တရုတ်ပြည်မှ ကမ္ဘာ့ထိပ်သီး အွန်လိုင်းရောင်းဝယ်ရေး ကုမ္ပဏီကြီး Alibaba သူဌေးကြီးက နယူးယောက်မြို့ရှိ ဘာကလေ စင်တာ အားကစားကွင်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ သန်း ၇၀၀ ဖြင့် ဝယ်ယူ
တရုတ်ပြည်မှ ကမ္ဘာ့ထိပ်သီး အွန်လိုင်းရောင်းဝယ်ရေး ကုမ္ပဏီကြီး Alibaba သူဌေးကြီးက နယူးယောက်မြို့ရှိ ဘာကလေ စင်တာ အားကစားကွင်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ သန်း ၇၀၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
23 Aug 2019 12:26 pm တွင် တင်ခဲ့သည်
815 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
တရုတ်ပြည်မှ ကမ္ဘာ့ထိပ်သီး အွန်လိုင်းရောင်းဝယ်ရေး ကုမ္ပဏီကြီး Alibaba ကို ပူးတွဲတည်ထောင်သူ သူဌေးကြီး ဂျိုးစိုင်က နယူးယောက် မြို့၊ ဘရွတ်ကလင်းအရပ်ရှိ ဘာကလေ စင်တာ အားကစားကွင်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ သန်း ၇၀၀ ဖြင့် ဝယ်ယူရန်စီစဉ်နေကြောင်း နယူးယောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
တချိန်တည်းမှာပင် ဂျိုစိုင်းသည် နယူးယောက်မြို့၊ ဘရွတ်ကလင်းအခြေစိုက် ဘတ်စ်ကက်ဘောအသင်းဖြစ်သော Brooklyn Nets ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကိုလည်း ဝယ်ယူလိုက်သည်ဟု ဆိုသည်။
ဘတ်စ်ကက်ဘောအသင်းနှင့် ၎င်း၏ အိမ်ကွင်းကို ဆက်တိုက်ဝယ်ယူလိုက်မှုများကို သောကြာနေ့ (ယနေ့) တွင် ကြေညာဖွယ်ရာရှိနေသည်။ ကစားကွင်း အရောင်းအဝယ်ဈေးနှုန်းကိုမူ ထုတ်ပြန်ကြေညာထားခြင်း မရှိချေ။
ယခင်သတင်းများအရမူ ဂျိုစိုင်းသည် Brooklyn Nets အသင်းကို NBA အတွက် စံချိန်တင်ဈေးနှုန်းဖြစ်သော ကန်ဒေါ်လာ ၂ ဒသမ ၃၅ ဘီလီယံအထိ ပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
အဆိုပါပမာဏတွင် ယခင်နှစ်အတွင်းက အသင်းရှယ်ယာ ၄၉ ရာခိုင်နှုန်းအတွက် ကန်ဒေါ်လာ ၁ ဘီလီယံ ပေးကာ ဝယ်ယူထားမှုအပြင်း ကျန်သည့် ရှယ်ယာများအတွက် ကန်ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံတို့ ပေါင်းစပ်ထားသည်။
အသင်းနှင့် အိမ်ကွင်းအတွက် ဝယ်ယူခဲ့မှုစုစုပေါင်းပမာဏမှာ ကန်ဒေါ်လာ ၃ ဘီလီယံကျော်ဖိုး ဖြစ်သည်။
ရုရှားဘီလျံနာ မီးခေးလ် ပရိုခိုရော့ဗ်က အသင်းနှင့် ကစားကွင်းတို့ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ဝယ်ယူရန်ကြိုးပမ်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အပြီးသတ်ဝယ်ယူနိုင်ခဲ့သည်။
၎င်းဝယ်ယူခဲ့သည့်ဈေးနှုန်းမှာ အသင်းအတွက် ကန်ဒေါ်လာ ၈၇၅ သန်း ပေးခဲ့ရပြီး ကစားကွင်းအတွက် ကန်ဒေါ်လာ ၈၂၅ သန်းဖြစ်သည်။
နောင် ၄ နှစ်အကြာ ၂၀၁၉ သို့ရောက်သောအခါ တန်ဖိုးမှာ ၃ ဆနီးပါး ( ၂ ဒသမ ၇ ဆ) တန်ကြေးရှိလာသည်။
ဂျိုစိုင်းက ကစားကွင်းကို ဝယ်ယူခဲ့ရသည့် အကြောင်းရင်းတစ်ခုမှာ အသင်းပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ ကစားကွင်းများကို ထိန်းချုပ်ပိုင်ဆိုင်ခြင်းမျိုးအပေါ် NBA က လိုလားသောကြောင့်ဖြစ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
taunggyi-garden-city
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service