The Rock ဟု နာမည္ေက်ာ္သူ ေဟာလိဝုဒ္ အက္ရွင္သရုပ္ေဆာင္ ဒြိန္း ဂၽြန္ဆင္က ၄၆ ဧက က်ယ္ဝန္းေသာ ယာေတာျခံၾကီးတစ္ခုကို ကန္ေဒၚလာ ၉ ဒသမ ၅ သန္းျဖင့္ ဝယ္ယူ

The Rock ဟု နာမည္ေက်ာ္သူ ေဟာလိဝုဒ္ အက္ရွင္သရုပ္ေဆာင္ ဒြိန္း ဂၽြန္ဆင္က ၄၆ ဧက က်ယ္ဝန္းေသာ ယာေတာျခံၾကီးတစ္ခုကို ကန္ေဒၚလာ ၉ ဒသမ ၅ သန္းျဖင့္ ဝယ္ယူ - Property News in Myanmar from iMyanmarHouse.com
8 Nov 2019 12:14 pm တွင် တင်ခဲ့သည်
1751 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

The Rock ဟု နာမည္ေက်ာ္သူ ေဟာလိဝုဒ္ အက္ရွင္သရုပ္ေဆာင္ ဒြိန္း ဂၽြန္ဆင္က အေမရိကန္ျပည္ေထာင္စု၊ ေဂ်ာ္ဂ်ီယာျပည္နယ္ရွိ ၄၆ ဧက က်ယ္ဝန္းေသာယာေတာျခံၾကီးတစ္ခုကို ကန္ေဒၚလာ ၉ ဒသမ ၅ သန္းျဖင့္ ဝယ္ယူလိုက္ေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

က်ယ္ဝန္းလွေသာ ျမင္းျခံၾကီးအတြင္း အိပ္ခန္း ၈ ခန္းပါ စံအိမ္တစ္လံုးႏွင့္ ျခံေစာင့္ၾကီးအတြက္ အိမ္တစ္လံုးလည္းပါဝင္ကာ ျခံေစာင့္အိမ္မွာ ႏွစ္ေပါင္း ၁၅၀ သက္တမ္းရွိျပီဟု ဆိုသည္။

ေဂ်ာ္ဂ်ီယာျပည္နယ္၊ အတၱလႏၱာျမိဳ႕ျပင္တြင္ တည္ရွိေသာသမိုင္းဝင္စံအိမ္ႏွင့္ ျခံဝန္းၾကီးကို မစၥတာ ဂၽြန္ဆင္၏ ေလာ့စ္အိန္ဂ်လိရွိ စီးပြားေရးမန္ေနဂ်ာမ်ားႏွင့္ ဆက္ႏႊယ္ေနေသာ ေဂ်ာ္ဂ်ီယာအေျခစိုက္ ကုမၸဏီတစ္ခုက ဝယ္ယူလုိက္ျခင္းျဖစ္သည္။

Powder Springs အမည္ရွိ ေက်းလက္ျမိဳ႕ငယ္ေလးတြင္တည္ရွိေသာ အဆိုပါျခံဝန္းအတြက္ ဒြိန္းဂၽြန္ဆင္က ကန္ေဒၚလာ ၉ ဒသမ ၅ သန္း သံုးစြဲခဲ့ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

အသက္ ၄၇ ႏွစ္ရွိျပီျဖစ္ေသာ ဒိြန္းဂၽြန္ဆင္၏ အမည္ရင္းမွာ ဒိြန္း ေဒါက္ဂလပ္ ဂၽြန္ဆင္ျဖစ္ေသာ္လည္း နပန္းသမားတစ္ဦးလည္းျဖစ္ေသာ ဂၽြန္ဆင္၏ ၾကိဳးဝိုင္းနာမည္ျဖစ္သည့္ The Rock အမည္ျဖင့္သာလူသိမ်ားသည္။

သူသည္ ရုပ္ရွင္သရုပ္ေဆာင္၊ ထုတ္လုပ္သူ၊ နပန္းသမားဘဝမ်ားျဖင့္ က်င္လည္ခဲ့သည္။

ခ်န္ပီယံဆုေပါင္းမ်ားစြာ ရရွိထားျပီး သမုိင္းတစ္ေလွ်ာက္အၾကီးျမတ္ဆံုး နပန္းသမားမ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္သတ္မွတ္ထားျခင္းခံရသူလည္း ျဖစ္သည္။

ျခံဝန္းၾကီး၏ အလယ္တြင္ ပါဝင္ေသာ စံအိမ္ၾကီးမွာ စတုရန္းေပ ၁၄၀၀၀ ခန္႔အထိ က်ယ္ဝန္းျပီး အိပ္ခန္း ၈ ခန္းပါဝင္ရာ မိသားစု ၅ ဦးရွိေသာ မစၥတာဂၽြန္ဆင္တို႔အတြက္ က်ယ္ဝန္းစြာ ေနထိုင္ႏိုင္မည္ ျဖစ္သည္။

ပင္မစံအိမ္ကို ၂၀၀၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး ေက်ာက္တံုးမီးလင္းဖိုမ်ား၊ ဝိုင္သိုေလွာင္ခန္း ၁ ခု၊ သမားရိုးက်မဟုတ္ေသာ ေရငန္ ေရကူးကန္ႏွင့္ ေရကူးကန္ေဘး နားေနအိမ္တို႔ ပါဝင္ေၾကာင္း Harry Norman Realtors အိမ္ျခံေျမကုမၸဏီမွ ေစ်းကြက္တင္ အက်ဳိးေဆာင္ ဂ်က္ဖ္ ဒီဂ်ာနက္ထ္က ေျပာၾကားသည္။

ျခံဝန္းအတြင္း ပစၥည္းစံုထည့္သြင္းေပးထားေသာ ျမင္းျခံတစ္ခု၊ ျမင္းေဇာင္း စပါးက်ီ ၁၂ ခု၊ ျမင္းစီးကြင္းႏွင့္ ပြဲၾကည့္စင္ေနရာတို႔ ပါဝင္သည္။

အထူးျခားဆံုးမွာ ႏွစ္ေပါင္း ၁၅၀ သက္တမ္းရွိ ယာေတာအိမ္တစ္လံုးလည္း ပါဝင္ျခင္းျဖစ္ျပီး လက္ရွိအားျဖင့္ ျခံေစာင့္ေနအိမ္အျဖစ္ အသံုးျပဳထားေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

ဒြိန္းဂၽြန္ဆင္သည္ ခ်စ္သက္တမ္းၾကာရွည္စြာ လက္တြဲခဲ့ေသာ ခ်စ္သူမိန္းကေလး ေလာ္ရန္ ဟာရွီယန္ႏွင့္ ဟာဝိုင္အီတြင္ လက္ထပ္ခဲ့ျပီး လအနည္းငယ္အၾကာတြင္ ယခုျခံၾကီးကို ဝယ္ယူလိုက္ျခင္းျဖစ္သည္။

(ဆက္စပ္သတင္းမ်ား)

(၁) ေဟာလိဝုဒ္အက္ရွင္သရုပ္ေဆာင္ ဒြိန္း ဂၽြန္ဆင္က ႏွစ္သစ္ကူးလက္ေဆာင္အျဖစ္ မိခင္ကို ေနအိမ္သစ္တစ္လံုးဝယ္ေပး

https://www.imyanmarhouse.com/news/read/794290

(၂) ထင္ေပၚေက်ာ္ၾကားသူတို႔၏ ေနအိမ္မ်ား (The Rock)

https://www.imyanmarhouse.com/news/read/463142

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

The Rock ဟု နာမည်ကျော်သူ ဟောလိဝုဒ် အက်ရှင်သရုပ်ဆောင် ဒွိန်း ဂျွန်ဆင်က အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်ရှိ ၄၆ ဧက ကျယ်ဝန်းသော ယာတောခြံကြီးတစ်ခုကို ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကျယ်ဝန်းလှသော မြင်းခြံကြီးအတွင်း အိပ်ခန်း ၈ ခန်းပါ စံအိမ်တစ်လုံးနှင့် ခြံစောင့်ကြီးအတွက် အိမ်တစ်လုံးလည်း ပါဝင်ကာ ခြံစောင့်အိမ်မှာ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိပြီဟု ဆိုသည်။

ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့ပြင်တွင် တည်ရှိသော သမိုင်းဝင်စံအိမ်နှင့် ခြံဝန်းကြီးကို မစ္စတာ ဂျွန်ဆင်၏ လော့စ်အိန်ဂျလိရှိ စီးပွားရေးမန်နေဂျာများနှင့် ဆက်နွှယ်နေသော ဂျော်ဂျီယာအခြေစိုက် ကုမ္ပဏီတစ်ခုက ဝယ်ယူလိုက်ခြင်းဖြစ်သည်။

Powder Springs အမည်ရှိ ကျေးလက်မြို့ငယ်လေးတွင် တည်ရှိသော အဆိုပါခြံဝန်းအတွက် ဒွိန်းဂျွန်ဆင်က ကန်ဒေါ်လာ ၉ ဒသမ ၅ သန်း သုံးစွဲခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

အသက် ၄၇ နှစ်ရှိပြီဖြစ်သော ဒွိန်းဂျွန်ဆင်၏ အမည်ရင်းမှာ ဒွိန်း ဒေါက်ဂလပ် ဂျွန်ဆင်ဖြစ်သော်လည်း နပန်းသမားတစ်ဦးလည်းဖြစ်သော ဂျွန်ဆင်၏ ကြိုးဝိုင်းနာမည်ဖြစ်သည့် The Rock အမည်ဖြင့်သာ လူသိများသည်။ သူသည် ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ နပန်းသမားဘဝများဖြင့် ကျင်လည်ခဲ့သည်။

ချန်ပီယံဆုပေါင်းများစွာ ရရှိထားပြီး သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး နပန်းသမားများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ထားခြင်းခံရသူလည်း ဖြစ်သည်။

ခြံဝန်းကြီး၏ အလယ်တွင် ပါဝင်သော စံအိမ်ကြီးမှာ စတုရန်းပေ ၁၄၀၀၀ ခန့်အထိ ကျယ်ဝန်းပြီး အိပ်ခန်း ၈ ခန်း ပါဝင်ရာ မိသားစု ၅ ဦးရှိသော မစ္စတာဂျွန်ဆင်တို့အတွက် ကျယ်ဝန်းစွာ နေထိုင်နိုင်မည် ဖြစ်သည်။

ပင်မစံအိမ်ကို ၂၀၀၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ကျောက်တုံးမီးလင်းဖိုများ၊ ဝိုင်သိုလှောင်ခန်း ၁ ခု၊ သမားရိုးကျမဟုတ်သော ရေငန် ရေကူးကန်နှင့် ရေကူးကန်ဘေး နားနေအိမ်တို့ ပါဝင်ကြောင်း Harry Norman Realtors အိမ်ခြံမြေကုမ္ပဏီမှ ဈေးကွက်တင် အကျိုးဆောင် ဂျက်ဖ် ဒီဂျာနက်ထ်က ပြောကြားသည်။

ခြံဝန်းအတွင်း ပစ္စည်းစုံထည့်သွင်းပေးထားသော မြင်းခြံတစ်ခု၊ မြင်းဇောင်း စပါးကျီ ၁၂ ခု၊ မြင်းစီးကွင်းနှင့် ပွဲကြည့်စင်နေရာတို့ ပါဝင်သည်။

အထူးခြားဆုံးမှာ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ယာတောအိမ်တစ်လုံးလည်း ပါဝင်ခြင်းဖြစ်ပြီး လက်ရှိအားဖြင့် ခြံစောင့်နေအိမ်အဖြစ် အသုံးပြုထားကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။

ဒွိန်းဂျွန်ဆင်သည် ချစ်သက်တမ်းကြာရှည်စွာ လက်တွဲခဲ့သော ချစ်သူမိန်းကလေး လော်ရန် ဟာရှီယန်နှင့် ဟာဝိုင်အီတွင် လက်ထပ်ခဲ့ပြီး လအနည်းငယ်အကြာတွင် ယခုခြံကြီးကို ဝယ်ယူလိုက်ခြင်းဖြစ်သည်။

(ဆက်စပ်သတင်းများ)

(၁) ဟောလိဝုဒ်အက်ရှင်သရုပ်ဆောင် ဒွိန်း ဂျွန်ဆင်က နှစ်သစ်ကူးလက်ဆောင်အဖြစ် မိခင်ကို နေအိမ်သစ်တစ်လုံးဝယ်ပေး

https://www.imyanmarhouse.com/news/read/794290

(၂) ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(The Rock)

https://www.imyanmarhouse.com/news/read/463142

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service