ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)
### Zawgyi Version ###
စည္းၾကပ္မႈမွ လြတ္ကင္းေနသည့္ေငြမ်ား အခြန္ႏႈန္းထားေျပာင္းလဲမႈေၾကာင့္ ယခင္ကထက္အခြန္ေဆာင္သူအေရအတြက္ ဆယ္ဆတိုးတက္လာႏိုင္မည္ဟုဆိုုျမန္မာႏိုင္ငံေဆာက္လုပ္ရးဆိုရင္လုပ္ငန္း႐ွင္မ်ားအသင္းမွ သိရသည္။
" အခြန္ႏႈန္းထားေလ်ာ့သြားေပမဲ့ ဒီႏႈန္းထားက အားလံုးေဆာင္ႏိုင္တဲ့ ပမာဏျဖစ္လို႔ အရင္ကထက္ အခြန္ပိုတိုးရလာမယ္ အခြန္ေဆာင္သူလည္း ဆယ္ဆေလာက္တိုးလာမယ္ ။ စီးပြားေရးလုပ္ငန္းအားလံုးကေတာ့ဒါကိုႀကိဳဆိုေနၾကတယ္''ဟု ျမန္မာႏိုင္ငံေဆာက္လုပ္ရးဆိုရင္လုပ္ငန္း႐ွင္မ်ားအသင္းမွ အေထြေထြအတြင္းေရးမႈးခ်ဳပ္ဦးမ်ိဳးျမင့္ကေျပာသည္။
၂၀၁၉ အခြန္အေကာက္ဥပေဒၾကမ္းကို ယေန႔ ျပည္ေထာင္စုလႊတ္ေတာ္က တစ္ပိုဒ္ျခင္းဆီအလိုက္ မဲခြဲဆုံးျဖတ္ရာတြင္ ယင္းအခ်က္ကိုပါ သေဘာတူလက္ခံကာ အတည္ျပဳေပးလိုက္ျခင္း ျဖစ္သည္။
လႊတ္ေတာ္ဘက္က ျပည္ေထာင္စုအစိုးရအဖြဲ႕တင္ျပထားေသာ အခြန္စည္းၾကပ္မွုမွ လြတ္ကင္းေနသည့္ ေငြမ်ားကိစၥႏွင့္ ပါတ္သတ္ၿပီး ေငြ၁က်ပ္ မွ သိန္း၁၀၀၀ အထိ ၃ ရာခိုင္ႏႈန္း၊သိန္း၁၀၀၀မွ ၃၀၀၀ အထိ ၅ ရာခိုင္ႏွုန္း၊သိန္း ၃၀၀၀ မွ သိန္း ၁၀၀၀၀ အထိ ၁၀ ရာခိုင္ႏႈန္း သိန္း ၁၀၀၀၀မွ သိန္း ၃၀၀၀၀ ၁၅ရာခိုင္ႏွုန္း၊သိန္း ၃၀၀၀၀ အထက္ကို ၃၀ ရာခိုင္ႏွုန္းကို အတည္ျပဳေပးျခင္းျဖစ္ေၾကာင္း ယေန႔ျပည္ေထာင္စုလႊတ္ေတာ္ ဆံုးျဖတ္ခ်က္အရသိရသည္။
ျပည္ေထာင္စုလႊတ္ေတာ္ဘက္က ယေန႔ အတည္ျပဳေပးလိုက္ေသာ စည္းၾကပ္မႈမွ လြတ္ကင္းေနသည့္ေငြမ်ား အခြန္ေဆာင္၍ရသည့္ ကိစၥသည္လာမည့္ ေအာက္တိုဘာလ ၁ ရက္ေန႔မွ စက္တင္ဘာလ ၃၀ ရက္ အထိ တစ္ႏွစ္ထဲသာ ေဆာင္ရြက္မည့္ အစီအစဥ္ျဖစ္ေၾကာင္း အဆိုပါဆံုးျဖတ္ခ်က္အရသိရသည္။
ယင္းအစီအစဥ္သည္ နိုင္ငံသားမည္သူမဆို အေျခပစၥည္းတစ္ရပ္ရပ္၀ယ္ယူျခင္း၊တည္ေဆာက္ျခင္း၊ရယူျခင္းႏွင့္ လုပ္ငန္းအသစ္တည္ေထာင္ျခင္း၊လုပ္ငန္းထပ္မံတိုးခ်ဲ႕ျခင္း တို႕တြင္ အက်ဳံး၀င္မည္ျဖစ္ေၾကာင္းအဆိုပါဥပေဒတြင္ပါဝင္သည္။
စည္းၾကပ္မွုမွ လြတ္ကင္းေနသည့္ေငြမ်ားအေပၚ အခြန္စည္းၾကပ္ျခင္းသည္ တရားမ၀င္ရရွိသည့္ ပစၥည္းမ်ား ပိုင္ဆိုင္ျခင္း၊ေရာင္း၀ယ္ျခင္း၊ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒအရ အေရးယူသည့္ ကိစၥရပ္မ်ားႏွင့္ သက္ဆိုင္ျခင္းမရွိေစရဟု အစိုးရအဖြဲ႕ကသတိေပးေျပာဆိုထားသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
စည်းကြပ်မှုမှ လွတ်ကင်းနေသည့်ငွေများ အခွန်နှုန်းထားပြောင်းလဲမှုကြောင့် ယခင်ကထက်အခွန်ဆောင်သူအရေအတွက် ဆယ်ဆတိုးတက်လာနိုင်မည်ဟုဆိုမြန်မာနိုင်ငံဆောက်လုပ်ရးဆိုရင်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
" အခွန်နှုန်းထားလျော့သွားပေမဲ့ ဒီနှုန်းထားက အားလုံးဆောင်နိုင်တဲ့ ပမာဏဖြစ်လို့ အရင်ကထက် အခွန်ပိုတိုးရလာမယ် အခွန်ဆောင်သူလည်း ဆယ်ဆလောက်တိုးလာမယ် ။ စီးပွားရေးလုပ်ငန်းအားလုံးကတော့ဒါကိုကြိုဆိုနေကြတယ်''ဟု မြန်မာနိုင်ငံဆောက်လုပ်ရးဆိုရင်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှုးချုပ်ဦးမျိုးမြင့်ကပြောသည်။
၂၀၁၉အခွန်အကောက်ဥပဒေကြမ်းကို ယနေ့ ပြည်ထောင်စုလွှတ်တော်က တစ်ပိုဒ်ခြင်းဆီအလိုက် မဲခွဲဆုံးဖြတ်ရာတွင် ယင်းအချက်ကိုပါ သဘောတူလက်ခံကာ အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
လွှတ်တော်ဘက်က ပြည်ထောင်စုအစိုးရအဖွဲ့တင်ပြထားသော အခွန်စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ငွေများကိစ္စနှင့် ပါတ်သတ်ပြီး ငွေ၁ကျပ် မှ သိန်း၁၀၀၀ အထိ ၃ ရာခိုင်နှုန်း၊သိန်း၁၀၀၀မှ ၃၀၀၀ အထိ ၅ ရာခိုင်နှုန်း၊သိန်း ၃၀၀၀ မှ သိန်း ၁၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း သိန်း ၁၀၀၀၀မှ သိန်း ၃၀၀၀၀ ၁၅ရာခိုင်နှုန်း၊သိန်း ၃၀၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းကို အတည်ပြုပေးခြင်းဖြစ်ကြောင်း ယနေ့ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်အရသိရသည်။
ပြည်ထောင်စုလွှတ်တော်ဘက်က ယနေ့ အတည်ပြုပေးလိုက်သော စည်းကြပ်မှုမှ လွတ်ကင်းနေသည့်ငွေများ အခွန်ဆောင်၍ရသည့် ကိစ္စသည်လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက် အထိ တစ်နှစ်ထဲသာ ဆောင်ရွက်မည့် အစီအစဉ်ဖြစ်ကြောင်း အဆိုပါဆုံးဖြတ်ချက်အရသိရသည်။
ယင်းအစီအစဉ်သည် နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ဝယ်ယူခြင်း၊တည်ဆောက်ခြင်း၊ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊လုပ်ငန်းထပ်မံတိုးချဲ့ခြင်း တို့တွင် အကျုံးဝင်မည်ဖြစ်ကြောင်းအဆိုပါဥပဒေတွင်ပါဝင်သည်။
အိမ်၊ ခြံ၊မြေလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအသင်းဗဟိုအလုပ်မှုဆောင်ဥက္ကဌဦးတင်မောင်က''အခုပြောင်းလဲလိုက် နှုန်းထားအသစ်ကိုကြိုဆိုပါတယ်။ ဒီလိုလုပ်လိုက်တာက အိမ်၊ ခြံ၊ မြေ လုပ်ငန်းတင်မဟုတ်ဘူး စီးပွားရေးလုပ်ငန်းကြိးတခုလုံး ပြန်ကောင်းမွန်လာနိုင်အောင်လှုပ်နှိုးလိုက်တာပါ ''ဟုပြောဆိုသည်။
စည်းကြပ်မှုမှ လွတ်ကင်းနေသည့်ငွေများအပေါ် အခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ရောင်းဝယ်ခြင်း၊ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် သက်ဆိုင်ခြင်းမရှိစေရဟု အစိုးရအဖွဲ့ကသတိပေးပြောဆိုထားသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com