Yangon Amata Smart & Eco City စက်မှုဇုန်ထူထောင်မည် - Property News in Myanmar from iMyanmarHouse.com
760 ကြိမ် ကြည့်ရှု့ ပြီး

Yangon Amata Smart & Eco City စက်မှုဇုန်ထူထောင်မည်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

### Zawgyi Version ###






### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး အတွင်း Yangon Amata Smart & Eco City စီမံကိန်း ဆောင်ရွက်ရန်အတွက် သြဂုတ် ၂၂ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Amata Corporation Public Co.,Ltd တို့အကြား မူဘောင် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး စက်မှုဇုန်တစ်ခုထူထောင်သွားဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၏ပြောကြားချက်အရ သိရသည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိမ်းကက အဖွင့်အမှာစကား ပြောကြားရာ၌ ရန်ကုန်တိုင်းဒေသကြီး အတွင်း Amata နှင့် ပူးပေါင်းပြီး စက်မှုဇုန်တစ်ခု ထူထောင်ရန်အတွက် ဒီကနေ့ လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးနိုင်ရန် အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်ဒေသကြီးအစိုးရအဖွဲ့တို့အကြား အချိန်ကြာမြင့်စွာ အဆင့်ဆင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊Amata အား ရန်ကုန်သို့ ရောက်စေချင်ပါကြောင်း၊ ဘာကြောင့်လဲဆို ရန်ကုန်မြို့၏ ဖွံ့ဖြိုးတိုးတက်မှု၊ ရန်ကုန်မြို့တွင် လာရောက် ရင်းနှီးမြှုပ်နှံလိုသူများ အတွက် အခွင့်အလမ်းကောင်းများ ပေးနိုင်သော စက်မှုဇုန်တစ်ခု အဖြစ် ပေါ်ထွန်းလာစေချင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် Amata အကြား ပူးပေါင်းဆောင်ရွက်မှုများဖြင့် ရန်ကုန်မြို့၏ အရင်းအမြစ်များအား ပိုမိုတန်ဖိုးရှိသော အခြေအနေတစ်ခု ဖြစ်အောင် ဆောင်ရွက်ချင်ကြောင်း ၊ Amata စက်မှုဇုန်ကြီး အမြန်ဆုံး ရန်ကုန်မြို့တွင် ပေါ်ထွန်းနိုင်ပြီး နောက်ဆုံးနည်းပညာများဖြင့် အဆင့်မြင့် Yangon Amata Smart & Eco City ကြီး ပေါ်ထွန်းစေရန် ဆန္ဒပြုကြောင်း ပြောဆိုခဲ့သည်။

Amata Corporation Public Co.,Ltd ၏ ဥက္ကဋ္ဌ Mr. Vikrom Kromadit က ဂုဏ်ယူ ဝမ်းမြောက်စကား ပြောကြားခဲ့ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Amata Corporation Public Co.,Ltd တို့အကြား မူဘောင်သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တန်ဖိုးနည်းအိမ်ရာများကိုအခြေခံလူတန်းစားများအတွက်ဆောက်လုပ်ရာတွင်အမှန်တကယ်နေထိုင်မည့်နေရာဖြစ်ဖို့လို...
ထပ်ဆင့်အော်စကာဆုရှင် မိုက်ကယ်ဒေါက်ဂလပ်နှင့် ဇနီးဖြစ်သူ ဟောလိဝုဒ်သရုပ်ဆောင် ကက်သရင်းဇီတာ ဂျုန်းစ်တို့က နယူးယောက်အိမ်ကို သြစတေးလျဘီလျံနာထံရောင်းချပြီး မကြာမီတွင်ပင် ၁၂ ဧကကျယ်သော ကျေးလက်စံအိမ်တစ်လုံးကို တိတ်တဆိတ်ပြန်လည်...
နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီဆောက်လုပ်ရေးပါမစ်အွန်လိုင်းမှလျှောက်ထားမှုခက်ခဲနေဆဲဖြစ်...
အီတလီကျေးလက်ဒေသသို့ သွားရောက်နေထိုင်မည်ဆိုပါက တစ်လလျှင် ကန်ဒေါ်လာ ၇၇၀ ဖြင့် ထောက်ပံ့ကြေး ၃ နှစ်ရမည်...
ဟောင်ကောင်တွင် အိမ်ခြံမြေဈေးကွက် ထိုးကျနေပြီး ဆောက်လုပ်ပြီးစီးသော လူနေခန်းသစ်များကို လွန်ခဲ့သော ၂ နှစ်က ဈေးနှုန်းများဖြင့် ရောင်းချရလျက်ရှိ...
ကျပ်ငွေ (၅) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးမြို့ရှိ Than Lwin Nadi ကွန်ဒို အရောင်းပြပွဲ...
ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ ငှားရမ်းမှုများ ပြုလုပ်ပေးသည့် ဝက်ဘ်ဆိုက် Cjia.com သို့ ကမ္ဘာကျော်သူဌေးကြီး ဂျက်မား အပါအဝင် ရင်းနှီးမြှုပ်နှံသူများက ကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်...
ကမ္ဘာ့အိမ်ဈေးအညွှန်းကိန်းကို ဆယ်စုနှစ်တစ်ခုအတွင်း တရုတ် ပထမဆုံးဦးဆောင်
တောင်ကိုရီးယားကုမ္ပဏီ Mirae က တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang ထံမှ အမေရိကန်ရှိ ဟိုတယ်များကို ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဖြင့် ဝယ်ယူရန်စီစဉ်...
နွားများကို ဖွင့်ပြလျှင် နို့ထွက်နှုန်းမြင့်တက်လာစေသည်ဆိုသော green, green grass သီချင်းကို သီဆိုခဲ့သူ ကမ္ဘာကျော်အဆိုတော်ကြီး ဆာ တွမ်ဂျုန်းစ်၏ ယာတောအိမ် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)