ခရီးသြားေနတုန္းမွာ ကိုယ့္ရဲ့ေနအိမ္ေလးကို ဘယ္လုိကာကြယ္ၾကမလဲ

ခရီးသြားေနတုန္းမွာ ကိုယ့္ရဲ့ေနအိမ္ေလးကို ဘယ္လုိကာကြယ္ၾကမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
4 Oct 2019 1:12 pm တွင် တင်ခဲ့သည်
2404 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

အလုပ္ကိစၥတစ္စံုတစ္ခု ေပၚေပါက္လာလုိ႔ပဲျဖစ္ျဖစ္ ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ပဲ ျဖစ္ျဖစ္ ရပ္ေဝးခရီးကိုရက္အၾကာႀကီး သြားရေတာ့မယ္ဆုိတဲ့အခါ ကိုယ့္အတြက္ တန္ဖိုးအရွိဆံုးအရာျဖစ္တဲ့ အိမ္ေလးကိုစိတ္မခ် ျဖစ္တတ္ပါတယ္။ ဒီလို ခရီးသြားဖုိ႔ အေၾကာင္းတန္ၿပီဆုိရင္ ကိုယ့္အိမ္ကေလးကို ဘယ္လုိကာကြယ္ရမလဲ ဆုိတဲ့အခ်က္ေတြကို အႀကံေပးေဆြးေႏြးတင္ျပ လုိက္ပါတယ္။

၁။ အိမ္မွာ သတိေပးစနစ္တပ္ဆင္ပါ။ ဒီနည္းလမ္းက ကိုယ့္အိမ္ကိုေစာင့္ၾကည့္ဖုိ႔နဲ႔ ေဖာက္ထြင္းခံရမယ့္ရန္ကေန ကာကြယ္ဖို႔အေကာင္းဆံုးနဲ႔ အလြယ္ကူဆံုးနည္းတစ္ခု ျဖစ္ပါတယ္။

၂။ ကိုယ့္ပတ္၀န္းက်င္မွာ လူစိမ္းေတြကို အၿမဲေစာင့္ၾကည့္ေနဖို႔ကလည္း အေရးႀကီးပါတယ္။ ကိုယ့္အိမ္ေရွ႕မွာ မျမင္ဘူး မေတြ႔ဖူးတဲ့ ကားေတြလာရပ္တာမ်ိဳး အိမ္ပတ္၀န္းက်င္မွာ မသကၤာစရာတစ္ခုခုေတြ႔ၿပီဆုိရင္ ေဒသရဲ စခန္းကို အေၾကာင္းၾကားပါ။

၃။ ကိုယ္မသိတဲ့သူ ဒါမွမဟုတ္ သိသေယာင္ေယာင္ပဲလို႔ ထင္ရတဲ့သူေတြ တံခါးလာေခါက္ရင္ ဘယ္ေတာ့မွ ဖြင့္မေပးပါနဲ႔။ တစ္ခါတစ္ေလ လူလိမ္ေတြက အိမ္ေတြကိုေလွ်ာက္ၾကည္ေနတတ္တဲ့အျပင္ လူေတြဘယ္အခ်ိန္၀င္တယ္၊ ထြက္တယ္ဆုိတာကို အၿမဲေစာင့္ၾကည့္ေနတတ္ၾကပါတယ္။

၄။ ခရီးသြားမယ္ဆုိရင္ ေဒသရဲစခန္းနဲ႔ အိမ္နီးခ်င္းေတြကို အေၾကာင္းၾကားသြားပါ။ ခရီးသြားေနရင္ အိမ္ကစာတုိက္ပံုးမွာ စာေတြပံုမေနေစပါနဲ႔။ သတင္းစာလဲ မပို႔ခိုင္းပါနဲ႔။ ဒီအရာေတြ အိမ္ေရွ႕မွာစုပံုေနတယ္ဆုိရင္ အိမ္မွာလူမရွိမွန္းသတိထားမိသြားၿပီး ကိုယ့္အိမ္က ေဖာက္ထြင္းခံရဖို႔ အလားအလာေတြရွိလာနုိင္ပါတယ္။

၅။ ခရီးသြားလွ်င္ ဖုန္းနံပါတ္ေတြအကုန္ယူသြားပါ။ ေဒသရဲစခန္းဖုန္းနံပါတ္၊ အေရးေပၚဖုန္းနံပါတ္၊ နယ္ေျမလံုၿခံဳေရးမႈးဖုန္းနံပါတ္၊ အိမ္နီးခ်င္းေတြရဲ့ ဖုန္းနံပါတ္ပါပဲ။ ဒီဖုန္းနံပါတ္ေတြ ကိုယ့္လက္ထဲမွာ အဆင္သင့္ရွိေနရင္ ရုတ္တရက္အကူအညီေတာင္းဖုိ႔ ျဖစ္လာတဲ့အခါ ဖုန္းနံပါတ္ေတြမသိလို႔ ဟိုေမးဒီေမးေလွ်ာက္ေမးၿပီး အခ်ိန္ကုန္ေနစရာမလုိေတာ့ဘူး။

၆။ ကိုယ့္အိမ္ပတ္၀န္းက်င္မွာ အိမ္နီးခ်င္းအိမ္ေတြ အခ်င္းခ်င္း ေစာင့္ၾကည့္ၾကဖုိ႔ အဖြဲ႔ေလးေတြ ဖြဲ႔ထားတာရွိလားလို႔ စံုစမ္းပါ။ ဒီလုိအဖြဲ႔ေလးေတြရွိတာဟာ ကိုယ့္အိမ္တင္မကပဲ ကိုယ့္ပတ္၀န္းက်င္အိမ္ေတြမွာပါ ေဖာက္ထြင္းမႈ မျဖစ္ေအာင္ကာကြယ္နုိင္ပါသည္။

၇။ ခရီးသြားတဲ့အခါ တံခါးေတြကို အျပင္ကေရာအတြင္းကပါ ခ်က္ခ်သြားပါ။ ဒီလိုခ်က္ခ်ထားတဲ့ တံခါးေတြက ေဖာက္ထြင္းေရးသမားေတြ ေဖာက္ထြင္းဖို႔ အခက္ခဲဆံုးနဲ႔ အေၾကာက္ဆံုးအရာေတြပါ။ တံခါးေတြကို ခ်က္ခ်သြားျခင္းက ကိုယ့္အိမ္ကိုေဖာက္ထြင္းမခံရေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

၈။ အိမ္ေသာ့ေတြကို အိမ္အျပင္မွာ ဝွက္မထားပါနဲ႔။ ေဖာက္ထြင္းေရးသမားေတြက ေသာ့ေတြရွိမယ့္ေနရာကို မွန္းေျခနဲ႔ရွာေဖြၿပီး အိမ္တံခါးကို အလြယ္တကူ ဖြင့္ၿပီးဝင္သြားနုိင္ပါတယ္။

၉။ ခရီးသြားရင္ အိမ္ေစာင့္တစ္ေယာက္ ေခၚထားပါ။ အိမ္မွာ အိပ္ေစာင့္မယ့္သူတစ္ေယာက္ရွိေနရင္လည္း အိမ္ကို ေဖာက္ထြင္းမခံရေအာင္ ကာကြယ္နုိင္ပါတယ္။

၁၀။ အိမ္တံခါး ျပတင္းေပါက္ေတြကို သစ္ပင္ေတြကြယ္မေနပါေစနဲ႔။ ဒီလိုကြယ္ေနၿခင္းက ေဖာက္ထြင္းေရးသမားေတြအတြက္ အကာအကြယ္ ေကာင္းေကာင္းရသြားေစနုိင္တယ္။ ကိုယ့္အိမ္ေဖာက္ထြင္းခံေနရမွန္း အိမ္နီးခ်င္းေတြ ျဖတ္သြားျဖတ္လာေတြကလည္း သတိထားမႈေတာ့မွာ မဟုတ္ဘူး။

ဒီအခ်က္ (၁၀) ခ်က္ထဲက မိမိတို႔နဲ႔ သင့္ေတာ္မယ့္ အခ်က္ေလးေတြကို ေရြးၿပီးေတာ့ မိမိအိမ္ကေလးကို ကာကြယ္ေစာင့္ေရွာက္နုိင္ပါတယ္။

Credit : Lwinpyin

 

### Unicode Version ###

အလုပ်ကိစ္စတစ်စုံတစ်ခု ပေါ်ပေါက်လာလို့ပဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ပဲ ဖြစ်ဖြစ် ရပ်ဝေးခရီးကိုရက်အကြာကြီး သွားရတော့မယ်ဆိုတဲ့အခါ ကိုယ့်အတွက် တန်ဖိုးအရှိဆုံးအရာဖြစ်တဲ့ အိမ်လေးကိုစိတ်မချ ဖြစ်တတ်ပါတယ်။ ဒီလို ခရီးသွားဖို့ အကြောင်းတန်ပြီဆိုရင် ကိုယ့်အိမ်ကလေးကို ဘယ်လိုကာကွယ်ရမလဲ ဆိုတဲ့အချက်တွေကို အကြံပေးဆွေးနွေးတင်ပြ လိုက်ပါတယ်။

၁။ အိမ်မှာ သတိပေးစနစ်တပ်ဆင်ပါ။ ဒီနည်းလမ်းက ကိုယ့်အိမ်ကိုစောင့်ကြည့်ဖို့နဲ့ ဖောက်ထွင်းခံရမယ့်ရန်ကနေ ကာကွယ်ဖို့အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းတစ်ခု ဖြစ်ပါတယ်။

၂။ ကိုယ့်ပတ်ဝန်းကျင်မှာ လူစိမ်းတွေကို အမြဲစောင့်ကြည့်နေဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ့်အိမ်ရှေ့မှာ မမြင်ဘူး မတွေ့ဖူးတဲ့ ကားတွေလာရပ်တာမျိုး အိမ်ပတ်ဝန်းကျင်မှာ မသင်္ကာစရာတစ်ခုခုတွေ့ပြီဆိုရင် ဒေသရဲ စခန်းကို အကြောင်းကြားပါ။

၃။ ကိုယ်မသိတဲ့သူ ဒါမှမဟုတ် သိသယောင်ယောင်ပဲလို့ ထင်ရတဲ့သူတွေ တံခါးလာခေါက်ရင် ဘယ်တော့မှ ဖွင့်မပေးပါနဲ့။ တစ်ခါတစ်လေ လူလိမ်တွေက အိမ်တွေကိုလျှောက်ကြည်နေတတ်တဲ့အပြင် လူတွေဘယ်အချိန်ဝင်တယ်၊ ထွက်တယ်ဆိုတာကို အမြဲစောင့်ကြည့်နေတတ်ကြပါတယ်။

၄။ ခရီးသွားမယ်ဆိုရင် ဒေသရဲစခန်းနဲ့ အိမ်နီးချင်းတွေကို အကြောင်းကြားသွားပါ။ ခရီးသွားနေရင် အိမ်ကစာတိုက်ပုံးမှာ စာတွေပုံမနေစေပါနဲ့။ သတင်းစာလဲ မပို့ခိုင်းပါနဲ့။ ဒီအရာတွေ အိမ်ရှေ့မှာစုပုံနေတယ်ဆိုရင် အိမ်မှာလူမရှိမှန်းသတိထားမိသွားပြီး ကိုယ့်အိမ်က ဖောက်ထွင်းခံရဖို့ အလားအလာတွေရှိလာနိုင်ပါတယ်။

၅။ ခရီးသွားလျှင် ဖုန်းနံပါတ်တွေအကုန်ယူသွားပါ။ ဒေသရဲစခန်းဖုန်းနံပါတ်၊ အရေးပေါ်ဖုန်းနံပါတ်၊ နယ်မြေလုံခြုံရေးမှုးဖုန်းနံပါတ်၊ အိမ်နီးချင်းတွေရဲ့ ဖုန်းနံပါတ်ပါပဲ။ ဒီဖုန်းနံပါတ်တွေ ကိုယ့်လက်ထဲမှာ အဆင်သင့်ရှိနေရင် ရုတ်တရက်အကူအညီတောင်းဖို့ ဖြစ်လာတဲ့အခါ ဖုန်းနံပါတ်တွေမသိလို့ ဟိုမေးဒီမေးလျှောက်မေးပြီး အချိန်ကုန်နေစရာမလိုတော့ဘူး။

၆။ ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ အိမ်နီးချင်းအိမ်တွေ အချင်းချင်း စောင့်ကြည့်ကြဖို့ အဖွဲ့လေးတွေ ဖွဲ့ထားတာရှိလားလို့ စုံစမ်းပါ။ ဒီလိုအဖွဲ့လေးတွေရှိတာဟာ ကိုယ့်အိမ်တင်မကပဲ ကိုယ့်ပတ်ဝန်းကျင်အိမ်တွေမှာပါ ဖောက်ထွင်းမှု မဖြစ်အောင်ကာကွယ်နိုင်ပါသည်။

၇။ ခရီးသွားတဲ့အခါ တံခါးတွေကို အပြင်ကရောအတွင်းကပါ ချက်ချသွားပါ။ ဒီလိုချက်ချထားတဲ့ တံခါးတွေက ဖောက်ထွင်းရေးသမားတွေ ဖောက်ထွင်းဖို့ အခက်ခဲဆုံးနဲ့ အကြောက်ဆုံးအရာတွေပါ။ တံခါးတွေကို ချက်ချသွားခြင်းက ကိုယ့်အိမ်ကိုဖောက်ထွင်းမခံရအောင် ကာကွယ်ပေးနိုင်ပါတယ်။

၈။ အိမ်သော့တွေကို အိမ်အပြင်မှာ ဝှက်မထားပါနဲ့။ ဖောက်ထွင်းရေးသမားတွေက သော့တွေရှိမယ့်နေရာကို မှန်းခြေနဲ့ရှာဖွေပြီး အိမ်တံခါးကို အလွယ်တကူ ဖွင့်ပြီးဝင်သွားနိုင်ပါတယ်။

၉။ ခရီးသွားရင် အိမ်စောင့်တစ်ယောက် ခေါ်ထားပါ။ အိမ်မှာ အိပ်စောင့်မယ့်သူတစ်ယောက်ရှိနေရင်လည်း အိမ်ကို ဖောက်ထွင်းမခံရအောင် ကာကွယ်နိုင်ပါတယ်။

၁၀။ အိမ်တံခါး ပြတင်းပေါက်တွေကို သစ်ပင်တွေကွယ်မနေပါစေနဲ့။ ဒီလိုကွယ်နေခြင်းက ဖောက်ထွင်းရေးသမားတွေအတွက် အကာအကွယ် ကောင်းကောင်းရသွားစေနိုင်တယ်။ ကိုယ့်အိမ်ဖောက်ထွင်းခံနေရမှန်း အိမ်နီးချင်းတွေ ဖြတ်သွားဖြတ်လာတွေကလည်း သတိထားမှုတော့မှာ မဟုတ်ဘူး။

ဒီအချက် (၁၀) ချက်ထဲက မိမိတို့နဲ့ သင့်တော်မယ့် အချက်လေးတွေကို ရွေးပြီးတော့ မိမိအိမ်ကလေးကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။

Credit : Lwinpyin

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service