ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်အနီးက ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို ခေတ္တဆိုင်းငံ့ထား - Property News in Myanmar from iMyanmarHouse.com
533 ကြိမ် ကြည့်ရှု့ ပြီး


ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

### Zawgyi Version ###









 

### Unicode Version ###

 

ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်အနီးက ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို ခေတ္တဆိုင်းငံ့ထားကြောင်း ကရင်နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ စည်းကမ်းချက်နှင့် လွဲချော်နေသည့် လုပ်ငန်းပိုင်းများ မြို့သစ်စီမံကိန်းမှာရှိနေ၍ ရပ်နားထားကြောင်းပြောထားပြီး လွဲချော်ရခြင်း အကြောင်းကိုပြောထားခြင်းမရှိပေ။

ကရင်ပြည်နယ်အစိုးရအဖွဲ့ဟာ လွန်ခဲ့သည့်လက ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို သွားရောက်ကြည့်ရှုစစ်ဆေးမှုလုပ်ခဲ့ရာ လွဲချော်နေသည့် လုပ်ငန်းပိုင်းများ ရှိနေသည့်အတွက် ပြန်လည်တည့်မတ်ဖို့ ပြည်နယ်အစိုးရ အဖွဲ့က ညွန်ကြားထားပြီး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကတော့ ပြည်နယ်အစိုးရ၏ စစ်ဆေးတွေ့ ရှိချက်ရလဒ်များကို ပြည်ထောင်စုနှင့်သမ္မတရုံးကို တင်ပြထားကြောင်းပြောထားသည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပါဝင်၍ စိုးရိမ်မှုရှိနေသော်လည်း စီမံကိန်းမှ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းအမြောက်အများရရှိနိုင်မှာဖြစ်ပြီး လက်ရှိတွင် ရွှေကုက္ကိုမြို့သစ်စီမံကိန်းတွင် အလုပ် လုပ် ကိုင်နေသော ဝန်ထမ်းများအားလုံး၏ ၈၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်းသိရသည်။

 မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်နှင့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို မြေဧရိယာ ၆၂ ဧကပေါ်တွင် ခွင့်ပြုထားပြီး စီမံကိန်း၏ရင်းနှီးမြှုပ်နှံမှုပမာဏ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော် ရှိကြောင်းသိရသည်။

ရွှေကုက္ကိုမြို့သစ်စီမံကိန်းတွင် အိမ်အလုံးပေါင်း ၆၀ နီးပါးတည်ဆောက်ထားပြီးဖြစ်ကြောင်း၊ Entertain- ment City နှင့် ကာစီနိုရုံများကို ၂၀၂၀ ကျတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ထို့အပြင် အဆိုပါစီမံကိန်းတွင် သိပ္ပံ နည်းပညာလုပ်ငန်းဇုန်၊အပန်းဖြေဇုန်၊တိုင်းရင်းသားယဉ်ကျေးမှုဇုန်၊ ကုန်စည်ပို့ဆောင်ရေးဇုန်နှင့် ဒေသစိုက်ပျိုးရေးဇုန်တို့ ပါရှိမည်ဖြစ်ကြောင်း သိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် အိမ်ငှားခ နှစ်စဉ် ဒေါ်လာ ၃ သောင်းနီးပါးကုန်ကျနေသောကြောင့် နေအိမ်ငယ်တစ်လုံးဆောက်လုပ်ပြီး အငှားချထားကာ နွေနှင့် ဆောင်းကာလများတွင် ကမ္ဘာပတ်နေသော ဇနီးမောင်နှံ...
အမေရိကန်ပြည်တွင် အိမ်ငှားခ နှစ်စဉ် ဒေါ်လာ ၃ သောင်းနီးပါးကုန်ကျနေသောကြောင့် နေအိမ်ငယ်တစ်လုံးဆောက်လုပ်ပြီး အငှားချထားကာ နွေနှင့် ဆောင်းကာလများတွင် ကမ္ဘာပတ်နေသော ဇနီးမောင်နှံ...
ကမ္ဘာ့တတိယအကြီးမားဆုံး ဟိုတယ်အုပ်စုဖြစ်သော အိန္ဒိယမှ Oyo Hotels အုပ်စုက ဝန်ထမ်း ၂၀ ရာခိုင်နှုန်းလျှော့ချ...
ကမ္ဘာ့တတိယအကြီးမားဆုံး ဟိုတယ်အုပ်စုဖြစ်သော အိန္ဒိယမှ Oyo Hotels အုပ်စုက ဝန်ထမ်း ၂၀ ရာခိုင်နှုန်းလျှော့ချ...
ကမ္ဘာ့သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအများဆုံး ကစားသမား ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ၏ ဘရာဇီးမှစံအိမ်...
ကမ္ဘာ့သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအများဆုံး ကစားသမား ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ၏ ဘရာဇီးမှစံအိမ်...
ပြည်တော်သစ် ပြည်သူ့အငှားအိမ်ရာ ပြန်လည်တည်ဆောက်ရေး လျှပ်စစ် ၊ဆက်သွယ်ရေးနှင့်လမ်းပန်းဝန်ကြီး ဒေါ်နီလာကျော်မှ ကွင်းဆင်းစစ်ဆေးတည်ဆောက်ပြီးစီးပါက မူလအခန်းအကျယ်လိုက် နေရာချထား...
ပြည်တော်သစ် ပြည်သူ့အငှားအိမ်ရာ ပြန်လည်တည်ဆောက်ရေး လျှပ်စစ် ၊ဆက်သွယ်ရေးနှင့်လမ်းပန်းဝန်ကြီး ဒေါ်နီလာကျော်မှ ကွင်းဆင်းစစ်ဆေးတည်ဆောက်ပြီးစီးပါက မူလအခန်းအကျယ်လိုက် နေရာချထား...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိ‌သောမြေများ အသုံးပြုခွင့် တင်ဒါအောင်စာရင်းအသိပေးထုတ်ပြန်...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိ‌သောမြေများ အသုံးပြုခွင့် တင်ဒါအောင်စာရင်းအသိပေးထုတ်ပြန်...
YRTA နှင့် ရန်ကုန်ဘတ်(စ်)ကားလိုင်းဝန်ဆောင်မှု YBS တို့၏ (၃) နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ...
YRTA နှင့် ရန်ကုန်ဘတ်(စ်)ကားလိုင်းဝန်ဆောင်မှု YBS တို့၏ (၃) နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ...
မန္တလေးတွင် စုစုပေါင်းကျပ် ၇၀၀၀ ဘီလီယံနီးပါးရင်းနှီးမြှုပ်နှံမည့် ဟိုတယ်လုပ်ငန်းနှစ်ခု လုပ်ကိုင်ခွင့်ပြု...
မန္တလေးတွင် စုစုပေါင်းကျပ် ၇၀၀၀ ဘီလီယံနီးပါးရင်းနှီးမြှုပ်နှံမည့် ဟိုတယ်လုပ်ငန်းနှစ်ခု လုပ်ကိုင်ခွင့်ပြု...
ဂျပန်ရွာလယ်ရှိ တဲကြီးတစ်လုံး
ဂျပန်ရွာလယ်ရှိ တဲကြီးတစ်လုံး
ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှေးကွေးလာမှုက မြန်မာ့စီးပွားရေးကိုအားကောင်းစေ
ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှေးကွေးလာမှုက မြန်မာ့စီးပွားရေးကိုအားကောင်းစေ
ရွှေဈေးကွက်မှာ ငွေကြေးခဝါချမှုတိုင်တဲ့သူကို ဆုကြေးရာခိုင်နှုန်းပေးမယ်
ရွှေဈေးကွက်မှာ ငွေကြေးခဝါချမှုတိုင်တဲ့သူကို ဆုကြေးရာခိုင်နှုန်းပေးမယ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)