ရန္ကုန္တုိင္းေဒသႀကီး အစုိးရမွ စီမံခန္႔ခြဲသည့္ ေျမကြက္မ်ားကို ၀ယ္မည္ဆုိလွ်င္

ရန္ကုန္တုိင္းေဒသႀကီး အစုိးရမွ စီမံခန္႔ခြဲသည့္ ေျမကြက္မ်ားကို ၀ယ္မည္ဆုိလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
23 Oct 2019 1:35 pm တွင် တင်ခဲ့သည်
23092 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

႐ုံးအားရက္ျဖစ္၍ စာေရးသူသည္ ေနထုိင္ရာအိမ္၏ လမ္းထိပ္ရွိ လက္ဖက္ရည္ဆုိင္တြင္ လက္ဖက္ရည္ ေသာက္ေနသည္။ စိတ္ဖိစီးမႈမ်ား ကုိ ေလွ်ာ့၍ စိတ္ေပါ့ပါးစြာထုိင္ေနျခင္း ျဖစ္သည္။ ထုိစဥ္ -

“ဆရာ တစ္ေယာက္တည္းလား၊ ဇနီးမပါဘူးလား”ဟု ေမးသံၾကားသျဖင့္ ေမးၾကည့္လုိက္သည္။

စာေရးသူတုိ႔ ဇနီးေမာင္ႏွံမွာ လက္ဖက္ရည္ဆုိင္တြင္ အၿမဲထုိင္ေလ့ရွိသည္ကို သိထားသည့္သူတစ္ဦးျဖစ္ ေပမည္။

“ဟုတ္ကဲ့၊ ဇနီးသည္ ဗုဒၶဘာသာ နိကာယ္သင္တန္းသြားပါတယ္”

“ေအးခ်မ္းတယ္ ဆရာ။ ကၽြန္ေတာ္တုိ႔ေတာ့ ေျမကြက္ေလးပိုင္မလားဆုိၿပီး ေလွ်ာက္လႊာသြားယူတာ အဆင္မ ေျပခဲ့ပါဘူး”

“ရန္ကုန္အေရွ႕ပုိင္း အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွာသြား၀ယ္ရတာလုိ႔ သိရတယ္”

“ဟုတ္တယ္ ဆရာ၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ ျဗဟ္ၼစုိရ္လမ္းနဲ႔ သီလလမ္းေထာင့္မွာရွိတဲ့ အေရွ႕ပုိင္း ခ႐ုိင္စုေပါင္း ႐ုံးမွာ ဆရာ၊ ညအိပ္တန္းစီေစာင့္သူေတြရွိတယ္”

“ေလွ်ာက္လႊာတစ္ေစာင္ကို ေငြက်ပ္တစ္ေသာင္းနဲ႔၀ယ္ရတာ မဟုတ္လား”

“ဟုတ္ပါတယ္ ဆရာ၊ ေအာက္တုိဘာ ၇ ရက္ေန႔ကစၿပီး ေရာင္းတာပါ။ နံနက္ ၉ နာရီမွ ညေန ၃ နာရီ အထိ ေရာင္းေပးေတာ့အခ်ိန္နည္းသလားလုိ႔”

“ကၽြန္ေတာ့္ယူဆခ်က္ကေတာ့ အေရွ႕ပုိင္းခ႐ုိင္အတြင္းက ၿမိဳ႕နယ္ေတြအတြက္ အေရွ႕ပုိင္းခ႐ုိင္မွာ ေလွ်ာက္လႊာ ေရာင္းၿပီး ေရႊျပည္သာ၊ လႈိင္သာယာ၊ ေမွာ္ဘီၿမိဳ႕နယ္အတြက္ သက္ဆုိင္ရာ ေျမာက္ပုိင္းခ႐ုိင္႐ုံးမွာ ေဆာင္ရြက္ ေပးရင္ ပိုၿပီးအဆင္ေျပမယ္ထင္တယ္။ ႏုိ၀င္ဘာလ ၈ ရက္ေန႔ ေနာက္ဆုံးထားၿပီး ေလွ်ာက္လႊာတင္ရမယ္ဆုိ ေတာ့ တစ္လထိ အခ်ိန္ရတယ္ မဟုတ္လား”

“ေလွ်ာက္လႊာ ေရာင္းမွာကေတာ့ ေအာက္တုိဘာလ ၂၁ ရက္ေန႔ ေနာက္ဆုံးလုိ႔ အခုေလာေလာဆယ္သတ္ မွတ္ထားပါတယ္။ ေနာက္ မွ ရက္တုိးေပးမလား မသိဘူး ဆရာ”

“စက္မႈဇုန္အတြင္းကေတာ့ ေမွာ္ဘီၿမိဳ႕နယ္ ေျမာင္းတကာ စက္မႈဇုန္မွာ ခ်ေပးမွာျဖစ္တယ္လုိ႔ သိရတယ္။ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီအတြင္းေရးမွဴးေျပာစကားအရေတာ့၊ ပထမအဆင့္အေနနဲ႔ လႈိင္ သာယာၿမိဳ႕နယ္၊ ေရႊျပည္သာၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္မွာ ေျမကြက္ေပါင္း ၅၀၀ ေက်ာ္ ၆၀၀ ထိ ခ်ေပး မယ္လုိ႔ သိရတယ္။ ဒုတိယအဆင့္အေနနဲ႔ စက္႐ုံလုပ္ငန္းလုပ္ရန္အတြက္ ရည္ရြယ္ၿပီး ေမွာ္ဘီၿမိဳ႕နယ္ ေျမာင္း တကာမွာ စက္မႈဇုန္ေျမကြက္ ၁၈၀ ေက်ာ္ခ်ေပးမယ္လုိ႔ သိရတယ္။ တတိယအဆင့္မွာေတာ့ ဒဂုံၿမိဳ႕သစ္ အေရွ႕ ပုိင္းနဲ႔ ဒဂုံဆိပ္ကမ္းၿမိဳ႕ နယ္တုိ႔မွာ စုိက္ပ်ဳိးေရးဇုန္မ်ားအျဖစ္ ေျမကြက္မ်ား ေရာင္းခ်ေပးမယ္လုိ႔ သိရတယ္”

“ေပ ၄၀ x ေပ ၆၀၊ ေပ ၆၀ ပတ္လည္နဲ႔ ေပ ၆၀ x ေပ ၈၀၊ ေပ ၁၀၀ ပတ္လည္ ေျမကြက္ေတြပါတယ္လုိ႔ သိရတယ္ ဆရာ”

“ေျမကြက္တန္ဖုိးကို ၾကမ္းခမ္းေစ်းသတ္မွတ္ေပးမယ္ဆုိေပမယ့္ အတိအက်ေတာ့ မထြက္ေသးဘူး”

“ဟုတ္ကဲ့ ဆရာ၊ ကၽြန္ေတာ္ ၾကားသိတာကေတာ့ ေငြက်ပ္သိန္း ၆၀ တန္ဖုိး အနည္းဆုံးျဖစ္တယ္လုိ႔ ၾကားသိ ထားတယ္”

“ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖဲြ႕က တန္ဖုိးစိစစ္ေရးအဖဲြ႕ရဲ႕ သတ္မွတ္ေစ်းေပၚ အေျချပဳသတ္မွတ္ေပး မယ္လုိ႔ သိရတယ္”

“ေလွ်ာက္လႊာမွာ ၀ယ္သူက ေပးႏုိင္တဲ့ေငြေၾကး ေဖာ္ျပရမယ္လုိ႔ဆုိတာ ဟုတ္သလား ဆရာ။ ၿပီးေတာ့ အ ေဆာက္အအုံ ေဆာက္လုပ္ ရင္ ကုန္က်မယ့္ ကုန္က်စရိတ္ အၾကမ္းဖ်င္းေဖာ္ျပရမယ္လုိ႔ သိရတယ္”

“မွန္ပါတယ္။ ေျမကြက္ေလွ်ာက္ထားသူေတြ လုိက္နာရမယ့္ အခ်က္ ၁၃ ခ်က္ သတ္မွတ္ထားပါတယ္”

“ဆရာသိရင္ ရွင္းျပေပးပါလား ဆရာ”

မိတ္ေဆြျဖစ္သူ၏ စကားေၾကာင့္ စာေရးသူ သိထားေသာ စည္းကမ္းခ်က္ ၁၃ ခ်က္ကုိ ႏႈတ္အားျဖင့္ အက်ဥ္း ခ်ဳပ္ရွင္းျပလုိက္ပါသည္။ ဤတြင္ စာဖတ္သူမ်ားသိရွိရန္အတြက္ ေအာက္ပါအတုိင္း ေဖာ္ျပေပးလိုက္ပါသည္။

“ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႕မွ စီမံခန္႔ခဲြပုိင္ခြင့္ရွိေသာ ေျမ မ်ား၊ စီမံခန္႔ခြဲမႈ ေကာ္မတီမွ စီမံမည့္ ေျမမ်ားႏွင့္စပ္လ်ဥ္း၍ သိရွိလုိက္နာရမည့္ အခ်က္မ်ား”

(၁) ေလွ်ာက္ထားသူသည္ ေလွ်ာက္လႊာေပၚတြင္ ေဆာင္ရြက္လုိသည့္ လုပ္ငန္းဖာ္ျပရမည္။

(၂) အသုံးျပဳခြင့္ ေလွ်ာက္ထားရန္အတြက္ ေငြေၾကးအေထာက္အထား တင္ျပရမည္။

(၃) စီးပြားေရးလုပ္ငန္း၊ စက္မႈလုပ္ငန္းေဆာင္ရြက္မည့္ ေျမမ်ားအတြက္ (အိမ္ေျမမပါ) တည္ေဆာက္ေရး အဆုိျပဳလႊာ အသုံးျပဳမည့္ေငြေၾကး၊ လုပ္ငန္းခန္႔မွန္းပမာဏ အခ်ိန္ကာလ စသည့္အခ်က္အလက္မ်ား ေဖာ္ျပရ မည္။

(၄) ေနအိမ္ေျမကြက္အတြက္ ေဆာက္လုပ္မည့္ အစီအစဥ္အသုံးျပဳ ေငြေၾကး အစရွိသည္တုိ႔ တင္ျပရမည္။

(၅) ေျမအသုံးျပဳရန္ ခြင့္ျပဳေၾကာင္း ေျမစီမံခန္႔ခြဲေရးေကာ္မတီမွ အေၾကာင္းၾကားသည့္ေန႔မွစ၍ ေျခာက္လအ တြင္း ေျမစည္ပင္စရိတ္ေငြကို တစ္ႀကိမ္တည္း အေၾကေပးသြင္းရမည္။

(၆) ေျမအသုံးျပဳ ခြင့္ျပဳမိိန္႔ရရွိၿပီး ေျခာက္လအတြင္း လုပ္ငန္းစတင္အ ေကာင္အထည္ေဖာ္ ေဆာင္ရြက္ရ မည္။ (အပုိဒ္ - ၃ ႏွင့္ ၄ အတုိင္း အေျခခံ ေဆာင္ရြက္ရမည္။)

(၇) အသုံးျပဳခြင့္ရရွိထားေသာ ေျမမ်ားအား သုံးႏွစ္အတြင္း ျပန္လည္ ေရာင္းျခင္းမျပဳရ။

(၈) အသုံးျပဳခြင့္ရရွိထားေသာ ေျမအေပၚ ေဆာက္လုပ္မည့္ အေဆာက္အအုံသည္ သက္ဆုိင္ရာဌာနမ်ားက သတ္မွတ္ထားသည့္ စည္းကမ္းမ်ားအတုိင္း ေဆာက္လုပ္ရမည္။

(၉) ေျမအသုံးျပဳခြင့္ရရွိသူသည္ ၎ရရွိထားေသာ ေျမေနရာတြင္ ေျခာက္လအတြင္း စတင္ေဆာက္လုပ္၍ အေဆာက္အအုံၿပီးစီးပါက ေျမငွားစာခ်ဳပ္ (ဂရန္)ရရွိေရး ေဆာင္ရြက္ေပးမည္ျဖစ္ပါသည္။

(၁၀) အသုံးျပဳခြင့္ရရွိေသာ ေျမမ်ားကုိ ေလွ်ာက္ထားသူအမည္ျဖင့္သာ ထားရွိရမည္ျဖစ္ၿပီး သုံးႏွစ္အတြင္း အမည္ေျပာင္းခြင့္ျပဳမည္မဟုတ္ပါ။

(၁၁) ေျမေနရာတစ္ေနရာေပၚတြင္ အၿပိဳင္ေလွ်ာက္ထားမႈရွိေနခဲ့လွ်င္ ေျမစီမံခန္႔ခြဲမႈေကာ္မတီသည္ ေလွ်ာက္ ထားသူမ်ား၏ အဆုိျပဳတင္ျပခ်က္မ်ားကို စိစစ္ၿပီး အသင့္ေလ်ာ္ဆုံးေလွ်ာက္ထားတင္ျပသူ တစ္ဦးအား ေရြးခ်ယ ခြင့္ျပဳသြားမည္။

(၁၂) စီးပြားေရးေဆာင္ရြက္မည့္ ဧကက်ယ္ေျမေနရာမ်ားႏွင့္ စပ္လ်ဥ္း၍လည္းေကာင္း၊ အိမ္ေျမကြက္ႏွင့္ စပ္ လ်ဥ္း၍လည္းေကာင္း၊ အျခားလုပ္ငန္းမ်ား ေျမေနရာႏွင့္ စပ္လ်ဥ္း၍လည္းေကာင္း၊ ေျမအသုံးျပဳခြင့္ ေျမငွားစာ ခ်ဳပ္ (ဂရန္) အစရွိသည္တုိ႔ ထုတ္ေပးျခင္းကို တုိင္းေဒသႀကီး အစုိးရအဖြဲ႕၏ စီမံမႈျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၏ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မ တီမွ ေဆာင္ရြက္ေပးမည္။

(၁၃) ေျမအသုံးျပဳခြင့္ရရွိသူမ်ားသည္ သတ္မွတ္ထားေသာ စည္းကမ္းမ်ားကို လုိက္နာရန္ပ်က္ကြက္ပါက ခြင့္ျပဳ ထားသည့္ေျမကိုလည္းေကာင္း၊ ေျမေပၚရွိ အေဆာက္အအုံကိုလည္းေကာင္း၊ တုိင္းေဒသႀကီး အစုိးရအဖဲြ႕က ျပန္လည္သိမ္းယူမည္ျဖစ္ပါသည္။ ေပးသြင္းေငြမ်ားကုိ ျပန္လည္ထုတ္ေပးမည္ မဟုတ္ပါ။

သိရွိလုိက္နာေဆာင္ရြက္မည္ျဖစ္ေၾကာင္း ၀န္ခံကတိျပဳပါသည္။

လက္မွတ္

ေလွ်ာက္ထားသူအမည္

မွတ္ပုံတင္အမွတ္

ဆက္သြယ္ရန္ဖုန္းအမွတ္

ေနရပ္လိပ္စာ

“ဆရာရွင္းျပလုိ႔ နားလည္ သေဘာေပါက္သြားပါၿပီ”ဟု မိတ္ေဆြက ႏႈတ္ဆက္ၿပီး စာေရးသူ၏ လက္ဖက္ရည္ ဖုိးကုိ ရွင္းသြားပါသည္။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

### Unicode Version ###

ရုံးအားရက်ဖြစ်၍ စာရေးသူသည် နေထိုင်ရာအိမ်၏ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက်နေသည်။ စိတ်ဖိစီးမှုများ ကို လျှော့၍ စိတ်ပေါ့ပါးစွာထိုင်နေခြင်း ဖြစ်သည်။ ထိုစဉ် -

“ဆရာ တစ်ယောက်တည်းလား၊ ဇနီးမပါဘူးလား”ဟု မေးသံကြားသဖြင့် မေးကြည့်လိုက်သည်။

စာရေးသူတို့ ဇနီးမောင်နှံမှာ လက်ဖက်ရည်ဆိုင်တွင် အမြဲထိုင်လေ့ရှိသည်ကို သိထားသည့်သူတစ်ဦးဖြစ် ပေမည်။

“ဟုတ်ကဲ့၊ ဇနီးသည် ဗုဒ္ဓဘာသာ နိကာယ်သင်တန်းသွားပါတယ်”

“အေးချမ်းတယ် ဆရာ။ ကျွန်တော်တို့တော့ မြေကွက်လေးပိုင်မလားဆိုပြီး လျှောက်လွှာသွားယူတာ အဆင်မ ပြေခဲ့ပါဘူး”

“ရန်ကုန်အရှေ့ပိုင်း အုပ်ချုပ်ရေးမှူးရုံးမှာသွားဝယ်ရတာလို့ သိရတယ်”

“ဟုတ်တယ် ဆရာ၊ တောင်ဥက္ကလာပမြို့နယ် ဗြဟ်္မစိုရ်လမ်းနဲ့ သီလလမ်းထောင့်မှာရှိတဲ့ အရှေ့ပိုင်း ခရိုင်စုပေါင်း ရုံးမှာ ဆရာ၊ ညအိပ်တန်းစီစောင့်သူတွေရှိတယ်”

“လျှောက်လွှာတစ်စောင်ကို ငွေကျပ်တစ်သောင်းနဲ့ဝယ်ရတာ မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ၊ အောက်တိုဘာ ၇ ရက်နေ့ကစပြီး ရောင်းတာပါ။ နံနက် ၉ နာရီမှ ညနေ ၃ နာရီ အထိ ရောင်းပေးတော့အချိန်နည်းသလားလို့”

“ကျွန်တော့်ယူဆချက်ကတော့ အရှေ့ပိုင်းခရိုင်အတွင်းက မြို့နယ်တွေအတွက် အရှေ့ပိုင်းခရိုင်မှာ လျှောက်လွှာ ရောင်းပြီး ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီမြို့နယ်အတွက် သက်ဆိုင်ရာ မြောက်ပိုင်းခရိုင်ရုံးမှာ ဆောင်ရွက် ပေးရင် ပိုပြီးအဆင်ပြေမယ်ထင်တယ်။ နိုဝင်ဘာလ ၈ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာတင်ရမယ်ဆို တော့ တစ်လထိ အချိန်ရတယ် မဟုတ်လား”

“လျှောက်လွှာ ရောင်းမှာကတော့ အောက်တိုဘာလ ၂၁ ရက်နေ့ နောက်ဆုံးလို့ အခုလောလောဆယ်သတ် မှတ်ထားပါတယ်။ နောက် မှ ရက်တိုးပေးမလား မသိဘူး ဆရာ”

“စက်မှုဇုန်အတွင်းကတော့ မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်မှာ ချပေးမှာဖြစ်တယ်လို့ သိရတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူးပြောစကားအရတော့၊ ပထမအဆင့်အနေနဲ့ လှိုင် သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်လေးမြို့နယ်မှာ မြေကွက်ပေါင်း ၅၀၀ ကျော် ၆၀၀ ထိ ချပေး မယ်လို့ သိရတယ်။ ဒုတိယအဆင့်အနေနဲ့ စက်ရုံလုပ်ငန်းလုပ်ရန်အတွက် ရည်ရွယ်ပြီး မှော်ဘီမြို့နယ် မြောင်း တကာမှာ စက်မှုဇုန်မြေကွက် ၁၈၀ ကျော်ချပေးမယ်လို့ သိရတယ်။ တတိယအဆင့်မှာတော့ ဒဂုံမြို့သစ် အရှေ့ ပိုင်းနဲ့ ဒဂုံဆိပ်ကမ်းမြို့ နယ်တို့မှာ စိုက်ပျိုးရေးဇုန်များအဖြစ် မြေကွက်များ ရောင်းချပေးမယ်လို့ သိရတယ်”

“ပေ ၄၀ x ပေ ၆၀၊ ပေ ၆၀ ပတ်လည်နဲ့ ပေ ၆၀ x ပေ ၈၀၊ ပေ ၁၀၀ ပတ်လည် မြေကွက်တွေပါတယ်လို့ သိရတယ် ဆရာ”

“မြေကွက်တန်ဖိုးကို ကြမ်းခမ်းဈေးသတ်မှတ်ပေးမယ်ဆိုပေမယ့် အတိအကျတော့ မထွက်သေးဘူး”

“ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် ကြားသိတာကတော့ ငွေကျပ်သိန်း ၆၀ တန်ဖိုး အနည်းဆုံးဖြစ်တယ်လို့ ကြားသိ ထားတယ်”

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တန်ဖိုးစိစစ်ရေးအဖွဲ့ရဲ့ သတ်မှတ်ဈေးပေါ် အခြေပြုသတ်မှတ်ပေး မယ်လို့ သိရတယ်”

“လျှောက်လွှာမှာ ဝယ်သူက ပေးနိုင်တဲ့ငွေကြေး ဖော်ပြရမယ်လို့ဆိုတာ ဟုတ်သလား ဆရာ။ ပြီးတော့ အ ဆောက်အအုံ ဆောက်လုပ် ရင် ကုန်ကျမယ့် ကုန်ကျစရိတ် အကြမ်းဖျင်းဖော်ပြရမယ်လို့ သိရတယ်”

“မှန်ပါတယ်။ မြေကွက်လျှောက်ထားသူတွေ လိုက်နာရမယ့် အချက် ၁၃ ချက် သတ်မှတ်ထားပါတယ်”

“ဆရာသိရင် ရှင်းပြပေးပါလား ဆရာ”

မိတ်ဆွေဖြစ်သူ၏ စကားကြောင့် စာရေးသူ သိထားသော စည်းကမ်းချက် ၁၃ ချက်ကို နှုတ်အားဖြင့် အကျဉ်း ချုပ်ရှင်းပြလိုက်ပါသည်။ ဤတွင် စာဖတ်သူများသိရှိရန်အတွက် အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါသည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ များ၊ စီမံခန့်ခွဲမှု ကော်မတီမှ စီမံမည့် မြေများ နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့် အချက်များ”

(၁) လျှောက်ထားသူသည် လျှောက်လွှာပေါ်တွင် ဆောင်ရွက်လိုသည့် လုပ်ငန်းဖာ်ပြရမည်။

(၂) အသုံးပြုခွင့် လျှောက်ထားရန်အတွက် ငွေကြေးအထောက်အထား တင်ပြရမည်။

(၃) စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းဆောင်ရွက်မည့် မြေများအတွက် (အိမ်မြေမပါ) တည်ဆောက်ရေး အဆိုပြုလွှာ အသုံးပြုမည့်ငွေကြေး၊ လုပ်ငန်းခန့်မှန်းပမာဏ အချိန်ကာလ စသည့်အချက်အလက်များ ဖော်ပြရ မည်။

(၄) နေအိမ်မြေကွက်အတွက် ဆောက်လုပ်မည့် အစီအစဉ်အသုံးပြု ငွေကြေး အစရှိသည်တို့ တင်ပြရမည်။

(၅) မြေအသုံးပြုရန် ခွင့်ပြုကြောင်း မြေစီမံခန့်ခွဲရေးကော်မတီမှ အကြောင်းကြားသည့်နေ့မှစ၍ ခြောက်လအ တွင်း မြေစည်ပင်စရိတ်ငွေကို တစ်ကြိမ်တည်း အကြေပေးသွင်းရမည်။

(၆) မြေအသုံးပြု ခွင့်ပြုမိန့်ရရှိပြီး ခြောက်လအတွင်း လုပ်ငန်းစတင်အ ကောင်အထည်ဖော် ဆောင်ရွက်ရ မည်။ (အပိုဒ် - ၃ နှင့် ၄ အတိုင်း အခြေခံ ဆောင်ရွက်ရမည်။)

(၇) အသုံးပြုခွင့်ရရှိထားသော မြေများအား သုံးနှစ်အတွင်း ပြန်လည် ရောင်းခြင်းမပြုရ။

(၈) အသုံးပြုခွင့်ရရှိထားသော မြေအပေါ် ဆောက်လုပ်မည့် အဆောက်အအုံသည် သက်ဆိုင်ရာဌာနများက သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း ဆောက်လုပ်ရမည်။

(၉) မြေအသုံးပြုခွင့်ရရှိသူသည် ၎င်းရရှိထားသော မြေနေရာတွင် ခြောက်လအတွင်း စတင်ဆောက်လုပ်၍ အဆောက်အအုံပြီးစီးပါက မြေငှားစာချုပ် (ဂရန်) ရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

(၁၀) အသုံးပြုခွင့်ရရှိသော မြေများကို လျှောက်ထားသူအမည်ဖြင့်သာ ထားရှိရမည်ဖြစ်ပြီး သုံးနှစ်အတွင်း အမည်ပြောင်းခွင့်ပြုမည် မဟုတ်ပါ။

(၁၁) မြေနေရာတစ်နေရာပေါ်တွင် အပြိုင်လျှောက်ထားမှုရှိနေခဲ့လျှင် မြေစီမံခန့်ခွဲမှုကော်မတီသည် လျှောက် ထားသူများ၏ အဆိုပြုတင်ပြချက်များကို စိစစ်ပြီး အသင့်လျော်ဆုံးလျှောက်ထားတင်ပြသူ တစ်ဦးအား ရွေးချယ ခွင့်ပြုသွားမည်။

(၁၂) စီးပွားရေးဆောင်ရွက်မည့် ဧကကျယ်မြေနေရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အိမ်မြေကွက်နှင့် စပ် လျဉ်း၍လည်းကောင်း၊ အခြားလုပ်ငန်းများ မြေနေရာနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြေအသုံးပြုခွင့် မြေငှားစာ ချုပ် (ဂရန်) အစရှိသည်တို့ ထုတ်ပေးခြင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မ တီမှ ဆောင်ရွက်ပေးမည်။

(၁၃) မြေအသုံးပြုခွင့်ရရှိသူများသည် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရန်ပျက်ကွက်ပါက ခွင့်ပြု ထားသည့်မြေကိုလည်းကောင်း၊ မြေပေါ်ရှိ အဆောက်အအုံကိုလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်သိမ်းယူမည်ဖြစ်ပါသည်။ ပေးသွင်းငွေများကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။

သိရှိလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

လက်မှတ်

လျှောက်ထားသူအမည်

မှတ်ပုံတင်အမှတ်

ဆက်သွယ်ရန်ဖုန်းအမှတ်

နေရပ်လိပ်စာ

“ဆရာရှင်းပြလို့ နားလည် သဘောပေါက်သွားပါပြီ”ဟု မိတ်ဆွေက နှုတ်ဆက်ပြီး စာရေးသူ၏ လက်ဖက်ရည် ဖိုးကို ရှင်းသွားပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
mya-villa
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service