ဆင္မင္းေဈး၏တစ္ႏွစ္ ဝင္ေငြသည္ ၂၂၈ သိန္းသာရရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ေျပာ

ဆင္မင္းေဈး၏တစ္ႏွစ္ ဝင္ေငြသည္ ၂၂၈ သိန္းသာရရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ေျပာ - Property News in Myanmar from iMyanmarHouse.com
10 Oct 2019 1:33 pm တွင် တင်ခဲ့သည်
1361 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဆင္မင္းေဈး၏ တစ္ႏွစ္ဝင္ေငြသည္ ၂၂၈ သိန္းသာရရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးက ရန္ကုန္တိုင္းလႊတ္ေတာ္တြင္ေျပာၾကားသည္။

၂၀၁၉ ေအာက္တိုဘာ ၉ ရက္က အလုံၿမိဳ႕နယ္ ၊ မဲဆႏၵနယ္အမွတ္(၂) တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚႏြယ္ႏြယ္ဝင္းက ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဒသမပုံမွန္အစည္းအေဝး (၁၅) ရက္ေျမာက္ေန႔၌ လႊတ္ေတာ္တြင္ “အလုံၿမိဳ႕နယ္၊ ဆင္မင္းရပ္ကြက္ရွိ သိပၸံေဈး (သို႔) ဆင္မင္းေဈးအတြင္း ေလေကာင္းေလသန္႔၊ ေရေကာင္းေရသန္႔ရရွိေရးႏွင့္ ေဈးအတြင္း သန္႔ရွင္းေရး ပုံမွန္ေဆာင္ရြက္နိုင္ေရးအတြက္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေဈးမ်ားဌာနမွ ေဆာင္ရြက္ေပးရန္ အစီအစဥ္ရွိ/မရွိ၊ အစီအစဥ္ ရွိ ပါက မည္သည့္ဘ႑ာေရးႏွစ္တြင္ ေဆာင္ရြက္ေပးမည္နည္း၊ အစီအစဥ္မရွိပါက မည္သည့္အတြက္ေၾကာင့္ျဖစ္ သည္”ကို ေမးျမန္းထားရာတြင္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးက အထက္ပါအတိုင္းေျဖၾကားခဲ့ျခင္း ျဖစ္ သည္။

ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးက ေျပာထားရာတြင္ သိပၸံေဈးအား ျပန္လည္တည္ေဆာက္ရန္ ေဈးသူေဈးသားမ်ားႏွင့္ ညႇိႏွိုင္းစဥ္ကပင္ မူလေဈးေဟာင္းရွိ ေဈးဆိုင္ခန္းမ်ား၏ အက်ယ္အဝန္းႏွင့္ ေနရာအ တိုင္း ျပန္လည္ခ်ထားေပးရန္ သေဘာတူညီခ်က္အရ ေနကမၻာျမန္မာေဆာက္လုပ္ေရး ကုမၸဏီလီမိတက္ႏွင့္ အက်ိဳးတူပူးေပါင္း၍ (၈)ထပ္ အေဆာက္အဦကို ၂၀၁၂ ခုႏွစ္ ဩဂုတ္ ၅ ရက္ကစတင္တည္ေဆာက္ကာ ၂၀၁၅ ေဖေဖၚဝါရီ ၄ ရက္ေန႔တြင္ၿပီးစီးခဲ့ေၾကာင္း၊သေဘာတူညီခ်က္အရ မူလဆိုင္ခန္း (၇၂၇)ခန္းကို ေျမညီထပ္တြင္ ယခင္အတိုင္းခ်ထားေပးခဲ့ပါေၾကာင္းေျပာသည္။

မူလေဈးေဟာင္းတြင္ ေဈး႐ုံဧရိယာ ေပ (၂၄၀ x ၁၆၀ ) (၃၈၄၀၀)စတုရန္းေပ ရွိၿပီး အဆင့္ျမင့္ ျပန္လည္ တည္ေဆာက္သည့္အခါ ၿခံစည္းရိုးႏွင့္ ေဈး႐ုံၾကားဧရိယာအပါအဝင္ အေဆာက္အဦကို ေပ (၃၀၀ x ၁၄၄)ေပ၊ (၄၃၂၀၀)စတုရန္းေပတြင္ ျပန္လည္တည္ေဆာက္ခဲ့ေၾကာင္းေျပာသည္။

ေလေကာင္းေလသန္႔ႏွင့္ပတ္သက္ၿပီး ၿမိဳ႕ေတာ္ဝန္က ယင္းဧရိယာ၌ တိုင္လုံးႀကီးမ်ား၊ ယာဥ္တက္/ဆင္း လမ္းမ်ား ပါဝင္မႈေၾကာင့္ ေဈးသစ္တည္ေဆာက္ၿပီး သည့္အခါ မူလေဈးဆိုင္ခန္းမ်ား အားလုံးကို ျပန္လည္ေနရာ ခ်ထားရာတြင္ ေဈး႐ုံအတြင္း အလ်ားလိုက္လမ္း(၄) လမ္း၊ လမ္းအက်ယ္ (၄) ေပ မွ (၆) ေပ၊ကန႔္လန႔္ျဖတ္ လမ္း (၁၃)လမ္း လမ္းအက်ယ္ (၃)ေပမွ (၆)ေပထိရရွိသျဖင့္ ေဈး႐ုံအတြင္း လမ္းအေနအထား အနည္းငယ္က်ဥ္း၍ ဆိုင္ခန္းမ်ားအတြက္ ေလေကာင္းေလသန႔္ရရွိမႈ အား နည္းပါေၾကာင္းရွင္းျပသည္။ ေဈးအတြင္း ေလဝင္ေလထြက္ေကာင္းမြန္ေစရန္ စီမံေဆာင္ရြက္မႈႏွင့္ ပတ္သက္ၿပီး သား/ငါးတန္း၌ Exhaust Fan (၁)လုံး တပ္ဆင္ထားၿပီး ေလကာမွန္မ်ားေနရာတြင္ သံဇကာတပ္ဆင္ရန္ ႏွင့္ စားေသာက္တန္းႏွင့္ ကုန္ေျခာက္တန္း ဆိုင္ခန္းေနရာတြင္ Exhaust fan မ်ား ထပ္မံတပ္ဆင္ရန္ ေဆာင္ရြက္လ်က္ရွိၿပီး သိပၸံေဈးသစ္ တည္ေဆာက္သည့္ေနကမၻာ ျမန္မာေဆာက္လုပ္ေရးကုမၸဏီလီမိတက္ႏွင့္ ညႇိႏွိုင္း၍ ပညာရွင္မ်ားႏွင့္တိုင္ပင္ကာ ေလေကာင္းေလသန႔္ရရွိေရး ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းေျပာသည္။

ေရေကာင္းေရသန္႔ရရွိေရးႏွင့္ ေဈးအတြင္း သန္႔ရွင္းေရး ေဆာင္ရြက္ထားမႈႏွင့္ပတ္သက္ၿပီး သိပၸံေဈး (ဆင္မင္းေဈး)တည္ရွိရာ ၿမိဳ႕နယ္တစ္ခုလုံးတြင္ ေျမေအာက္ေရမ်ား၌ ေရငန္ဓာတ္မ်ားထြက္ရွိ၍ သုံးစြဲရန္ မသင့္ ေလ်ာ္သျဖင့္ ဂ်ိဳးျဖဴပိုက္လိုင္းမွ ေရအျပည့္အဝရရွိေရး ေဆာင္ရြက္လ်က္ရွိၿပီး ေဈးအတြင္းသန႔္ရွင္းေရး သပ္ရပ္ ေကာင္းမြန္ ေစေရးအတြက္ သန႔္ရွင္းေရးဝန္ေဆာင္လုပ္ငန္းေဆာင္ရြက္သည့္ ကန္ထရိုက္အား ေဈးမ်ားဌာန၊ အေနာက္ပိုင္းခရိုင္ တာဝန္ရွိသူမ်ားမွ အဆင့္ဆင့္ ၾကပ္မတ္ေဆာင္ရြက္လ်က္ရွိပါေၾကာင္းေျပာသည္။

ထို႔အျပင္ သိပၸံေဈး(ဆင္မင္းေဈး)မွရသည့္ ဝင္ေငြႏွင့္ပတ္သက္ၿပီး ေဈးႀကီးသည္ စည္ကားသည့္ေဈးျဖစ္ ေသာ္လည္း အစိုးရ၏ ဝင္ေငြကိုတြက္ခ်က္ရာ တစ္လလၽွင္ (၁၉) သိန္းသာ ရရွိပါေၾကာင္း၊ ေျမပိုင္ဆိုင္မႈ ႏွင့္တြက္ လၽွင္ နည္းပါးေၾကာင္း၊ေဈး၏ တစ္ႏွစ္ဝင္ေငြသည္ ၂၂၈ သိန္းျဖစ္ပါေၾကာင္း၊ေနကမၻာျမန္မာႏွင့္ ppp အက်ိဳးတူပူး ေပါင္းေဆာင္ရြက္ထားသည့္ ေဈးျဖစ္သည့္အတြက္ ရသ့င္ရထိုက္သည့္ ဝင္ေငြရရွိရန္ Market Operator ႏွင့္လုပ္ ရန္ အစီအစဥ္ရွိပါေၾကာင္း၊ Market Operation ဝင္လာလၽွင္ ေဈးသည္အဆင့္ျမႇင့္ၿပီး ေလဝင္ေလထြက္ ေကာင္း လာ မွာျဖစ္ပါေၾကာင္း ေျဖၾကားသည္။ ယင္းအျပင္ ဆင္မင္းလမ္းေပၚရွိ က်ဴးေက်ာ္ဆိုင္မ်ားေၾကာင့္ ေဈး႐ုံအတြင္း အခြန္ထမ္းဆိုင္မ်ားသည္ ေဈးေရာင္းမေကာင္းျခင္းႏွင့္ ပတ္သက္၍ ဝန္ႀကီးက Market Operation ဝင္မည္ ျဖစ္ပါေၾကာင္း ျပန္လည္ေျဖ ၾကားခဲ့ သည္။

ကိုေမတၱာ(ေတာင္ေပၚသား) မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

### Unicode Version ###

ဆင်မင်းဈေး၏ တစ်နှစ်ဝင်ငွေသည် ၂၂၈ သိန်းသာရရှိကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းလွှတ်တော်တွင်ပြောကြားသည်။

၂၀၁၉ အောက်တိုဘာ ၉ ရက်က အလုံမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့၌ လွှတ်တော်တွင် “အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ် ရှိ ပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်နည်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ် သည်”ကို မေးမြန်းထားရာတွင် ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်း ဖြစ် သည်။

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောထားရာတွင် သိပ္ပံဈေးအား ပြန်လည်တည်ဆောက်ရန် ဈေးသူဈေးသားများနှင့် ညှိနှိုင်းစဉ်ကပင် မူလဈေးဟောင်းရှိ ဈေးဆိုင်ခန်းများ၏ အကျယ်အဝန်းနှင့် နေရာအ တိုင်း ပြန်လည်ချထားပေးရန် သဘောတူညီချက်အရ နေကမ္ဘာမြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်နှင့် အကျိုးတူပူးပေါင်း၍ (၈)ထပ် အဆောက်အဦကို ၂၀၁၂ ခုနှစ် ဩဂုတ် ၅ ရက်ကစတင်တည်ဆောက်ကာ ၂၀၁၅ ဖေဖေါ်ဝါရီ ၄ ရက်နေ့တွင်ပြီးစီးခဲ့ကြောင်း၊သဘောတူညီချက်အရ မူလဆိုင်ခန်း (၇၂၇)ခန်းကို မြေညီထပ်တွင် ယခင်အတိုင်းချထားပေးခဲ့ပါကြောင်းပြောသည်။

မူလဈေးဟောင်းတွင် ဈေးရုံဧရိယာ ပေ (၂၄၀ x ၁၆၀ ) (၃၈၄၀၀)စတုရန်းပေ ရှိပြီး အဆင့်မြင့် ပြန်လည် တည်ဆောက်သည့်အခါ ခြံစည်းရိုးနှင့် ဈေးရုံကြားဧရိယာအပါအဝင် အဆောက်အဦကို ပေ (၃၀၀ x ၁၄၄)ပေ၊ (၄၃၂၀၀)စတုရန်းပေတွင် ပြန်လည်တည်ဆောက်ခဲ့ကြောင်းပြောသည်။

လေကောင်းလေသန့်နှင့်ပတ်သက်ပြီး မြို့တော်ဝန်က ယင်းဧရိယာ၌ တိုင်လုံးကြီးများ၊ ယာဉ်တက်/ဆင်း လမ်းများ ပါဝင်မှုကြောင့် ဈေးသစ်တည်ဆောက်ပြီး သည့်အခါ မူလဈေးဆိုင်ခန်းများ အားလုံးကို ပြန်လည်နေရာ ချထားရာတွင် ဈေးရုံအတွင်း အလျားလိုက်လမ်း(၄) လမ်း၊ လမ်းအကျယ် (၄) ပေ မှ (၆) ပေ၊ကန့်လန့်ဖြတ် လမ်း (၁၃)လမ်း လမ်းအကျယ် (၃)ပေမှ (၆)ပေထိရရှိသဖြင့် ဈေးရုံအတွင်း လမ်းအနေအထား အနည်းငယ်ကျဉ်း၍ ဆိုင်ခန်းများအတွက် လေကောင်းလေသန့်ရရှိမှု အား နည်းပါကြောင်းရှင်းပြသည်။ ဈေးအတွင်း လေဝင်လေထွက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုနှင့် ပတ်သက်ပြီး သား/ငါးတန်း၌ Exhaust Fan (၁)လုံး တပ်ဆင်ထားပြီး လေကာမှန်များနေရာတွင် သံဇကာတပ်ဆင်ရန် နှင့် စားသောက်တန်းနှင့် ကုန်ခြောက်တန်း ဆိုင်ခန်းနေရာတွင် Exhaust fan များ ထပ်မံတပ်ဆင်ရန် ဆောင်ရွက်လျက်ရှိပြီး သိပ္ပံဈေးသစ် တည်ဆောက်သည့်နေကမ္ဘာ မြန်မာဆောက်လုပ်ရေးကုမ္ပဏီလီမိတက်နှင့် ညှိနှိုင်း၍ ပညာရှင်များနှင့်တိုင်ပင်ကာ လေကောင်းလေသန့်ရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောသည်။

ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ဆောင်ရွက်ထားမှုနှင့်ပတ်သက်ပြီး သိပ္ပံဈေး (ဆင်မင်းဈေး)တည်ရှိရာ မြို့နယ်တစ်ခုလုံးတွင် မြေအောက်ရေများ၌ ရေငန်ဓာတ်များထွက်ရှိ၍ သုံးစွဲရန် မသင့် လျော်သဖြင့် ဂျိုးဖြူပိုက်လိုင်းမှ ရေအပြည့်အဝရရှိရေး ဆောင်ရွက်လျက်ရှိပြီး ဈေးအတွင်းသန့်ရှင်းရေး သပ်ရပ် ကောင်းမွန် စေရေးအတွက် သန့်ရှင်းရေးဝန်ဆောင်လုပ်ငန်းဆောင်ရွက်သည့် ကန်ထရိုက်အား ဈေးများဌာန၊ အနောက်ပိုင်းခရိုင် တာဝန်ရှိသူများမှ အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းပြောသည်။

ထို့အပြင် သိပ္ပံဈေး(ဆင်မင်းဈေး)မှရသည့် ဝင်ငွေနှင့်ပတ်သက်ပြီး ဈေးကြီးသည် စည်ကားသည့်ဈေးဖြစ် သော်လည်း အစိုးရ၏ ဝင်ငွေကိုတွက်ချက်ရာ တစ်လလျှင် (၁၉) သိန်းသာ ရရှိပါကြောင်း၊ မြေပိုင်ဆိုင်မှု နှင့်တွက် လျှင် နည်းပါးကြောင်း၊ဈေး၏ တစ်နှစ်ဝင်ငွေသည် ၂၂၈ သိန်းဖြစ်ပါကြောင်း၊နေကမ္ဘာမြန်မာနှင့် ppp အကျိုးတူပူး ပေါင်းဆောင်ရွက်ထားသည့် ဈေးဖြစ်သည့်အတွက် ရသ့င်ရထိုက်သည့် ဝင်ငွေရရှိရန် Market Operator နှင့်လုပ် ရန် အစီအစဉ်ရှိပါကြောင်း၊ Market Operation ဝင်လာလျှင် ဈေးသည်အဆင့်မြှင့်ပြီး လေဝင်လေထွက် ကောင်း လာ မှာဖြစ်ပါကြောင်း ဖြေကြားသည်။ ယင်းအပြင် ဆင်မင်းလမ်းပေါ်ရှိ ကျူးကျော်ဆိုင်များကြောင့် ဈေးရုံအတွင်း အခွန်ထမ်းဆိုင်များသည် ဈေးရောင်းမကောင်းခြင်းနှင့် ပတ်သက်၍ ဝန်ကြီးက Market Operation ဝင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြားခဲ့ သည်။

ကိုမေတ္တာ(တောင်ပေါ်သား) မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
bkk-projects
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service