ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
၂၀၁၉ ခုႏွစ္ ၊ နိုဝင္ဘာလ ( ၂ ၊ ၃ ) စေန ၊ တနဂၤေႏြ ေန႔မ်ားတြင္ စကၤာပူနိုင္ငံ ၊ The Capitol Kempinski Hotel ၌ ျမန္မာနိုင္ငံ၏နံပါတ္တစ္ အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ျဖစ္ေသာ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ ၾကီးမွဴး၍ ‘‘(၈) ၾကိမ္ေျမာက္ ျမန္မာ့အၾကီးဆံုး အိမ္ျခံေျမအေရာင္းျပပြဲၾကီး ’’ ကိုေအာင္ျမင္စြာ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါဖြင့္ပြဲတြင္ iMyanmarHouse.com ၏ Managing Director ျဖစ္သူ ဦးေနမင္းသူ ၊ The Leaf Residence ၏ COO ျဖစ္သူ Mr. Joseph ၊ Golden City Project ၏ Marketing and Sales Manager ျဖစ္သူ Ms. Christine ၊ Kanbae Towers Project & Riverfront Garden Project ၏ Manager ျဖစ္သူ ဦးရဲထြန္းေမာ္ ၊ Sun Myat Tun Construction ၏ Assistance Sales Manager ျဖစ္သူ ေဒၚဆုသီရိမ်ိဳး တို႔မွ ဖဲၾကိဳးျဖတ္ဖြင့္လွစ္ခဲ့သည္။
အဆိုပါအေရာင္းျပပြဲ (၂) ရက္အတြင္းတြင္ Sponsor မ်ားအျဖစ္ အိမ္ျခံေျမႏွင့္ ေဆာက္လုပ္ေရးကုမၸဏီေပါင္း (၂၀) ေက်ာ္မွ ပါဝင္ျပသျပီး က်ပ္ေငြသိန္း ( ၂၀၀ ) ေက်ာ္မွစေသာ တိုက္ခန္း ၊ ကြန္ဒို ၊ လံုးခ်င္း ႏွင့္ ေျမကြက္မ်ားကို ဝယ္ယူသူမ်ားအဆင္ေျပေစရန္အတြက္ အေကာင္းဆံုးေငြေခ်စနစ္မ်ား ၊ အထူးေလွ်ာ့ေစ်းနွုန္းမ်ား ၊ အရစ္က်စနစ္မ်ား ၊ အိမ္ရာေခ်းေငြမ်ားနွင့္ ေရာင္းခ်ခဲ့ကာ စုစုေပါင္း က်ပ္ေငြ (၅.၃) ဘီလီယံ ( အေမရိကန္ေဒၚလာ ၃.၄ သန္း) ေက်ာ္တန္ဖိုးရွိေသာ အိမ္ၿခံေျမမ်ားကို ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။
‘‘ ယခုပြဲဟာ iMyanmarHouse.com မွ ၾကီးမွဴးျပီး စကၤာပူနုိင္ငံမွာ က်င္းပျပဳလုပ္တဲ့ (၈) ၾကိမ္ေျမာက္ အိမ္ျခံေျမအေရာင္းျပပြဲၾကီးပါ။ iMyanmarHouse.com ဟာ ျမန္မာနိုင္ငံသားတိုင္း အိမ္ပုိင္ဆိုင္နိုင္ေစရမည္ဆိုတဲ႔ ေဆာင္ပုဒ္နဲ႔အညီ ျမန္မာ့အၾကီးဆံုးအိမ္ျခံေျမအေရာင္းျပပြဲၾကီးေတြကို ျပည္တြင္းသာမက အခုလို ျပည္ပအထိ က်င္းပျပဳလုပ္ေပးေနတာျဖစ္ပါတယ္။ အခုလိုမ်ိဳး ျမန္မာ့အၾကီးဆံုးအိမ္ျခံေျမအေရာင္းျပပြဲၾကီးေတြကို စကၤာပူေရာက္ျမန္မာေတြအတြက္ တစ္ႏွစ္ကို (၂) ၾကိမ္ (၃) ၾကိမ္ က်င္းပေပးေနပါတယ္။ အခု (၈)ၾကိမ္ေျမာက္ျပဳလုပ္တဲ့ ျပပြဲအတြက္ စကၤာပူႏိုင္ငံ၏ လူသံုးအမ်ားဆံုး အိမ္ျခံေျမဝဘ္ဆိုက္ PropertyGuru.com.sg မွလည္း ပံ့ပိုးကူညီေပးထားပါတယ္။ ’’ ဟု iMyanmarHouse.com ၏ မန္ေနဂ်င္းဒါရိုက္တာျဖစ္သူဦးေနမင္းသူမွ ေျပာၾကားသြားသည္။
iMyanmarHouse.com
အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း
ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ၿခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္
ျမန္မာႏိုင္ငံသားတိုင္း အိမ္ပိုင္ဆိုင္ႏိုင္ေစရမည္
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလ ( ၂ ၊ ၃ ) စနေ ၊ တနင်္ဂနွေ နေ့များတွင် စင်္ကာပူနိုင်ငံ ၊ The Capitol Kempinski Hotel ၌ မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ‘‘(၈) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး ’’ ကိုအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖွင့်ပွဲတွင် iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ ၊ The Leaf Residence ၏ COO ဖြစ်သူ Mr. Joseph ၊ Golden City Project ၏ Marketing and Sales Manager ဖြစ်သူ Ms. Christine ၊ Kanbae Towers Project & Riverfront Garden Project ၏ Manager ဖြစ်သူ ဦးရဲထွန်းမော် ၊ Sun Myat Tun Construction ၏ Assistance Sales Manager ဖြစ်သူ ဒေါ်ဆုသီရိမျိုး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
အဆိုပါအရောင်းပြပွဲ (၂) ရက်အတွင်းတွင် Sponsor များအဖြစ် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၂၀) ကျော်မှ ပါဝင်ပြသပြီး ကျပ်ငွေသိန်း ( ၂၀၀ ) ကျော်မှစသော တိုက်ခန်း ၊ ကွန်ဒို ၊ လုံးချင်း နှင့် မြေကွက်များကို ဝယ်ယူသူများအဆင်ပြေစေရန်အတွက် အကောင်းဆုံးငွေချေစနစ်များ ၊ အထူးလျှော့ဈေးနှုန်းများ ၊ အရစ်ကျစနစ်များ ၊ အိမ်ရာချေးငွေများနှင့် ရောင်းချခဲ့ကာ စုစုပေါင်း ကျပ်ငွေ (၅.၃) ဘီလီယံ ( အမေရိကန်ဒေါ်လာ ၃.၄ သန်း) ကျော်တန်ဖိုးရှိသော အိမ်ခြံမြေများကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
‘‘ ယခုပွဲဟာ iMyanmarHouse.com မှ ကြီးမှူးပြီး စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ (၈) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီးပါ။ iMyanmarHouse.com ဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မြန်မာ့အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီးတွေကို ပြည်တွင်းသာမက အခုလို ပြည်ပအထိ ကျင်းပပြုလုပ်ပေးနေတာဖြစ်ပါတယ်။ အခုလိုမျိုး မြန်မာ့အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီးတွေကို စင်္ကာပူရောက်မြန်မာတွေအတွက် တစ်နှစ်ကို (၂) ကြိမ် (၃) ကြိမ် ကျင်းပပေးနေပါတယ်။ အခု (၈)ကြိမ်မြောက်ပြုလုပ်တဲ့ ပြပွဲအတွက် စင်္ကာပူနိုင်ငံ၏ လူသုံးအများဆုံး အိမ်ခြံမြေဝဘ်ဆိုက် PropertyGuru.com.sg မှလည်း ပံ့ပိုးကူညီပေးထားပါတယ်။ ’’ ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)