လွ်ပ္စစ္သံုးစြဲမႈ ပမာဏ မီတာခတက္ေသာ္လည္း ယခင္အတိုင္းသာရွိ

လွ်ပ္စစ္သံုးစြဲမႈ ပမာဏ မီတာခတက္ေသာ္လည္း ယခင္အတိုင္းသာရွိ - Property News in Myanmar from iMyanmarHouse.com
23 Aug 2019 11:41 am တွင် တင်ခဲ့သည်
3077 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

လွ်ပ္စစ္သံုးစြဲမႈပမာဏ မီတာခတက္ေသာ္လည္း ယခင္အတိုင္းသာရွိေၾကာင္း ရွိေနေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္က ေျပာသည္။

တစ္ပတ္အတြင္း လွ်ပ္စစ္သံုးစြဲမႈ ယခင္သံုးစြဲမႈႏႈန္းႏွင့္ ႏိႈင္းယွဥ္ပါက တစ္ရက္လွ်င္ ပ်မ္းမွ်ယူနစ္ ငါးသန္းေက်ာ္ ေလ်ာ့နည္းေသာ္လည္း တစ္လလံုးအတုိင္းအတာျဖင့္ ႏိႈင္းယွဥ္ပါက သံုးစြဲမႈ ယခင္ပမာဏအတိုင္းသာ ရွိေနေၾကာင္းသိရသည္။

လွ်ပ္စစ္ဓာတ္အားခ မတိုးျမႇင့္မီ ဇြန္လကတစ္ရက္တာအလိုက္ ရန္ကုန္တြင္ ဓာတ္အားသံုးစြဲမႈ မဂၢါဝပ္ ၁,၂၀၀ ႏွင့္ ၁,၃၀၀ ၾကား၊ေနျပည္ေတာ္ဓာတ္အားသံုးစြဲမႈ မဂၢါဝပ္ ၁၃၀ ခန္႔၊မႏၲေလးဓာတ္ အားသံုးစြဲမႈ မဂၢါဝပ္ ၆၀၀ ႏွင့္ အျခားတိုင္းႏွင့္ ျပည္နယ္တို႔၌ မဂၢါဝပ္ ၁,၀၀၀ ေက်ာ္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

လွ်ပ္စစ္ဓာတ္အားခ တိုးျမႇင့္ေကာက္ခံမည္ဟု ေၾကညာၿပီးေနာက္ ဇူလိုင္လႏွင့္ ၾသဂုတ္လအတြင္း ဓာတ္အား သံုးစြဲမႈ ပမာဏမွာ ယခင္အတိုင္းသာရွိၿပီး ၾသဂုတ္ ၁၈ ရက္က ရန္ကုန္တိုင္းတြင္ ၁,၂၀၈ မဂၢါဝပ္၊ ေနျပည္ေတာ္၌ ၁၂၇ မဂၢါဝပ္၊ မႏၲေလးတြင္ ၄၉၇ ဒသမ ၃ မဂၢါဝပ္ႏွင့္ အျခားတိုင္းႏွင့္ျပည္နယ္မ်ား၌ ၁,၂၈၇ ဒသမ ၃ မဂၢါဝပ္ ရွိေၾကာင္း၊ ၾသဂုတ္ ၁၉ ရက္ ဓာတ္အား သံုးစြဲမႈတြင္ ရန္ကုန္၌ ၁,၂၄၂ မဂၢါဝပ္၊ မႏၲေလးတြင္ ၅၆၁ မဂၢါဝပ္၊ ေနျပည္ေတာ္၌ ၁၃၈ ဒသမ ၁ မဂၢါဝပ္ႏွင့္ အျခားတိုင္းႏွင့္ ျပည္နယ္တြင္ မဂၢါဝပ္ ၁,၂၅၀ ရွိေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္အရ သိရသည္။

လွ်ပ္စစ္မီတာခႏႈန္းထားတိုးျမွင့္ေကာက္ခံမႈအရ ေနအိမ္သံုး မီတာခကို ယူနစ္ ၃၀ အထိ္ မီတာခကို တစ္ယူနစ္ ၃၅ က်ပ္၊ ယူနစ္ ၅၀ သံုးပါက တစ္ယူနစ္ ၅၀ က်ပ္ ႏွင့္ ယူနစ္ ၁၀၀ အထိသံုးစြဲလွ်င္ တစ္ယူနစ္ ၉၀ က်ပ္ က်သင့္မည္ျဖစ္သည္။ ယူနစ္ ၂၀၀ ႏွင့္အထက္ ဆိုလွ်င္ တစ္ယူနစ္ ၁၂၅ က်ပ္ ေကာက္ခံမည္ ျဖစ္သည္။ စက္မႈႏွင့္ စီးပြားေရးလုပ္ငန္း သံုးမီတာမ်ားတြင္ ယခင္က ယူနစ္ ငါးေသာင္းအထိ သံုးစြဲလွ်င္ တစ္ယူနစ္ က်ပ္ ၁၀၀၊ ယခု တစ္ယူနစ္ ၁၆၅ က်ပ္ျဖင့္ေျပာင္းလဲခဲ့ ေၾကာင္းသိရသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

လျှပ်စစ်သုံးစွဲမှုပမာဏ မီတာခတက်သော်လည်း ယခင်အတိုင်းသာရှိကြောင်း ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။

တစ်ပတ်အတွင်း လျှပ်စစ်သုံးစွဲမှု ယခင်သုံးစွဲမှုနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ရက်လျှင် ပျမ်းမျှယူနစ် ငါးသန်းကျော် လျော့နည်းသော်လည်း တစ်လလုံးအတိုင်းအတာဖြင့် နှိုင်းယှဉ်ပါက သုံးစွဲမှု ယခင်ပမာဏအတိုင်းသာ ရှိနေကြောင်းသိရသည်။

လျှပ်စစ်ဓာတ်အားခ မတိုးမြှင့်မီ ဇွန်လကတစ်ရက်တာအလိုက် ရန်ကုန်တွင် ဓာတ်အားသုံးစွဲမှု မဂ္ဂါဝပ် ၁,၂၀၀ နှင့် ၁,၃၀၀ ကြား၊နေပြည်တော်ဓာတ်အားသုံးစွဲမှု မဂ္ဂါဝပ် ၁၃၀ ခန့်၊မန္တလေးဓာတ် အားသုံးစွဲမှု မဂ္ဂါဝပ် ၆၀၀ နှင့် အခြားတိုင်းနှင့် ပြည်နယ်တို့၌ မဂ္ဂါဝပ် ၁,၀၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံမည်ဟု ကြေညာပြီးနောက် ဇူလိုင်လနှင့် သြဂုတ်လအတွင်း ဓာတ်အား သုံးစွဲမှု ပမာဏမှာ ယခင်အတိုင်းသာရှိပြီး သြဂုတ် ၁၈ ရက်က ရန်ကုန်တိုင်းတွင် ၁,၂၀၈ မဂ္ဂါဝပ်၊ နေပြည်တော်၌ ၁၂၇ မဂ္ဂါဝပ်၊ မန္တလေးတွင် ၄၉၇ ဒသမ ၃ မဂ္ဂါဝပ်နှင့် အခြားတိုင်းနှင့်ပြည်နယ်များ၌ ၁,၂၈၇ ဒသမ ၃ မဂ္ဂါဝပ် ရှိကြောင်း၊ သြဂုတ် ၁၉ ရက် ဓာတ်အား သုံးစွဲမှုတွင် ရန်ကုန်၌ ၁,၂၄၂ မဂ္ဂါဝပ်၊ မန္တလေးတွင် ၅၆၁ မဂ္ဂါဝပ်၊ နေပြည်တော်၌ ၁၃၈ ဒသမ ၁ မဂ္ဂါဝပ်နှင့် အခြားတိုင်းနှင့် ပြည်နယ်တွင် မဂ္ဂါဝပ် ၁,၂၅၀ ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

လျှပ်စစ်မီတာခနှုန်းထားတိုးမြှင့်ကောက်ခံမှုအရ နေအိမ်သုံး မီတာခကို ယူနစ် ၃၀ အထိ မီတာခကို တစ်ယူနစ် ၃၅ ကျပ်၊ ယူနစ် ၅၀ သုံးပါက တစ်ယူနစ် ၅၀ ကျပ် နှင့် ယူနစ် ၁၀၀ အထိသုံးစွဲလျှင် တစ်ယူနစ် ၉၀ ကျပ် ကျသင့်မည်ဖြစ်သည်။ ယူနစ် ၂၀၀ နှင့်အထက် ဆိုလျှင် တစ်ယူနစ် ၁၂၅ ကျပ် ကောက်ခံမည် ဖြစ်သည်။ စက်မှုနှင့် စီးပွားရေးလုပ်ငန်း သုံးမီတာများတွင် ယခင်က ယူနစ် ငါးသောင်းအထိ သုံးစွဲလျှင် တစ်ယူနစ် ကျပ် ၁၀၀၊ ယခု တစ်ယူနစ် ၁၆၅ ကျပ်ဖြင့်ပြောင်းလဲခဲ့ ကြောင်းသိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service