ေနအိမ္ကုိ နွစ္ခ်ဳပ္စနစ္ၿဖင့္ ငွားရမ္းျခင္း

ေနအိမ္ကုိ နွစ္ခ်ဳပ္စနစ္ၿဖင့္ ငွားရမ္းျခင္း - Property Knowledge in Myanmar from iMyanmarHouse.com
20 Sep 2019 1:44 pm တွင် တင်ခဲ့သည်
2312 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

ယခုအခါ စေပၚစနစ္၊ အေပ်ာက္စနစ္သာမက နွစ္ခ်ဳပ္ငွားစနစ္ကိုပါ က်င့္သံုးလာၾကသည္ကို ေတြ႔ရသည္။ နွစ္ခ်ဳပ္စနစ္တြင္ စေပၚမရွိ၊ အေပ်ာက္မရွိ၊ ငွားရမ္းခကို တစ္နွစ္စာ ႀကိဳတင္ေပးထားရေသာ စနစ္ၿဖစ္သည္။ တခ်ိဳ႕မွာ နွစ္ဖက္ညွိႏႈိင္းခ်က္အရ ေျခာက္လခ်ဳပ္သည္လည္း ရွိသည္။ အိမ္ငွားအေနျဖင့္ မိမိ ငွားရမ္းေနထိုင္မည့္ ကာလတစ္ခုလံုးအတြက္ အိမ္ငွားရမ္းခအားလံုးကို တစ္ႀကိမ္တည္း အေၾကအလည္ေပးထားရၿခင္းၿဖစ္သည္။

မ်ားေသာအားၿဖင့္ နွစ္ခ်ဳပ္ငွားရမ္းၿခင္းစနစ္အရ စာခ်ဳပ္သက္တမ္း မကုန္ဆံုးမီကာလအတြင္း အေၾကာင္းေၾကာင္းေၾကာင့္ ဆက္လက္ငွားရမ္းၿခင္းမျပဳပါက အိမ္ရွင္ၿဖစ္သူမွ အိမ္ငွားၿဖစ္သူသို႕ က်န္ရွိသည့္ အိမ္ငွားကာလအတြက္ အိမ္ငွားခမ်ားကို ျပန္အမ္းေပးျခင္းမရွိေပ။ အိမ္ငွားစာခ်ဳပ္ သက္တမ္းမေစ့မီ ဆက္လက္ငွားရမ္းလိုျခင္း ရွိမရွိႏွင့္ အခ်ိန္မေစ့မီ အိမ္ငွားအေနၿဖင့္ ဆက္လက္ငွားရမ္းၿခင္းမျပဳေတာ့ပါက အိမ္ငွားခ ျပန္အမ္း၊ မအမ္းမွာ စာခ်ဳပ္ပါ အိမ္ရွင္နွင့္ အိမ္ငွား နွစ္ဖက္သေဘာတူညီမႈ ရွိခဲ့သည့္ အတို္င္းပင္ၿဖစ္သည္။

အိမ္ငွားရမ္းၿခင္းနွင့္ပတ္သက္၍ အိမ္ငွားကာလ သက္တမ္းမေစ့မီ အေၾကာင္းတစ္စံုတစ္ရာေၾကာင့္ အိမ္ရွင္ဘက္မွ ဆက္လက္ငွားရမ္းရန္ ပ်က္ကြက္ပါက အိမ္ငွားခ က်န္ရွိေငြအားလံုးကို အိမ္ရွင္ဘက္မွ ျပန္လည္ေပးအပ္ရန္ႏွင့္ အိမ္ငွားၿဖစ္သူမွ ဆက္လက္ငွားရမ္းရန္ ပ်က္ကြက္ပါက ေပးေခ်ၿပီးၿဖစ္သည့္ က်န္ရွိသည့္အိမ္ငွားခကို အိမ္ငွားျဖစ္သူအေနၿဖင့္ ဆံုးရႈံးခံရန္ဟူ၍ စာခ်ဳပ္တြင္ ထည့္သြင္း ေဖာ္ျပခ်ဳပ္ဆိုခဲ့ပါက စာခ်ဳပ္ပါအတိုင္း ေဆာင္ရြက္ရန္ပင္ၿဖစ္ေပသည္။

သို႔တည္းမဟုတ္ မည္သူ၏ ပ်က္ကြက္မႈေၾကာင့္ၿဖစ္ေစ၊ စာခ်ဳပ္သက္တမ္းကာလ မကုန္ဆံုးမီ ဆက္လက္ငွားရမ္းျခင္းမျပဳေတာ့ပါက က်န္ရွိသည့္အိမ္ငွားခေငြမ်ားကုိ အိမ္ရွင္မွ အိမ္ငွားၿဖစ္သူသို႔ ျပန္လည္ေပးေလ်ာ္ရန္ မလိုေၾကာင္းထည့္သြင္းေဖာ္ျပခ်ဳပ္ဆိုၾကတာလည္းရွိသည္။

အိမ္ငွားရမ္းသည့္ သက္တမ္းကာလၿပီးဆံုးၿပီးေနာက္ ဆက္လက္ငွားရမ္းမည့္ကိစၥမွာ ေနာက္ထပ္၍ အိမ္ရွင္ႏွင့္ အိမ္ငွား နွစ္ဦးနွစ္ဖက္၏ သေဘာတူညီခ်က္အရသာ ျဖစ္ေပသည္။ ဆက္လက္ငွားရမ္းသည့္တိုင္ အိမ္ငွားခကို ယခင္ငွားရမ္းခႏႈန္းအတိုင္းၿဖစ္မၿဖစ္မွာလည္း အဓိကအားျဖင့္ အိမ္ရွင္ၿဖစ္သူ၏ သေဘာဆႏၵအရသာၿဖစ္သည္။

ႏွစ္ခ်ဳပ္စနစ္၏ အားသာခ်က္မွာ အိမ္ငွားျဖစ္သူအေနျဖင့္ မိမိဆက္လက္ငွားရမ္းေနထုိင္လုိျခင္း မရွိေတာ့ေသာအခ်ိန္တြင္ စေပၚေငြျပန္မရမည္ကို ပူပန္ရန္မလိုေတာ့သကဲ့သို႔ အိမ္ရွင္အေနၿဖင့္လည္း လစဥ္အိမ္လခမွန္မွန္ မရမည္ကို ပူပန္ရန္ မလိုေတာ့ၿခင္း၊ စေပၚေငြကဲ့သို႔ အိမ္ငွားၿဖစ္သူသို႔ ေငြအလံုးအရင္းၿဖင့္ ျပန္အမ္းရမည္ကို ပူပန္ရန္မလိုၿခင္းပင္ ၿဖစ္ေပသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: winningland

### Unicode Version ###

ယခုအခါ စပေါ်စနစ်၊ အပျောက်စနစ်သာမက နှစ်ချုပ်ငှားစနစ်ကိုပါ ကျင့်သုံးလာကြသည်ကို တွေ့ရသည်။ နှစ်ချုပ်စနစ်တွင် စပေါ်မရှိ၊ အပျောက်မရှိ၊ ငှားရမ်းခကို တစ်နှစ်စာ ကြိုတင်ပေးထားရသော စနစ်ဖြစ်သည်။ တချို့မှာ နှစ်ဖက်ညှိနှိုင်းချက်အရ ခြောက်လချုပ်သည်လည်း ရှိသည်။ အိမ်ငှားအနေဖြင့် မိမိ ငှားရမ်းနေထိုင်မည့် ကာလတစ်ခုလုံးအတွက် အိမ်ငှားရမ်းခအားလုံးကို တစ်ကြိမ်တည်း အကြေအလည်ပေးထားရခြင်းဖြစ်သည်။

များသောအားဖြင့် နှစ်ချုပ်ငှားရမ်းခြင်းစနစ်အရ စာချုပ်သက်တမ်း မကုန်ဆုံးမီကာလအတွင်း အကြောင်းကြောင်းကြောင့် ဆက်လက်ငှားရမ်းခြင်းမပြုပါက အိမ်ရှင်ဖြစ်သူမှ အိမ်ငှားဖြစ်သူသို့ ကျန်ရှိသည့် အိမ်ငှားကာလအတွက် အိမ်ငှားခများကို ပြန်အမ်းပေးခြင်းမရှိပေ။ အိမ်ငှားစာချုပ် သက်တမ်းမစေ့မီ ဆက်လက်ငှားရမ်းလိုခြင်း ရှိမရှိနှင့် အချိန်မစေ့မီ အိမ်ငှားအနေဖြင့် ဆက်လက်ငှားရမ်းခြင်းမပြုတော့ပါက အိမ်ငှားခ ပြန်အမ်း၊ မအမ်းမှာ စာချုပ်ပါ အိမ်ရှင်နှင့် အိမ်ငှား နှစ်ဖက်သဘောတူညီမှု ရှိခဲ့သည့် အတိုင်းပင်ဖြစ်သည်။

အိမ်ငှားရမ်းခြင်းနှင့်ပတ်သက်၍ အိမ်ငှားကာလ သက်တမ်းမစေ့မီ အကြောင်းတစ်စုံတစ်ရာကြောင့် အိမ်ရှင်ဘက်မှ ဆက်လက်ငှားရမ်းရန် ပျက်ကွက်ပါက အိမ်ငှားခ ကျန်ရှိငွေအားလုံးကို အိမ်ရှင်ဘက်မှ ပြန်လည်ပေးအပ်ရန်နှင့် အိမ်ငှားဖြစ်သူမှ ဆက်လက်ငှားရမ်းရန် ပျက်ကွက်ပါက ပေးချေပြီးဖြစ်သည့် ကျန်ရှိသည့်အိမ်ငှားခကို အိမ်ငှားဖြစ်သူအနေဖြင့် ဆုံးရှုံးခံရန်ဟူ၍ စာချုပ်တွင် ထည့်သွင်း ဖော်ပြချုပ်ဆိုခဲ့ပါက စာချုပ်ပါအတိုင်း ဆောင်ရွက်ရန်ပင်ဖြစ်ပေသည်။

သို့တည်းမဟုတ် မည်သူ၏ ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ စာချုပ်သက်တမ်းကာလ မကုန်ဆုံးမီ ဆက်လက်ငှားရမ်းခြင်းမပြုတော့ပါက ကျန်ရှိသည့်အိမ်ငှားခငွေများကို အိမ်ရှင်မှ အိမ်ငှားဖြစ်သူသို့ ပြန်လည်ပေးလျော်ရန် မလိုကြောင်းထည့်သွင်းဖော်ပြချုပ်ဆိုကြတာလည်းရှိသည်။

အိမ်ငှားရမ်းသည့် သက်တမ်းကာလပြီးဆုံးပြီးနောက် ဆက်လက်ငှားရမ်းမည့်ကိစ္စမှာ နောက်ထပ်၍ အိမ်ရှင်နှင့် အိမ်ငှား နှစ်ဦးနှစ်ဖက်၏ သဘောတူညီချက်အရသာ ဖြစ်ပေသည်။ ဆက်လက်ငှားရမ်းသည့်တိုင် အိမ်ငှားခကို ယခင်ငှားရမ်းခနှုန်းအတိုင်းဖြစ်မဖြစ်မှာလည်း အဓိကအားဖြင့် အိမ်ရှင်ဖြစ်သူ၏ သဘောဆန္ဒအရသာဖြစ်သည်။

နှစ်ချုပ်စနစ်၏ အားသာချက်မှာ အိမ်ငှားဖြစ်သူအနေဖြင့် မိမိဆက်လက်ငှားရမ်းနေထိုင်လိုခြင်း မရှိတော့သောအချိန်တွင် စပေါ်ငွေပြန်မရမည်ကို ပူပန်ရန်မလိုတော့သကဲ့သို့ အိမ်ရှင်အနေဖြင့်လည်း လစဉ်အိမ်လခမှန်မှန် မရမည်ကို ပူပန်ရန် မလိုတော့ခြင်း၊ စပေါ်ငွေကဲ့သို့ အိမ်ငှားဖြစ်သူသို့ ငွေအလုံးအရင်းဖြင့် ပြန်အမ်းရမည်ကို ပူပန်ရန်မလိုခြင်းပင် ဖြစ်ပေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: winningland

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
kalaw-garden-valley
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service