မန္ခ်က္စတာ ယူႏိုက္တက္အသင္း၏ ဂႏၳဝင္ၾကယ္ပြင့္၊ အဂၤလန္ႏိုင္ငံ ကမၻာ့ဖလားရခဲ့သည့္ လက္ေရြးစင္အသင္းတြင္ ပါဝင္ခဲ့သူ ေဘာ္ဘီ ခ်ာလ္တန္ႏွင့္ဇနီး အပန္းေျဖခဲ့ကာ အိုးထရက္ဖို႔ဒ္ႏွင့္ ၂ နာရီခရီးသာေဝးကြာသည့္ စံအိမ္ၾကီး ေပါင္ ၆ သိန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

မန္ခ်က္စတာ ယူႏိုက္တက္အသင္း၏ ဂႏၳဝင္ၾကယ္ပြင့္၊ အဂၤလန္ႏိုင္ငံ ကမၻာ့ဖလားရခဲ့သည့္ လက္ေရြးစင္အသင္းတြင္ ပါဝင္ခဲ့သူ ေဘာ္ဘီ ခ်ာလ္တန္ႏွင့္ဇနီး အပန္းေျဖခဲ့ကာ အိုးထရက္ဖို႔ဒ္ႏွင့္ ၂ နာရီခရီးသာေဝးကြာသည့္ စံအိမ္ၾကီး ေပါင္ ၆ သိန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
22 Aug 2019 1:20 pm တွင် တင်ခဲ့သည်
649 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

မန္ခ်က္စတာ ယူႏိုက္တက္အသင္း၏ ဂႏၳဝင္ၾကယ္ပြင့္၊ အဂၤလန္ႏိုင္ငံ ကမၻာ့ဖလားရခဲ့သည့္ လက္ေရြးစင္အသင္းတြင္ ပါဝင္ခဲ့သူ ေဘာ္ဘီ ခ်ာလ္တန္ႏွင့္ဇနီးတို႔ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၄၀ ခန္႔က အပန္းေျဖေနထိုင္ခဲ့သည့္ စံအိမ္ၾကီး ေပါင္ ၆ သိန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

၁၉၆၆ ခုႏွစ္ အဂၤလန္ကမၻာ့ဖလားရေအာင္ ေဆာင္ၾကဥ္းေပးခဲ့သည့္ သူရဲေကာင္းမ်ားအနက္ တစ္ဦးျဖစ္သူ ေဘာ္ဘီခ်ာလ္တန္ေနထိုင္ အပန္းေျဖခဲ့သည့္ စံအိမ္သည္ ေဝလျပည္နယ္အစပ္တြင္ တည္ရွိျပီး ေပါင္ ၅၈၅၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာျခင္း ျဖစ္သည္။

အိုးထရက္ဖို႔ဒ္ကြင္းမွ ပရိသတ္တို႔၏ ေျမွာက္စားမႈမ်ားၾကားမွ ေဝလျပည္နယ္ ေျမာက္ပိုင္း၊ အင္ဂယ္ေဆးအရပ္ရွိ လန္းဒိုနာ ကမ္းေျခ၏ ဆိတ္ျငိမ္ေအးခ်မ္းေသာ စံအိမ္ေလးထံ မန္ခ်က္စတာယူႏိုက္တက္ ကစားသမား ဆာ ေဘာ့ဘီ ခ်ာလ္တန္ ထြက္ေျပးတိမ္းေရွာင္ခဲ့ျခင္း ျဖစ္သည္။

ထိုင္းဒန္ ဘားကစ္ဒ္ (Tyddyn Barcud) ဟု အမည္ေပးထားေသာ စံအိမ္သည္ မန္ခ်က္စတာယူႏိုက္တက္၏ အိုးထရက္ဖို႔ဒ္ကြင္းႏွင့္ ၂ နာရီ ေမာ္ေတာ္ကားခရီးသာ ေဝးကြာသည္။

ဆာေဘာ့ဘီခ်ာလ္တန္ (ယခု အသက္ ၈၁ ႏွစ္) ႏွင့္ ဇနီးျဖစ္သူ ေလဒီ ေနာ္မာ ခ်ာလ္တန္တို႔သည္ အဆိုပါစံအိမ္ကို ၁၉၇၀ ႏွင့္ ၈၀ ျပည့္လြန္ကာလမ်ားအတြင္း ပိုင္ဆိုင္ခဲ့ျခင္း ျဖစ္သည္။

အိပ္ခန္း ၄ ခန္းပါ အဆိုပါစံအိမ္ကို မၾကာေသးမီကမွ ေခတ္မီအဆင့္ျမွင့္ခဲ့သည့္အျပင္ ခ်ဲ႕ထြင္ေဆာက္လုပ္ထားခဲ့ျပီးေနာက္ အေရာင္းေစ်းကြက္တင္လာျခင္းလည္း ျဖစ္သည္။

စံအိမ္၏ အိမ္ေရွ႕ ေပၚတီကိုႏွင့္ ရႈခင္းၾကည့္ေနရာတစ္ခုတို႔မွတဆင့္ ပင္လယ္ရႈခင္းမ်ားကို အတားအဆီးမရွိ မ်က္ေစ့တဆံုးရႈေမွ်ာ္ ေတြ႔ျမင္ႏိုင္သည္။ အခန္းတိုင္းတြင္ လွပေသာ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားျပီး အဓိကအားျဖင့္ ကမ္းေျခႏွင့္ ပင္လယ္ရႈေမွ်ာ္ခင္းမ်ား ျဖစ္သည္။

စံအိမ္ကို စိမ္းလန္းေသာ ျမက္ခင္းမ်ားက ဝန္းပတ္ထားျပီး ဂိုေဒါင္တစ္လံုး၊ ေက်ာက္တံုး ေက်ာက္ျပားတို႔ျဖင့္ ေဆာက္လုပ္ထားေသာ အိမ္ကေလးတစ္လံုးတို႔လည္း ပါဝင္ေသးသည္။

အိမ္ျခံေျမအက်ဳိးေဆာင္ ဂ်ဳန္း ေဟာ့ပ္ကင္းစ္၏ ေျပာၾကားခ်က္အရ “ထင္ရွားတဲ့အမွတ္လကၡဏာရွိျပီး မပ်က္စီးေသးတဲ့အလွရွိတဲ့ ကမ္းေျခကေန ခဲတစ္ပစ္စာသာ ကြာေဝးတဲ့ စံအိမ္တစ္လံုးမွာ လွပတဲ့ ပင္လယ္နဲ႔ ကမ္းေျချမင္ကြင္းေတြကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ ထိုင္းဒန္ ဘားကစ္ဒ္ စံအိမ္ဟာ ခင္ဗ်ားအတြက္ျဖစ္ႏိုင္ပါတယ္”ဟု ေျပာၾကားသည္။

ေဘာ့ဘီခ်ာလ္တန္သည္ မန္ခ်က္စတာ ယူႏိုက္တက္အတြက္ ၂၄၉ ဂိုးႏွင့္ အဂၤလန္အသင္းအတြက္ ၄၉ ဂိုးသြင္းယူေပးခဲ့သည္။

ဇနီးျဖစ္သူ ေနာ္မာႏွင့္ ၁၉၆၁ ခုႏွစ္တြင္ လက္ထပ္ခဲ့ျပီး အင္ဒေရႏွင့္ ဆူဇန္နီဟူေသာ ရင္ေသြး ၂ ဦး ထြန္းကားသည္။

ဆူဇန္နီ ဘီဘီစီ သတင္းဌာနတြင္ မိုးေလဝသခန္႔မွန္းသူအျဖစ္ ၁၉၉၀ ျပည့္လြန္ကာလမ်ားအတြင္း တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။ေဘာ့ဘီခ်ာလ္တန္သည္ ၁၉၇၃ ခုႏွစ္တြင္ ေဘာလံုးေလာကမွ အနားယူခဲ့သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

မန်ချက်စတာ ယူနိုက်တက်အသင်း၏ ဂန္ထဝင်ကြယ်ပွင့်၊ အင်္ဂလန်နိုင်ငံ ကမ္ဘာ့ဖလားရခဲ့သည့် လက်ရွေးစင်အသင်းတွင် ပါဝင်ခဲ့သူ ဘော်ဘီ ချာလ်တန်နှင့်ဇနီးတို့ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က အပန်းဖြေနေထိုင်ခဲ့သည့် စံအိမ်ကြီး ပေါင် ၆ သိန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

၁၉၆၆ ခုနှစ် အင်္ဂလန်ကမ္ဘာ့ဖလားရအောင် ဆောင်ကြဉ်းပေးခဲ့သည့် သူရဲကောင်းများအနက် တစ်ဦးဖြစ်သူ ဘော်ဘီချာလ်တန်နေထိုင် အပန်းဖြေခဲ့သည့် စံအိမ်သည် ဝေလပြည်နယ်အစပ်တွင် တည်ရှိပြီး ပေါင် ၅၈၅၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာခြင်း ဖြစ်သည်။

အိုးထရက်ဖို့ဒ်ကွင်းမှ ပရိသတ်တို့၏ မြှောက်စားမှုများကြားမှ ဝေလပြည်နယ် မြောက်ပိုင်း၊ အင်ဂယ်ဆေးအရပ်ရှိ လန်းဒိုနာ ကမ်းခြေ၏ ဆိတ်ငြိမ်အေးချမ်းသော စံအိမ်လေးထံ မန်ချက်စတာယူနိုက်တက် ကစားသမား ဆာ ဘော့ဘီ ချာလ်တန် ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းဒန် ဘားကစ်ဒ် (Tyddyn Barcud) ဟု အမည်ပေးထားသော စံအိမ်သည် မန်ချက်စတာယူနိုက်တက်၏ အိုးထရက်ဖို့ဒ်ကွင်းနှင့် ၂ နာရီ မော်တော်ကားခရီးသာ ဝေးကွာသည်။

ဆာဘော့ဘီချာလ်တန် (ယခု အသက် ၈၁ နှစ်) နှင့် ဇနီးဖြစ်သူ လေဒီ နော်မာ ချာလ်တန်တို့သည် အဆိုပါစံအိမ်ကို ၁၉၇၀ နှင့် ၈၀ ပြည့်လွန်ကာလများအတွင်း ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

အိပ်ခန်း ၄ ခန်းပါ အဆိုပါစံအိမ်ကို မကြာသေးမီကမှ ခေတ်မီအဆင့်မြှင့်ခဲ့သည့်အပြင် ချဲ့ထွင်ဆောက်လုပ်ထားခဲ့ပြီးနောက် အရောင်းဈေးကွက်တင်လာခြင်းလည်း ဖြစ်သည်။

စံအိမ်၏ အိမ်ရှေ့ ပေါ်တီကိုနှင့် ရှုခင်းကြည့်နေရာတစ်ခုတို့မှတဆင့် ပင်လယ်ရှုခင်းများကို အတားအဆီးမရှိ မျက်စေ့တဆုံးရှုမျှော် တွေ့မြင်နိုင်သည်။ အခန်းတိုင်းတွင် လှပသော ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားပြီး အဓိကအားဖြင့် ကမ်းခြေနှင့် ပင်လယ်ရှုမျှော်ခင်းများ ဖြစ်သည်။

စံအိမ်ကို စိမ်းလန်းသော မြက်ခင်းများက ဝန်းပတ်ထားပြီး ဂိုဒေါင်တစ်လုံး၊ ကျောက်တုံး ကျောက်ပြားတို့ဖြင့် ဆောက်လုပ်ထားသော အိမ်ကလေးတစ်လုံးတို့လည်း ပါဝင်သေးသည်။

အိမ်ခြံမြေအကျိုးဆောင် ဂျုန်း ဟော့ပ်ကင်းစ်၏ ပြောကြားချက်အရ “ထင်ရှားတဲ့အမှတ်လက္ခဏာရှိပြီး မပျက်စီးသေးတဲ့အလှရှိတဲ့ ကမ်းခြေကနေ ခဲတစ်ပစ်စာသာ ကွာဝေးတဲ့ စံအိမ်တစ်လုံးမှာ လှပတဲ့ ပင်လယ်နဲ့ ကမ်းခြေမြင်ကွင်းတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ထိုင်းဒန် ဘားကစ်ဒ် စံအိမ်ဟာ ခင်ဗျားအတွက်ဖြစ်နိုင်ပါတယ်”ဟု ပြောကြားသည်။

ဘော့ဘီချာလ်တန်သည် မန်ချက်စတာ ယူနိုက်တက်အတွက် ၂၄၉ ဂိုးနှင့် အင်္ဂလန်အသင်းအတွက် ၄၉ ဂိုးသွင်းယူပေးခဲ့သည်။ ဇနီးဖြစ်သူ နော်မာနှင့် ၁၉၆၁ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး အင်ဒရေနှင့် ဆူဇန်နီဟူသော ရင်သွေး ၂ ဦး ထွန်းကားသည်။

ဆူဇန်နီ ဘီဘီစီ သတင်းဌာနတွင် မိုးလေဝသခန့်မှန်းသူအဖြစ် ၁၉၉၀ ပြည့်လွန်ကာလများအတွင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဘော့ဘီချာလ်တန်သည် ၁၉၇၃ ခုနှစ်တွင် ဘောလုံးလောကမှ အနားယူခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service