One Direction အဖွဲ့မှ အဆိုတော်ဟောင်း ဇိန် မလိခ်က ချစ်သူ အမေရိကန်မော်ဒယ်လ် ဂျီဂျီ ဟာဒစ်နှင့် လမ်းခွဲပြီးနောက် နယူးယောက် penthouse ခန်းကို ကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် အရောင်းဈေးကွက်တင်
One Direction အဖွဲ့မှ အဆိုတော်ဟောင်း ဇိန် မလိခ်က ချစ်သူ အမေရိကန်မော်ဒယ်လ် ဂျီဂျီ ဟာဒစ်နှင့် လမ်းခွဲပြီးနောက် နယူးယောက် penthouse ခန်းကို ကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
22 Aug 2019 1:30 pm တွင် တင်ခဲ့သည်
879 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
One Direction အဖွဲ့မှ အဆိုတော်ဟောင်း ဇိန် မလိခ်သည် ချစ်သူ အမေရိကန်မော်ဒယ်လ် ဂျီဂျီ ဟာဒစ်နှင့် လမ်းခွဲပြီးနောက် နယူးယောက် တိုက်ခန်းကို ကန်ဒေါ်လာ ၁၀ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
အသက် ၂၆ နှစ်ရှိပြီဖြစ်သော ဇိန် မလိခ်သည် penthouse ခန်းကို ဝယ်ယူပြီး တစ်နှစ်ကျော်အကြာတွင် အရောင်းဈေးကွက်တင်လာခြင်း လည်း ဖြစ်သည်။ သူ၏ penthouse ခန်းသည် ချစ်သူဟောင်း ဂျီဂျီပိုင်ဆိုင်ထားသည့် ကွန်ဒိုခန်းနှင့် ဘလောက်အနည်းငယ်သာ ဝေးကွာပြီး ဂျီဂျီ၏ အခန်းရှိရာတွင် ၎င်းတို့စုံတွဲကို မကြာခဏတွေ့ရလေ့ရှိခဲ့သည်။
ဇိန် မလစ်ခ်၏ penthouse ခန်း တည်ရှိရာ အဆောက်အအုံကြီးမှာ ၁၉ ရာစုအတွင်းက ပိုးချည်စက်ရုံအဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံဖြစ်ပြီး အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၃၆၀၀ ရှိကာ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းနှင့် ၁၂ ပေခန့် မြင့်မားကာ ထုတ်တန်းများ ဖော်ကာ ဆောက်လုပ်ထားသည့် မျက်နှာကြက်များ ပါဝင်သည်။
ဂျီဂျီမှာ ယခုအခါ အမေရိကန်ရုပ်သံအစီအစဉ်တစ်ခုဖြစ်သော The Bachelorette ပြိုင်ပွဲတွင် runner-up ဆု ရရှိထားသူ တိုင်လာ ကင်မရွန်နှင့် ချစ်ကြိုးသွယ်နေသည်။
၂၀၁၈ ခုနှစ်၊ မတ်လအတွင်း ဂျီဂျီနှင့် ပထမအကြိမ်လမ်းခွဲလိုက်သည့်နေ့တွင် အဆိုပါလူနေခန်းကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။
လူနေခန်းအတွင်း သစ်ကြမ်းခင်းများ၊ အင်္ဂတေဖုံးလွှမ်းမထားသည့် အုတ်စီလက်ရာ၊ စတီးအုပ် ကော်လံတိုင်များတွေ့ရမည် ဖြစ်သည်။
အလင်းနှင့် လေဝင်လေထွက်ကောင်းမွန်သောအခန်းမှာ နယူးယောက်မြို့ကြီး၏ လှပသော မြင်ကွင်းများ ပိုင်ဆိုင်ထားပြီး အမိုးပေါ် လသာဆောင် ၉၃၂ စတုရန်းပေအထိ ပါဝင်ရာ နယူးယောက်တွင် ရှားပါးသည့်အရာမျိုးဖြစ်သည်။
ထို့အပြင် အပူပေးစနစ်ပါ ကြမ်းခင်းများ၊ ကျယ်ဝန်းသော အဝတ်အစားထားသိုခန်းများ၊ မိခင်ထံမှ ချက်ပြုတ်သည့် ဝါသနာ အမွေရထားသော ဇိန် မလစ်ခ်အတွက် စကျင်ကျောက် စားပွဲမျက်နှာပြင်များ ခင်းကျင်းထားသော ခေတ်မီ မီးဖိုဆောင်တွင် အစားအသောက်များ ကိုယ်တိုင်ချက်ပြုတ်ခဲ့ဖွယ်ရာ ရှိသည်။
အခန်းတည်ရှိရာ ၆ ထပ်အဆောက်အအုံကြီးကို ၂၀၁၆ ခုနှစ်တွင် အဆင့်မြင့်ဇိမ်ခံကွန်ဒို ၁၅ ခန်းအဖြစ် ပြောင်းလဲမွမ်းမံခဲ့ခြင်းဖြစ်ပြီး ဇိန် မလစ်ခ်၏ အခန်းနေရာမှာ မူလက အရောင်းပြခန်းတစ်ခုဖြစ်ခဲ့သည်။
ဇိန်မလစ်ခ်သည် လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်ရှိ ဘန်ဂလိုအိမ်တစ်လုံးကိုလည်း ရောင်းထုတ်ရန်ကြိုးပမ်းနေပြီး လွန်ခဲ့သောလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် ဈေးလျှော့ကာ အရောင်းဈေးကွက်ပြန်တင်ထားသည်။
ဇိန်မလစ်ခ်သည် အိမ်ခြံမြေပိုင်ဆိုင်မှု အများအပြားရှိထားပြီး သူ၏ ထုတ်ဖော်ဝန်ခံချက်အရ ၂၀၁၈ ခုနှစ်အတွင်း ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ကျေးလက်ဒေသတွင် ဂျီဂျီ၏ မိခင် ယိုလန်ဒါ ဟာဒစ်နေထိုင်သော နေရာအနီးရှိ ယာတောခြံတစ်ခု ဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့်အပြင် အင်္ဂလန်နိုင်ငံ၊ ဟာ့ထ်ဖို့ရှိုင်းယားတွင်လည်း နေအိမ်တစ်လုံး ပိုင်ဆိုင်ခဲ့ဖူးသည်ဟု ဆိုသည်။
ဇိန်မလစ်ခ်နှင့် ဂျီဂျီတို့သည် ယခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် ဒုတိယအကြိမ် လမ်းခွဲခဲ့ကြကြောင်း US Weekly တွင် ဖော်ပြခဲ့ဖူးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
area-one-business-complex
thukha-garden-residence
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service