အခုႏွစ္အတြက္ရင္းႏွီးျမွပ္နွံမွဳပမာဏ မျပည့္မွီေသး

အခုႏွစ္အတြက္ရင္းႏွီးျမွပ္နွံမွဳပမာဏ မျပည့္မွီေသး - Property News in Myanmar from iMyanmarHouse.com
449 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ျပည္တြင္း အိမ္ၿခံေျမ သတင္း | Posted by ေရႊစင္ဝင္း (iMyanmarHouse.com)

### Zawgyi Version ###

ယခုႏွစ္အတြက္ မွန္းထားတဲ့ ရင္းႏွီးျမွဳပ္ႏွံမႈပမာဏ မျပည့္မီေသးဘူးလို႔ ရင္းႏွီးျမွဳပ္ႏွံမႈနဲ႕ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာနကေန သတင္းရရွိပါတယ္။

အေမရိကန္ေဒၚလာ ၅ ဒႆမ ၈ ဘီလီယံ ေမွ်ာ္မွန္းထားေပမယ့္ လက္ရွိမွာေတာ့ အေမရိကန္ေဒၚလာ ၄ ဒႆမ ၄ ဘီလီယံသာ ရရွိထားတယ္လို႔ ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚတင္ေအးဟန္က ေျပာပါတယ္။

ဒါေပမယ့္ လာေရာက္တင္ျပထားတဲ့ လုပ္ငန္းေတြေတာ့ရွိေနေသးတယ္လို႔ သိရပါတယ္။

အဲဒီလုပ္ငန္းေတြက သတ္မွတ္ခ်က္နဲ႕ ကိုက္ညီလို႔ ခြင့္ျပဳမယ္ဆိုရင္ အေမရိကန္ေဒၚလာ ၄ ဒႆမ ၉ ဘီလီယံအထိ ျဖစ္လာႏုိင္တယ္လို႔ သိရပါတယ္။

လာေရာက္တင္ျပထားတဲ့လုပ္ငန္းေတြထဲမွာေတာ့ စက္မႈလုပ္ငန္း၊ ဟိုတယ္လုပ္ငန္းနဲ႕ အေျခခံအေဆာက္အအံုတည္ေဆာက္ေရးလုပ္ငန္းေတြပါဝင္တယ္လို႔ ဆိုပါတယ္။

လက္ရွိမွာ ျမန္မာႏိုင္ငံမွာရင္းႏီွးျမွဳပ္ႏွံမႈ အမ်ားဆံုးဝင္ေရာက္လုပ္ကိုင္ေနတဲ့ ႏိုင္ငံေတြက စကၤာပူနဲ႕ တရုတ္ႏိုင္ငံပါ။

ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေတြ ပိုမို၀င္ေရာက္လာဖို႕နဲ႕ခိုင္မာတဲ့ လုပ္ငန္းႀကီးေတြ ၀င္ေရာက္လာႏိုင္ဖို႔ ဖြဲ႕စည္းပံုေတြကို ေျပာင္းလဲခဲ့တယ္လို႔ ၾသဂုတ္လ ၂၀ ရက္ေန႕က ရန္ကုန္မွာျပဳလုပ္ခဲ့တဲ့ ျမန္မာ- ဂ်ပန္- အေမရိကန္ ရင္းႏွီးျမႇဳပ္ႏွံမႈ ဖိုရမ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားထားပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ယခုနှစ်အတွက် မှန်းထားတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ မပြည့်မီသေးဘူးလို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေ သတင်းရရှိပါတယ်။ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၈ ဘီလီယံ မျှော်မှန်းထားပေမယ့် လက်ရှိမှာတော့ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄ ဘီလီယံသာ ရရှိထားတယ်လို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က ပြောပါတယ်။

ဒါပေမယ့် လာရောက်တင်ပြထားတဲ့ လုပ်ငန်းတွေတော့ရှိနေသေးတယ်လို့ သိရပါတယ်။

အဲဒီလုပ်ငန်းတွေက သတ်မှတ်ချက်နဲ့ ကိုက်ညီလို့ ခွင့်ပြုမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၉ ဘီလီယံအထိ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ လာရောက်တင်ပြထားတဲ့လုပ်ငန်းတွေထဲမှာတော့ စက်မှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းတွေပါဝင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံတွေက စင်္ကာပူနဲ့ တရုတ်နိုင်ငံပါ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာဖို့နဲ့ခိုင်မာတဲ့ လုပ်ငန်းကြီးတွေ ဝင်ရောက်လာနိုင်ဖို့ ဖွဲ့စည်းပုံတွေကို ပြောင်းလဲခဲ့တယ်လို့ သြဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ မြန်မာ- ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

ေနာက္ဆံုးရ အိမ္ၿခံေျမ သတင္းမ်ား

မြန်မာ့ကမ်းလွန်လုပ်ကွက်၌ ရေနံဓာတ်ငွေသိုက်အသစ်တွေ့ရှိ
မြန်မာ့ကမ်းလွန်လုပ်ကွက်၌ ရေနံဓာတ်ငွေသိုက်အသစ်တွေ့ရှိ
ချမ်းမြရွှေပြည်(ကျွဲဆည်ကန်)ယာယီ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ဈေးဆိုင်ခန်းနှင့်ဂိတ်ခန်းတို့အား မဲနှိုက်...
ချမ်းမြရွှေပြည်(ကျွဲဆည်ကန်)ယာယီ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ဈေးဆိုင်ခန်းနှင့်ဂိတ်ခန်းတို့အား မဲနှိုက်...
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအများ ပြည်သူသို့ အသိပေးရှင်းလင်းပွဲကို သင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာပမြို့နယ်တို့၌ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ်...
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအများ ပြည်သူသို့ အသိပေးရှင်းလင်းပွဲကို သင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာပမြို့နယ်တို့၌ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ်...
တိုင်းအစိုးရရောင်းချသည့်မြေကွက် အချက်အလက်မှန်သည့် ဝယ်ယူခွင့်ရသူ ၆၄၀ ကျော်သာရှိ
တိုင်းအစိုးရရောင်းချသည့်မြေကွက် အချက်အလက်မှန်သည့် ဝယ်ယူခွင့်ရသူ ၆၄၀ ကျော်သာရှိ
ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ စက်မှုဇုန်စီမံကိန်းအတွက် ကန်ဒေါ်လာသန်း ၃၀ ရင်းနှီးမြှုပ်နှံမည်...
ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ စက်မှုဇုန်စီမံကိန်းအတွက် ကန်ဒေါ်လာသန်း ၃၀ ရင်းနှီးမြှုပ်နှံမည်...
ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ ဆိုက်ဘာဆက်သွယ်ရေးအတွက် Frontiir ကုမ္ပဏီကို ရွေးချယ်
ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ ဆိုက်ဘာဆက်သွယ်ရေးအတွက် Frontiir ကုမ္ပဏီကို ရွေးချယ်
ရန်ကုန်မြို့ပြ ဖွံ့ဖြိုးဖို့ ရည်မှန်းချက်လေးရပ်ချထားတယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆို...
ရန်ကုန်မြို့ပြ ဖွံ့ဖြိုးဖို့ ရည်မှန်းချက်လေးရပ်ချထားတယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆို...
ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်ပါဝင်ရေးဆောင်ရွက်နေသည်ဟု ဒုဝန်ကြီးပြော
ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်ပါဝင်ရေးဆောင်ရွက်နေသည်ဟု ဒုဝန်ကြီးပြော
ချေးငွေနဲ့အိမ်ဝယ်တဲ့အခါ အာမခံထားနိုင်တော့မယ်
ချေးငွေနဲ့အိမ်ဝယ်တဲ့အခါ အာမခံထားနိုင်တော့မယ်
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၂ ခုကိုခွင့်ပြု
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၂ ခုကိုခွင့်ပြု

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)