ဟောင်ကောင်အိမ်ခြံမြေသူဌေးကြီး ၊ ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ် လီကာရှင်းက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ကူညီရန်အတွက် ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံ လှူဒါန်း
ဟောင်ကောင်အိမ်ခြံမြေသူဌေးကြီး ၊ ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ် လီကာရှင်းက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ကူညီရန်အတွက် ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံ လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
7 Oct 2019 1:24 pm တွင် တင်ခဲ့သည်
973 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ဟောင်ကောင်အိမ်ခြံမြေသူဌေးကြီး ၊ ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ် လီကာရှင်းသည် ဒေသတွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ကူညီရန်အတွက် ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံ လှူဒါန်းထားကြောင်း သူ၏ ပရဟိတဖောင်ဒေးရှင်းက သောကြာနေ့တွင် ထုတ်ပြန်ကြေညာကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဒီမိုကရေစီရေးဆန္ဒပြသူများကြောင့် စီးပွားရေးယိုယွင်းမှုများ ရင်ဆိုင်နေရချိန်တွင် လီကာရှင်းက ယခုကဲ့သို့ လှူဒါန်းမှု ပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။ ဟောင်ကောင် သူဌေးကြီးများနှင့် အိမ်ခြံမြေ developer များသည် အိမ်ခြံမြေပြဿနာများကို လျော့ပါးအောင် လုံလုံလောက်လောက် လုပ်ဆောင်နိုင်ခြင်းမရှိဟုဆိုကာ ပေကျင်းအစိုးရ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်ရလျက်ရှိနေသည်။
အထူးသဖြင့် “တရုတ်ဗဟိုနိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင်”က လီကာရှင်းကို ဥပဒေချိုးဖောက်သည့် အပြုအမူများ အားပေးနေသည်ဟု ပြီးခဲ့သော စက်တင်ဘာလအတွင်း စွပ်စွဲပြစ်တင်ထားသည်။
ဟောင်ကောင်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်နေသည့်အပေါ် လူငယ်များနှင့် ပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးမှုများ ပြုလုပ်ရန် လီကာရှင်းက အာဏာပိုင်များကို တောင်းဆိုခဲ့သည့်အပေါ် တရုတ်အာဏာပိုင်တို့က တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
လီကာရှင်းက ပြောကြားရာတွင်မူ ဆန္ဒပြပွဲများနှင့် စပ်လျဉ်းသည့် သူ၏ပြောကြားချက်ကို တလွဲကောက်ချက်ဆွဲသည့်အပေါ် များစွာ စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားသည်။
လီကာရှင်းဖောင်ဒေးရှင်းက ထုတ်ပြန်ရာတွင် အကူအညီပေးရေးကဏ္ဍနှင့် စပ်လျဉ်းပြီး အစိုးရနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်၏ စီးပွားရေးနှင့် ယခင်က မကြုံဖူးသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီဖြစ်သောကြောင့် ယခုကဲ့သို့ လှူဒါန်းမှု ပြုလုပ်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဟောင်ကောင်အစိုးရကလည်း အရေးပေါ်ဥပဒေများ ရုပ်သိမ်းရန် ဆွေးနွေးမည့် အခြေအနေရှိနေသည်။
ယင်းသို့ ဥပဒေများတွင် ဆန္ဒပြပွဲများ၌ မျက်နှာဖုံးများ တပ်ဆင်ခြင်းကို တားမြစ်သည့် ဥပဒေလည်း ပါဝင်သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။
အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သော New World Development က ယာမြေ စတုရန်းပေ ၃ သန်းကို လူနေအိမ်ရာများ ဆောက်လုပ်ရန်အတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ကြေညာလိုက်ပြီးနောက်ပိုင်း လီကာရှင်း၏ လှူဒါန်းမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
kalaw-garden-valley
thukha-garden-residence
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service