ႏြားမ်ားကို ဖြင့္ျပလွ်င္ ႏို႔ထြက္ႏႈန္းျမင့္တက္လာေစသည္ဆိုေသာ green, green grass သီခ်င္းကို သီဆိုခဲ့သူ ကမၻာေက်ာ္အဆိုေတာ္ၾကီး ဆာ တြမ္ဂ်ဳန္းစ္၏ ယာေတာအိမ္ အေရာင္းေစ်းကြက္ဝင္လာ

ႏြားမ်ားကို ဖြင့္ျပလွ်င္ ႏို႔ထြက္ႏႈန္းျမင့္တက္လာေစသည္ဆိုေသာ green, green grass သီခ်င္းကို သီဆိုခဲ့သူ ကမၻာေက်ာ္အဆိုေတာ္ၾကီး ဆာ တြမ္ဂ်ဳန္းစ္၏ ယာေတာအိမ္ အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
12 Sep 2019 10:34 am တွင် တင်ခဲ့သည်
899 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ႏြားမ်ားကို ဖြင့္ျပလွ်င္ ႏို႔ထြက္ႏႈန္းျမင့္တက္လာေစသည္ဆိုေသာ green, green grass သီခ်င္းကို သီဆိုခဲ့သူ ကမၻာေက်ာ္အဆိုေတာ္ၾကီး ဆာ တြမ္ဂ်ဳန္းစ္၏ အဂၤလန္ႏိုင္ငံ၊ ေဝလျပည္နယ္မွ ယာေတာအိမ္ အေရာင္းေစ်းကြက္ဝင္လာသည္။

ဆာ တြမ္ဂ်ဳန္းစ္သည္ အဆိုပါ ယာေတာအိမ္ၾကီးကို ၁၉၉၀ ျပည့္လြန္ကာလမ်ားက အဂၤလန္ႏိုင္ငံ၊ ေဝလျပည္ေတာင္ပိုင္းတြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ေဝလျပည္နယ္၏ ေနရာအမ်ားစုမွာ တိုးတက္ဖြံ႔ျဖိဳးမႈ က်ဆင္းေနေသာ္လည္း ေဝလျပည္ေတာင္ဘက္စြန္းရွိ Vale of Glamorgan (ေဒသခံမ်ားက Vale ဟုေခၚၾက) အရပ္မွာမူ တမူကြဲျပားသည္။

ေဝလျပည္နယ္၏ ျမိဳ႕ေတာ္ ကာဒစ္ဖ္၏ အေနာက္ဘက္၊ လန္ဒန္မွ ေဝလျပည္သို႔ ဆက္သြယ္ထားသည့္ M4 အေဝးေျပးလမ္းမၾကီးႏွင့္ ပင္လယ္ကမ္းေျခတို႔ၾကားတြင္ တည္ရွိေသာ ထံုးျဖဴျဖဴေဖြးသည့္ ေက်းရြာမ်ားသည္ ဒီဗြန္ရႈိင္းယား၏ ျပယုဂ္မ်ား ျဖစ္သည္။

သန္းၾကြယ္သူေဌး အဆိုေတာ္ၾကီး၏ စိတ္အာရံုကို ဖမ္းစားႏိုင္ခဲ့ေသာ အဆိုပါယာေတာျခံၾကီးသည္ ျပန္လည္ျပဳျပင္ မြမ္းမံမႈမ်ား ျပဳလုပ္ထားျပီး ေစ်းျမိဳ႕ကေလးျဖစ္ေသာ Cowbridge ျမိဳ႕ျပင္ ၃ မိုင္အကြာတြင္ တည္ရွိေသာ ယိစ္ထရာဒိုဝင္ (Ystradowen) ေက်းရြာကေလးတြင္ တည္ရွိကာ လြမ္ဒူးစံအိမ္ (Llwynddu House) ဟု လူသိမ်ားသည္။

အိမ္ျခံေျမအက်ဳိးေဆာင္ကုမၸဏီ Watts and Morgan က ေစ်းကြက္တင္ေပးျခင္းျဖစ္ျပီး ေပါင္ ၂ ဒသမ ၆ သန္း ေစ်းေခၚထားသည္။

တြမ္ဂ်ံဳးစ္၏ အမည္ရင္းမွာ ေသာမတ္စ္ ဂၽြန္ ဝုဒ္ဝါ့ဒ္ျဖစ္ျပီး ၁၉၄၀ ျပည့္ႏွစ္၊ ဇြန္လ ၇ ရက္တြင္ ေမြးဖြားျပီး ေဝလျပည္သား ကမၻာေက်ာ္ အဆိုေတာ္ၾကီးျဖစ္ကာ ဂီတေလာကအတြင္း စြမ္းေဆာင္ခဲ့မႈမ်ားအတြက္ ျဗိတိန္ဘုရင္မၾကီး အဲလစ္ဇဘက္ (၂) က ၁၉၉၉ ခုႏွစ္တြင္ သူရဲေကာင္းဘြဲ႔ ခ်ီးျမွင့္ခဲ့သည္။

ဂီတခရီးသက္တမ္းတစ္ေလွ်ာက္ ဂီတေဖ်ာ္ေျဖပြဲခရီးမ်ား မၾကာခဏထြက္ေလ့ရွိျပီး ၁၉၆၇ ခုႏွစ္မွ ၂၀၁၁ ခုႏွစ္အတြင္း အေမရိကန္ျပည္၊ လာ့စ္ဗီးဂပ္တြင္ ဂီတေဖ်ာ္ေျဖပြဲမ်ား မၾကာခဏက်င္းပေလ့ရွိသည္။

သူ၏ ဂီတအမ်ဳိးအစားမွာ စံုလင္လွျပီး ေပါ့ပ္၊ R&B ၊ ကန္းထရီး၊ ဆိုးလ္ႏွင့္ ေဂါ့စ္ပဲ တို႔လည္း ပါဝင္သည္။

တြမ္ဂ်ဳံးစ္သည္ ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ထားရျပီးျဖစ္ကာ ၁၉၆၅ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ ဂ်ိမ္းစ္ဘြန္းရုပ္ရွင္ Thunderball ၏ ဇာတ္ဝင္ေတး "What's New Pussycat"၊ "Green, Green Grass of Home"၊ "Delilah"၊ "She's a Lady"၊ "Kiss" ႏွင့္ "Sex Bomb" သီခ်င္းမ်ားမွာ နာမည္ေက်ာ္သည္။

ေ၀လျပည္နယ္တြင္ Tomlinson’s Dairies စက္ရံုအား ႏြားႏို႔သြင္းေသာ လယ္သမားေပါင္း ၃၀ ေက်ာ္၏ ႏြားမ်ားသည္ တြမ္ဂ်ံဳးစ္၏ သီခ်င္းမ်ားျဖစ္သည့္ Delilah ၊She’s a Lady ၊ Green Green Grass ႏွင့္ "Sex Bomb" သီခ်င္းမ်ားကို ႏွစ္ႏွစ္ျခိဳက္ျခိဳက္ နားေထာင္ေလ့ရွိသည္ဟု ဆိုသည္။

အဆိုပါႏြားမ်ားသည္ တြမ္ဂ်ံဳးစ္၏ သီခ်င္းမ်ား နားေထာင္ရပါက ႏို႔ထြက္ႏႈန္း ၅ ရာခိုင္ႏႈန္းအထိ တိုးတက္လာသည္ဟု ဆိုသည္။

University of Leicesterက ျပဳလုပ္ခဲ့ေသာ ေလ့လာမႈတစ္ရပ္အရ ေတးသြားအေႏွးမ်ားသည္ ႏြားမ်ားအတြက္ စိတ္ဖိစီးမႈ ေလ်ာ့က်ေစျပီး ႏို႔ထြက္ႏႈန္း ၃ ရာခိုင္ႏႈန္းအထိ ျမင့္တက္ေစေၾကာင္း ေတြ႔ရွိခဲ့ၾကသည္။

တြမ္ဂ်ံဳးစ္၏ ကြယ္လြန္သြားျပီျဖစ္ေသာ ဇနီး လင္ဒါသည္ အဆိုပါေဒသရွိ ၎တို႔၏ ပိုင္ဆိုင္ေသာ အိမ္ျခံေျမမ်ားကို စစ္ေဆးၾကည့္ရႈေလ့ရွိေၾကာင္း ေစ်းကြက္တင္ေပးခဲ့သည့္ Watts & Morgan မွ အက်ဳိးေဆာင္ ကိုလ္ဝင္ ဂ်ံဳးစ္က ေျပာၾကားသည္။

“သူမဟာ ကာဒစ္ဖ္မွာရွိတဲ့ Marriott ဟိုတယ္မွာ ေနထိုင္ေနခဲ့ျပီး ကၽြန္ေတာ္က သူနဲ႔ သူ႔ညီမကိုေခၚျပီး ပတ္ဝန္းက်င္တခြင္ လိုက္ျပေပးခဲ့ရတာ မွတ္မိေနဆဲပါ”

လင္ဒါက လံုျခံဳေရးကို ထိပ္တန္းဦးစားေပးအျဖစ္ စဥ္းစားကာ ေစာင့္ၾကည့္ကင္မရာမ်ား တင္ဆင္လိုသည္။ ထိုအခ်ိန္က ေစာင့္ၾကည့္ကင္မရာ တပ္ဆင္ျခင္းမွာ ေခတ္မစားေသးေခ်။

လူသြားလမ္းမွာလည္း ေနအိမ္ေဘး နီးကပ္စြာ ျဖတ္သြားေသာေၾကာင့္ တြမ္ဂ်ံဳးက လံုျခံဳေရးအတြက္ သူ၏ ျခံဝန္းႏွင့္ ကပ္လ်က္ ေျမဧက မ်ားစြာ ဝယ္ယူခဲ့သည္။

တြမ္ဂ်ံဳးစ္၏ ကေလးဘဝကတည္းကခ်စ္သူ လင္ဒါသည္ လြမ္ဒူးစံအိမ္တြင္ ေနအိမ္ရျခင္းကို သေဘာက်ေသာ္လည္း တြမ္ဂ်ံဳးစ္မွာ အလြန္အလုပ္မ်ားလွျပီး မၾကာခဏလာေရာက္ႏိုင္ျခင္း မရွိေခ်။

ထို႔ေၾကာင့္ လင္ဒါ၏ ညီမတို႔ ဇနီးေမာင္ႏွံက ၎တို႔မရွိခိုက္တြင္ ၾကည့္ရႈေစာင့္ေရွာက္ေပးထားရသည္။

၁၉၉၈ ခုႏွစ္တြင္ ဆာတြမ္ဂ်ံဳးစ္က ယခုယာေတာအိမ္ကို ေပါင္ ၇၀၀၀၀၀ ျဖင့္ ေရာင္းခ်ခဲ့ျပီး အေမရိကန္ျပည္၊ ေလာ့စ္အိန္ဂ်လိရွိ စံအိမ္တစ္လံုးကို ေပါင္ ၂ ဒသမ ၁ သန္းျဖင့္ ဝယ္ယူခဲ့သည္။

ယာေတာအိမ္ကို ဝယ္ယူသြားသည့္ဝယ္လက္သည္ တြမ္ဂ်ံဳးစ္၏ ဓာတ္ပံုမ်ားႏွင့္ အႏုပညာပစၥည္းအခ်ဳိ႕မွလြဲျပီး ေနအိမ္တြင္းရွိ အရာအားလံုးကို ဝယ္ယူသြားခဲ့ျခင္းျဖစ္သည္။

ေရာင္းခ်ခဲ့စဥ္ တြမ္ဂ်ံဳးက ေျပာၾကားခဲ့ရာ၌ စံအိမ္ၾကီးအတြင္း ဇနီးျဖစ္သူႏွင့္ အမွတ္တရမ်ားစြာရွိေနေသာ္လည္း အားလံုးကို ေရာင္းခ်ခဲ့ရေၾကာင္း ေျပာၾကားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

နွားများကို ဖွင့်ပြလျှင် နို့ထွက်နှုန်းမြင့်တက်လာစေသည်ဆိုသော green, green grass သီချင်းကို သီဆိုခဲ့သူ ကမ္ဘာကျော်အဆိုတော်ကြီး ဆာ တွမ်ဂျုန်းစ်၏ အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်မှ ယာတောအိမ် အရောင်းဈေးကွက်ဝင်လာသည်။

ဆာ တွမ်ဂျုန်းစ်သည် အဆိုပါ ယာတောအိမ်ကြီးကို ၁၉၉၀ ပြည့်လွန်ကာလများက အင်္ဂလန်နိုင်ငံ၊ ဝေလပြည်တောင်ပိုင်းတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဝေလပြည်နယ်၏ နေရာအများစုမှာ တိုးတက်ဖွံ့ဖြိုးမှု ကျဆင်းနေသော်လည်း ဝေလပြည်တောင်ဘက်စွန်းရှိ Vale of Glamorgan (ဒေသခံများက Vale ဟုခေါ်ကြ) အရပ်မှာမူ တမူကွဲပြားသည်။

ဝေလပြည်နယ်၏ မြို့တော် ကာဒစ်ဖ်၏ အနောက်ဘက်၊ လန်ဒန်မှ ဝေလပြည်သို့ ဆက်သွယ်ထားသည့် M4 အဝေးပြေးလမ်းမကြီးနှင့် ပင်လယ်ကမ်းခြေတို့ကြားတွင် တည်ရှိသော ထုံးဖြူဖြူဖွေးသည့် ကျေးရွာများသည် ဒီဗွန်ရှိုင်းယား၏ ပြယုဂ်များ ဖြစ်သည်။

သန်းကြွယ်သူဌေး အဆိုတော်ကြီး၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သော အဆိုပါယာတောခြံကြီးသည် ပြန်လည်ပြုပြင် မွမ်းမံမှုများ ပြုလုပ်ထားပြီး ဈေးမြို့ကလေးဖြစ်သော Cowbridge မြို့ပြင် ၃ မိုင်အကွာတွင် တည်ရှိသော ယိစ်ထရာဒိုဝင် (Ystradowen) ကျေးရွာကလေးတွင် တည်ရှိကာ လွမ်ဒူးစံအိမ် (Llwynddu House) ဟု လူသိများသည်။

အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Watts and Morgan က ဈေးကွက်တင်ပေးခြင်းဖြစ်ပြီး ပေါင် ၂ ဒသမ ၆ သန်း ဈေးခေါ်ထားသည်။

တွမ်ဂျုံးစ်၏ အမည်ရင်းမှာ သောမတ်စ် ဂျွန် ဝုဒ်ဝါ့ဒ်ဖြစ်ပြီး ၁၉၄၀ ပြည့်နှစ်၊ ဇွန်လ ၇ ရက်တွင် မွေးဖွားပြီး ဝေလပြည်သား ကမ္ဘာကျော် အဆိုတော်ကြီးဖြစ်ကာ ဂီတလောကအတွင်း စွမ်းဆောင်ခဲ့မှုများအတွက် ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် (၂) က ၁၉၉၉ ခုနှစ်တွင် သူရဲကောင်းဘွဲ့ ချီးမြှင့်ခဲ့သည်။

ဂီတခရီးသက်တမ်းတစ်လျှောက် ဂီတဖျော်ဖြေပွဲခရီးများ မကြာခဏထွက်လေ့ရှိပြီး ၁၉၆၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အမေရိကန်ပြည်၊ လာ့စ်ဗီးဂပ်တွင် ဂီတဖျော်ဖြေပွဲများ မကြာခဏကျင်းပလေ့ရှိသည်။

သူ၏ ဂီတအမျိုးအစားမှာ စုံလင်လှပြီး ပေါ့ပ်၊ R&B ၊ ကန်းထရီး၊ ဆိုးလ်နှင့် ဂေါ့စ်ပဲ တို့လည်း ပါဝင်သည်။

တွမ်ဂျုံးစ်သည် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချထားရပြီးဖြစ်ကာ ၁၉၆၅ ခုနှစ်က ရုံတင်ပြသခဲ့သော ဂျိမ်းစ်ဘွန်းရုပ်ရှင် Thunderball ၏ ဇာတ်ဝင်တေး "What's New Pussycat"၊ "Green, Green Grass of Home"၊ "Delilah"၊ "She's a Lady"၊ "Kiss" နှင့် "Sex Bomb" သီချင်းများမှာ နာမည်ကျော်သည်။ ဝေလပြည်နယ်တွင် Tomlinson’s Dairies စက်ရုံအား နွားနို့သွင်းသော လယ်သမားပေါင်း ၃၀ ကျော်၏ နွားများသည် တွမ်ဂျုံးစ်၏ သီချင်းများဖြစ်သည့် Delilah ၊She’s a Lady ၊ Green Green Grass နှင့် "Sex Bomb" သီချင်းများကို နှစ်နှစ်ခြိုက်ခြိုက် နားထောင်လေ့ရှိသည်ဟု ဆိုသည်။

အဆိုပါနွားများသည် တွမ်ဂျုံးစ်၏ သီချင်းများ နားထောင်ရပါက နို့ထွက်နှုန်း ၅ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ဟု ဆိုသည်။

University of Leicesterက ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ တေးသွားအနှေးများသည် နွားများအတွက် စိတ်ဖိစီးမှု လျော့ကျစေပြီး နို့ထွက်နှုန်း ၃ ရာခိုင်နှုန်းအထိ မြင့်တက်စေကြောင်း တွေ့ရှိခဲ့ကြသည်။

တွမ်ဂျုံးစ်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီး လင်ဒါသည် အဆိုပါဒေသရှိ ၎င်းတို့၏ ပိုင်ဆိုင်သော အိမ်ခြံမြေများကို စစ်ဆေးကြည့်ရှုလေ့ရှိကြောင်း ဈေးကွက်တင်ပေးခဲ့သည့် Watts & Morgan မှ အကျိုးဆောင် ကိုလ်ဝင် ဂျုံးစ်က ပြောကြားသည်။

“သူမဟာ ကာဒစ်ဖ်မှာရှိတဲ့ Marriott ဟိုတယ်မှာ နေထိုင်နေခဲ့ပြီး ကျွန်တော်က သူနဲ့ သူ့ညီမကိုခေါ်ပြီး ပတ်ဝန်းကျင်တခွင် လိုက်ပြပေးခဲ့ရတာ မှတ်မိနေဆဲပါ” လင်ဒါက လုံခြုံရေးကို ထိပ်တန်းဦးစားပေးအဖြစ် စဉ်းစားကာ စောင့်ကြည့်ကင်မရာများ တင်ဆင်လိုသည်။ ထိုအချိန်က စောင့်ကြည့်ကင်မရာ တပ်ဆင်ခြင်းမှာ ခေတ်မစားသေးချေ။

လူသွားလမ်းမှာလည်း နေအိမ်ဘေး နီးကပ်စွာ ဖြတ်သွားသောကြောင့် တွမ်ဂျုံးက လုံခြုံရေးအတွက် သူ၏ ခြံဝန်းနှင့် ကပ်လျက် မြေဧက များစွာ ဝယ်ယူခဲ့သည်။ တွမ်ဂျုံးစ်၏ ကလေးဘဝကတည်းကချစ်သူ လင်ဒါသည် လွမ်ဒူးစံအိမ်တွင် နေအိမ်ရခြင်းကို သဘောကျသော်လည်း တွမ်ဂျုံးစ်မှာ အလွန်အလုပ်များလှပြီး မကြာခဏလာရောက်နိုင်ခြင်း မရှိချေ။

ထို့ကြောင့် လင်ဒါ၏ ညီမတို့ ဇနီးမောင်နှံက ၎င်းတို့မရှိခိုက်တွင် ကြည့်ရှုစောင့်ရှောက်ပေးထားရသည်။

၁၉၉၈ ခုနှစ်တွင် ဆာတွမ်ဂျုံးစ်က ယခုယာတောအိမ်ကို ပေါင် ၇၀၀၀၀၀ ဖြင့် ရောင်းချခဲ့ပြီး အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိရှိ စံအိမ်တစ်လုံးကို ပေါင် ၂ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့သည်။

ယာတောအိမ်ကို ဝယ်ယူသွားသည့်ဝယ်လက်သည် တွမ်ဂျုံးစ်၏ ဓာတ်ပုံများနှင့် အနုပညာပစ္စည်းအချို့မှလွဲပြီး နေအိမ်တွင်းရှိ အရာအားလုံးကို ဝယ်ယူသွားခဲ့ခြင်းဖြစ်သည်။

ရောင်းချခဲ့စဉ် တွမ်ဂျုံးက ပြောကြားခဲ့ရာ၌ စံအိမ်ကြီးအတွင်း ဇနီးဖြစ်သူနှင့် အမှတ်တရများစွာရှိနေသော်လည်း အားလုံးကို ရောင်းချခဲ့ရကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
shwe-moe-kaung
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service