ကမာၻ႕အိမ္ေဈးအညႊန္းကိန္းကို ဆယ္စုႏွစ္တစ္ခုအတြင္း တ႐ုတ္ ပထမဆံုးဦးေဆာင္

ကမာၻ႕အိမ္ေဈးအညႊန္းကိန္းကို ဆယ္စုႏွစ္တစ္ခုအတြင္း တ႐ုတ္ ပထမဆံုးဦးေဆာင္ - Property News in Myanmar from iMyanmarHouse.com
12 Sep 2019 11:25 am တွင် တင်ခဲ့သည်
762 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တ႐ုတ္သည္ ကမာၻ႕အိမ္ၿခံေျမအတိုင္ပင္ခံကုမၸဏီ Knight Frank ၏ ကမာၻ႕အိမ္ေဈးအညႊန္းကိန္း၏ ထိပ္ဆံုးေနရာကို ၂၀၁၀ ျပည့္ႏွစ္မွစ၍ ၂၀၁၉ ခုႏွစ္အထိ ဆယ္ႏွစ္တာကာလအတြင္း ပထမဆံုးအႀကိမ္အျဖစ္ ၂၀၁၉ ခုႏွစ္တြင္ သိမ္းပိုက္ႏိုင္ခဲ့ၿပီျဖစ္သည္။

သံုးလပတ္တစ္ခုကုန္ဆံုးတုိင္းထုတ္ျပန္ေလ့ရွိသည့္ ၎အညႊန္းကိန္းစာရင္းသည္ ႏိုင္ငံေပါင္း ၅၆ ႏုိင္ငံ၏ တရားဝင္ပ်မ္းမွ်လူေနအိမ္ေဈးႏႈန္းမ်ားကို စစ္တမ္းေကာက္ယူ၍ ဆန္းစစ္ေလ့လာထုတ္ျပန္ျခင္းျဖစ္သည္။ ၎က ၂၀၁၉ ခုႏွစ္ ဒုတိယသံုးလပတ္အထိ တစ္ႏွစ္တာကာလအတြင္း တ႐ုတ္အိမ္ေဈးမ်ားသည္ ၁၀ ဒသမ ၉ ရာခိုင္ႏႈန္း ဖြံ႕ၿဖိဳးခဲ့ေၾကာင္း ေတြ႕ရွိခဲ့သည္။

ယင္းဖြံ႕ၿဖိဳးႏႈန္းက ၂၀၀၉ ခုႏွစ္ ပထမသံုးလပတ္ကတည္းက စာရင္းမ်ား၏ေအာက္ေျခတြင္ ရွိေနခဲ့ေသာ တ႐ုတ္အား ပထမေနရာသို႔ ေရာက္ရွိေစလိုက္သည္။ တ႐ုတ္က စာရင္း၏ထိပ္ဆံုးသို႔ ေရာက္ရွိခ်ိန္တြင္ ယခင္ခ်န္ပီယံမ်ားျဖစ္ေသာ ဆလိုေဗးနီးယားႏွင့္ လက္ဗီးယားတို႔က ႏွစ္ပတ္လည္ဖြံ႕ၿဖိဳးႏႈန္း ၈ ဒသမ ၄ ႏွင့္ ၇ ဒသမ ၁ ရာခုိင္ႏႈန္းအသီးသီးျဖင့္ အဆင့္ေလွ်ာက်ခဲ့ၾကသည္။

ႏုိင္ငံ ၅၆ ႏုိင္ငံစလံုး၏ ပ်မ္းမွ်ႏွစ္ပတ္လည္ဖြံ႕ၿဖိဳးႏႈန္းသည္ ၃ ဒသမ ၄ ရာခုိင္ႏႈန္း ရွိခဲ့ၿပီး သံုးလပတ္ေျခာက္ခုဆက္တုိက္အျဖစ္ ဆက္လက္နိမ့္က်ခဲ့သည္။ “ ၿပီးခဲ့သည့္သံုးလအတြင္း အတိုးႏႈန္းေလွ်ာ့ခ်မႈေျမာက္ျမားစြာရွိခဲ့သည့္တိုင္ အေမရိကန္ႏွင့္ တ႐ုတ္၊ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားတို႔အၾကား ကုန္သြယ္ေရးစစ္ပြဲမ်ားမွသည္ ဥေရာပသမဂၢမွ ၿဗိတိန္ခြဲထြက္မႈအထိ၊ ႏုိင္ငံေရးဆႏၵျပမႈမ်ားမွသည္ အားေပ်ာ့ေသာစီးပြားေရးခန္႔မွန္းခ်က္မ်ားအထိ တိုးပြားလာေသာေလဆန္မ်ားသည္ ဝယ္လက္၏ စိတ္ဝင္စားမႈအေပၚ ဖိစီးေနၾကသည္” ဟု Knight Frank က ရွင္းျပထားသည္။

တ႐ုတ္မွအပဆိုရေသာ္ ထိုင္ဝမ္ႏွင့္ အိႏိၵယတို႔သည္ ၂၀၁၉ ခုႏွစ္ ဒုတိယသံုးလပတ္အထိ တစ္ႏွစ္တာအတြင္း အိမ္ေဈးႏႈန္းမ်ား ၈ ဒသမ ၄ ႏွင့္ ၇ ဒသမ ၇ ရာခုိင္ႏႈန္းစီ ခုန္တက္ၿပီး အာရွ၏ ဖြံ႕ၿဖိဳးမႈအျမန္ဆံုးအိမ္ေဈးႏႈန္းပိုင္ရွင္မ်ား ျဖစ္ၾကေၾကာင္း သိရသည္။

ၾသစေၾတးလ်ကမူ ဖြံ႕ၿဖိဳးႏႈန္း ၇ ဒသမ ၄ ရာခုိင္ႏႈန္းသာရွိခဲ့ၿပီး အိမ္ေဈးႏႈန္းဖြံ႕ၿဖိဳးမႈက်ဆင္းခဲ့သည္။ “သို႔ေသာ္လည္း ယခုႏွစ္အတြင္း အတိုးႏႈန္းႏွစ္ခုေလွ်ာ့ခ်မႈေၾကာင့္ ၾသစေၾတးလ်သည္ ၂၀၁၉ ခုႏွစ္ ဒုတိယႏွစ္ဝက္တြင္ စာရင္း၌ အဆင့္ျမင့္တက္မည္ဟု ကၽြႏ္ုပ္တို႔ခန္႔မွန္းထားၾကပါသည္။” ဟု Knight Frank က ေဖာ္ျပခဲ့သည္။

ၾသစေၾတးလ်သည္ စာရင္းတြင္ ဖြံ႕ၿဖိဳးႏႈန္းက်ဆင္းသည့္ ေလးႏုိင္ငံအနက္ တစ္ႏုိင္ငံျဖစ္သည္။ မို႐ိုကိုရွိ အိမ္ေဈးဖြံ႕ၿဖိဳးႏႈန္းသည္လည္း ၂၀၁၉ ခုႏွစ္ ဒုတိယသံုးလပတ္အထိ ၁၂ လတာအတြင္း ၀ ဒသမ ၈ ရာခုိင္ႏႈန္း က်ဆင္းခဲ့ၿပီး အီတလီတြင္ ၀ ဒသမ ၈ ရာခုိင္ႏႈန္းႏွင့္ ဖင္လန္တြင္ ၂ ဒသမ ၆ ရာခုိင္ႏႈန္း အသီးသီးက်ဆင္းခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။) ### Unicode Version ###

တရုတ်သည် ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank ၏ ကမ္ဘာ့အိမ်ဈေးအညွှန်းကိန်း၏ ထိပ်ဆုံးနေရာကို ၂၀၁၀ ပြည့်နှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်တွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

သုံးလပတ်တစ်ခုကုန်ဆုံးတိုင်းထုတ်ပြန်လေ့ရှိသည့် ၎င်းအညွှန်းကိန်းစာရင်းသည် နိုင်ငံပေါင်း ၅၆ နိုင်ငံ၏ တရားဝင်ပျမ်းမျှလူနေအိမ်ဈေးနှုန်းများကို စစ်တမ်းကောက်ယူ၍ ဆန်းစစ်လေ့လာထုတ်ပြန်ခြင်းဖြစ်သည်။ ၎င်းက ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အထိ တစ်နှစ်တာကာလအတွင်း တရုတ်အိမ်ဈေးများသည် ၁၀ ဒသမ ၉ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ယင်းဖွံ့ဖြိုးနှုန်းက ၂၀၀၉ ခုနှစ် ပထမသုံးလပတ်ကတည်းက စာရင်းများ၏အောက်ခြေတွင် ရှိနေခဲ့သော တရုတ်အား ပထမနေရာသို့ ရောက်ရှိစေလိုက်သည်။ တရုတ်က စာရင်း၏ထိပ်ဆုံးသို့ ရောက်ရှိချိန်တွင် ယခင်ချန်ပီယံများဖြစ်သော ဆလိုဗေးနီးယားနှင့် လက်ဗီးယားတို့က နှစ်ပတ်လည်ဖွံ့ဖြိုးနှုန်း ၈ ဒသမ ၄ နှင့် ၇ ဒသမ ၁ ရာခိုင်နှုန်းအသီးသီးဖြင့် အဆင့်လျှောကျခဲ့ကြသည်။

နိုင်ငံ ၅၆ နိုင်ငံစလုံး၏ ပျမ်းမျှနှစ်ပတ်လည်ဖွံ့ဖြိုးနှုန်းသည် ၃ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ပြီး သုံးလပတ်ခြောက်ခုဆက်တိုက်အဖြစ် ဆက်လက်နိမ့်ကျခဲ့သည်။ “ ပြီးခဲ့သည့်သုံးလအတွင်း အတိုးနှုန်းလျှော့ချမှုမြောက်မြားစွာရှိခဲ့သည့်တိုင် အမေရိကန်နှင့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့အကြား ကုန်သွယ်ရေးစစ်ပွဲများမှသည် ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မှုအထိ၊ နိုင်ငံရေးဆန္ဒပြမှုများမှသည် အားပျော့သောစီးပွားရေးခန့်မှန်းချက်များအထိ တိုးပွားလာသောလေဆန်များသည် ဝယ်လက်၏ စိတ်ဝင်စားမှုအပေါ် ဖိစီးနေကြသည်” ဟု Knight Frank က ရှင်းပြထားသည်။

တရုတ်မှအပဆိုရသော် ထိုင်ဝမ်နှင့် အိန္ဒိယတို့သည် ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အထိ တစ်နှစ်တာအတွင်း အိမ်ဈေးနှုန်းများ ၈ ဒသမ ၄ နှင့် ၇ ဒသမ ၇ ရာခိုင်နှုန်းစီ ခုန်တက်ပြီး အာရှ၏ ဖွံ့ဖြိုးမှုအမြန်ဆုံးအိမ်ဈေးနှုန်းပိုင်ရှင်များ ဖြစ်ကြကြောင်း သိရသည်။

သြစတြေးလျကမူ ဖွံ့ဖြိုးနှုန်း ၇ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး အိမ်ဈေးနှုန်းဖွံ့ဖြိုးမှုကျဆင်းခဲ့သည်။ “သို့သော်လည်း ယခုနှစ်အတွင်း အတိုးနှုန်းနှစ်ခုလျှော့ချမှုကြောင့် သြစတြေးလျသည် ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက်တွင် စာရင်း၌ အဆင့်မြင့်တက်မည်ဟု ကျွန်ုပ်တို့ခန့်မှန်းထားကြပါသည်။” ဟု Knight Frank က ဖော်ပြခဲ့သည်။

သြစတြေးလျသည် စာရင်းတွင် ဖွံ့ဖြိုးနှုန်းကျဆင်းသည့် လေးနိုင်ငံအနက် တစ်နိုင်ငံဖြစ်သည်။ မိုရိုကိုရှိ အိမ်ဈေးဖွံ့ဖြိုးနှုန်းသည်လည်း ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အထိ ၁၂ လတာအတွင်း ၀ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အီတလီတွင် ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် ဖင်လန်တွင် ၂ ဒသမ ၆ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရသည်။

 Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
taunggyi-garden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service