အေပ်ာက္စနစ္တိုက္ခန္းမ်ားတြင္ အိမ္ငွါးကြယ္လြန္သြားပါက တိုက္ခန္းကို ေျမရွင္ ရပိုင္ခြင့္ ရွိပါသလား ?

အေပ်ာက္စနစ္တိုက္ခန္းမ်ားတြင္ အိမ္ငွါးကြယ္လြန္သြားပါက တိုက္ခန္းကို ေျမရွင္ ရပိုင္ခြင့္ ရွိပါသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
5 Nov 2019 1:34 pm တွင် တင်ခဲ့သည်
11386 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

 

### Zawgyi Version ###

“ ဆရာ ဦးေက်ာ္ဝင္း ေရာက္ေနတာၾကာျပီလား ” ဟု စာေရးသူက မိမိ၏ ရုံးခန္းေရွ႕တြင္ ေရာက္နွင့္ေနသည့္ ဆရာဦးေက်ာ္ဝင္းကို ၾကိဳဆိုႏႈတ္ဆက္လိုက္ျခင္းျဖစ္သည္။ ထို႕ေနာက္စာေရးသူနွင့္ ဆရာဦးေက်ာ္ဝင္းတို႕သည္ စာေရးသူ၏ ရုံးခန္းအတြင္း၌ စကားေျပာျဖစ္ၾကသည္။ ဆရာဦးေက်ာ္ဝင္းမွာ တကၠသိုလ္မွကတိကအျငိမ္းစားတစ္ဦးျဖစ္ျပီး မေတြ႕ျဖစ္ၾကသည္မွာ ၾကာျပီျဖစ္သည္။

“ ဒီလိုဆရာသမားေရ ၊ ကၽြန္ေတာ့္ မိဘပိုင္အေဆာက္အအံုတစ္ခုရွိတယ္။မူလက ေလးထပ္တိုက္ေပါ့။ တိုက္က ေဆြးေနျပီဆိုေတာ့ ေနာက္ဆံုးမွာ အႏၱရာယ္ရွိအေဆာက္အအံုအျဖစ္ သတ္မွတ္ခံခဲ့ရတယ္ ”

“ အဲဒီအေဆာက္အအံုမွာ လက္ရွိေနထိုင္တဲ့လူေတြရွိေသးလား ”

“ မရွိေတာ့ဘူး။ အေဆာက္အအံုကို ျဖိဳဖ်က္ထားလိုက္ပါျပီ”

“ ဆရာဦးေက်ာ္ဝင္းက အေဆာက္အအံုအသစ္ ျပန္ေဆာက္ဖို႕အစီအစဥ္ရွိပါသလား။ ဘယ္လိုစီစဥ္ထားတာရွိသလဲ ”

“ ကို္ယ္တိုင္ေငြအရင္းအနွီး စိုက္ထုတ္ျပီးေဆာက္ဖို႕က အဆင္မေျပဘူး ဆရာ။ ကန္ထရုိက္စနစ္နဲ႕ ျပန္ေဆာက္ဖို႕ အစီအစဥ္လုပ္ခဲ့ပါတယ္ ”

“ တိုက္ခန္းမွာ အိမ္ငွါးေတြရွိေသးလား”

“သံုးထပ္နွင့္ေလးထပ္မွာရွိတယ္။ သူတို႕ကလည္း ေငြေၾကးစိုက္ထုတ္ဖို႕အစီအစဥ္မရွိ္ဘူး။ ဒါေပမယ့္ တိုက္ခန္းတစ္ခန္းစီျပန္ေပးဖို႕ေတာင္းဆိုတယ္ ”

“ ဆရာ ဦးေက်ာ္ဝင္းတို႕က ေမာင္နွမဘယ္နွစ္ေယာက္ရွိသလဲ ”

“ ကၽြန္ေတာ္တို႕က ေမာင္နွမနွစ္ေယာက္ရွိတယ္။ ကၽြန္ေတာ့္ေအာက္က ညီမတစ္ေယာက္ရွိတယ္”

“ ဒါဆိုရင္ အဲဒီေျမကြက္က မိဘေတြအမည္ေပါက္ဆိုေတာ့ ဆရာဦးေက်ာ္ဝင္းတို႕ ေမာင္နွမနွစ္ဦးလံုးက ပိုင္ရွင္ျဖစ္သြားမွာေပါ့ ”

“ ဟုတ္ပါတယ္ဆရာ။ ညီမျဖစ္သူက ကၽြန္ေတာ့ကို ကိုယ္စာလွယ္လႊဲစာ ေပးအပ္ထားပါတယ္ ”

“ ေျမကြက္နဲ႕ ပတ္သက္ျပီး ဆရာတို႕ေမာင္နွမနွစ္ဦးက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေဆာင္ရြက္ျပီးပါျပီလား”

“ ဟုတ္ကဲ့ အေမဆံုးပါးျပီး ေနာက္ပိုင္းမွာ ကၽြန္ေတာ္တို႕ ေဆာင္ရြက္ခဲ့ပါတယ္၊ ဂရန္ေျမအမည္ေပါက္ ရပါျပီ ”

“ ဆရာတို႕ ေမာင္နွမအမည္ေပါက္ဂရန္ေျမျဖစ္သြားျပီဆိုရင္ေတာ့ အခက္အခဲမရွိေတာ့ပါဘူး။ ကန္ထရုိက္နဲ႕ ညွိႏိႈင္းအဆင္ေျပရင္ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၊ အင္ဂ်င္နီယာဌာနမွာ ေလွ်ာက္ထားဖို႕ပဲ လိုပါတယ္ ”

“ ကန္ထရုိက္နဲ႕ညွိလိုက္ေတာ့ ဓာတ္ေလွကားပါ ရွစ္ထပ္အေဆာက္အအံုေဆာက္ဖို႔ အဆင္ေျပသြားပါတယ္”

“ အိမ္ငွါးေတြနဲ႕ ညွိနႈိင္းေတာ့ အဆင္ေျပရဲ႕လား”

“ ေျခာက္လႊာနဲ႕ ခုနွစ္လႊာကို ေပးဖို႕သေဘာတူၾကတယ္ ”

“ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအင္ဂ်င္နီယာဌာန (အေဆာက္အအံု) မွာ ေျမရွင္ ၊ ကန္ထရုိက္တယ္ ၊ အိမ္ငွါးမ်ားကို ေခၚယူျပီး သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုတာရွိပါေသးသလား”

“ ဟုတ္ကဲ့ အင္ဂ်င္နီယာဌာန (အေဆာက္အအံု) ဌာနမွဴးေရွ႕မွာ အခန္းေပး ၊ အခန္းယူ ၊ ေငြေပးေငြယူသေဘာတူကတိစာခ်ဳပ္ကို ေျမရွင္ကန္ထရုိက္တာနဲ႕ အိမ္ငွါးနွစ္ဦးတို႕ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ၾကပါတယ္ ”

“ အခု အေဆာက္အအံု စတင္ေဆာက္ေနျပီေပါ့ ”

“ မေဆာက္ျဖစ္ေသးဘူးဆရာ ။ မူလအေဆာက္အအံုေဟာင္းျဖိဳျပီးစဥ္က စမယ္ဆိုရင္ နွစ္နွစ္ေက်ာ္သံုးနွစ္နီးပါးရွိေနျပီ ” “ ကန္ထရုိက္တာနဲ႕ အဆင္မေျပလို႕လား ဘာအခက္အခဲရွိေနလို႕လဲ ”

“ ေဆာက္လုပ္ခြင့္ကေတာ့ က်ပါျပီ။ မၾကာမွီ ပႏၷက္ရုိက္ စတင္ေတာ့မယ္လို႕ ေျပာပါတယ္ ”

“ ဒါဆိုရင္ ၊ စိတ္ေအးရျပီေပါ့ဆရာ”

“ အခုကိစၥက ကန္ထရုိက္တာနဲ႕ မဟုတ္ဘူးဆရာ ”

“ အိမ္ငွါးနဲ႕ အဆင္မေျပလို႕လား။ သူတို႕ကို တိုက္ခန္းတစ္ခန္းစီျပန္ေပးမယ္လို႕ ကတိျပဳလက္မွတ္ေရးထိုးထားျပီပဲေလ ”

“ ေျခာက္လႊာတိုက္ခန္းကို အစားရမယ့္ အိမ္ငွါးကိစၥဆရာ။ မူလအိမ္ေဟာင္းမွာ ေလးလႊာမွာေနတယ္။ အဘိုးၾကီးအဘြားၾကီး လင္မယားနွစ္ေယာက္ေနတယ္ ။ေဆြမ်ိဳးသားခ်င္ေတြကေတာ့ ဝင္ထြက္တာရွိတယ္။ သားသမီးမရွိဘူး။ အႏၱရာယ္ရွိ အေဆာက္အအံုအျဖစ္ သတ္မွတ္ျပီးေနာက္မွာ အဘြားၾကီးကြယ္လြန္သြားတယ္ ”

“ ဒါဆိုရင္ အဘိုးၾကီးတစ္ဦးတည္းအေနနဲ႕ ကတိစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာေပါ့ ။အျခားအတူေနသူေတြရွိေသးလား ”

“ အိမ္ေထာင္စုစာရင္းထဲမွာေတာ့ သူတို႕နွစ္ဦးပဲရွိတယ္။ ျပီးခဲ့တဲ့ ရက္ပိုင္က အဘိုးၾကီးလည္း ဆံုးပါးသြားတယ္”

“ ဒါဆိုရင္ အခန္းလြတ္သေဘာျဖစ္သြားတာေပါ့”

“ ဟုတ္ကဲ့ အဲဒီအခန္းကို ကၽြန္ေတာ္တို႕ အိမ္ရွင္ (ေျမရွင္) က ရခြင့္ရွိပါသလားဆိုတာ သိခ်င္လို႕”

“ သာမန္အားျဖင့္ စဥ္းစားၾကည့္ရင္ အိမ္ေထာင္စုစာရင္းမွာ ရွိသူအားလံုးလည္း ကြယ္လြန္သြားျပီး။ အေမြဆက္ခံသူသားရင္း ၊ သမီးရင္းလည္း မရွိ ။ မကြယ္လြန္မွီကအတူေနသူ အျခားသူတစ္ဦးတစ္ေယာက္မွ်မရွိတဲ့အတြက္ အခန္းလႊတ္သေဘာသက္ေရာက္သြားပါတယ္။ အမွန္တကယ္ဆက္ခံသူမရွိရင္ေတာ့ ေျမရွင္ (အိမ္ရွင္) ကအဆိုပါ အခန္းကို ရပိုင္ခြင့္ရွိမွာ ျဖစ္ပါတယ္ ”

“ ဥပေဒအေၾကာင္းအရ ဘယ္လိုေဆာင္ရြက္ရမယ္ဆိုတာ ရွင္းျပလို႕ရရင္ ရွင္းျပေပးပါ”

“ ဥပေဒအေၾကာင္းအရမေျပာမွီ ၊ လက္ရွိ္အေျခအေနကို သက္ဆိုင္ရာျမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ အင္ဂ်င္နီယာဌာန (အေဆာက္အအံု) ထံအေၾကာင္းၾကားစာေပးပို႕ထားဖို႕လိုပါတယ္။ ကြယ္လြန္သူအိမ္ငွါးဘက္ကလည္း ေတာင္းဆိုထားမႈတင္ျပထားမႈ ရွိ မရွိ စံုစမ္းဖို႕ေတာ့လိုပါတယ္ ”

“ တစ္ဖက္က သားသမီးအရင္းလည္းမရွိ ။ အတူေနသူလည္း မရွိေတာ့ ကန္႕ကြက္မယ္ မထင္ပါဘူး ”

“ တိုတိုနဲ႕ရွင္းေအာင္ေျပာရရင္ တရားရုံးခ်ဳပ္္က ဆံုးျဖတ္ထားတဲ့ ေဒၚစန္းျမင့္ပါ (၄) နွင့္ ၂၀၁၇ ခုနွစ္ ျမန္မာႏိုင္ငံ တရားစီရင္ထံုး စာမ်က္နွာ - ၅၈ စာခၽြန္ေတာ္အမႈမွာ အႏၱရာယ္ရွိအေဆာက္အအံုအျဖစ္ သတ္မွတ္၍ မူလတိုက္ေဟာင္းကို ဖ်က္သိမ္းျပီး တိုက္အသစ္ေဆာက္ရာေျခာက္ထပ္အေဆာက္အအံုသစ္တြင္ ပထမထပ္အခန္းကို လက္ရွိေနထိုင္သူအားျပန္လည္ထားရွိရန္ ကန္ထရုိက္ ၊ ေျမရွင္ ၊ အိမ္ငွါးျဖစ္သူတို႕သေဘာတူကတိစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သည္။ ထို႕ေနာက္ အိမ္ငွါးကြယ္လြန္သြားသျဖင့္ ေျမရွင္က ျမိဳ႕ျပဆိုင္ရာငွါးရမ္းခၾကီးၾကပ္ေရးဝန္ထံ အဆိုပါတိုက္ခန္းကို ၄င္းအားအိမ္ငွါးအျဖစ္ ျပန္လည္ခ်ထားေပးရန္ ျမိဳ႕ျပဆိုင္ရာငွါးရမ္းခၾကီးၾကပ္ေရးဥပေဒ ပုဒါမ ၂၁ (၄) အရ ေလွ်ာက္ထားရာခြင့္ျပဳခဲ့သည္။ ဤတြင္ ကြယ္လြန္သူအိမ္ငွါး၏ သားသမီးျဖစ္သူမ်ားကမေက်နပ္၍ တရားရုံးခ်ဳပ္သို႕ စာခၽြန္လႊာတင္သြင္းျခင္းျဖစ္သည္ ။တရားရုံးခ်ဳပ္က ျမိဳ႕ျပဆိုင္ရာငွါးရမ္းခ ၾကီးၾကပ္ေရးအက္ဥပေဒပုဒ္မ ၂ (ဆ) တြင္ အိမ္ငွါး၏ တရားဝင္ကိုယ္စားလွယ္သည္ အိမ္ငွါးဟု အဓိပၸါယ္ဖြင့္ဆိုထားသျဖင့္တရားမက်င့္ထံုးဥပေဒအရ ကြယ္လြန္သူ၏အေမြစားအေမြခံတရားဝင္ကိုယ္စားလွယ္သည္အိမ္ငွါးျဖစ္သည္။ ထို႕ေၾကာင့္ ကြယ္လြန္သူ၏ တရားဝင္ကိုယ္စားလွယ္ျဖစ္သည့္ သားသမီးမ်ားသည္ အိမ္ငွါးအျဖစ္ေနပိုင္ခြင့္ရွိသည္ဟု ဆံုးျဖတ္ကာ ျမိဳ႕ျပဆိုင္ရာငွါးရမ္းခၾကီးၾကပ္ေရးဝန္၏ ေျမရွင္အား အဆိုပါတိုက္ခန္းတြင္ အိမ္ငွါးအျဖစ္ ခ်ထားျခင္းအမိန္႕ကို ပယ္ဖ်က္ေၾကာင္း ဆံုးျဖတ္ခဲ့ပါတယ္ ။ ဒါေၾကာင့္ ယခုကိစၥမွာလည္း ျမန္မာဓေလ့ ထံုးထမ္းဥပေဒအရ ဗုဒၶဘာသာဝင္တို႕၏အေမြဆက္ခံခြင့္နွင့္အညီ ကြယ္လြန္သူအိမ္ငွါး၏ အေမြဆက္ခံသူရွိပါက တရားဝင္ကိုယ္စားလွယ္အေနနဲ႕ အိမ္ငွါးျဖစ္လာမွာျဖစ္ပါတယ္ ”

“ အကယ္၍ ကြယ္လြန္သူ အိမ္ငွါးရဲ႕အေမြဆက္ခံသူမရွိခဲ့ရင္ ဘယ္လို ေဆာင္ရြက္ရမလဲ ”

“ သက္ဆိုင္ရာျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခၾကီးၾကပ္ေရးဝန္ထံ ေျမရွင္ (အိမ္ရွင္) ျဖစ္သူဆရာ ဦးေက်ာ္ဝင္းကို ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခၾကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၂၁ (၄) အရ အဆိုပါ တိုက္ခန္းတြင္ အိမ္ငွါးအျဖစ္ ေနထိုင္ခြင့္ျပဳရန္ ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္ ” ဟု အၾကံျပဳ ေဆြးေႏြးလိုက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)

### Unicode Version ###

“ ဆရာ ဦးကျော်ဝင်း ရောက်နေတာကြာပြီလား ” ဟု စာရေးသူက မိမိ၏ ရုံးခန်းရှေ့တွင် ရောက်နှင့်နေသည့် ဆရာဦးကျော်ဝင်းကို ကြိုဆိုနှုတ်ဆက်လိုက်ခြင်းဖြစ်သည်။ ထို့နောက်စာရေးသူနှင့် ဆရာဦးကျော်ဝင်းတို့သည် စာရေးသူ၏ ရုံးခန်းအတွင်း၌ စကားပြောဖြစ်ကြသည်။ ဆရာဦးကျော်ဝင်းမှာ တက္ကသိုလ်မှကတိကအငြိမ်းစားတစ်ဦးဖြစ်ပြီး မတွေ့ဖြစ်ကြသည်မှာ ကြာပြီဖြစ်သည်။

“ ဒီလိုဆရာသမားရေ ၊ ကျွန်တော့် မိဘပိုင်အဆောက်အအုံတစ်ခုရှိတယ်။မူလက လေးထပ်တိုက်ပေါ့။ တိုက်က ဆွေးနေပြီဆိုတော့ နောက်ဆုံးမှာ အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ခံခဲ့ရတယ် ”

“ အဲဒီအဆောက်အအုံမှာ လက်ရှိနေထိုင်တဲ့လူတွေရှိသေးလား ”

“ မရှိတော့ဘူး။ အဆောက်အအုံကို ဖြိုဖျက်ထားလိုက်ပါပြီ”

“ ဆရာဦးကျော်ဝင်းက အဆောက်အအုံအသစ် ပြန်ဆောက်ဖို့အစီအစဉ်ရှိပါသလား။ ဘယ်လိုစီစဉ်ထားတာရှိသလဲ ”

“ ကိုယ်တိုင်ငွေအရင်းအနှီး စိုက်ထုတ်ပြီးဆောက်ဖို့က အဆင်မပြေဘူး ဆရာ။ ကန်ထရိုက်စနစ်နဲ့ ပြန်ဆောက်ဖို့ အစီအစဉ်လုပ်ခဲ့ပါတယ် ”

“ တိုက်ခန်းမှာ အိမ်ငှါးတွေရှိသေးလား”

“သုံးထပ်နှင့်လေးထပ်မှာရှိတယ်။ သူတို့ကလည်း ငွေကြေးစိုက်ထုတ်ဖို့အစီအစဉ်မရှိဘူး။ ဒါပေမယ့် တိုက်ခန်းတစ်ခန်းစီပြန်ပေးဖို့တောင်းဆိုတယ် ”

“ ဆရာ ဦးကျော်ဝင်းတို့က မောင်နှမဘယ်နှစ်ယောက်ရှိသလဲ ”

“ ကျွန်တော်တို့က မောင်နှမနှစ်ယောက်ရှိတယ်။ ကျွန်တော့်အောက်က ညီမတစ်ယောက်ရှိတယ်”

“ ဒါဆိုရင် အဲဒီမြေကွက်က မိဘတွေအမည်ပေါက်ဆိုတော့ ဆရာဦးကျော်ဝင်းတို့ မောင်နှမနှစ်ဦးလုံးက ပိုင်ရှင်ဖြစ်သွားမှာပေါ့ ”

“ ဟုတ်ပါတယ်ဆရာ။ ညီမဖြစ်သူက ကျွန်တော့ကို ကိုယ်စာလှယ်လွှဲစာ ပေးအပ်ထားပါတယ် ”

“ မြေကွက်နဲ့ ပတ်သက်ပြီး ဆရာတို့မောင်နှမနှစ်ဦးက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ဆောင်ရွက်ပြီးပါပြီလား”

“ ဟုတ်ကဲ့ အမေဆုံးပါးပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်၊ ဂရန်မြေအမည်ပေါက် ရပါပြီ ”

“ ဆရာတို့ မောင်နှမအမည်ပေါက်ဂရန်မြေဖြစ်သွားပြီဆိုရင်တော့ အခက်အခဲမရှိတော့ပါဘူး။ ကန်ထရိုက်နဲ့ ညှိနှိုင်းအဆင်ပြေရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ အင်ဂျင်နီယာဌာနမှာ လျှောက်ထားဖို့ပဲ လိုပါတယ် ”

“ ကန်ထရိုက်နဲ့ညှိလိုက်တော့ ဓာတ်လှေကားပါ ရှစ်ထပ်အဆောက်အအုံဆောက်ဖို့ အဆင်ပြေသွားပါတယ်”

“ အိမ်ငှါးတွေနဲ့ ညှိနှိုင်းတော့ အဆင်ပြေရဲ့လား”

“ ခြောက်လွှာနဲ့ ခုနှစ်လွှာကို ပေးဖို့သဘောတူကြတယ် ”

“ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန (အဆောက်အအုံ) မှာ မြေရှင် ၊ ကန်ထရိုက်တယ် ၊ အိမ်ငှါးများကို ခေါ်ယူပြီး သဘောတူစာချုပ် ချုပ်ဆိုတာရှိပါသေးသလား”

“ ဟုတ်ကဲ့ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူးရှေ့မှာ အခန်းပေး ၊ အခန်းယူ ၊ ငွေပေးငွေယူသဘောတူကတိစာချုပ်ကို မြေရှင်ကန်ထရိုက်တာနဲ့ အိမ်ငှါးနှစ်ဦးတို့ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပါတယ် ”

“ အခု အဆောက်အအုံ စတင်ဆောက်နေပြီပေါ့ ”

“ မဆောက်ဖြစ်သေးဘူးဆရာ ။ မူလအဆောက်အအုံဟောင်းဖြိုပြီးစဉ်က စမယ်ဆိုရင် နှစ်နှစ်ကျော်သုံးနှစ်နီးပါးရှိနေပြီ ” “ ကန်ထရိုက်တာနဲ့ အဆင်မပြေလို့လား ဘာအခက်အခဲရှိနေလို့လဲ ”

“ ဆောက်လုပ်ခွင့်ကတော့ ကျပါပြီ။ မကြာမှီ ပန္နက်ရိုက် စတင်တော့မယ်လို့ ပြောပါတယ် ”

“ ဒါဆိုရင် ၊ စိတ်အေးရပြီပေါ့ဆရာ”

“ အခုကိစ္စက ကန်ထရိုက်တာနဲ့ မဟုတ်ဘူးဆရာ ”

“ အိမ်ငှါးနဲ့ အဆင်မပြေလို့လား။ သူတို့ကို တိုက်ခန်းတစ်ခန်းစီပြန်ပေးမယ်လို့ ကတိပြုလက်မှတ်ရေးထိုးထားပြီပဲလေ ”

“ ခြောက်လွှာတိုက်ခန်းကို အစားရမယ့် အိမ်ငှါးကိစ္စဆရာ။ မူလအိမ်ဟောင်းမှာ လေးလွှာမှာနေတယ်။ အဘိုးကြီးအဘွားကြီး လင်မယားနှစ်ယောက်နေတယ် ။ဆွေမျိုးသားချင်တွေကတော့ ဝင်ထွက်တာရှိတယ်။ သားသမီးမရှိဘူး။ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပြီးနောက်မှာ အဘွားကြီးကွယ်လွန်သွားတယ် ”

“ ဒါဆိုရင် အဘိုးကြီးတစ်ဦးတည်းအနေနဲ့ ကတိစာချုပ် ချုပ်ဆိုခဲ့တာပေါ့ ။အခြားအတူနေသူတွေရှိသေးလား ”

“ အိမ်ထောင်စုစာရင်းထဲမှာတော့ သူတို့နှစ်ဦးပဲရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်က အဘိုးကြီးလည်း ဆုံးပါးသွားတယ်”

“ ဒါဆိုရင် အခန်းလွတ်သဘောဖြစ်သွားတာပေါ့”

“ ဟုတ်ကဲ့ အဲဒီအခန်းကို ကျွန်တော်တို့ အိမ်ရှင် (မြေရှင်) က ရခွင့်ရှိပါသလားဆိုတာ သိချင်လို့”

“ သာမန်အားဖြင့် စဉ်းစားကြည့်ရင် အိမ်ထောင်စုစာရင်းမှာ ရှိသူအားလုံးလည်း ကွယ်လွန်သွားပြီး။ အမွေဆက်ခံသူသားရင်း ၊ သမီးရင်းလည်း မရှိ ။ မကွယ်လွန်မှီကအတူနေသူ အခြားသူတစ်ဦးတစ်ယောက်မျှမရှိတဲ့အတွက် အခန်းလွှတ်သဘောသက်ရောက်သွားပါတယ်။ အမှန်တကယ်ဆက်ခံသူမရှိရင်တော့ မြေရှင် (အိမ်ရှင်) ကအဆိုပါ အခန်းကို ရပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ် ”

“ ဥပဒေအကြောင်းအရ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ရှင်းပြလို့ရရင် ရှင်းပြပေးပါ”

“ ဥပဒေအကြောင်းအရမပြောမှီ ၊ လက်ရှိအခြေအနေကို သက်ဆိုင်ရာမြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံအကြောင်းကြားစာပေးပို့ထားဖို့လိုပါတယ်။ ကွယ်လွန်သူအိမ်ငှါးဘက်ကလည်း တောင်းဆိုထားမှုတင်ပြထားမှု ရှိ မရှိ စုံစမ်းဖို့တော့လိုပါတယ် ”

“ တစ်ဖက်က သားသမီးအရင်းလည်းမရှိ ။ အတူနေသူလည်း မရှိတော့ ကန့်ကွက်မယ် မထင်ပါဘူး ”

“ တိုတိုနဲ့ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်စန်းမြင့်ပါ (၄) နှင့် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၅၈ စာချွန်တော်အမှုမှာ အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်၍ မူလတိုက်ဟောင်းကို ဖျက်သိမ်းပြီး တိုက်အသစ်ဆောက်ရာခြောက်ထပ်အဆောက်အအုံသစ်တွင် ပထမထပ်အခန်းကို လက်ရှိနေထိုင်သူအားပြန်လည်ထားရှိရန် ကန်ထရိုက် ၊ မြေရှင် ၊ အိမ်ငှါးဖြစ်သူတို့သဘောတူကတိစာချုပ် ချုပ်ဆိုခဲ့သည်။ ထို့နောက် အိမ်ငှါးကွယ်လွန်သွားသဖြင့် မြေရှင်က မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးဝန်ထံ အဆိုပါတိုက်ခန်းကို ၎င်းအားအိမ်ငှါးအဖြစ် ပြန်လည်ချထားပေးရန် မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးဥပဒေ ပုဒါမ ၂၁ (၄) အရ လျှောက်ထားရာခွင့်ပြုခဲ့သည်။ ဤတွင် ကွယ်လွန်သူအိမ်ငှါး၏ သားသမီးဖြစ်သူများကမကျေနပ်၍ တရားရုံးချုပ်သို့ စာချွန်လွှာတင်သွင်းခြင်းဖြစ်သည် ။တရားရုံးချုပ်က မြို့ပြဆိုင်ရာငှါးရမ်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၂ (ဆ) တွင် အိမ်ငှါး၏ တရားဝင်ကိုယ်စားလှယ်သည် အိမ်ငှါးဟု အဓိပ္ပါယ်ဖွင့်ဆိုထားသဖြင့်တရားမကျင့်ထုံးဥပဒေအရ ကွယ်လွန်သူ၏အမွေစားအမွေခံတရားဝင်ကိုယ်စားလှယ်သည်အိမ်ငှါးဖြစ်သည်။ ထို့ကြောင့် ကွယ်လွန်သူ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သည့် သားသမီးများသည် အိမ်ငှါးအဖြစ်နေပိုင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ကာ မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးဝန်၏ မြေရှင်အား အဆိုပါတိုက်ခန်းတွင် အိမ်ငှါးအဖြစ် ချထားခြင်းအမိန့်ကို ပယ်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါကြောင့် ယခုကိစ္စမှာလည်း မြန်မာဓလေ့ ထုံးထမ်းဥပဒေအရ ဗုဒ္ဓဘာသာဝင်တို့၏အမွေဆက်ခံခွင့်နှင့်အညီ ကွယ်လွန်သူအိမ်ငှါး၏ အမွေဆက်ခံသူရှိပါက တရားဝင်ကိုယ်စားလှယ်အနေနဲ့ အိမ်ငှါးဖြစ်လာမှာဖြစ်ပါတယ် ”

“ အကယ်၍ ကွယ်လွန်သူ အိမ်ငှါးရဲ့အမွေဆက်ခံသူမရှိခဲ့ရင် ဘယ်လို ဆောင်ရွက်ရမလဲ ”

“ သက်ဆိုင်ရာမြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးဝန်ထံ မြေရှင် (အိမ်ရှင်) ဖြစ်သူဆရာ ဦးကျော်ဝင်းကို မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၂၁ (၄) အရ အဆိုပါ တိုက်ခန်းတွင် အိမ်ငှါးအဖြစ် နေထိုင်ခွင့်ပြုရန် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ် ” ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
kalaw-garden-valley
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service