ေျမကြက္ေပါင္း (၇၀) ေက်ာ္ကို (၂) ရက္အတြင္း ေရာင္းခ်ႏိုင္ခဲ့သည့္ ေညာင္ေရႊရွိ Oakland Villas အေရာင္းျပပြဲကို iMyanmarHouse.com မွ ေအာင္ျမင္စြာ က်င္းပနိုင္ခဲ့

ေျမကြက္ေပါင္း (၇၀) ေက်ာ္ကို (၂) ရက္အတြင္း ေရာင္းခ်ႏိုင္ခဲ့သည့္ ေညာင္ေရႊရွိ Oakland Villas အေရာင္းျပပြဲကို iMyanmarHouse.com မွ ေအာင္ျမင္စြာ က်င္းပနိုင္ခဲ့ - Property News in Myanmar from iMyanmarHouse.com
11972 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ျပည္တြင္း အိမ္ၿခံေျမ သတင္း | Posted by စည္သူေအာင္ (iMyanmarHouse.com)

### Zawgyi Version ###

ျမန္မာနိုင္ငံ၏နံပါတ္တစ္ အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ျဖစ္ေသာ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ ၾကီးမွဴး၍ ေညာင္ေရႊရွိ Oakland Villas အေရာင္းျပပြဲကို ၂၀၁၉ ခုနွစ္ ၊ စက္တင္ဘာလ ( ၁၄ ၊ ၁၅ ) ရက္မ်ားတြင္ ရန္ကုန္ျမိဳ႕ Sedona Hotel ၌ က်င္းပခဲ့ရာ ျပပြဲ (၂) ရက္အတြင္း ေျမကြက္စုစုေပါင္း (၇၀) ေက်ာ္ကို ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။

Oakland Villas စီမံကိန္းၾကီးကုိ ဣစိတံကုမၸဏီလီမိတက္မွ ေျမဧက ( ၆၀ ) ေက်ာ္ အက်ယ္အဝန္းရွိသည့္ ဂရန္ေျမေပၚတြင္ ရွမ္းျပည္နယ္အစိုးရႏွင့္အက်ိဳးတူ ေဖာ္ေဆာင္လ်က္ရွိသည္။ အဆိုပါ စီမံကိန္းသည္ ေညာင္ေရႊကားလမ္းမၾကီးေပၚရွိ White Orchid Hotel အနီးတြင္ တည္ရွိသည္။ ဝယ္ယူသူ ဂရန္အမည္ေပါက္ ရရွိမည္ျဖစ္ျပီး ေျမအက်ယ္အဝန္း 3,000 sqft ေက်ာ္ မွ 10,000 sqft ေက်ာ္ အထိ ေရြးခ်ယ္ဝယ္ယူနိုင္ေၾကာင္း သိရသည္။

OakLand Villas အိမ္ရာစီမံကိန္းတြင္ ကေလးကစားကြင္း ၊ ပန္းၿခံ ၊ အုပ္ခ်ဳပ္ေရးရံုး ၊ မီးသတ္ရံု ၊ Security ၊ ကိုယ္ပိုင္ Transformer ၊ ကိုယ္ပိုင္ မီတာ ၊ Centralized System ျဖင့္ ေရေပးေဝစနစ္ စသည့္ Facilities မ်ား ပါဝင္ေနမည္ျဖစ္သည္။ သည့္အျပင္ OakLand Villas စီမံကိန္းမွ ေျမကြက္မ်ားကို ဝယ္ယူထားသူမ်ားအေနျဖင့္ White Orchid Hotel တြင္းရွိ Spa ၊ Swimming Pool ႏွင့္ Gym တို႔ကို Member Card ျဖင့္ အသံုးျပဳခြင့္မ်ား ၊ ဟိုတယ္အခန္း ႏွင့္ စားေသာက္ဆိုင္မ်ားအတြက္ 10% Discount ရရွိမည္ျဖစ္သည္။

OakLand Villas စီမံကိန္းဟာ ေညာင္ေရႊကားလမ္းမၾကီးေပၚမွာရွိတဲ့ White Orchid Hotel နဲ႔ ေဘးခ်င္းကပ္တည္ရွိေနတာပါ။ ေညာင္ေရႊလမ္းဆံုကေန ကားနဲ႔သြားရင္ (၂) မိနစ္၊ အင္းေလးကို (၁၅) မိနစ္ေလာက္နဲ႔ ေရာက္ႏိုင္တဲ့အတြက္ အခ်က္အျခာက်တဲ့ ေနရာမွာ တည္ရွိပါတယ္။ စီမံကိန္းရဲ ႔ infrastructure ေတြျဖစ္တဲ့ လမ္း နဲ႔ လမ္းမီးတိုင္မ်ားဟာလည္း ၁၀၀% ျပီးစီးေနပါျပီ။ ကၽြန္ေတာ္တို႔ အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္းကေန အထူးေစ်းကြက္ေဖာ္ေဆာင္ေရး နည္းဗ်ဴဟာေတြ၊ ထိေရာက္တဲ့ ေၾကာ္ျငာမႈေတြ၊ ကၽြန္ေတာ္တို႔ကို အၿမဲတေစအားေပးၾကတဲ့ မိတ္ေဟာင္း မိတ္သစ္ေတြ၊ ကၽြမ္းက်င္တဲ့ အေရာင္းဝန္ထမ္းညီမေလးေတြနဲ႔ ေရာင္းခ်ေပးႏိုင္ခဲ့တာ ျဖစ္တဲ့အတြက္ အခုလိုမ်ိဳး ေရာင္းအားေကာင္းခဲ့ပါတယ္။ ဝယ္ယူအားေပးၾကတဲ့ Customer မ်ားအားလံုးကိုလည္း အထူးေက်းဇူးတင္ရွိပါတယ္ ” ဟု ျပပြဲစီစဥ္က်င္းပသည့္ iMyanmarHouse.com ၏ မန္ေနဂ်င္းဒါ႐ိုက္တာျဖစ္သူ ဦးေနမင္းသူမွ ေျပာၾကားသြားသည္။

Oakland Villas ၏ Developer ျဖစ္သည့္ ဣစိတံကုမၸဏီလီမိတက္မွ အမႈေဆာင္ဒါ႐ိုက္တာ ေဒါက္တာကိုကိုမွ " အခုလိုေရာင္းရတဲ့ရလာဒ္အေပၚ အမ်ားၾကီး အားရေက်နပ္မိပါတယ္။ ဒီစီမံကိန္းကို iMyanmarHouse.com နဲ႔ လက္တြဲၿပီး ပထမဆံုး အေရာင္းဖြင့္ခဲ့တာပါ။ အိမ္ၿခံေျမေလာက ေအးစက္ေနခ်ိန္မွာ အခုလိုမ်ိဳး ပထမဆံုးအေရာင္းပြဲမွာတင္ ေရာင္းအားေကာင္းခဲ့တဲ့အတြက္ ဝမ္းသာေက်နပ္မိပါတယ္။ iMyanmarHouse.com နဲ႔ ဆက္လက္ လက္တြဲၿပီး ေရာင္းခ်သြားဖို႔ ရွိပါတယ္ " ဟု ဝမ္းေျမာက္ဂုဏ္ယူစြာ ေျဖၾကားခဲ့သည္။

“ ကြ်န္ေတာ္တို႔ အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္းဟာ ျမန္မာနိုင္ငံသားတိုင္း အိမ္ပိုင္ဆိုင္နိုင္ေစရမယ္ဆိုတဲ့ေဆာင္ပုဒ္နဲ႔အညီ အမ်ားျပည္သူေတြ အလြယ္တကူ အိမ္ပိုင္ဆိုင္ႏိုင္ေစဖို႔ အိမ္ျခံေျမေလာကထဲမွာ အစြမ္းကုန္ ၾကိဳးစားေဆာင္ရြက္ေနပါတယ္။ ရန္ကုန္ ၊ မႏၱေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ အစရွိတဲ့ ျမန္မာတစ္နိုင္ငံလံုးမွာရွိတဲ့ အိမ္ျခံေျမေတြအျပင္ ထိုင္း၊ မေလးရွား၊ စကၤာပူ အစရွိတဲ့ ျပည္ပႏိုင္ငံေတြမွာရွိတဲ့ အိမ္ျခံေျမမ်ားကိုလည္း ေရာင္းခ်ေပးေနပါတယ္။ အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္းက ေရာင္းခ်ေပးတဲ့ အိမ္ရာစီမံကိန္းတိုင္းနီးပါး ေရာင္းအားေကာင္းေကာင္းနဲ႔ ေအာင္ျမင္တာကို ေတြ႔ရပါတယ္။ ဒီလိုေအာင္ျမင္တာကလည္း ကြ်န္ေတာ္တို႔ကို တခဲနက္ ယံုၾကည္အားေပးတဲ့ပရိသတ္ႀကီးနဲ႔ ေခတ္မွီဆန္းသစ္တဲ့ ေစ်းကြက္ထိုးေဖာက္မႈ နည္းဗ်ဴဟာေတြ ေၾကာင့္ပါ။ စီမံကိန္းတစ္ခုေအာင္ျမင္ဖို႔အတြက္ ထိေရာက္တဲ့ အႀကံဥာဏ္ေတြ ေပးၿပီး ေစ်းကြက္ထိုးေဖာက္မႈ နည္းဗ်ဴဟာေပါင္းစံုနဲ႔ ေရာင္းခ်ေပးပါတယ္။ အခုဆိုရင္ အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္းဝဘ္ဆိုက္နဲ႔ ဖုန္းအက္ပလီေကးရွင္းေတြကို လစဥ္ ဝင္ေရာက္အသံုးျပဳေနသူေပါင္း (၃.၈) သန္းေက်ာ္ရွိပါတယ္။ iMyanmarHouse.com ကို ျမန္မာျပည္တြင္းသာမက ျပည္ပကပါဝင္ေရာက္ အသံုးျပဳကာ အိမ္ျခံေျမေတြရွာေဖြေနၾကပါတယ္။ ကြ်န္ေတာ္တို႔နဲလက္တြဲျပီး အလုပ္လုပ္ေနတဲ့ အက်ိဳးေဆာင္လုပ္ငန္းေပါင္း (၂၃၀၀) ေက်ာ္၊ ေဆာက္လုပ္ေရးကုမၸဏီေပါင္း (၇၀၀) ေက်ာ္ ရွိပါတယ္။ ကြ်န္ေတာ္တုိ႔နဲ႔ပူးေပါင္းေဆာင္႐ြက္လိုတဲ့ အိမ္ၿခံေျမနဲ႔ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားအားလံုးကိုၾကိဳဆိုပါတယ္ ” ဟု ဦးေနမင္းသူမွ ျဖည့္စြက္ေျပာၾကားသြားခဲ့သည္။

iMyanmarHouse.com

အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း

ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ၿခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္

ျမန္မာႏိုင္ငံသားတိုင္း အိမ္ပိုင္ဆိုင္ႏိုင္ေစရမည္

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ညောင်ရွှေရှိ Oakland Villas အရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ ( ၁၄ ၊ ၁၅ ) ရက်များတွင် ရန်ကုန်မြို့ Sedona Hotel ၌ ကျင်းပခဲ့ရာ ပြပွဲ (၂) ရက်အတွင်း မြေကွက်စုစုပေါင်း (၇၀) ကျော်ကို ရောင်းချနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Oakland Villas စီမံကိန်းကြီးကို ဣစိတံကုမ္ပဏီလီမိတက်မှ မြေဧက ( ၆၀ ) ကျော် အကျယ်အဝန်းရှိသည့် ဂရန်မြေပေါ်တွင် ရှမ်းပြည်နယ်အစိုးရနှင့်အကျိုးတူ ဖော်ဆောင်လျက်ရှိသည်။ အဆိုပါ စီမံကိန်းသည် ညောင်ရွှေကားလမ်းမကြီးပေါ်ရှိ White Orchid Hotel အနီးတွင် တည်ရှိသည်။ ဝယ်ယူသူ ဂရန်အမည်ပေါက် ရရှိမည်ဖြစ်ပြီး မြေအကျယ်အဝန်း 3,000 sqft ကျော် မှ 10,000 sqft ကျော် အထိ ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

OakLand Villas အိမ်ရာစီမံကိန်းတွင် ကလေးကစားကွင်း ၊ ပန်းခြံ ၊ အုပ်ချုပ်ရေးရုံး ၊ မီးသတ်ရုံ ၊ Security ၊ ကိုယ်ပိုင် Transformer ၊ ကိုယ်ပိုင် မီတာ ၊ Centralized System ဖြင့် ရေပေးဝေစနစ် စသည့် Facilities များ ပါဝင်နေမည်ဖြစ်သည်။ သည့်အပြင် OakLand Villas စီမံကိန်းမှ မြေကွက်များကို ဝယ်ယူထားသူများအနေဖြင့် White Orchid Hotel တွင်းရှိ Spa ၊ Swimming Pool နှင့် Gym တို့ကို Member Card ဖြင့် အသုံးပြုခွင့်များ ၊ ဟိုတယ်အခန်း နှင့် စားသောက်ဆိုင်များအတွက် 10% Discount ရရှိမည်ဖြစ်သည်။

“ OakLand Villas စီမံကိန်းဟာ ညောင်ရွှေကားလမ်းမကြီးပေါ်မှာရှိတဲ့ White Orchid Hotel နဲ့ ဘေးချင်းကပ်တည်ရှိနေတာပါ။ ညောင်ရွှေလမ်းဆုံကနေ ကားနဲ့သွားရင် (၂) မိနစ်၊ အင်းလေးကို (၁၅) မိနစ်လောက်နဲ့ ရောက်နိုင်တဲ့အတွက် အချက်အခြာကျတဲ့ နေရာမှာ တည်ရှိပါတယ်။ စီမံကိန်းရဲ့ infrastructure တွေဖြစ်တဲ့ လမ်း နဲ့ လမ်းမီးတိုင်များဟာလည်း ၁၀၀% ပြီးစီးနေပါပြီ။ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းကနေ အထူးဈေးကွက်ဖော်ဆောင်ရေး နည်းဗျူဟာတွေ၊ ထိရောက်တဲ့ ကြော်ငြာမှုတွေ၊ ကျွန်တော်တို့ကို အမြဲတစေအားပေးကြတဲ့ မိတ်ဟောင်း မိတ်သစ်တွေ၊ ကျွမ်းကျင်တဲ့ အရောင်းဝန်ထမ်းညီမလေးတွေနဲ့ ရောင်းချပေးနိုင်ခဲ့တာ ဖြစ်တဲ့အတွက် အခုလိုမျိုး ရောင်းအားကောင်းခဲ့ပါတယ်။ ဝယ်ယူအားပေးကြတဲ့ Customer များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

Oakland Villas ၏ Developer ဖြစ်သည့် ဣစိတံကုမ္ပဏီလီမိတက်မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာကိုကိုမှ " အခုလိုရောင်းရတဲ့ရလာဒ်အပေါ် အများကြီး အားရကျေနပ်မိပါတယ်။ ဒီစီမံကိန်းကို iMyanmarHouse.com နဲ့ လက်တွဲပြီး ပထမဆုံး အရောင်းဖွင့်ခဲ့တာပါ။ အိမ်ခြံမြေလောက အေးစက်နေချိန်မှာ အခုလိုမျိုး ပထမဆုံးအရောင်းပွဲမှာတင် ရောင်းအားကောင်းခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ iMyanmarHouse.com နဲ့ ဆက်လက် လက်တွဲပြီး ရောင်းချသွားဖို့ ရှိပါတယ် " ဟု ဝမ်းမြောက်ဂုဏ်ယူစွာ ဖြေကြားခဲ့သည်။

“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ထိုင်း၊ မလေးရှား၊ စင်္ကာပူ အစရှိတဲ့ ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဉာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။ iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

ေနာက္ဆံုးရ အိမ္ၿခံေျမ သတင္းမ်ား

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၈)ဈေးကို အဆင့်မြှင့်တင်ပေးရန်စီစဉ်ထားအတွက် လွှတ်တော်ကိုယ်စားလှယ် အဆိုပြုသည့် မြေနေရာတွင် အဆင့်မီဈေးတည်ဆောက်ပေးရန် မသင့်ပါကြောင်း မြို့တော်ဝန်ပြော...
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၈)ဈေးကို အဆင့်မြှင့်တင်ပေးရန်စီစဉ်ထားအတွက် လွှတ်တော်ကိုယ်စားလှယ် အဆိုပြုသည့် မြေနေရာတွင် အဆင့်မီဈေးတည်ဆောက်ပေးရန် မသင့်ပါကြောင်း မြို့တော်ဝန်ပြော...
တောင်ကိုရီးယားတွင် အိမ်ခြံမြေဈေးကစားခြင်းများ ထိန်းချုပ်ရန်အတွက် ချေးငွေစည်းမျဉ်း တင်းကျပ်ခြင်း၊ အခွန်နှုန်းထားမြှင့်တင်ခြင်းများ ပြုလုပ်မည်...
တောင်ကိုရီးယားတွင် အိမ်ခြံမြေဈေးကစားခြင်းများ ထိန်းချုပ်ရန်အတွက် ချေးငွေစည်းမျဉ်း တင်းကျပ်ခြင်း၊ အခွန်နှုန်းထားမြှင့်တင်ခြင်းများ ပြုလုပ်မည်...
နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ပေးရန် ဂျပန်သံရုံးနှင့် JICA သို့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်...
နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ပေးရန် ဂျပန်သံရုံးနှင့် JICA သို့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်...
လန်ဒန်တွင် ဇိမ်ခံအိမ်ခြံမြေများကို ဝယ်ယူကြသည့် ဝယ်လက်အများစုမှာ မလေးရှားနိုင်ငံသားများဖြစ်...
လန်ဒန်တွင် ဇိမ်ခံအိမ်ခြံမြေများကို ဝယ်ယူကြသည့် ဝယ်လက်အများစုမှာ မလေးရှားနိုင်ငံသားများဖြစ်...
မြေကြီးထဲသို့ တဖြည်းဖြည်းချင်းနစ်ဝင်နေသော ခေါင်းလောင်း မျှော်စင်ကြီး
မြေကြီးထဲသို့ တဖြည်းဖြည်းချင်းနစ်ဝင်နေသော ခေါင်းလောင်း မျှော်စင်ကြီး
ပြည်တွင်း၌ လုပ်သား၂,၆၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၃) ခု ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ခွင့်ပြုခဲ့...
ပြည်တွင်း၌ လုပ်သား၂,၆၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၃) ခု ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ခွင့်ပြုခဲ့...
အာရှတွင် ၂၀၂၅ ခုနှစ်မကုန်မီ စမတ်စီးတီး ၁၀ ခု ရှိလာမည်
အာရှတွင် ၂၀၂၅ ခုနှစ်မကုန်မီ စမတ်စီးတီး ၁၀ ခု ရှိလာမည်
ထိုင်း-မြန်မာ-အိန္ဒိယတို့ကိုဖြတ်သန်းမည့် မိုင် ၅၀၀၀ ရှည်လျားသည့် မဟာဓါတ်အားလိုင်းတည်ဆောက်မည်...
ထိုင်း-မြန်မာ-အိန္ဒိယတို့ကိုဖြတ်သန်းမည့် မိုင် ၅၀၀၀ ရှည်လျားသည့် မဟာဓါတ်အားလိုင်းတည်ဆောက်မည်...
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော် အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်မာကယ်တို့ လော့စ်အိန်ဂျလိတွင် လိုက်လံအိမ်ငှားလျက်ရှိ...
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော် အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်မာကယ်တို့ လော့စ်အိန်ဂျလိတွင် လိုက်လံအိမ်ငှားလျက်ရှိ...
အီတလီနိုင်ငံ၊ တီယိုရာမြို့ကလေးသို့ ပြောင်းရွှေ့နေထိုင်မည်ဆိုပါက မြို့အုပ်ချုပ်ရေးအဖွဲ့က အိမ်ငှားခ ၂ နှစ်တာ ထောက်ပံ့မည်...
အီတလီနိုင်ငံ၊ တီယိုရာမြို့ကလေးသို့ ပြောင်းရွှေ့နေထိုင်မည်ဆိုပါက မြို့အုပ်ချုပ်ရေးအဖွဲ့က အိမ်ငှားခ ၂ နှစ်တာ ထောက်ပံ့မည်...

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)