ဘန္ေကာက္တြင္ ေနထိုင္၊ စားေသာက္၊ ေဈးဝယ္၊ ပါတီတက္ရန္ အေကာင္းဆံုး ၆ ေနရာ

ဘန္ေကာက္တြင္ ေနထိုင္၊ စားေသာက္၊ ေဈးဝယ္၊ ပါတီတက္ရန္ အေကာင္းဆံုး ၆ ေနရာ - Property News in Myanmar from iMyanmarHouse.com
23 Aug 2019 12:52 pm တွင် တင်ခဲ့သည်
3749 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

PropertyGuru Property Report ထုိင္းအိမ္ၿခံေျမမဂၢဇင္းတြင္ ေဖာ္ျပခဲ့ေသာ ဘန္ေကာက္တြင္ ေနထိုင္၊ စားေသာက္၊ ေဈးဝယ္၊ ပါတီတက္ရန္ အေကာင္းဆံုး ၆ ေနရာေဆာင္းပါးအား မွီျငမ္းေဖာ္ျပအပ္ပါသည္။ One9Five

- Phra Ram 9 MRT ဘူတာ႐ံုမွ မိနစ္အနည္းငယ္လမ္းေလွ်ာက္လိုက္႐ံုအကြာမွာရွိသည့္ ဒီ One9Five အေဆာက္အအံုတြင္ ဇိမ္ခံတိုက္ခန္းေပါင္း ၂ ေထာင္နီးနီး ရွိမည္ျဖစ္သည္။ ဆုမ်ားစြာ ရရွိထားသည့္ ၎ကြန္ဒိုုစီမံကိန္းကို ထိုင္းႏွင့္တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံသူမ်ားပိုင္ TC Development က တည္ေဆာက္လ်က္ရွိသည္။ တာဝါ-ေအႏွင့္ တာဝါ-ဘီဆိုၿပီး ေအာက္ေျခတြင္ခ်ိတ္ဆက္ထားသည့္ တာဝါႏွစ္ခုရွိမည္ျဖစ္ကာ ၆၁ ထပ္ျမင့္မည့္ ၎စီမံကိန္းသည္ သူ႕ဆီမွာေနထိုင္သူမ်ားအား ဘန္ေကာက္၏ ခံ့ညားအံခ်ီးစရာျမင္ကြင္းမ်ားကို ႐ႈစားရေစမည္ျဖစ္သည္။ ၎တြင္ မီတာ ၁၀၀ ရွည္လ်ားေသာ ေရကူးကန္ႀကီးပါဝင္ကာ ျမင္ကြင္းက်ယ္ႀကီးျမင္ရမည့္ နားေနခန္း၊ ျပဇာတ္႐ံု၊ သီးသန္႔အစည္းအေဝးခန္းမမ်ား၊ သီးသန္႔ၿခံျဖင့္ ကေလးကစားကြင္း၊ ကေလးကလပ္တို႔ ပါဝင္ပါသည္။ ေနာက္ဆံုးေပၚစက္ပစၥည္းအစံုအလင္ျဖည့္သြင္းေပးထားသည့္ အားကစား႐ံု၊ spa၊ အသြင္ယူေဂါက္႐ိုက္စက္တို႔ကိုလည္း ထည့္သြင္းေပးမည္ျဖစ္သည္။ သဘာဝအလင္းေရာင္အားပါးတရရရွိေစၿပီး ေခတ္မီဒီဇိုင္း၊ အလြန္ေကာင္းမြန္ေသာ facility ေတြေပးမည့္ ၎ကြန္ဒိုအေဆာက္အအံုတြင္ အိပ္ခန္း ၁ခန္း၊ ၂ခန္း၊ ၃ခန္းပါ ကြန္ဒိုခန္းမ်ားႏွင့္ penthouse (အေပၚဆံုးထပ္အခန္း) တို႔ကို စိတ္ႀကိဳက္ေရြးခ်ယ္ဝယ္ယူႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

The Esse at Singha Complex

- ဤအလြန္ေခတ္မီသားနားသည့္ ဘက္စံုစီမံကိန္းက အိပ္ခန္း ၁ခန္း၊ ၂ခန္းပါအခန္းမ်ားႏွင့္ ဇိမ္ခံ penthouse အမ်ဳိးအစားမ်ား ေရြးခ်ယ္ႏိုင္ေသာ ကြန္ဒိုခန္း ၃၀၀ ေက်ာ္ ပါဝင္မည္ျဖစ္သည္။ ေဈး၊ ေက်ာင္းႏွင့္ ညဘက္ထြက္လည္စရာေနရာမ်ားႏွင့္ အလြန္နီးသျဖင့္ ေခတ္မီၿမိဳ႕ႀကီးသားတစ္ဦးအတြက္ စံထားရေလာက္ေသာ ေနရာအကြက္အကြင္းတြင္ တည္ရိွသည္။ ၃၉ ထပ္ရွိမည့္ ၎အေဆာက္အအံုတြင္ Phetchaburi MRT ေျမေအာက္ရထားဘူတာ႐ံု၊ Airport Rail Link (ARL) အျမန္ရထားလမ္း၊ အျမန္လမ္းႏွင့္ သေဘၤာဆိပ္တို႔သို႔ တိုက္႐ိုက္ဆက္သြယ္မႈလမ္းေၾကာင္းမ်ားအပါအဝင္ အလြန္ေကာင္းမြန္ေသာ ပို႔ေဆာင္ေရးလမ္းေၾကာင္းမ်ား ရွိသည္။ ေရကူးကန္ရွိသည့္ ေဝဟင္ပြဲၾကည့္စင္ေနရာကေတာ့ ဘန္ေကာက္ၿမိဳ႕၏ က်ယ္ျပန္႔ေသာျမင္ကြင္းကို ျမင္ေတြ႕ရေစမွာပါ။ တျခား facility မ်ားအေနျဖင့္ spa ႏွင့္ salon၊ သီးသန္႔ေလ့က်င့္ေရးအခန္းမ်ား ပါဝင္ေသာ gym၊ လက္ေဝွ႔ႀကိဳးဝိုင္းႏွင့္ ေတာင္တက္ေလ့က်င့္နံရံ၊ အမိုးမဲ့ပြဲၾကည့္စင္၊ ကပြဲဂီတေဖ်ာ္ေျဖမႈမ်ားအတြက္ ကြယ္ဝွက္ထားေသာ မ႑ပ္ တို႔ ပါဝင္မည္ျဖစ္သည္။ ေက်ာ့ရွင္းခန္႔ညားေသာ တိုက္ခန္းအားလံုးသည္ လံုၿခံဳမႈႏွင့္ privacy အျပည့္အဝရွိေစမည္ျဖစ္သည္။ အခန္းမ်ားအား ၾကမ္းခင္းမွ မ်က္ႏွာၾကက္အထိျပတင္းမ်ား (floor-to-ceiling windows) ျဖင့္ လင္းလင္းထင္းထင္းရွိေအာင္ စီမံထားမည္ျဖစ္ၿပီး ေအာ္တိုစက္ပစၥည္းမ်ား၊ ပရိေဘာဂအစံုအလင္ျဖင့္ အသင့္ျပင္ဆင္ေပးထားမည္ျဖစ္ေၾကာင္း သိရသည္။

Onyx Nightclub

- Onyx ကို ၂၀၁၄ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး ၎သည္ ဘန္ေကာက္တြင္ ပါတီတက္ရန္ အႀကီးဆံုးေနရာျဖစ္သည့္အျပင္ အေကာင္းဆံုးေနရာတစ္ခုလည္း ျဖစ္သည္။ EDM ႏွင့္ House Music တို႔အသားေပးသည့္ ကလပ္သည္ လူဦးေရ ၂,၅၀၀ ခန္႔ ေကာင္းမြန္စြာ ဆံ့သည္။ အားကစား႐ံုပုံစံ အဓိကခန္းမႀကီးက ကမာၻေပၚတြင္ ကလပ္အနည္းငယ္ကသာ ေပးစြမ္းႏိုင္ေသာ ျပင္းျပင္းျပျပေပ်ာ္ရႊင္ျမဴးတူးမႈကို ခံစားရေစသည္။ ႏုိင္ငံတကာမွထိပ္တန္းဒီေဂ်သမားမ်ားကို မၾကာခဏဖိတ္ေခၚတင္ဆက္ေစေလ့ရွိၿပီး VIP ကပြဲစင္ငယ္ေလးမ်ားမွလည္း ဒီေဂ်စင္ကို ေကာင္းမြန္စြာျမင္ရေစသည္။

Central Plaza Rama 9

- Ratchadapisek ဧရိယာတြင္ တည္ရွိေသာ ေဈးဝယ္၊ စားေသာက္၊ ေဖ်ာ္ေျဖးေရးတို႔အတြက္ ဤေခတ္မီခုနစ္ထပ္မိသားစုအခ်က္အခ်ာေနရာသည္ ဖက္ရွက္မွ အစားအေသာက္၊ အီလက္ထေရာနစ္ပစၥည္းမ်ားအထိ အရာအားလံုးအတြက္ တစ္ေနရာတည္းၿပီးျပည့္စံုေသာ ပလာဇာျဖစ္သည္။ ဘတ္စ္ကား၊ ကား၊ တကၠစီ တို႔ျဖင့္ ေရာက္ရွိႏုိင္သည့္အျပင္ Rama 9 MRT ေျမေအာက္ဘူတာ႐ံုမွတိုက္႐ိုက္ေရာက္ရွိႏုိင္သည့္ Central Plaza တြင္ တန္ဖိုးနည္းမွသည္ တန္ဖိုးႀကီးေနာက္ဆံုးေပၚဖက္ရွင္မ်ားအထိ ေရြးခ်ယ္ဝယ္ယူႏုိင္ၿပီး အလွျပင္ဆုိင္မ်ား၊ ေကာ္ဖီဆုိင္မ်ား၊ ဘ႑ေရးဝန္ေဆာင္မႈမ်ား၊ စာအုပ္ဆိုင္မ်ားႏွင့္ ကြန္ပ်ဴတာဆုိင္မ်ားလည္း ရွိသည္။ အလႊာငါးလႊာကို ေနရာယူထားေသာ Robinson’s department store တြင္ အိမ္သံုးပစၥည္းမ်ား၊ အားကစားပစၥည္းမ်ားႏွင့္ ကေလးကစားစရာမ်ား ဝယ္ယူရရွိႏိုင္ၿပီး Tops Market တြင္ ကုန္ေျခာက္ပစၥည္းမ်ားစြာႏွင့္ takeout အစားအစာမ်ား ရရွိႏုိင္သည္။ ဆ႒မထပ္တြင္ေတာ့ ဂ်ပန္အစားအစာဆိုင္မ်ား၊ ထိုင္းအစားအစာဆုိင္မ်ားအပါအဝင္ စားေသာက္ဆုိင္မ်ားစြာ ရွိပါသည္။

Ratchada Train Night Market

- ဘန္ေကာက္၏ နာမည္ေက်ာ္ညေဈးမ်ားအနက္ ထုိင္းယဥ္ေက်းမႈစင္တာေျမေအာက္ဘူတာ႐ံုညာဘက္ကပ္လ်က္ရွိ ဤေဈးကို ေဒသခံမ်ားကေတာ့ Rot Fai Market ဟု ေခၚသည္။ ညသန္းေခါင္ယံအခ်ိန္အထိ ဖြင့္လွစ္ၿပီး စံခ်ိန္မီဖက္ရွင္၊ အာရွေရွးေဟာင္းပစၥည္းမ်ား၊ အလွအပေရးရာပစၥည္းမ်ား၊ ေခတ္မီစတစ္ကာပံုမ်ားျဖင့္အဝတ္အထည္မ်ား၊ႏွင့္ အျခားတိုလီမိုလီဆက္စပ္ပစၥည္းမ်ားစြာ ေရာင္းခ်သည့္ ေရာင္စံုဆိုင္ခန္းငယ္မ်ားစြာျဖင့္ ျပည့္ႏွက္ေနသည့္ စံျပေနရာျဖစ္သည္။ ေဈးဝယ္႐ံုသက္သက္အတြက္သာမက ပင္လယ္စာ၊ ေဒသထြက္အစားအစာစသျဖင့္ အစားအစာဆုိင္မ်ားစြာ၊ ဘားမ်ားအျပင္ ဆံသဆရာမ်ားကဲ့သို႔ေသာ ဝန္ေဆာင္မႈမ်ားကိုလည္း ရရွိႏိုင္ပါသည္။ ပ်ားပန္းခတ္မွ် ႐ႈပ္ယွက္ခက္လွေသာ ၎ညေဈးတြင္ ေတးသံသာႏွင့္ အျခားေဖ်ာ္ေျဖမႈမ်ားကလည္း ပိုမိုအသက္ဝင္လႈပ္ရွားေအာင္ ပံ့ပိုးေပးေနသည္။

Bliss Italian Kitchen

- ၿမိဳ႕လယ္ေကာင္ႏွင့္အလွမ္းေဝးေသာ ၎၏တည္ေနရာက စားသံုးသူေတြကို ၎ဆိုင္မွာစားသံုးရန္ဆံုးျဖတ္ခ်က္မခ်ေစႏုိင္ဖြယ္ျဖစ္ေနသည့္တုိင္ ဘြတ္ကင္လုပ္သူမ်ားမ်ားျပားလွသည့္ဆိုင္ပင္ျဖစ္သည္။ ဘန္ေကာက္တြင္ အေနာက္တုိင္ဟင္းလ်ာႏွင့္ ဥေရာပဝိုင္ေကာင္းေကာင္းသံုးေဆာင္လိုသူမ်ားအတြက္ ဆိုင္လုပ္ပါစတာေခါက္ဆြဲႏွင့္ ေပါင္မုန္႔စသည့္ ကမာၻ႕အေကာင္းဆံုးပါဝင္ပစၥည္းမ်ားျဖင့္ နာမည္ေက်ာ္စာဖိုမႈး Piak ေခၚ Anongrat Meklai မွ ဦးစီးဖန္တီးေပးသည့္ အီတလီဂႏၳဝင္ေျမာက္လက္ရာစစ္စစ္စားေသာက္ဆိုင္ျဖစ္ေၾကာင္း သိရသည္။

ထုိင္​းႏုိင္​ငံ၏ ကြန္​ဒုိမီနီယမ္​ အက္​ဥပ​ေဒ (ပုဒ္​မ ၁၉) အရ ႏုိင္​ငံျခားသားမ်ားသည္​ ထုိင္​း​ႏုိင္​ငံ႐ွိကြန္​ဒုိမ်ား၏ ၄၉%အထိကုိ တရားဝင္​ ဝယ္​ယူပုိင္​ဆုိင္​ႏုိင္​ခြင္​့ ႐ွိပါသည္​။ iMyanmarHouse.com (အုိင္​ျမန္​မာ​ေဟာက္​စ္​​ေဒါ့ကြန္​း)သည္​ ထုိင္​းႏုိင္​ငံ ဘန္​​ေကာက္​ျမဳိ ့့့မွ ကြန္​ဒုိမ်ားကုိ ​ျမန္​မာႏုိင္​ငံသားမ်ား အလြယ္​တကူ ဝယ္​ယူပုိင္​ဆုိင္​ႏုိင္​​ေစရန္​အတြက္ ဝန္​​ေဆာင္​မႈမ်ား ​ေပး​ေနပါသည္​။ အေသးစိတ္သိရွိရန္  ဤေနရာကို ႏွိပ္ပါ။ 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ### PropertyGuru Property Report ထိုင်းအိမ်ခြံမြေမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဘန်ကောက်တွင် နေထိုင်၊ စားသောက်၊ ဈေးဝယ်၊ ပါတီတက်ရန် အကောင်းဆုံး ၆ နေရာဆောင်းပါးအား မှီငြမ်းဖော်ပြအပ်ပါသည်။  One9Five

- Phra Ram 9 MRT ဘူတာရုံမှ မိနစ်အနည်းငယ်လမ်းလျှောက်လိုက်ရုံအကွာမှာရှိသည့် ဒီ One9Five အဆောက်အအုံတွင် ဇိမ်ခံတိုက်ခန်းပေါင်း ၂ ထောင်နီးနီး ရှိမည်ဖြစ်သည်။ ဆုများစွာ ရရှိထားသည့် ၎င်းကွန်ဒိုစီမံကိန်းကို ထိုင်းနှင့်တရုတ်ရင်းနှီးမြှုပ်နှံသူများပိုင် TC Development က တည်ဆောက်လျက်ရှိသည်။ တာဝါ-အေနှင့် တာဝါ-ဘီဆိုပြီး အောက်ခြေတွင်ချိတ်ဆက်ထားသည့် တာဝါနှစ်ခုရှိမည်ဖြစ်ကာ ၆၁ ထပ်မြင့်မည့် ၎င်းစီမံကိန်းသည် သူ့ဆီမှာနေထိုင်သူများအား ဘန်ကောက်၏ ခံ့ညားအံချီးစရာမြင်ကွင်းများကို ရှုစားရစေမည်ဖြစ်သည်။ ၎င်းတွင် မီတာ ၁၀၀ ရှည်လျားသော ရေကူးကန်ကြီးပါဝင်ကာ မြင်ကွင်းကျယ်ကြီးမြင်ရမည့် နားနေခန်း၊ ပြဇာတ်ရုံ၊ သီးသန့်အစည်းအဝေးခန်းမများ၊ သီးသန့်ခြံဖြင့် ကလေးကစားကွင်း၊ ကလေးကလပ်တို့ ပါဝင်ပါသည်။ နောက်ဆုံးပေါ်စက်ပစ္စည်းအစုံအလင်ဖြည့်သွင်းပေးထားသည့် အားကစားရုံ၊ spa၊ အသွင်ယူဂေါက်ရိုက်စက်တို့ကိုလည်း ထည့်သွင်းပေးမည်ဖြစ်သည်။ သဘာဝအလင်းရောင်အားပါးတရရရှိစေပြီး ခေတ်မီဒီဇိုင်း၊ အလွန်ကောင်းမွန်သော facility တွေပေးမည့် ၎င်းကွန်ဒိုအဆောက်အအုံတွင် အိပ်ခန်း ၁ခန်း၊ ၂ခန်း၊ ၃ခန်းပါ ကွန်ဒိုခန်းများနှင့် penthouse (အပေါ်ဆုံးထပ်အခန်း) တို့ကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

The Esse at Singha Complex

- ဤအလွန်ခေတ်မီသားနားသည့် ဘက်စုံစီမံကိန်းက အိပ်ခန်း ၁ခန်း၊ ၂ခန်းပါအခန်းများနှင့် ဇိမ်ခံ penthouse အမျိုးအစားများ ရွေးချယ်နိုင်သော ကွန်ဒိုခန်း ၃၀၀ ကျော် ပါဝင်မည်ဖြစ်သည်။ ဈေး၊ ကျောင်းနှင့် ညဘက်ထွက်လည်စရာနေရာများနှင့် အလွန်နီးသဖြင့် ခေတ်မီမြို့ကြီးသားတစ်ဦးအတွက် စံထားရလောက်သော နေရာအကွက်အကွင်းတွင် တည်ရှိသည်။ ၃၉ ထပ်ရှိမည့် ၎င်းအဆောက်အအုံတွင် Phetchaburi MRT မြေအောက်ရထားဘူတာရုံ၊ Airport Rail Link (ARL) အမြန်ရထားလမ်း၊ အမြန်လမ်းနှင့် သင်္ဘောဆိပ်တို့သို့ တိုက်ရိုက်ဆက်သွယ်မှုလမ်းကြောင်းများအပါအဝင် အလွန်ကောင်းမွန်သော ပို့ဆောင်ရေးလမ်းကြောင်းများ ရှိသည်။ ရေကူးကန်ရှိသည့် ဝေဟင်ပွဲကြည့်စင်နေရာကတော့ ဘန်ကောက်မြို့၏ ကျယ်ပြန့်သောမြင်ကွင်းကို မြင်တွေ့ရစေမှာပါ။ တခြား facility များအနေဖြင့် spa နှင့် salon၊ သီးသန့်လေ့ကျင့်ရေးအခန်းများ ပါဝင်သော gym၊ လက်ဝှေ့ကြိုးဝိုင်းနှင့် တောင်တက်လေ့ကျင့်နံရံ၊ အမိုးမဲ့ပွဲကြည့်စင်၊ ကပွဲဂီတဖျော်ဖြေမှုများအတွက် ကွယ်ဝှက်ထားသော မဏ္ဍပ် တို့ ပါဝင်မည်ဖြစ်သည်။ ကျော့ရှင်းခန့်ညားသော တိုက်ခန်းအားလုံးသည် လုံခြုံမှုနှင့် privacy အပြည့်အဝရှိစေမည်ဖြစ်သည်။ အခန်းများအား ကြမ်းခင်းမှ မျက်နှာကြက်အထိပြတင်းများ (floor-to-ceiling windows) ဖြင့် လင်းလင်းထင်းထင်းရှိအောင် စီမံထားမည်ဖြစ်ပြီး အော်တိုစက်ပစ္စည်းများ၊ ပရိဘောဂအစုံအလင်ဖြင့် အသင့်ပြင်ဆင်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

Onyx Nightclub

- Onyx ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်းသည် ဘန်ကောက်တွင် ပါတီတက်ရန် အကြီးဆုံးနေရာဖြစ်သည့်အပြင် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်သည်။ EDM နှင့် House Music တို့အသားပေးသည့် ကလပ်သည် လူဦးရေ ၂,၅၀၀ ခန့် ကောင်းမွန်စွာ ဆံ့သည်။ အားကစားရုံပုံစံ အဓိကခန်းမကြီးက ကမ္ဘာပေါ်တွင် ကလပ်အနည်းငယ်ကသာ ပေးစွမ်းနိုင်သော ပြင်းပြင်းပြပြပျော်ရွှင်မြူးတူးမှုကို ခံစားရစေသည်။ နိုင်ငံတကာမှထိပ်တန်းဒီဂျေသမားများကို မကြာခဏဖိတ်ခေါ်တင်ဆက်စေလေ့ရှိပြီး VIP ကပွဲစင်ငယ်လေးများမှလည်း ဒီဂျေစင်ကို ကောင်းမွန်စွာမြင်ရစေသည်။

Central Plaza Rama 9

- Ratchadapisek ဧရိယာတွင် တည်ရှိသော ဈေးဝယ်၊ စားသောက်၊ ဖျော်ဖြေးရေးတို့အတွက် ဤခေတ်မီခုနစ်ထပ်မိသားစုအချက်အချာနေရာသည် ဖက်ရှက်မှ အစားအသောက်၊ အီလက်ထရောနစ်ပစ္စည်းများအထိ အရာအားလုံးအတွက် တစ်နေရာတည်းပြီးပြည့်စုံသော ပလာဇာဖြစ်သည်။ ဘတ်စ်ကား၊ ကား၊ တက္ကစီ တို့ဖြင့် ရောက်ရှိနိုင်သည့်အပြင် Rama 9 MRT မြေအောက်ဘူတာရုံမှတိုက်ရိုက်ရောက်ရှိနိုင်သည့် Central Plaza တွင် တန်ဖိုးနည်းမှသည် တန်ဖိုးကြီးနောက်ဆုံးပေါ်ဖက်ရှင်များအထိ ရွေးချယ်ဝယ်ယူနိုင်ပြီး အလှပြင်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဘဏ္ဍရေးဝန်ဆောင်မှုများ၊ စာအုပ်ဆိုင်များနှင့် ကွန်ပျူတာဆိုင်များလည်း ရှိသည်။ အလွှာငါးလွှာကို နေရာယူထားသော Robinson’s department store တွင် အိမ်သုံးပစ္စည်းများ၊ အားကစားပစ္စည်းများနှင့် ကလေးကစားစရာများ ဝယ်ယူရရှိနိုင်ပြီး Tops Market တွင် ကုန်ခြောက်ပစ္စည်းများစွာနှင့် takeout အစားအစာများ ရရှိနိုင်သည်။ ဆဋ္ဌမထပ်တွင်တော့ ဂျပန်အစားအစာဆိုင်များ၊ ထိုင်းအစားအစာဆိုင်များအပါအဝင် စားသောက်ဆိုင်များစွာ ရှိပါသည်။

Ratchada Train Night Market

- ဘန်ကောက်၏ နာမည်ကျော်ညဈေးများအနက် ထိုင်းယဉ်ကျေးမှုစင်တာမြေအောက်ဘူတာရုံညာဘက်ကပ်လျက်ရှိ ဤဈေးကို ဒေသခံများကတော့ Rot Fai Market ဟု ခေါ်သည်။ ညသန်းခေါင်ယံအချိန်အထိ ဖွင့်လှစ်ပြီး စံချိန်မီဖက်ရှင်၊ အာရှရှေးဟောင်းပစ္စည်းများ၊ အလှအပရေးရာပစ္စည်းများ၊ ခေတ်မီစတစ်ကာပုံများဖြင့်အဝတ်အထည်များ၊နှင့် အခြားတိုလီမိုလီဆက်စပ်ပစ္စည်းများစွာ ရောင်းချသည့် ရောင်စုံဆိုင်ခန်းငယ်များစွာဖြင့် ပြည့်နှက်နေသည့် စံပြနေရာဖြစ်သည်။ ဈေးဝယ်ရုံသက်သက်အတွက်သာမက ပင်လယ်စာ၊ ဒေသထွက်အစားအစာစသဖြင့် အစားအစာဆိုင်များစွာ၊ ဘားများအပြင် ဆံသဆရာများကဲ့သို့သော ဝန်ဆောင်မှုများကိုလည်း ရရှိနိုင်ပါသည်။ ပျားပန်းခတ်မျှ ရှုပ်ယှက်ခက်လှသော ၎င်းညဈေးတွင် တေးသံသာနှင့် အခြားဖျော်ဖြေမှုများကလည်း ပိုမိုအသက်ဝင်လှုပ်ရှားအောင် ပံ့ပိုးပေးနေသည်။

Bliss Italian Kitchen

- မြို့လယ်ကောင်နှင့်အလှမ်းဝေးသော ၎င်း၏တည်နေရာက စားသုံးသူတွေကို ၎င်းဆိုင်မှာစားသုံးရန်ဆုံးဖြတ်ချက်မချစေနိုင်ဖွယ်ဖြစ်နေသည့်တိုင် ဘွတ်ကင်လုပ်သူများများပြားလှသည့်ဆိုင်ပင်ဖြစ်သည်။ ဘန်ကောက်တွင် အနောက်တိုင်ဟင်းလျာနှင့် ဥရောပဝိုင်ကောင်းကောင်းသုံးဆောင်လိုသူများအတွက် ဆိုင်လုပ်ပါစတာခေါက်ဆွဲနှင့် ပေါင်မုန့်စသည့် ကမ္ဘာ့အကောင်းဆုံးပါဝင်ပစ္စည်းများဖြင့် နာမည်ကျော်စာဖိုမှုး Piak ခေါ် Anongrat Meklai မှ ဦးစီးဖန်တီးပေးသည့် အီတလီဂန္ထဝင်မြောက်လက်ရာစစ်စစ်စားသောက်ဆိုင်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ကွန်ဒိုမီနီယမ် အက်ဥပဒေ (ပုဒ်မ ၁၉) အရ နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံရှိကွန်ဒိုများ၏ ၄၉%အထိကို တရားဝင် ဝယ်ယူပိုင်ဆိုင်နိုင်ခွင့် ရှိပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ကွန်ဒိုများကို မြန်မာနိုင်ငံသားများ အလွယ်တကူ ဝယ်ယူပိုင်ဆိုင်နိုင်စေရန်အတွက် ဝန်ဆောင်မုှများ ပေးနေပါသည်။ အသေးစိတ်သိရှိရန်  ဤနေရာကို နှိပ်ပါ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service