အခြန္အေကာက္ဥပေဒၾကမ္းႏွင့္ လႈပ္ရွားလာႏုိင္သည့္ အိမ္ ၿခံ ေျမ ေစ်းကြက္

အခြန္အေကာက္ဥပေဒၾကမ္းႏွင့္ လႈပ္ရွားလာႏုိင္သည့္ အိမ္ ၿခံ ေျမ ေစ်းကြက္ - Property Knowledge in Myanmar from iMyanmarHouse.com
21 Aug 2019 1:09 pm တွင် တင်ခဲ့သည်
5461 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

''လာဗ်ာ ဦးသက္ႏုိင္''

စာေရးသူ၏ ႐ုံးခန္းတံခါးဝေရွ႕တြင္ ေရာက္ရွိေနေသာ ဦးသက္ႏုိင္ကို စာေရးသူက လွမ္း၍ ခရီးဦးႀကိဳျပဳ လုိက္ျခင္းျဖစ္ပါသည္။

''ၿမိဳ႕ေတာ္ စည္ပင္႐ုံးကိုလာရင္းနဲ႔ တစ္ဆက္တည္း ဆရာ့ဆီ သတိရလုိ႔ ဝင္လာလုိက္တာ''

''မုိးတြင္းကာလဆုိေတာ့ ဦးသက္ႏုိင္တုိ႔လုိ အိမ္ ၿခံ ေျမ အက်ဳိးေဆာင္လုပ္ငန္းေတြ အေရာင္းအဝယ္ပါးေန မွာေပါ့''

''ထူးထူးျခားျခားေတာ့ အေျပာင္းအလဲမရွိပါဘူး။ ပုံမွန္ေလးပါပဲ''

''မၾကာမီရက္ပုိင္းကထုတ္ျပန္ထားတဲ့ ၂ဝ၁၉ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒၾကမ္းထြက္လာ ေတာ့ စီးပြားေရးေလာကမွာ လႈပ္လႈပ္ရွားရွားျဖစ္လာၾကတယ္လုိ႔ၾကားတယ္။ အထူးသျဖင့္ ဦးသက္ႏုိင္တုိ႔လုိ အိမ္ ၿခံ ေျမ အေရာင္းအဝယ္ ကိစၥေတြမွာ အခြန္ႏႈန္းေတြ ေျပာင္းလဲသြားတယ္လုိ႔ သိရတယ္''

''ဟုတ္ကဲ့ ဆရာ၊ အခြန္အေကာက္ ဥပေဒၾကမ္းမွာေဖာ္ျပခ်က္အတုိင္း အတည္ျပဳ ျပ႒ာန္းေပးရင္ေတာ့ အိမ္ ေျမ ဝယ္သူေတြအေနနဲ႔ ဝယ္ခြန္ေဆာင္ဖုိ႔ အေျခအေနေတြရွိလာႏုိင္ပါတယ္''

''အခြန္ႏႈန္းေတြ ျမင့္ေနေတာ့ အမွန္တကယ္ေနထုိင္ဖုိ႔ စုေဆာင္းဝယ္သူအေနနဲ႔ ဝန္ထုတ္ဝန္ပုိးတစ္ခု ျဖစ္လာ ၾကတယ္''

''ဟုတ္ပါတယ္။ ဒါေၾကာင့္ ေျမကြက္အမည္ေပါက္ မေျပာင္းၾကေတာ့ဘဲ ကုိယ္စားလွယ္စာနဲ႔ ေဆာင္ရြက္ေနၾက တာမ်ားတယ္''

''ကုိယ္စားလွယ္လႊဲစာနဲ႔ အေရာင္းအဝယ္လုပ္တာကေတာ့ ေျမအမည္ေပါက္ သက္ရွိထင္ရွားရွိမွ အဆင္ေျပမွာ မဟုတ္ဘူးလား''

''ဟုတ္တယ္ ဆရာ။ တခ်ဳိ႕က ကုိယ္စားလွယ္လႊဲစာရသူထံက ကုိယ္စားလွယ္လႊဲစာထပ္ဆင့္ယူတာမ်ဳိးေတြ ျဖစ္လာၾကတယ္''

''တခ်ဳိ႕လည္း ၾကားဖူးနားဝနဲ႔ လုပ္ေနၾကတာဆုိေတာ့ ဥပေဒသေဘာကုိ နားမလည္ၾကဘူး။ မိမိက ထပ္ဆင့္ လႊဲေျပာင္းေရာင္းခ်ေပးကမ္းမွ အခက္အခဲရွိတာေတြ ျဖစ္လာရေတာ့တယ္''

''အဆင့္ဆင့္ဝယ္ထားၾကၿပီး အမည္မေျပာင္းေတာ့ အိမ္ေျမေတြမွာ အခက္အခဲရွိလာၾကတယ္။ မူရင္း အမည္ ေပါက္ကုိ ေနာက္မွထပ္ရွာရတာေတြ၊ အမည္ေပါက္ကြယ္လြန္သြားလုိ႔ အမည္ေပါက္သူရဲ႕ အေမြဆက္ခံသား သမီးေတြကုိ ရွာေဖြရတာနဲ႔ လုပ္ငန္းမတြင္က်ယ္တာေတြရွိ လာတတ္တယ္''

''ဒါေၾကာင့္မုိ႔လည္း တရား႐ုံးေတြမွာ အိမ္ေျမမွတ္ပုံတင္အေရာင္းအဝယ္ခ်ဳပ္ဆုိေပးေစလုိမႈဆုိတဲ့ အမႈေတြ မ်ားလာတာေပါ့''

''မွန္ပါတယ္ ဆရာ။ အခ်ဳိ႕လည္း အမည္ေပါက္သူရွာေတြ႔ၿပီး အမည္ ေပါက္သူက စာခ်ဳပ္စာတမ္းမွတ္ပုံတင္ ျပဳလုပ္ေပးဖုိ႔ ဒါမွမဟုတ္ ကုိယ္စားလွယ္ ယူထားဖုိ႔အတြက္ ထုိက္တန္တဲ့ အဖုိးစားနားကန္ေတာ့ရတာ ေတြရွိလာတယ္''

''ေကာင္းတာေတာ့ဗ်ာ အိမ္ၿခံ ေျမ ဝယ္လုိက္ရင္ အခြန္ေဆာင္ၿပီး အမည္ေျပာင္းလုိက္တာကေတာ့ အေကာင္း ဆုံးပဲ။ ဒါေပမယ့္ ဝင္ေငြရ လမ္းမေဖာ္ျပႏုိင္ရင္ အိမ္ေျမတန္ဖုိး က်ပ္သိန္းတစ္ေထာင္ေက်ာ္ပါက ၃ဝ ရာခုိင္ႏႈန္း ထမ္းေဆာင္ေနၾကရတဲ့အတြက္ အခက္အခဲရွိေနၾကတာဆိုေတာ့ အလြယ္တကူအခြန္ေရွာင္တာ မ်ဳိးျဖစ္လာၾက တာေပါ့''

''ႏုိင္ငံေတာ္ အစုိးရအေနနဲ႔ကလည္း တရားမဝင္ေငြ (ေငြမည္း) ကိစၥေတြကုိ ထိန္းခ်ဳပ္လုိတာနဲ႔ အခြန္ႏႈန္း ျမႇင့္ထားတာလည္း ျဖစ္ႏုိင္တယ္''

''ဟုတ္တယ္ ဦးသက္ႏုိင္။ ရင္းႏွီးျမႇဳပ္ႏွံၾကတာလည္း အိမ္ၿခံေျမ ကား၊ ေရႊ၊ ေစ်းကြက္ေတြပဲရွိေတာ့ အိမ္ၿခံ ေျမမွာ ပိုၿပီးရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျဖစ္ေနတာ မဟုတ္လား''

''ဟုတ္ပါတယ္ ဆရာ။ ဘာပဲျဖစ္ျဖစ္၊ အခြန္ႏႈန္းေတြ ေလွ်ာ့ခ်လုိက္မယ္ဆုိရင္ေတာ့ အိမ္ ၿခံ ေျမ အေရာင္းအဝယ္ လုပ္ငန္းေတြမွာ ျပန္လည္ ဦးေမာ့လာႏုိင္ပါတယ္''

''မွန္ပါတယ္။ ဒါလည္း ႀကိဳဆုိရမယ့္ ကိစၥပါ။ တစ္ခုေတာ့ရွိတယ္။ ကြၽန္ေတာ္ အမွတ္မမွားဘူးဆုိရင္ ယခင္ႏွစ္ ကလည္း အခြန္အေကာက္ ဥပေဒၾကမ္းမွာ အေျခပစၥည္းတစ္ရပ္ရပ္ကို ဝယ္ယူျခင္း၊ တည္ေဆာက္ျခင္း၊ ရယူျခင္း၊ လုပ္ငန္းအသစ္တည္ေထာင္ျခင္း၊ လုပ္ငန္းထပ္မံတုိးခ်ဲ႕ ေဆာင္ရြက္ျခင္းကိစၥေတြရဲ႕ အခြန္အေကာက္ ႏႈန္းထားေလွ်ာ့ခ်ျပ႒ာန္းဖုိ႔ ေဖာ္ျပခဲ့တယ္။ ဒါေပမယ့္ ျပည္ေထာင္စု လႊတ္ေတာ္က ယခင္ႏႈန္းထားအတုိင္း ျပန္လည္အတည္ျပဳ သတ္မွတ္ခဲ့တယ္လုိ႔ မွတ္သားထားမိတယ္''

''ဟုတ္ပါတယ္ ဆရာ။ ဒါေၾကာင့္မုိ႔ ယခု ဥပေဒၾကမ္းပါ ႏႈန္းထားမ်ားအတုိင္း ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳျပ႒ာန္းေပးဖုိ႔ ျပည္သူက တုိက္တြန္းဖုိ႔ လုိအပ္ပါတယ္''

''အခြန္ဦးစီးဌာနက အိမ္ေျမတန္ဖိုး သတ္မွတ္စံႏႈန္းေတြကုိေတာ့ ယခင္ႏွစ္ေတြထက္ေလွ်ာ့ၿပီး ကာလေပါက္ေစ်း သတ္မွတ္ေပးခဲ့တယ္လုိ႔ သိရတယ္''

''ဟုတ္ပါတယ္ ဆရာ။ ဒါေၾကာင့္မုိ႔ အခု အခြန္အေကာက္ဥပေဒမွာလည္း အိမ္ ေျမ ဝယ္ခြန္ကို ေလ်ာ့ေပါ့ သတ္မွတ္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေတာင့္တေနၾကတာေပါ့''

''ဥပေဒၾကမ္းပါ ႏႈန္းထားမ်ားအရဆုိရင္ေတာ့ ၁ဝ ရာခိုင္ႏႈန္းေက်ာ္ ေလွ်ာ့ခ်လုိက္တယ္လုိ႔ ေတြရတယ္။ ယခင္ ႏႈန္းထားမွာက ဝင္ေငြက်ပ္ ၁ မွ က်ပ္သိန္း ၃ဝဝ အထိကို ၁၅ ရာ ခုိင္ႏႈန္း။ က်ပ္သိန္း ၃ဝ၁ မွ က်ပ္ သိန္း ၁ဝဝဝ အထိကို ၂ဝ ရာခုိင္ႏႈန္း။ က်ပ္သိန္းတစ္ေထာင္တစ္က်ပ္ မွ အထက္ကို ၃ဝ ရာခုိင္ႏႈန္း ဝင္ေငြေပၚမွ ေကာက္ခံ မွာျဖစ္ပါတယ္။ ယခုအခြန္အေကာက္ ဥပေဒၾကမ္းအရ က်ပ္ေငြ ၁ က်ပ္မွ က်ပ္သိန္းတစ္ေထာင္အထိကို ဝင္ေငြခြန္၏ ၃ ရာ ခုိင္ႏႈန္းသာ ထမ္းေဆာင္ရမွာျဖစ္တဲ့အတြက္ ႏႈန္းထားမွာ အလြန္ကြာျခားသြားၿပီျဖစ္ပါတယ္''

''ဟုတ္ကဲ့ ဆရာ။ မ်ားေသာအားျဖင့္ အေရာင္းအဝယ္ျဖစ္ၾကတာကလည္း က်ပ္သိန္းတစ္ေထာင္ဝန္းက်င္ေတြက မ်ားတယ္ ဆရာ''

''ဒါေၾကာင့္မုိ႔ အမွန္တကယ္ ဝယ္သူေတြအတြက္ ပိုအဆင္ေျပသြားတာေပါ့။ က်ပ္သိန္းတစ္ေထာင္ တစ္က်ပ္ ကေန က်ပ္သိန္းသုံးေထာင္အထိကို ၅ ရာခုိင္ႏႈန္းသာ ထမ္းေဆာင္ရမွာျဖစ္ၿပီး က်ပ္သိန္းသုံး ေထာင္တစ္က်ပ္မွ က်ပ္သိန္း သုံးေသာင္းအထိကို ၁ဝ ရာခုိင္ႏႈန္းနဲ႔ က်ပ္သိန္းသုံးေသာင္တစ္က်ပ္မွ အထက္ကုိ ၃ဝ ရာခုိင္ႏႈန္းလ႔ို ေဖာ္ျပထားတာကို ေတြ႔ရပါတယ္''

''ဟုတ္ပါတယ္ ဆရာ။ က်ပ္သိန္း တစ္ေထာင္အထက္တန္ဖုိးရွိတဲ့ အိမ္ေျမဆုိရင္ ယခင္က ၃ဝ ရာခုိင္ႏႈန္း ေပး ေဆာင္ရမွာကုိ ယခုေဖာ္ျပခ်က္အရ က်ပ္သိန္းသုံးေထာင္တန္ဖုိးအထိ ဝင္ေငြရဲ႕ ၅ ရာခိုင္ႏႈန္းသာ ထမ္းေဆာင္ရ မွာျဖစ္တဲ့အတြက္ အမ်ားႀကီး ေလ်ာ့ေပါ့သြားမွာ ျဖစ္ပါတယ္''

''ဟုတ္တယ္ ဦးသက္ႏုိင္။ အိမ္ေျမ အေရာင္းအဝယ္ေတြ ျပန္လည္ လႈပ္ရွားလာႏုိင္တာေပါ့''

''အားလုံးကလည္း အဲဒီလုိ ေမွ်ာ္လင့္ေနၾကပါတယ္''

''ေနာက္တစ္ခုက အေျခပစၥည္းျဖစ္တဲ့ အိမ္ ၿခံ ေျမကုိ ေရာင္းခ်လႊဲေျပာင္း၍ အျမတ္အစြန္းရခဲ့ရင္ ယင္းအျမတ္ အစြန္းေပၚမွာ ေရာင္းခြန္အျဖစ္ ၁ဝ ရာခုိင္ႏႈန္းထမ္းေဆာင္ရမွာ ျဖစ္ပါတယ္''

''အျမတ္အစြန္းဆုိေတာ့ ေရာင္းခ်လုိ႔ အျမတ္အစြန္းေငြတန္ဖုိးေပၚမွာ ခ်မွတ္ေကာက္ခံတာ မဟုတ္လား ဆရာ''

''မွန္ပါတယ္။ ဒါေၾကာင့္ ေရာင္းခြန္ ၁ဝ ရာခုိင္ႏႈန္းေဆာင္ၿပီးတဲ့အခါ ေရာင္းဖုိးေငြဟာ ေငြျဖဴျဖစ္သြားတဲ့အတြက္ ပစၥည္းထပ္မံဝယ္ယူရာမွာ ေရာင္းဖုိးေငြထက္ ေလ်ာ့သည့္ အိမ္ေျမကုိ ဝယ္ခဲ့ရင္ ဝယ္ခြန္ထပ္မံထမ္းေဆာင္ရန္ မလုိအပ္ေတာ့ပါ''

''တကယ္လုိ႔ မိမိပစၥည္းေရာင္းရေငြထက္ပိုျမင့္တဲ့ အိမ္ ေျမကိုဝယ္ရင္ ဘယ္လုိျဖစ္မလဲ ဆရာ''

ေရာင္းဖုိးေငြထက္ပုိတဲ့ ေငြေၾကးပမာဏအေပၚသာ အခြန္ႏႈန္းအလုိက္ ေကာက္ခံမွာျဖစ္တဲ့အတြက္ မ်ားစြာသက္ သာသြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ေရာင္းခြန္ ဝယ္ခြန္ ႏွစ္မ်ဳိးလုံးထမ္းေဆာင္မႈေတြျဖစ္ေပၚလာႏုိင္တာမုိ႔ အခြန္ အေကာက္ ဥပေဒၾကမ္းအတုိင္းအတည္ျပဳႏုိင္ပါေစလုိ႔ ဆုေတာင္းမိေၾကာင္း ေဆြးေႏြးလုိက္ပါသည္။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

### Unicode Version ###

''လာဗျာ ဦးသက်နိုင်''

စာရေးသူ၏ ရုံးခန်းတံခါးဝရှေ့တွင် ရောက်ရှိနေသော ဦးသက်နိုင်ကို စာရေးသူက လှမ်း၍ ခရီးဦးကြိုပြု လိုက်ခြင်းဖြစ်ပါသည်။

''မြို့တော် စည်ပင်ရုံးကိုလာရင်းနဲ့ တစ်ဆက်တည်း ဆရာ့ဆီ သတိရလို့ ဝင်လာလိုက်တာ''

''မိုးတွင်းကာလဆိုတော့ ဦးသက်နိုင်တို့လို အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းတွေ အရောင်းအဝယ်ပါးနေ မှာပေါ့''

''ထူးထူးခြားခြားတော့ အပြောင်း အလဲမရှိပါဘူး။ ပုံမှန်လေးပါပဲ''

''မကြာမီရက်ပိုင်းကထုတ်ပြန်ထားတဲ့ ၂ဝ၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းထွက်လာ တော့ စီးပွားရေးလောကမှာ လှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်လို့ကြားတယ်။ အထူးသဖြင့် ဦးသက်နိုင်တို့လို အိမ် ခြံ မြေ အရောင်းအဝယ် ကိစ္စတွေမှာ အခွန်နှုန်းတွေ ပြောင်းလဲသွားတယ်လို့ သိရတယ်''

''ဟုတ်ကဲ့ ဆရာ၊ အခွန်အကောက် ဥပဒေကြမ်းမှာဖော်ပြချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းပေးရင်တော့ အိမ် မြေ ဝယ်သူတွေအနေနဲ့ ဝယ်ခွန်ဆောင်ဖို့ အခြေအနေတွေရှိလာနိုင်ပါတယ်''

''အခွန်နှုန်းတွေ မြင့်နေတော့ အမှန်တကယ်နေထိုင်ဖို့ စုဆောင်းဝယ်သူအနေနဲ့ ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်လာ ကြတယ်''

''ဟုတ်ပါတယ်။ ဒါကြောင့် မြေကွက်အမည်ပေါက် မပြောင်းကြတော့ဘဲ ကိုယ်စားလှယ်စာနဲ့ ဆောင်ရွက်နေကြ တာများတယ်''

''ကိုယ်စားလှယ် လွှဲစာနဲ့ အရောင်းအဝယ်လုပ်တာကတော့ မြေအမည်ပေါက် သက်ရှိထင်ရှားရှိမှ အဆင်ပြေမှာ မဟုတ်ဘူးလား''

''ဟုတ်တယ် ဆရာ။ တချို့က ကိုယ်စားလှယ်လွှဲစာရသူထံက ကိုယ်စားလှယ်လွှဲစာထပ်ဆင့်ယူတာမျိုးတွေ ဖြစ်လာကြတယ်''

''တချို့လည်း ကြားဖူးနားဝနဲ့ လုပ်နေကြတာဆိုတော့ ဥပဒေသဘောကို နားမလည်ကြဘူး။ မိမိက ထပ်ဆင့် လွှဲပြောင်းရောင်းချပေးကမ်းမှ အခက်အခဲရှိတာတွေ ဖြစ်လာရတော့တယ်''

''အဆင့်ဆင့်ဝယ်ထားကြပြီး အမည်မပြောင်းတော့ အိမ်မြေတွေမှာ အခက်အခဲရှိလာကြတယ်။ မူရင်း အမည် ပေါက်ကို နောက်မှထပ်ရှာရတာတွေ၊ အမည်ပေါက်ကွယ်လွန်သွားလို့ အမည်ပေါက်သူရဲ့ အမွေဆက်ခံသား သမီးတွေကို ရှာဖွေရတာနဲ့ လုပ်ငန်းမတွင်ကျယ်တာတွေရှိ လာတတ်တယ်''

''ဒါကြောင့်မို့လည်း တရားရုံးတွေမှာ အိမ်မြေမှတ်ပုံတင်အရောင်းအဝယ်ချုပ်ဆိုပေးစေလိုမှုဆိုတဲ့ အမှုတွေ များလာတာပေါ့''

''မှန်ပါတယ် ဆရာ။ အချို့လည်း အမည်ပေါက်သူရှာတွေ့ပြီး အမည် ပေါက်သူက စာချုပ်စာတမ်းမှတ်ပုံတင် ပြုလုပ်ပေးဖို့ ဒါမှမဟုတ် ကိုယ်စားလှယ် ယူထားဖို့အတွက် ထိုက်တန်တဲ့ အဖိုးစားနားကန်တော့ရတာ တွေရှိလာတယ်''

''ကောင်းတာတော့ဗျာ အိမ်ခြံ မြေ ဝယ်လိုက်ရင် အခွန်ဆောင်ပြီး အမည်ပြောင်းလိုက်တာကတော့ အကောင်း ဆုံးပဲ။ ဒါပေမယ့် ဝင်ငွေရ လမ်းမဖော်ပြနိုင်ရင် အိမ်မြေတန်ဖိုး ကျပ်သိန်းတစ်ထောင်ကျော်ပါက ၃ဝ ရာခိုင်နှုန်း ထမ်းဆောင်နေကြရတဲ့အတွက် အခက်အခဲရှိနေကြတာဆိုတော့ အလွယ်တကူအခွန်ရှောင်တာ မျိုးဖြစ်လာကြ တာပေါ့''

''နိုင်ငံတော် အစိုးရအနေနဲ့ကလည်း တရားမဝင်ငွေ (ငွေမည်း) ကိစ္စတွေကို ထိန်းချုပ်လိုတာနဲ့ အခွန်နှုန်း မြှင့်ထားတာလည်း ဖြစ်နိုင်တယ်''

''ဟုတ်တယ် ဦးသက်နိုင်။ ရင်းနှီးမြှုပ်နှံကြတာလည်း အိမ်ခြံမြေ ကား၊ ရွှေ၊ ဈေးကွက်တွေပဲရှိတော့ အိမ်ခြံ မြေမှာ ပိုပြီးရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်နေတာ မဟုတ်လား''

''ဟုတ်ပါတယ် ဆရာ။ ဘာပဲဖြစ်ဖြစ်၊ အခွန်နှုန်းတွေ လျှော့ချလိုက်မယ်ဆိုရင်တော့ အိမ် ခြံ မြေ အရောင်းအဝယ် လုပ်ငန်းတွေမှာ ပြန်လည် ဦးမော့လာနိုင်ပါတယ်''

''မှန်ပါတယ်။ ဒါလည်း ကြိုဆိုရမယ့် ကိစ္စပါ။ တစ်ခုတော့ရှိတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် ယခင်နှစ် ကလည်း အခွန်အကောက် ဥပဒေကြမ်းမှာ အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းကိစ္စတွေရဲ့ အခွန်အကောက် နှုန်းထားလျှော့ချပြဋ္ဌာန်းဖို့ ဖော်ပြခဲ့တယ်။ ဒါပေမယ့် ပြည်ထောင်စု လွှတ်တော်က ယခင်နှုန်းထားအတိုင်း ပြန်လည်အတည်ပြု သတ်မှတ်ခဲ့တယ်လို့ မှတ်သားထားမိတယ်''

''ဟုတ်ပါတယ် ဆရာ။ ဒါကြောင့်မို့ ယခု ဥပဒေကြမ်းပါ နှုန်းထားများအတိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးဖို့ ပြည်သူက တိုက်တွန်းဖို့ လိုအပ်ပါတယ်''

''အခွန်ဦးစီးဌာနက အိမ်မြေတန်ဖိုး သတ်မှတ်စံနှုန်းတွေကိုတော့ ယခင်နှစ်တွေထက်လျှော့ပြီး ကာလပေါက်ဈေး သတ်မှတ်ပေးခဲ့တယ်လို့ သိရတယ်''

''ဟုတ်ပါတယ် ဆရာ။ ဒါကြောင့်မို့ အခု အခွန်အကောက်ဥပဒေမှာလည်း အိမ် မြေ ဝယ်ခွန်ကို လျော့ပေါ့ သတ်မှတ်လိမ့်မယ်လို့ မျှော်လင့်တောင့်တနေကြတာပေါ့''

''ဥပဒေကြမ်းပါ နှုန်းထားများအရဆိုရင်တော့ ၁ဝ ရာခိုင်နှုန်းကျော် လျှော့ချလိုက်တယ်လို့ တွေရတယ်။ ယခင် နှုန်းထားမှာက ဝင်ငွေကျပ် ၁ မှ ကျပ်သိန်း ၃ဝဝ အထိကို ၁၅ ရာ ခိုင်နှုန်း။ ကျပ်သိန်း ၃ဝ၁ မှ ကျပ် သိန်း ၁ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း။ ကျပ်သိန်းတစ်ထောင်တစ်ကျပ် မှ အထက်ကို ၃ဝ ရာခိုင်နှုန်း ဝင်ငွေပေါ်မှ ကောက်ခံ မှာဖြစ်ပါတယ်။ ယခုအခွန်အကောက် ဥပဒေကြမ်းအရ ကျပ်ငွေ ၁ ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိကို ဝင်ငွေခွန်၏ ၃ ရာ ခိုင်နှုန်းသာ ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် နှုန်းထားမှာ အလွန်ကွာခြားသွားပြီဖြစ်ပါတယ်''

''ဟုတ်ကဲ့ ဆရာ။ များသောအားဖြင့် အရောင်းအဝယ်ဖြစ်ကြတာကလည်း ကျပ်သိန်းတစ်ထောင်ဝန်းကျင်တွေက များတယ် ဆရာ''

''ဒါကြောင့်မို့ အမှန်တကယ် ဝယ်သူတွေအတွက် ပိုအဆင်ပြေသွားတာပေါ့။ ကျပ်သိန်းတစ်ထောင် တစ်ကျပ် ကနေ ကျပ်သိန်းသုံးထောင်အထိကို ၅ ရာခိုင်နှုန်းသာ ထမ်းဆောင်ရမှာဖြစ်ပြီး ကျပ်သိန်းသုံး ထောင်တစ်ကျပ်မှ ကျပ်သိန်း သုံးသောင်းအထိကို ၁ဝ ရာခိုင်နှုန်းနဲ့ ကျပ်သိန်းသုံးသောင်တစ်ကျပ်မှ အထက်ကို ၃ဝ ရာခိုင်နှုန်းလ့ို ဖော်ပြထားတာကို တွေ့ရပါတယ်''

''ဟုတ်ပါတယ် ဆရာ။ ကျပ်သိန်း တစ်ထောင်အထက်တန်ဖိုးရှိတဲ့ အိမ်မြေဆိုရင် ယခင်က ၃ဝ ရာခိုင်နှုန်း ပေး ဆောင်ရမှာကို ယခုဖော်ပြချက်အရ ကျပ်သိန်းသုံးထောင်တန်ဖိုးအထိ ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းသာ ထမ်းဆောင်ရ မှာဖြစ်တဲ့အတွက် အများကြီး လျော့ပေါ့သွားမှာ ဖြစ်ပါတယ်''

''ဟုတ်တယ် ဦးသက်နိုင်။ အိမ်မြေ အရောင်းအဝယ်တွေ ပြန်လည် လှုပ်ရှားလာနိုင်တာပေါ့''

''အားလုံးကလည်း အဲဒီလို မျှော်လင့်နေကြပါတယ်''

''နောက်တစ်ခုက အခြေပစ္စည်းဖြစ်တဲ့ အိမ် ခြံ မြေကို ရောင်းချလွှဲပြောင်း၍ အမြတ်အစွန်းရခဲ့ရင် ယင်းအမြတ် အစွန်းပေါ်မှာ ရောင်းခွန်အဖြစ် ၁ဝ ရာခိုင်နှုန်းထမ်းဆောင်ရမှာ ဖြစ်ပါတယ်''

''အမြတ်အစွန်းဆိုတော့ ရောင်းချလို့ အမြတ်အစွန်းငွေတန်ဖိုးပေါ်မှာ ချမှတ်ကောက်ခံတာ မဟုတ်လား ဆရာ''

''မှန်ပါတယ်။ ဒါကြောင့် ရောင်းခွန် ၁ဝ ရာခိုင်နှုန်းဆောင်ပြီးတဲ့အခါ ရောင်းဖိုးငွေဟာ ငွေဖြူဖြစ်သွားတဲ့အတွက် ပစ္စည်းထပ်မံဝယ်ယူရာမှာ ရောင်းဖိုးငွေထက် လျော့သည့် အိမ်မြေကို ဝယ်ခဲ့ရင် ဝယ်ခွန်ထပ်မံထမ်းဆောင်ရန် မလိုအပ်တော့ပါ''

''တကယ်လို့ မိမိပစ္စည်းရောင်းရငွေထက်ပိုမြင့်တဲ့ အိမ် မြေကိုဝယ်ရင် ဘယ်လိုဖြစ်မလဲ ဆရာ''

ရောင်းဖိုးငွေထက်ပိုတဲ့ ငွေကြေးပမာဏအပေါ်သာ အခွန်နှုန်းအလိုက် ကောက်ခံမှာဖြစ်တဲ့အတွက် များစွာသက် သာသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ရောင်းခွန် ဝယ်ခွန် နှစ်မျိုးလုံးထမ်းဆောင်မှုတွေဖြစ်ပေါ်လာနိုင်တာမို့ အခွန် အကောက် ဥပဒေကြမ်းအတိုင်းအတည်ပြုနိုင်ပါစေလို့ ဆုတောင်းမိကြောင်း ဆွေးနွေးလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
kalaw-garden-valley
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service