ဘာ ၆ ရက်က ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ယင်းဖော်ပြချက်မှာ လုံးဝမဟုတ်ကြောင်း ညွှန်ကြားရေးမှူးချုပ်ကပြောထားသည်။
ယင်းက ပြောထားရာတွင် “ဒီလို ရင်းနှီးမြှုုပ်နှံမှုတွေက လွယ်လွယ်ကူကူနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ပြီးတော့မှ စက်မှုဇုန်ဆိုတာ ဖော်ဆောင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှု ကော်မရှင်အနေနဲ့လည်း လုပ်ငန်း မစတင်ခင်မှာလည်း လိုအပ်တဲ့ အကူအညီတွေ ဆောင်ရွက်ပေးတယ်။
ရင်းနှီးမြှုုပ်နှံမှုလုပ်တဲ့ နေရာမှာလည်း လွယ်ကူချောမွေ့အောင်လုပ်ဆောင်ပေးတယ်။ ဒါကြောင့်မို့လို့ ကိုရီးယားရင်းနှီးမြှုုပ်နှံသူတွေအနေနဲ့ အဆိုပြုချက်တင်ပြထားတာတွေ ရှိပြီးတော့ လာရောက်စုံစမ်းလျက်ရှိ တဲ့ လုပ်ငန်းတွေက ဆက်ပြီးတိုးတက်နေပါတယ်။ ရင်းနှီးမြှုုပ်နှံမှု ခွင့်ပြုမိန့်တွေပြန်အပ်နှံတာမျိုး၊ ရင်းနှီးမြှုုပ်နှံမှုတွေ ရွှေ့ပြောင်းသွားတာမျိုး လုံးဝမရှိဘူးဆိုတာ ပြောလိုပါတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်၏သုံးသပ်မှုများ ကောင်းမွန်လာသည့်အချိန်မျိုးတွင် ယင်းကဲ့သို့ သတင်းမျိုးပေါ်ထွက်လာခြင်းမှာ ဝါဒဖြန့်ခြင်းမျိုး ဖြစ်သည့်အပြင် နိုင်ငံရေးအရလည်းပါဝင်သည်ဟု ယူဆကြောင်း ၎င်းကဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုုပ်နှံမှုသည် ဆဋ္ဌမမြောက်အကြီးဆုံး ဖြစ်ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
စုပေါင်းပိုင်အဆောက်အအုံစံချိန်စံညွှန်းများသတ်မှတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၁၉)ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား...
စုပေါင်းပိုင်အဆောက်အအုံစံချိန်စံညွှန်းများသတ်မှတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၁၉)ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား...
ရန်ကုန်တိုင်းအစိုးရကရောင်းချသည့် မြေအသုံးပြုခွင့်လျှောက်လွှာ ဝယ်ယူသူ ၁၅၀၀၀ ကျော်အနက် လျှောက်လွှာ ၁၂၀၀၀ ကျော်အား စစ်ဆေးနေဆဲဖြစ်...
ရန်ကုန်တိုင်းအစိုးရကရောင်းချသည့် မြေအသုံးပြုခွင့်လျှောက်လွှာ ဝယ်ယူသူ ၁၅၀၀၀ ကျော်အနက် လျှောက်လွှာ ၁၂၀၀၀ ကျော်အား စစ်ဆေးနေဆဲဖြစ်...
အမေရိကန်ပြည်၊ ကွန်နက်တီကပ် ပြည်နယ်တွင် ဧကပေါင်း ၃၂၀ ကျယ်ဝန်းကာ တစ်ချိန်က ပြည်နယ်၏ အကြီးမားဆုံး နွားမွေးမြူရေးခြံဖြစ်ခဲ့သော ခြံဝန်းကြီးကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်တင်...
အမေရိကန်ပြည်၊ ကွန်နက်တီကပ် ပြည်နယ်တွင် ဧကပေါင်း ၃၂၀ ကျယ်ဝန်းကာ တစ်ချိန်က ပြည်နယ်၏ အကြီးမားဆုံး နွားမွေးမြူရေးခြံဖြစ်ခဲ့သော ခြံဝန်းကြီးကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်တင်...
ရန်ကုန်တိုင်းဝန်ကြီးချုပ် Women for the world (ပျိုမေ့အိမ်) အဖွဲ့က ဆောက်လုပ်နေသော အိမ်ရာစီမံကိန်းအား သွားရောက်ကြည့်ရှု...
ရန်ကုန်တိုင်းဝန်ကြီးချုပ် Women for the world (ပျိုမေ့အိမ်) အဖွဲ့က ဆောက်လုပ်နေသော အိမ်ရာစီမံကိန်းအား သွားရောက်ကြည့်ရှု...
ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်းကုမ္ပဏီကြီး Dolce & Gabbana ကို တည်ထောင်သူ ဒိုမီနီကို ဒို့ခ်ျနှင့် စတက်ဖားနိုတို့ စုံတွဲက အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ ပင်လယ်ကမ်းခြေအပန်းဖြေစံအိမ်ကြီးကို ပေါင် ၆ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင်...
တိုင်းအစိုးရရောင်းချသည့် မြေကွက် အစောင်ရေ ၃၀၀၀ ကျော်လာရောက်လျှောက်ထားခြင်းမရှိ
တိုင်းအစိုးရရောင်းချသည့် မြေကွက် အစောင်ရေ ၃၀၀၀ ကျော်လာရောက်လျှောက်ထားခြင်းမရှိ
အမေရိကန်ပြည်၊ နယူးဂျာစီပြည်နယ်တွင် သုံးထပ်နေအိမ်တစ်လုံးကို အခမဲ့ပေးသည့်တိုင် ယူမည့်သူမရှိဖြစ်နေ...
အမေရိကန်ပြည်၊ နယူးဂျာစီပြည်နယ်တွင် သုံးထပ်နေအိမ်တစ်လုံးကို အခမဲ့ပေးသည့်တိုင် ယူမည့်သူမရှိဖြစ်နေ...
မန္တလေးတွင် နံပတ်စဉ်နှင့်အမည်ပေးထားသည့် လမ်းညွှန်ဆိုင်းဘုတ်များ စတင်တပ်ဆင်တော့မည်
မန္တလေးတွင် နံပတ်စဉ်နှင့်အမည်ပေးထားသည့် လမ်းညွှန်ဆိုင်းဘုတ်များ စတင်တပ်ဆင်တော့မည်
တိမ်းစောင်းနိုင်သည့် သတ်မှတ်ပမာဏထက်ကျော်လွန် အဆောက်အအုံ ၈ လုံးကို ပြန်တည့်မည်
တိမ်းစောင်းနိုင်သည့် သတ်မှတ်ပမာဏထက်ကျော်လွန် အဆောက်အအုံ ၈ လုံးကို ပြန်တည့်မည်
နေပြည်တော်မှာမြေကွက်တွေလျှောက်ထားဝယ်ယူနိုင်
နေပြည်တော်မှာမြေကွက်တွေလျှောက်ထားဝယ်ယူနိုင်
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)