ရန္ကုန္တိုင္းေဒသႀကီးအတြင္း ခြင့္ျပဳခ်က္မရွိဘဲ အေဆာက္အအံု ေဆာက္လုပ္ျခင္းအတြက္ မည္သို႔အေရးယူခံရႏိုင္သလဲ

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ခြင့္ျပဳခ်က္မရွိဘဲ အေဆာက္အအံု ေဆာက္လုပ္ျခင္းအတြက္ မည္သို႔အေရးယူခံရႏိုင္သလဲ - Property Knowledge in Myanmar from iMyanmarHouse.com
13 Sep 2019 12:24 pm တွင် တင်ခဲ့သည်
18072 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

၂၀၁၈ ခုႏွစ္တြင္ျပဌာန္းထားသည့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာဥပေဒအရ ေကာ္မတီပိုင္နက္တြင္ အေဆာက္အအံုေဆာက္လုပ္ျခင္းအတြက္ အေဆာက္အအံုေဆာက္လုပ္ခြင့္ ခြင့္ျပဳခ်က္ေလွ်ာက္ထား၍ ေဆာက္လုပ္ရမွာျဖစ္ၿပီး ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ျခင္းအတြက္ ေအာက္ပါအတိုင္းဥပေဒျပဌာန္းထားၿပီး အေရးယူေဆာင္ရြက္လွ်က္ရွိပါသည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးဥပေဒပုဒ္မ ပုဒ္မ-၃၁၂(က)တြင္ မည္သူမွ် ေကာ္မတီ၏ခြင့္ျပဳခ်က္ မရွိဘဲ ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း အေဆာက္အအံုေဆာက္လုပ္ျခင္းလုပ္ငန္းလုပ္ကိုင္ျခင္းမျပဳရ၊ အားေပးကူညီျခင္း မျပဳရ။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးဥပေဒပုဒ္မ ပုဒ္မ-၃၂၄တြင္ ပုဒ္မ-၃၁၂(က) ပုဒ္မကို လိုက္နာရန္ ပ်က္ကြက္ေၾကာင္း သို႔မဟုတ္ ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ပထမအႀကိမ္ က်ဴးလြန္မႈအတြက္ ေငြဒဏ္က်ပ္ (၃)သိန္းမွ က်ပ္(၁၀)သိန္းအထိ ခ်မွတ္ရမည္။

အထက္ပါအတိုင္း ဥပေဒျပဌာန္းထားသည့္အတြက္ ပုဒ္မ-၃၁၂(က)ကို ေဖာက္ဖ်က္က်ဴးလြန္ျခင္း အတြက္ ပုဒ္မ-၃၂၄ တြင္ျပဌာန္းထားသည့္ ျပစ္ဒဏ္အတိုင္း ဒဏ္ေငြေပးေဆာင္ရမွာျဖစ္ၿပီး တရား၀င္ ေဆာက္လုပ္ခြင့္တင္ၿပီးမွသာ ဆက္လက္ေဆာက္လုပ္ရမွာျဖစ္ပါတယ္။ တရား၀င္ေဆာက္လုပ္ခြင့္တင္ျခင္းမ်ား လုပ္ေဆာင္ျခင္းမရွိဘဲ ဆက္လက္က်ဴးလြန္ပါက ေထာင္ဒဏ္(၆)လ ခ်မွတ္သည္အထိ အေရးယူခံရမွာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အမိန္႔ေၾကာ္ျငာစာအမွတ္-၂/၂၀၁၄၊ အေဆာက္အအံု ဆိုင္ရာနည္းဥပေဒမ်ား ပုဒ္မ- ၂၈(က) တြင္ ေကာ္မတီသည္ ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း ခြင့္ျပဳခ်က္မဲ့ အေဆာက္အအံုေဆာက္လုပ္ျခင္းလုပ္ငန္း လုပ္ကိုင္ေနေၾကာင္း သတင္းရရွိလွ်င္ေသာ္လည္းေကာင္း၊ စစ္ေဆး ေတြ႕ရွိလွ်င္ေသာ္လည္းေကာင္း ေအာက္ပါအတိုင္းစီမံခန္႔ခြဲႏိုင္သည္ ခြင့္ျပဳခ်က္မရွိဘဲ အေဆာက္အအံု ေဆာက္လုပ္ျခင္းကို လုပ္ငန္းရပ္ဆိုင္းထားၿပီး ခြင့္ျပဳခ်က္ေလွ်ာက္ထားရန္ သို႔မဟုတ္ ဖ်က္သိမ္းရန္ႏွင့္ မလိုက္နာက တရားစြဲမည္ျဖစ္ေၾကာင္း အေၾကာင္းၾကားရမည္။

အေဆာက္အအံု ဆိုင္ရာနည္းဥပေဒမ်ား ပုဒ္မ- ၂၈(ဃ) တြင္ နည္းဥေပဒခြဲ (က)ႏွင့္ (ခ)အရ အေၾကာင္းၾကားခ်က္အား လိုက္နာျခင္းမရွိဘဲ ဆက္လက္ေဆာင္ရြက္ပါက က်ဴးလြန္သူ၊ အားေပးကူညီသူႏွင့္ တာ၀န္ရွိသူကို တရားစြဲဆို၍ အေဆာက္အအံု၏ အမ်ားျမင္သာေသာေနရာတြင္ျဖစ္ေစ၊ ေျမကြက္၏ ေရွ႕ျခံစည္း႐ိုးတြင္ျဖစ္ေစ အနီေရာင္သတိေပးခ်က္ဆိုင္းဘုတ္ကို စြဲကပ္ထားရမည္။

အေဆာက္အအံုဆိုင္ရာနည္းဥပေဒမ်ား ပုဒ္မ- ၂၈(င) တြင္ နည္းဥေပဒခြဲ (ဃ) အရ ေကာ္မတီက အေရးယူေဆာင္ရြက္သည္ကို လိုက္နာျခင္းမရွိဘဲ ဆက္လက္ေဆာင္ရြက္လွ်င္ ေကာ္မတီက ဖြဲ႔စည္းေပးထား သည့္ ဖ်က္သိမ္းဖယ္ရွားရွင္းလင္းေရးအဖြဲ႔က လိုက္နာရန္ ပ်က္ကြက္သူထံ အေၾကာင္းၾကားစာရရွိသည့္ ေန႔ရက္မွ ရက္ေပါင္း(၃၀)အတြင္း ဖ်က္သိမ္းဖယ္ရွားရွင္းလင္းရန္ အေၾကာင္းၾကားရမည္။

အေဆာက္အအံုဆိုင္ရာနည္းဥပေဒမ်ား ပုဒ္မ- ၂၈ (စ) တြင္ နည္းဥပေဒခြဲ(င)အရ ထုတ္ဆင့္သည့္ အေၾကာင္းၾကားစာကို သက္ဆိုင္သူထံတစ္ႀကိမ္သာ ေပးပို႔ရန္ျဖစ္ျပီး သက္ဆိုင္သူက ယင္းအေၾကာင္းၾကားစာ ကို လက္မခံဘဲ ျငင္းဆန္လွ်င္ အေဆာက္အအံု၏ အမ်ားျမင္သာသည့္ေနရာတြင္ျဖစ္ေစ၊ ေျမကြက္၏ ေရွ႕ျခံစည္းရိုးတြင္ျဖစ္ေစ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးအာဏာပိုင္ တစ္ဦးဦး၏ ေရွ႕ေမွာက္တြင္ စြဲကပ္ရမည္။

အေဆာက္အအံုဆိုင္ရာနည္းဥပေဒမ်ား ပုဒ္မ- ၂၈ (ဆ)တြင္ အေဆာက္အအံုကို ဖ်က္သိမ္းဖယ္ရွား ရွင္းလင္းရမည့္ ေနာက္ဆံုးသတ္မွတ္ေန႔ရက္အထိ ဖ်က္သိမ္းဖယ္ရွားရွင္းလင္းျခင္းမရွိပါက အနီးကပ္ဆံုးအစိုးရ အဖြဲ႕၏ အစည္းအေဝးသို႔တင္ျပျပီး ဖ်က္သိမ္းဖယ္ရွားရွင္းလင္းေရးအတြက္ လံုျခံဳေရးနွင့္ အျခားလိုအပ္ေသာ အကူအညီမ်ားေတာင္းခံရမည္။ အဆိုပါ ဖ်က္သိမ္းဖယ္ရွားရွင္းလင္းေရးအဖြဲ႕သည္ ဖ်က္သိမ္းဖယ္ရွားရွင္းလင္း မည့္ေနရာသို႔ သြားေရာက္ျပီး အေဆာက္အအံုအတြင္းရွိ ေနထိုင္အသံုးျပဳသူမ်ားနွင့္ ဝင္ေရာက္လ်က္ရွိသူမ်ားကို ၄င္းတို႔၏ ပစၥည္းမ်ားအားတစ္ပါတည္း သယ္ေဆာင္ထြက္ခြာဖယ္ရွားရန္ အခ်ိန္သတ္မွတ္၍ အသံခ်ဲ႕စက္ျဖင့္ သံုးႀကိမ္သတိေပးနွိုးေဆာ္ရမည္။ တစ္ပါတည္း ယူေဆာင္သြားျခင္းမရွိပါက အဆိုပါပစၥည္းမ်ားနွင့္ စပ္လ်ဉ္း၍ ဖ်က္သိမ္းဖယ္ရွား ရွင္းလင္းေရးအဖြဲ႔တြင္ တာဝန္မရွိေစရ။

အေဆာက္အအံုဆိုင္ရာနည္းဥပေဒမ်ား ပုဒ္မ- ၂၈ (ဇ)တြင္ အေဆာက္အအံုအတြင္းရွိ ေနထိုင္အသံုးျပဳ သူမ်ားနွင့္ ဝင္ေရာက္လ်က္ရွိသူမ်ားက ၄င္းတို႔၏ အစီအစဉ္ျဖင့္ ထြက္ခြာျပီးလွ်င္ျဖစ္ေစ၊ ဖ်က္သိမ္းဖယ္ရွား ရွင္းလင္းေရးအဖြဲ႕က ဖယ္ရွားရွင္းလင္းျပီးလွ်င္ျဖစ္ေစ အဆိုပါအေဆာက္အအံု သို႔မဟုတ္ အေဆာက္အအံု တည္ရွိရာ ေျမကြက္ကို ခ်ိပ္ပိတ္ရမည္။

အေဆာက္အအံုဆိုင္ရာနည္းဥပေဒမ်ား ပုဒ္မ- ၂၈ (ဈ) တြင္အေဆာက္အအံုအတြင္းရွိ ေနထိုင္အသံုး ျပဳသူမ်ားနွင့္ ဝင္ေရာက္လ်က္ရွိသူမ်ားက ၄င္းတို့၏ သေဘာအေလ်ာက္ ထြက္ခြာျပီးလွ်င္ျဖစ္ေစ၊ ဖ်က္သိမ္း ဖယ္ရွားရွင္းလင္းေရးအဖြဲ႕က ဖယ္ရွားရွင္းလင္းျပီးလွ်င္ျဖစ္ေစ အဆိုပါအေဆာက္အအံုတစ္ခုလံုးကိုေသာ္လည္း ေကာင္း၊ အေဆာက္အအံု တစ္စိတ္တစ္ပိုင္းကိုေသာ္လည္းေကာင္း၊ ဖ်က္သိမ္းရန္လိုအပ္ပါက ဖ်က္သိမ္း ဖယ္ရွားရွင္းလင္းေရးအဖြဲ႔၏ အစီအစဉ္ျဖင့္ဖ်က္သိမ္းရမည္။ ယင္းသို့ဖ်က္သိမ္းရာမွထြက္ရွိလာေသာ အေဆာက္ အအံု၏ အပိုင္းအစမ်ားကို ယင္းအေဆာက္အအံုအတြင္း၌ျဖစ္ေစ ယင္းအေဆာက္အအံုတည္ရွိရာ ေျမကြက္ အတြင္း၌ ျဖစ္ေစ၊ အျခားသင့္ေလ်ာ္သည့္ေနရာ၌ျဖစ္ေစ၊ စုပံုထားရွိျပီး ယင္းအေဆာက္အအံု သို႕မဟုတ္ ယင္း အေဆာက္အအံု တည္ရွိရာေျမကြက္ကို ခ်ိပ္ပိတ္ရမည္။ ခ်ိပ္ပိတ္ထားသည့္ အေဆာက္အအံု သို႔မဟုတ္ အေဆာက္အအံုတည္ရွိရာ ေျမကြက္ကို ပိုင္ရွင္မွ ျပန္လည္ေလွ်ာက္ထားလာပါက စိစစ္ျပီး ျပန္လည္လႊဲ ေျပာင္းေပးနိုင္သည္။

အေဆာက္အအံုဆိုင္ရာနည္းဥပေဒမ်ား ပုဒ္မ- ၂၈ (ည)တြင္ နည္းဥပေဒခြဲ (ဈ)အရ ေဆာင္ရြက္ရသည့္ အတြက္ ကုန္က်စရိတ္ကို ပိုင္ရွင္ သို႔မဟုတ္ အေဆာက္အအံု ေဆာက္လုပ္ျခင္းလုပ္ငန္းလုပ္ကိုင္ခြင့္ရသူထံမွ ေတာင္းခံနိုင္သည္။

အေဆာက္အအံုဆိုင္ရာနည္းဥပေဒမ်ား ပုဒ္မ- ၂၈ (ဋ)တြင္ နည္းဥပေဒခြဲ (ည) အရ ေတာင္းခံသည့္ ကုန္က်စရိတ္ကို ပိုင္ရွင္ သို႔မဟုတ္ အေဆာက္အအံု ေဆာက္လုပ္ျခင္းလုပ္ငန္း လုပ္ကိုင္ခြင့္ရသူမွ မေပးသြင္း ပါက ယင္းေငြကို ေျမခြန္မေျပ က်န္ေငြျဖစ္ သကဲသို႔အရ ေတာင္းခံနိုင္သည္ဟုျပဌာန္းထားပါသည္။

အထက္ပါဥပေဒ၊ နည္းဥပေဒမ်ားတြင္ ေဖာ္ျပထားသည့္အတိုင္း ျပစ္ဒဏ္ျပဌာန္းထားသည့္အတြက္ ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ပါက ေငြဒဏ္၊ ေထာင္ဒဏ္ခ်မွတ္ခံရႏိုင္သည့္အတြက္ အေဆာက္အအံု ေဆာက္လုပ္ရာတြင္ သက္ဆိုင္ရာၿမိဳ႕နယ္စည္ပင္တြင္ အေဆာက္အအံုေဆာက္လုပ္ခြင့္ ေလွ်ာက္ထားၿပီးမွသာ ေဆာက္လုပ္ၾကရန္ သတိေပးအပ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔

 

### Unicode Version ###

၂၀၁၈ ခုနှစ်တွင်ပြဌာန်းထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာဥပဒေအရ ကော်မတီပိုင်နက်တွင် အဆောက်အအုံဆောက်လုပ်ခြင်းအတွက် အဆောက်အအုံဆောက်လုပ်ခွင့် ခွင့်ပြုချက်လျှောက်ထား၍ ဆောက်လုပ်ရမှာဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းအတွက် အောက်ပါအတိုင်းဥပဒေပြဌာန်းထားပြီး အရေးယူဆောင်ရွက်လျှက်ရှိပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ပုဒ်မ-၃၁၂(က)တွင် မည်သူမျှ ကော်မတီ၏ခွင့်ပြုချက် မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းမပြုရ၊ အားပေးကူညီခြင်း မပြုရ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ပုဒ်မ-၃၂၄တွင် ပုဒ်မ-၃၁၂(က) ပုဒ်မကို လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပထမအကြိမ် ကျူးလွန်မှုအတွက် ငွေဒဏ်ကျပ် (၃)သိန်းမှ ကျပ်(၁၀)သိန်းအထိ ချမှတ်ရမည်။

အထက်ပါအတိုင်း ဥပဒေပြဌာန်းထားသည့်အတွက် ပုဒ်မ-၃၁၂(က)ကို ဖောက်ဖျက်ကျူးလွန်ခြင်း အတွက် ပုဒ်မ-၃၂၄ တွင်ပြဌာန်းထားသည့် ပြစ်ဒဏ်အတိုင်း ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး တရားဝင် ဆောက်လုပ်ခွင့်တင်ပြီးမှသာ ဆက်လက်ဆောက်လုပ်ရမှာဖြစ်ပါတယ်။ တရားဝင်ဆောက်လုပ်ခွင့်တင်ခြင်းများ လုပ်ဆောင်ခြင်းမရှိဘဲ ဆက်လက်ကျူးလွန်ပါက ထောင်ဒဏ်(၆)လ ချမှတ်သည်အထိ အရေးယူခံရမှာဖြစ် ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အမိန့်ကြော်ငြာစာအမှတ်-၂/၂၀၁၄၊ အဆောက်အအုံ ဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈(က) တွင် ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းရရှိလျှင်သော်လည်းကောင်း၊ စစ်ဆေး တွေ့ရှိလျှင်သော်လည်းကောင်း အောက်ပါအတိုင်းစီမံခန့်ခွဲနိုင်သည် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်းကို လုပ်ငန်းရပ်ဆိုင်းထားပြီး ခွင့်ပြုချက်လျှောက်ထားရန် သို့မဟုတ် ဖျက်သိမ်းရန်နှင့် မလိုက်နာက တရားစွဲမည်ဖြစ်ကြောင်း အကြောင်းကြားရမည်။

အဆောက်အအုံ ဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈(ဃ) တွင် နည်းဥပေဒခွဲ (က)နှင့် (ခ)အရ အကြောင်းကြားချက်အား လိုက်နာခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်ပါက ကျူးလွန်သူ၊ အားပေးကူညီသူနှင့် တာဝန်ရှိသူကို တရားစွဲဆို၍ အဆောက်အအုံ၏ အများမြင်သာသောနေရာတွင်ဖြစ်စေ၊ မြေကွက်၏ ရှေ့ခြံစည်းရိုးတွင်ဖြစ်စေ အနီရောင်သတိပေးချက်ဆိုင်းဘုတ်ကို စွဲကပ်ထားရမည်။

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈(င) တွင် နည်းဥပေဒခွဲ (ဃ) အရ ကော်မတီက အရေးယူဆောင်ရွက်သည်ကို လိုက်နာခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်လျှင် ကော်မတီက ဖွဲ့စည်းပေးထား သည့် ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေးအဖွဲ့က လိုက်နာရန် ပျက်ကွက်သူထံ အကြောင်းကြားစာရရှိသည့် နေ့ရက်မှ ရက်ပေါင်း(၃၀)အတွင်း ဖျက်သိမ်းဖယ်ရှားရှင်းလင်းရန် အကြောင်းကြားရမည်။

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈ (စ) တွင် နည်းဥပဒေခွဲ(င)အရ ထုတ်ဆင့်သည့် အကြောင်းကြားစာကို သက်ဆိုင်သူထံတစ်ကြိမ်သာ ပေးပို့ရန်ဖြစ်ပြီး သက်ဆိုင်သူက ယင်းအကြောင်းကြားစာ ကို လက်မခံဘဲ ငြင်းဆန်လျှင် အဆောက်အအုံ၏ အများမြင်သာသည့်နေရာတွင်ဖြစ်စေ၊ မြေကွက်၏ ရှေ့ခြံစည်းရိုးတွင်ဖြစ်စေ သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင် တစ်ဦးဦး၏ ရှေ့မှောက်တွင် စွဲကပ်ရမည်။

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈ (ဆ)တွင် အဆောက်အအုံကို ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရမည့် နောက်ဆုံးသတ်မှတ်နေ့ရက်အထိ ဖျက်သိမ်းဖယ်ရှားရှင်းလင်းခြင်းမရှိပါက အနီးကပ်ဆုံးအစိုးရ အဖွဲ့၏ အစည်းအဝေးသို့တင်ပြပြီး ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေးအတွက် လုံခြုံရေးနှင့် အခြားလိုအပ်သော အကူအညီများတောင်းခံရမည်။ အဆိုပါ ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေးအဖွဲ့သည် ဖျက်သိမ်းဖယ်ရှားရှင်းလင်း မည့်နေရာသို့ သွားရောက်ပြီး အဆောက်အအုံအတွင်းရှိ နေထိုင်အသုံးပြုသူများနှင့် ဝင်ရောက်လျက်ရှိသူများကို ၎င်းတို့၏ ပစ္စည်းများအားတစ်ပါတည်း သယ်ဆောင်ထွက်ခွာဖယ်ရှားရန် အချိန်သတ်မှတ်၍ အသံချဲ့စက်ဖြင့် သုံးကြိမ်သတိပေးနှိုးဆော်ရမည်။ တစ်ပါတည်း ယူဆောင်သွားခြင်းမရှိပါက အဆိုပါပစ္စည်းများနှင့် စပ်လျဉ်း၍ ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရေးအဖွဲ့တွင် တာဝန်မရှိစေရ။

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈ (ဇ)တွင် အဆောက်အအုံအတွင်းရှိ နေထိုင်အသုံးပြု သူများနှင့် ဝင်ရောက်လျက်ရှိသူများက ၎င်းတို့၏ အစီအစဉ်ဖြင့် ထွက်ခွာပြီးလျှင်ဖြစ်စေ၊ ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရေးအဖွဲ့က ဖယ်ရှားရှင်းလင်းပြီးလျှင်ဖြစ်စေ အဆိုပါအဆောက်အအုံ သို့မဟုတ် အဆောက်အအုံ တည်ရှိရာ မြေကွက်ကို ချိပ်ပိတ်ရမည်။

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈ (ဈ) တွင်အဆောက်အအုံအတွင်းရှိ နေထိုင်အသုံး ပြုသူများနှင့် ဝင်ရောက်လျက်ရှိသူများက ၎င်းတို့၏ သဘောအလျောက် ထွက်ခွာပြီးလျှင်ဖြစ်စေ၊ ဖျက်သိမ်း ဖယ်ရှားရှင်းလင်းရေးအဖွဲ့က ဖယ်ရှားရှင်းလင်းပြီးလျှင်ဖြစ်စေ အဆိုပါအဆောက်အအုံတစ်ခုလုံးကိုသော်လည်း ကောင်း၊ အဆောက်အအုံ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း၊ ဖျက်သိမ်းရန်လိုအပ်ပါက ဖျက်သိမ်း ဖယ်ရှားရှင်းလင်းရေးအဖွဲ့၏ အစီအစဉ်ဖြင့်ဖျက်သိမ်းရမည်။ ယင်းသို့ဖျက်သိမ်းရာမှထွက်ရှိလာသော အဆောက် အအုံ၏ အပိုင်းအစများကို ယင်းအဆောက်အအုံအတွင်း၌ဖြစ်စေ ယင်းအဆောက်အအုံတည်ရှိရာ မြေကွက် အတွင်း၌ ဖြစ်စေ၊ အခြားသင့်လျော်သည့်နေရာ၌ဖြစ်စေ၊ စုပုံထားရှိပြီး ယင်းအဆောက်အအုံ သို့မဟုတ် ယင်း အဆောက်အအုံ တည်ရှိရာမြေကွက်ကို ချိပ်ပိတ်ရမည်။ ချိပ်ပိတ်ထားသည့် အဆောက်အအုံ သို့မဟုတ် အဆောက်အအုံတည်ရှိရာ မြေကွက်ကို ပိုင်ရှင်မှ ပြန်လည်လျှောက်ထားလာပါက စိစစ်ပြီး ပြန်လည်လွှဲ ပြောင်းပေးနိုင်သည်။

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈ (ည)တွင် နည်းဥပဒေခွဲ (ဈ)အရ ဆောင်ရွက်ရသည့် အတွက် ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရသူထံမှ တောင်းခံနိုင်သည်။

အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ပုဒ်မ- ၂၈ (ဋ)တွင် နည်းဥပဒေခွဲ (ည) အရ တောင်းခံသည့် ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူမှ မပေးသွင်း ပါက ယင်းငွေကို မြေခွန်မပြေ ကျန်ငွေဖြစ် သကဲသို့အရ တောင်းခံနိုင်သည်ဟုပြဌာန်းထားပါသည်။

အထက်ပါဥပဒေ၊ နည်းဥပဒေများတွင် ဖော်ပြထားသည့်အတိုင်း ပြစ်ဒဏ်ပြဌာန်းထားသည့်အတွက် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ပါက ငွေဒဏ်၊ ထောင်ဒဏ်ချမှတ်ခံရနိုင်သည့်အတွက် အဆောက်အအုံ ဆောက်လုပ်ရာတွင် သက်ဆိုင်ရာမြို့နယ်စည်ပင်တွင် အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားပြီးမှသာ ဆောက်လုပ်ကြရန် သတိပေးအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service