အေဆာက္အအံုဖ်က္သိမ္းခြင့္ ေလွ်ာက္ထားျခင္းမရွိဘဲ အိမ္ေဟာင္းဖ်က္ခြင့္ရိွသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
2781 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

အေဆာက္အအံုဖ်က္သိမ္းခြင့္ ေလွ်ာက္ထားျခင္းမရွိဘဲ အိမ္ေဟာင္းဖ်က္ခြင့္ရိွသလား ?

ဗဟုသုတ | Posted by ေအးျမတ္သူ (iMyanmarHouse.com)

 ### Zawgyi Version ###

အေဆာက္အအံုဖ်က္သိမ္းခြင့္ ေလွ်ာက္ထားျခင္းမရွိဘဲ အိမ္ေဟာင္းဖ်က္ခြင့္မရွိပါဘူး။ အေဆာက္အဦ ၿဖိဳဖ်က္ရာတြင္ သက္ဆုိင္ရာစည္ပင္သာယာေရးေကာ္မတီ၌ အေဆာက္အအံု ဖ်က္သိမ္းခြင့္ ဦးစြာေလွ်ာက္ထားရမွာျဖစ္ပါတယ္။ အေဆာက္အအံုဖ်က္သိမ္းခြင့္ ခြင့္ျပဳခ်က္ရမွသာ အေဆာက္အဦကို တရား၀င္ ဖ်က္ခြင့္ရွိမွာ ျဖစ္ပါတယ္။ အေဆာက္အဦဖ်က္သိမ္းၿပီးမွသာ အေဆာက္အအံု ေဆာက္လုပ္ခြင့္ကို ၃ထပ္ႏွင့္ေအာက္ အထပ္နိမ့္ဆိုလွ်င္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီတြင္ ေလွ်ာက္ထားရမွာျဖစ္ၿပီး ၄ထပ္ႏွင့္အထက္ အထပ္ျမွင့္ဆိုလွ်င္ ၿမိဳ႕ေတာ္ခန္းမ၊ အင္ဂ်င္နီယာဌာန (အေဆာက္အအံု)တြင္ ဆက္လက္ေလွ်ာက္ထားရမွာ ျဖစ္ပါသည္။

လိုအပ္သည့္စာရြက္စာတမ္းမ်ား

၁။ အေဆာက္အအံုဖ်က္သိမ္းျခင္းအတြက္ တာ၀န္ယူေၾကာင္း ေျမရွင္မွ ခံ၀န္ကတိတင္ျပရန္

၂။ အေဆာက္အအံု ဖ်က္သိမ္းရာတြင္ ေဘးကပ္လ်က္ရွိေသာ အေဆာက္အအံု ပ်က္စီးမႈမရွိေစရန္ ဖ်က္သိမ္းပါမည့္အေၾကာင္း မွတ္ပံုတင္လက္မွတ္ရ အင္ဂ်င္နီယာ/ဗိသုကာႏွင့္ေျမရွင္တို႔မွ ခံ၀န္ကတိတင္ျပရန္

၃။ အိမ္ရွင္/အိမ္ငွား ျပႆနာကင္းရွင္းေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး၏ ေထာက္ခံခ်က္တင္ျပရန္

၄။ ေျမပိုင္ဆိုင္မႈအေထာက္အထားမိတၱဴ

၅။ ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ

၆။ ဖ်က္သိမ္းမည့္အေဆာက္အအံု၏ ဓာတ္ပံုႏွင့္ေဘးႏွစ္ဖက္ရွိ အေဆာက္အအံုမ်ား၏ ဓာတ္ပံု

စသည့္စာရြက္စာတမ္းမ်ားျဖင့္ ေလွ်ာက္ထားရမွာျဖစ္ၿပီး အေဆာက္အအံုေဟာင္းဖ်က္သိမ္းခြင့္အတြက္ ပံုစံစစ္ေဆးခမွာ တိုက္/Steel ၁စတုရမ္းေပ ၃၀က်ပ္၊ အုတ္ၫွပ္ ၁စတုရမ္းေပ ၂၅က်ပ္၊ ပ်ဥ္ ၁စတုရမ္းေပ ၂၀က်ပ္ျဖင့္ ေပးသြင္းရမွာျဖစ္ပါတယ္။ ဖ်က္သိမ္းခြင့္မတင္ဘဲ ႀကိဳတင္ဖ်က္သိမ္းတယ္ဆိုလွ်င္ ႀကိဳတင္ဖ်က္သိမ္းဒဏ္ေၾကးအျဖစ္ တိုက္/Steel ၁စတုရမ္းေပ ၆၅ က်ပ္၊ အုတ္ၫွပ္ ၁စတုရမ္းေပ ၅၅က်ပ္၊ ပ်ဥ္ ၁စတုရမ္းေပ ၃၅ က်ပ္ျဖင့္ ဒဏ္ေၾကး ေပးသြင္းရမွာ ျဖစ္ပါတယ္။ ထုိ႔ေၾကာင့္ အေဆာက္အအံုဖ်က္သိမ္းခြင့္ ေလွ်ာက္ထားၿပီးမွ အေဆာက္အအံုဖ်က္သိမ္းၾကရန္ သတိေပးအပ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔

### Unicode Version ###

အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်ထားခြင်းမရှိဘဲ အိမ်ဟောင်းဖျက်ခွင့်မရှိပါဘူး။ အဆောက်အဦ ဖြိုဖျက်ရာတွင် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီ၌ အဆောက်အအုံ ဖျက်သိမ်းခွင့် ဦးစွာလျှောက်ထားရမှာဖြစ်ပါတယ်။ အဆောက်အအုံဖျက်သိမ်းခွင့် ခွင့်ပြုချက်ရမှသာ အဆောက်အဦကို တရားဝင် ဖျက်ခွင့်ရှိမှာ ဖြစ်ပါတယ်။ အဆောက်အဦဖျက်သိမ်းပြီးမှသာ အဆောက်အအုံ ဆောက်လုပ်ခွင့်ကို ၃ထပ်နှင့်အောက် အထပ်နိမ့်ဆိုလျှင် မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် လျှောက်ထားရမှာဖြစ်ပြီး ၄ထပ်နှင့်အထက် အထပ်မြှင့်ဆိုလျှင် မြို့တော်ခန်းမ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)တွင် ဆက်လက်လျှောက်ထားရမှာ ဖြစ်ပါသည်။

လိုအပ်သည့်စာရွက်စာတမ်းများ

၁။ အဆောက်အအုံဖျက်သိမ်းခြင်းအတွက် တာဝန်ယူကြောင်း မြေရှင်မှ ခံဝန်ကတိတင်ပြရန်

၂။ အဆောက်အအုံ ဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်

၃။ အိမ်ရှင်/အိမ်ငှား ပြဿနာကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တင်ပြရန်

၄။ မြေပိုင်ဆိုင်မှုအထောက်အထားမိတ္တူ

၅။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

၆။ ဖျက်သိမ်းမည့်အဆောက်အအုံ၏ ဓာတ်ပုံနှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓာတ်ပုံ

စသည့်စာရွက်စာတမ်းများဖြင့် လျှောက်ထားရမှာဖြစ်ပြီး အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်အတွက် ပုံစံစစ်ဆေးခမှာ တိုက်/Steel ၁စတုရမ်းပေ ၃၀ကျပ်၊ အုတ်ညှပ် ၁စတုရမ်းပေ ၂၅ကျပ်၊ ပျဉ် ၁စတုရမ်းပေ ၂၀ကျပ်ဖြင့် ပေးသွင်းရမှာဖြစ်ပါတယ်။ ဖျက်သိမ်းခွင့်မတင်ဘဲ ကြိုတင်ဖျက်သိမ်းတယ်ဆိုလျှင် ကြိုတင်ဖျက်သိမ်းဒဏ်ကြေးအဖြစ် တိုက်/Steel ၁စတုရမ်းပေ ၆၅ ကျပ်၊ အုတ်ညှပ် ၁စတုရမ်းပေ ၅၅ကျပ်၊ ပျဉ် ၁စတုရမ်းပေ ၃၅ ကျပ်ဖြင့် ဒဏ်ကြေး ပေးသွင်းရမှာ ဖြစ်ပါတယ်။ ထို့ကြောင့် အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်ထားပြီးမှ အဆောက်အအုံဖျက်သိမ်းကြရန် သတိပေးအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့

ေနာက္ဆံုးရ အိမ္ၿခံေျမ ဗဟုသုတမ်ား

လယ္ေျမကို အျခားသီးႏွံေျပာင္းလဲစိုက္ပ်ိဳးလို႔ ရပါသလား ?
ေျမကြက္တြင္ က်ဴးေက်ာ္သူသည္ အျမဲတန္းကာလစည္းကမ္းသတ္ ၁၂ နွစ္ကို အားကိုး၍မရႏိုင္
မိသားစုပံုစံျဖင့္ ေပးထားေသာ အိမ္ေျမတိုက္ခန္းကို ၀ယ္မည္ဆိုလွ်င္
အေပ်ာက္တိုက္ခန္းမ်ား အေႀကာင္း
ေအာင္ျမင္သူေတြရဲ႕ တနလၤာနံနက္ခင္း
ေျမပိုင္၊ ဘိုးဘြားပိုင္ေျမ ႏွင့္ ဂရန္ေျမ တုိ႔ကို ေျမကြက္ေျမပံု ႏွင့္ ေျမစာရင္းတုိ႔မွာ ခဲြမယ္ဆိုရင္.......
ခရီးသြားေနတုန္းမွာ ကိုယ့္ရဲ့ေနအိမ္ေလးကို ဘယ္လုိကာကြယ္ၾကမလဲ
ေနအိမ္ဝယ္ယူၿပီးေနာက္ ျဖစ္တတ္တဲ့ အမွားနဲ႔ ဆင္ျခင္စရာမ်ား
အခြန္အေကာက္ဥပေဒႏွင့္ အေရာင္းအ၀ယ္ သြက္လက္လာႏုိင္သည့္ အိမ္ ၿခံ ေျမ
တိုက္ခန္းမ၀ယ္ခင္ သိထားသင့္တဲ့ ေဆာက္လုပ္ခြင္႔ (ဘုတ္စိမ္း) စာရြက္နဲ႔ ဘီစီစီ (BCC) စာရြက္

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)