အိမ္ႏွင့္ပက္သက္ေသာေလာကီပညာမ်ား

အိမ္ႏွင့္ပက္သက္ေသာေလာကီပညာမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
20 Aug 2019 11:14 am တွင် တင်ခဲ့သည်
6006 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

အိမ္တစ္အိမ္ ေဆာက္ရင္ အဓိက ( ၃ ) ခ်က္႐ွိတယ္

(၁) အိမ္ ပနပ္

(၂) အိမ္ ဦးရင္တိုင္

(၃) ေလွကား

အဲ့ဒါ အဓိက ဘဲ။

( မေဆာက္ေကာင္းေသာအိမ္မ်ား )

အိမ္ပ်ံ

အိမ္ရင္ကြဲ

အိမ္ပလႅင္

အိမ္ဖိုခေနာက္

အိမ္ႏြား

အိမ္ပတၱလား

ေက်ာင္းႏွင့္တူေသာအိမ္

မေဆာက္ေကာင္းပါ ။

ရင္ကြဲ အိမ္ (ကြဲ...ေသ)

ဝါးေခါင္းထိုးဆက္ေသာအိမ္ (ရန္ျဖစ္)

သစ္ဆက္ဝါးဆက္ ဆက္ေသာအိမ္ (ရန္ျဖစ္)

အဲ့အိမ္ေတြမွာ ထုပ္ေယာက္ မိုက္ဖြဲ႔ၿပီး၃နဲ႔စားလို႔ပ်က္ရင္ ၃ လအတြင္း လူေသဖို႔ ၁၀၀% ပါ အိမ္ ပတၱလား နဲ႔ အိမ္ႏြားက ဆင္းရဲရံုဘဲ႐ွိတယ္ လူမခိုက္ပါ အိမ္မွာ သစ္စံုပါရင္ သစ္မင္းစိုက္ထားပါ။ အိမ္ထက္ အိမ္သာ မေကာင္းေစသင့္ ၊ အိမ္အရင္ အိမ္သာ မေဆာက္ေကာင္း ျခံစည္း႐ိုး မ႐ွိဘဲ အိမ္မတည္သင့္ပါ။ အိမ္တိုင္ေတြကိုေၾကးျပားမွာ စည္းခ်ဂါထာ ေရးၿပီး ေအာက္ကခံရင္ ႀကီးပြားတိုးတက္ေစပါတယ္ မီးမခႏိုင္ဧည့္သည္ ေကာင္းမ်ားလာေစတက္ေလာင္မီးစက္ မခံႏိုင္ မိစၦာ မ်ားမေနႏိုင္ပါ။

အိမ္တစ္အိမ္မွာခ်မ္းသာခ်င္လည္း ေလွကားဘဲမြဲခ်င္လည္း ေလွကားဘဲ ေလွကားက အဓိကပါ ဘဲ။ အိမ္နဲ႔ပတ္သတ္ၿပီး သိပၸံေခတ္မွာ ယံုစရာမလိုဘူး ဆိုလို႔မယံုၾကည္ရင္ အိမ္ရဲ႕ဘယ္ဘက္ညာဘက္ ၂ဘက္လံုးအဖီဆြဲေနေလ ။ မြဲ ေအးေရာ ။ အၾကားအျမင္ ျပည့္ဝၾကပါေစ။

လူမွန္သမွ် .အိမ္ႏွင့္မကင္းႏိုင္ထိုအိမ္ေဆာက္ရာတြင္အက်ိဳးအျပစ္ကို..စေလဦးပုည၏ ေဟာစတမ္းမွ..အကဴိးမ်ား၍..အမ်ားအက်ိဳးအတြက္တင္ေပးပါအံ့။

တနဂၤေႏြ ေန႔ အိမ္ေဆာက္လွ်င္..

ဥ႐ုတိုင္အရပ္ေခၚ ဦးရင္တိုင္၏ စေရြးေအာက္မွာတစ္ထြာခန္႔အမ်က္႐ွိတတ္၏..ထိုအမ်က္ကား..အိမ္လူေတြကိုဒုကၡေပးတတ္၏.. ပယ္ႏိုင္ကပယ္လိုက္...မပယ္ႏိုင္လွ်င္ထိုဥ႐ုတိုင္ႏွင့္ အေ႐ွ႕ေျမာက္ကတိုင္ႏွင့္လဲ၍စိုက္... စည္းစိမ္ဥစၥာ တိုးပြား၏။

တနလၤာ ေန႔အိမ္ေဆာက္မူ..

အေနာက္ေျမာက္ယက္မေအာက္တြင္ အမ်က္အေဆြး႐ွိတတ္၏သားသမီး ေျမးျမစ္ေသတတ္၏..ပယ္လိုကပယ္..မပယ္လိုက..အေ႐ွ႕ေတာင္က သစ္မင္းတိုင္ႏွင့္လဲ၍စိုက္..ေျခေလးေျခာင္းရကိန္း႐ွိ၏။

အဂၤါ ေန႔အိမ္ေဆာက္မူ..

ေျမာက္အလယ္တည့္တည့္..ယက္မေအာက္တြင္.. ေသခ်ာၾကည့္မွျမင္ရေသာ အျမံအေခါင္း႐ွိတတ္၏. အိမ္႐ွိ တိရစၧာန္ ေသတတ္၏ပယ္လိုကပယ္.. မပယ္လိုက.. ေတာင္ဘက္စဥ္စိုက္တဲ့တိုင္ေတြထဲမွ အလည္တိုင္ႏွင့္လဲစိုက္... သမီးရတနာရတတ္၏။

ဗုဒၶဟူး ေန႔တြင္အိမ္ေဆာက္မူ..

အေ႐ွ႕ေျမာက္ေထာင့္ကတိုင္တြင္ေျမေပၚတစ္ေထာင္ေလာက္အကြာအမ်က္႐ွိတတ္၏.. ကိုယ္ခ်စ္ရသူေသတတ္၏ ပယ္လိုကပယ္.. မပယ္လိုက ...ဘူမိအရပ္ကတိုင္ႏွင့္လဲစိုက္...စုဒ္ေကာင္း၀င္လတၱံ႕။

ၾကာသာပေတးေန႔တြင္ အိမ္ေဆာက္လွ်င္...

အေ႐ွ႕စြန္းက..တိုင္ခြတြင္ အေခါင္းပါတတ္၏ေရာဂါရတတ္၏..ေသာကေရာက္တတ္၏ ပယ္လိုကပယ္.. မပယ္လိုက ..အလည္တိုင္ႏွင့္လဲစိုက္.. ဘုန္းႀကီးအံ့။

ေသာၾကာေန႔ တြင္အိမ္ေဆာက္မူ..

အလယ္တိုင္၏ဂြေအာက္တစ္ထြာေလာက္တြင္အေခါင္းပါတတ္၏..ေရာဂါထူေျပာအံ့ ပယ္လိုကပယ္.. မပယ္လိုက.. အလည္ဂြတိုင္ ႏွင့္လဲစိုက္..လာဒ္ရအံ့။

စေနေန႔တြင္ အိမ္ေဆာက္မူ..

အေနာက္ေတာင္႐ွိတိုင္ထိပ္၌ စေရြးေအာက္မွာ အမ်က္ေသးပါတတ္၏.. မိန္းမမေသ ေယာက်္ားေသတတ္၏..

ပယ္လိုကပယ္.. မပယ္လိုက.. အေနာက္ေျမာက္အရပ္ကတိုင္ႏွင့္လဲစိုက္ လာဒ္ႀကီးရလတၱံ ့။အိမ္ပတ္၀န္းက်င္တြင္ မစိုက္အပ္ေသာ အပင္မ်ား၊ အိမ္ေဆာက္ရက္ ေရြးနည္း ၊အိမ္ေဆာက္လ ေရြးနည္း၊ မသံုးအပ္ေသာ သစ္ (၈) မ်ိဳး၊

- အိမ္၊ ေက်ာင္း ေဆာက္ရာတြင္ မျပဳအပ္ေသာ အရာမ်ား .....

သစ္ပင္ ပန္းမန္ဆိုတာ လူေတြအတြက္ ေကာင္းမြန္တဲ့ အရာပါ။ သဘာ၀ရာသီဥတုကို သင့္တင့္မွ်တေစသလို သတၱ၀ါေတြကိုလည္း အက်ိဳးျပဳေစပါတယ္။ မိမိအိမ္ ပတ္၀န္းက်င္ ျခံ ထဲ၊ အိမ္ ၀န္းထဲမွာ အပင္ေတြ စိုက္ပ်ိဳးျခင္းဟာ ကုိယ္ေရာစိတ္ပါ ရႊင္လန္းေစမွာပါ။

ဒါေပမယ့္လုိ့ ေရွးျမန္မာအယူအရ မိမိ အိမ္၊ ျခံ ထဲမွာ မစုိက္အပ္ ၊ မရွိသင့္တဲ့ အပင္တစ္ခ်ိဳ႕ရွိပါတယ္။ သိပၸံေခတ္ၾကီးထဲမွာ ဒီအယူအဆေတြ ေခတ္မမီေတာ့ဘူးလို႔ဘဲ ဆုိဆို ၊ ေရွးထံုးကုိလည္း မပယ္နဲ့ဆုိတဲ့ စကားပဲ ေျပာေျပာ အိမ္နဲ့ ပတ္သတ္ျပီး ေရွးျမန္မာ အယူတစ္ခ်ဳိ႕ကို ေဖာ္ျပေပးလုိက္ပါတယ္။

- အိမ္ပတ္၀န္းက်င္တြင္ မစိုက္အပ္ေသာအပင္မ်ား....

အိမ္၏ အေရွ႕ဘက္ မ်က္နွာဘက္တြင္ ေညာင္ ၊ သေျပပင္မ်ား မစိုိက္ရ။ စီးပြားပ်က္တတ္သည္။ အေနာက္ဘက္တြင္ လက္ပံပင္ ၊ ထိန္ပင္ မ်ား မစိုက္ရ။ ေတာင္ဘက္တြင္ သ်ွီသ်ွားပင္ ၊ ဖီးျခမ္းငွက္ေပ်ာ ၊ သေဘၤာပင္မ်ား မစိုက္ရ။ ေျမာက္ဘက္တြင္ ထန္းပင္၊ ဆန္းပင္၊သဖန္းပင္ နွင့္ သ်ီွသ်ွားပင္ မစိုက္ရ။ အဆုိပါ အပင္မ်ားသည္ ေဖာ္ျပပါ အရပ္မ်က္နွာမ်ားတြင္ ရွိေနပါက စီးပြားယုတ္ေလ်ာ့မည္။ေရာဂါဘယ ထူေျပာမည္။ အိမ္တြင္း အိမ္ျပင္ ဆူပူတတ္သည္။ အလိုအေလ်ာက္ရွိေနပါကလည္း နွဳတ္ပစ္ ၊ ခုတ္ပစ္သင့္ပါသည္။

- အိမ္ေဆာက္ရက္ ေရြးနည္း....

တနဂၤေႏြ - ဒုကၡဆင္းရဲ ေရာက္တတ္သည္။

တနလၤာ - နွစ္လေျမာက္တြင္ သား သမီး ဖြားျမင္ေသာ္ ခ်မ္းသာ ၾကြယ္၀မည္။

အဂၤါ -ဆန္ေရစပါး ေပါမ်ား ၾကြယ္၀မည္။

ဗုဒၵဟူး၊စေန- သုခ ခ်မ္းသာရမည္။

ၾကာသပေတး - ခ်မ္းသာ ၾကြယ္၀မည္။

ေသာၾကာ - သံုးလ ၾကာလွ်င္ သုခ ပြားမည္။

- အိမ္ေဆာက္လ ေရြးနည္း ။

တန္ခူးလ - ခ်မ္းသာ ၾကြယ္၀မည္။

ကဆုန္လ - ဆန္ေရစပါး ေပါမ်ား ၾကြယ္၀မည္။

၀ါေခါင္လ - ဥစၥာ စီးပြား တုိးပြားမည္။

နတ္ေတာ္လ - ထင္ေပၚ ေက်ာ္ေစာမည္။

ျပာသိုလ - လူအမ်ား ခ်ီးမြမ္းမွဳ ရမည္။

တေပါင္းလ - ခ်မ္းသာ ၾကြယ္၀မည္။

က်န္ေျခာက္လတြင္ ေဆာက္ပါက ပ်က္စီးျခင္းမ်ားၾကံဳရတတ္သည္။

ယေန႕ေခတ္မွာ အိမ္ကို သစ္သား အေျချပဳျပီး မေဆာက္ေတာ့သေလာက္ပါဘဲ။ဒါေပမယ့္ အတြင္းပိုင္း အလွဆင္တာမ်ိဳးတုိ့ ၊ ပရိေဘာဂေတြမွာေတာ့ တြင္တြင္ က်ယ္က်ယ္ သံုးေနၾကေသးတာေၾကာင့္ သစ္ဟာ အိမ္တစ္အိမ္ရဲ့ အဓိက ပါ၀င္ပစၥည္း ျဖစ္ေနပါေသးတယ္။ ေရွးျမန္မာ လူၾကီးမ်ားကေတာ့ အိမ္နဲ့ပတ္သတ္ရင္ သစ္ကို အလြန္စိစစ္ပါတယ္။

ဗဟုသုတ အလို႕ငွာ သိသေလာက္ ေဖာ္ျပေပးလုိက္ပါတယ္။

- မသံုးအပ္ေသာ သစ္ (၈) မ်ိဳး....

၁။ ခုတ္ျဖတ္စဥ္ တြဲလြဲ က်ေနေသာသစ္ (သစ္ဆဲြခ်)

၂။ သစ္ခြ သစ္ကိုင္းၾကားတုိ့တြင္ တင္ေနေသာသစ္ (လူေကာင္တင္)

၃။ အဖ်ားၾကီး၍ အရင္းရွဴးေသာသစ္ (သစ္ဘီးလူး)

၄။ အရင္းအဖ်ားရွဴး၍ အလယ္တြင္ ၾကီးေသာသစ္ (သစ္နပုန္း)

၅။ လမ္းကူး ေခ်ာင္းကူးသစ္ (သစ္တံတား(ခ) သစ္လမ္းကူး)

၆။ အပင္ခ်င္း အကိုင္းခ်င္း ၾကိတ္ေသာသစ္ (သစ္ၾကိတ္)

၇။ အပင္တြင္ ႏြယ္ရစ္ပတ္ေနေသာသစ္ (သစ္နဂါး)

၈။ မ်က္ရည္ေပါက္ကဲ့သုိ့ အကြက္ထေနေသာသစ္ (သစ္စည္ယို)

- အိမ္ ၊ ေက်ာင္း ေဆာက္ရာတြင္ မသံုုးအပ္ေသာ သစ္ (၁၁) မ်ိဳး ....

၁။ မိေက်ာင္း

၂။ မအူ

၃။ သခြတ္

၄။ ေညာင္

၅။ သွ်ီသ်ွား

၆။ သီး(သား)

၇။ သေျပ

၈။ သစ္စိမ္ေရသား

၉။ ေကလာ

၁၀။ လက္ပံ

၁၁။ လဲ

- အိမ္ ၊ ေက်ာင္း ေဆာက္ရာတြင္ မျပဳအပ္ေသာ အရာမ်ား....

၁။ တုိင္ေဟာင္းကုိ ပန္းမဆဲြရ ။

၂။ ထုပ္မစြပ္ခင္ ယက္မ မတင္ရ ။

၃။ တုိင္တို (ေထာက္တုိ) ကို ၾကမ္းေပၚ မပိုေစရ ။

၄။ ၾကမ္းခင္းတုိင္တြင္ ၀ါးမတင္ရ ။

၅။ ေခါင္ေလွ်ာက္ခြတြင္ မျပီးခင္ ၾကမ္းမေဖာက္ရ ။

၆။ တုိင္ထူရာတြင္ တုိင္ခ်င္း မထိရ ။

၇။ အိမ္ေဆာက္မျပီးခင္ ၀န္း မခတ္ရ ။

၈။ ထုပ္ ၊ ေလွ်ာက္ ၊ ဒိုင္း ၊ ျမား ၊ ခါးပန္း တုိ့ကို အလယ္တည့္တည့္တြင္ မဆက္ရ ။

၉။ အမ်ိဳးမတူေသာ သစ္ခ်င္း မဆက္ရ ။

၁၀။ အိမ္ေဟာင္း၏ ေလွ်ာက္ေပၚတြင္ အိမ္သစ္၏ ေလွ်ာက္ကို တင္၍ မဆက္ရ ။

တုိးတက္လာေသာ ယေန့ေခတ္ အေနအထားအရ အထက္ပါ အေၾကာင္းအရာတုိ့အား လံုး၀ေရွာင္ၾကဥ္ရန္ မျဖစ္နုိင္ေတာ့ပါဘူး ။

ဒါေပမယ့္လုိ႕ " ေရွးထံုးလည္းမပယ္နဲ႔ ေစ်းသံုးလည္း မၾကြယ္နဲ႔'' စကားလုိမ်ိဳးပါပဲ။ နွစ္ေပါင္းမ်ားစြာ တည္ျမဲခဲ့တဲ့ ျမန္မာလူမ်ိဳးတုိ့ရဲ့ ဓေလ့ထံုးတမ္းေတြကို မွ်ေ၀ခ်င္တဲ့ သေဘာပါ။ဖတ္ႀကည္ရွဴ႕သူအားလံုး သာယာခ်မ္းေျမ့တဲ့ အိမ္ေဂဟာေလးမ်ားပိုင္ဆုိင္နုိင္ၾကပါေစ ခင္ဗ်ာ

Credit : Ko Moe Win

 

 

### Unicode Version ###

အိမ်တစ်အိမ် ဆောက်ရင် အဓိက ( ၃ ) ချက်ရှိတယ်

(၁) အိမ် ပနပ်

(၂) အိမ် ဦးရင်တိုင်

(၃) လှေကား

အဲ့ဒါ အဓိက ဘဲ။

( မဆောက်ကောင်းသောအိမ်များ )

အိမ်ပျံ

အိမ်ရင်ကွဲ

အိမ်ပလ္လင်

အိမ်ဖိုခနောက်

အိမ်နွား

အိမ်ပတ္တလား

ကျောင်းနှင့်တူသောအိမ်

မဆောက်ကောင်းပါ ။

ရင်ကွဲ အိမ် (ကွဲ...သေ)

ဝါးခေါင်းထိုးဆက်သောအိမ် (ရန်ဖြစ်)

သစ်ဆက်ဝါးဆက် ဆက်သောအိမ် (ရန်ဖြစ်)

အဲ့အိမ်တွေမှာ ထုပ်ယောက် မိုက်ဖွဲ့ပြီး၃နဲ့စားလို့ပျက်ရင်၃လအတွင်း လူသေဖို့ ၁၀၀%ပါ အိမ် ပတ္တလား နဲ့ အိမ်နွားက ဆင်းရဲရုံဘဲရှိတယ် လူမခိုက်ပါ အိမ်မှာ သစ်စုံပါရင် သစ်မင်း စိုက်ထားပါ။ အိမ်ထက် အိမ်သာ မကောင်းစေသင့် ၊ အိမ်အရင် အိမ်သာ မဆောက်ကောင်း ခြံစည်းရိုး မရှိဘဲ အိမ်မတည်သင့်ပါ။ အိမ်တိုင်တွေကိုကြေးပြားမှာ စည်းချဂါထာ ရေးပြီး အောက်ကခံရင် ကြီးပွားတိုးတက်စေပါတယ် မီးမခနိုင်ဧည့်သည် ကောင်းများလာစေတက်လောင်မီးစက် မခံ နိုင် မိစ္ဆာ များမနေနိုင်ပါ။

အိမ်တစ်အိမ်မှာချမ်းသာချင်လည်း လှေကားဘဲမွဲချင်လည်း လှေကားဘဲ လှေကားက အဓိကပါ ဘဲ။ အိမ်နဲ့ပတ်သတ်ပြီး သိပ္ပံခေတ်မှာ ယုံစရာမလိုဘူး ဆိုလို့မယုံကြည်ရင် အိမ်ရဲ့ဘယ်ဘက်ညာဘက် ၂ဘက်လုံးအဖီဆွဲနေလေ ။ မွဲ အေးရော ။ အကြားအမြင် ပြည့်ဝကြပါစေ။

လူမှန်သမျှ .အိမ်နှင့်မကင်းနိုင်ထိုအိမ်ဆောက်ရာတွင်အကျိုးအပြစ်ကို..စလေဦးပုည၏ ဟောစတမ်းမှ..အကိူးများ၍..အများအကျိုးအတွက်တင်ပေးပါအံ့။

တနင်္ဂနွေ နေ့ အိမ်ဆောက်လျှင်..

ဥရုတိုင်အရပ်ခေါ် ဦးရင်တိုင်၏ စရွေးအောက်မှာတစ်ထွာခန့်အမျက်ရှိတတ်၏..ထိုအမျက်ကား..အိမ်လူတွေကိုဒုက္ခပေးတတ်၏.. ပယ်နိုင်ကပယ်လိုက်...မပယ်နိုင်လျှင်ထိုဥရုတိုင်နှင့် အရှေ့မြောက်ကတိုင်နှင့်လဲ၍စိုက်... စည်းစိမ်ဥစ္စာ တိုးပွား၏။

တနင်္လာ နေ့အိမ်ဆောက်မူ..

အနောက်မြောက်ယက်မအောက်တွင် အမျက်အဆွေးရှိတတ်၏သားသမီး မြေးမြစ်သေတတ်၏..ပယ်လိုကပယ်..မပယ်လိုက..အရှေ့တောင်က သစ်မင်းတိုင်နှင့်လဲ၍စိုက်..ခြေလေးခြောင်းရကိန်းရှိ၏။

အင်္ဂါ နေ့အိမ်ဆောက်မူ..

မြောက်အလယ်တည့်တည့်..ယက်မအောက်တွင်.. သေချာကြည့်မှမြင်ရသော အမြံအခေါင်းရှိတတ်၏. အိမ်ရှိ တိရစ္ဆာန် သေတတ်၏ပယ်လိုကပယ်.. မပယ်လိုက.. တောင်ဘက်စဉ်စိုက်တဲ့တိုင်တွေထဲမှ အလည်တိုင်နှင့်လဲစိုက်... သမီးရတနာရတတ်၏။

ဗုဒ္ဓဟူး နေ့တွင်အိမ်ဆောက်မူ..

အရှေ့မြောက်ထောင့်ကတိုင်တွင်မြေပေါ်တစ်ထောင်လောက်အကွာအမျက်ရှိတတ်၏.. ကိုယ်ချစ်ရသူသေတတ်၏ ပယ်လိုကပယ်.. မပယ်လိုက ...ဘူမိအရပ်ကတိုင်နှင့်လဲစိုက်...စုဒ်ကောင်းဝင်လတ္တံ့။

ကြာသာပတေးနေ့တွင် အိမ်ဆောက်လျှင်...

အရှေ့စွန်းက..တိုင်ခွတွင် အခေါင်းပါတတ်၏ရောဂါရတတ်၏..သောကရောက်တတ်၏ ပယ်လိုကပယ်.. မပယ်လိုက ..အလည်တိုင်နှင့်လဲစိုက်.. ဘုန်းကြီးအံ့။

သောကြာနေ့ တွင်အိမ်ဆောက်မူ..

အလယ်တိုင်၏ဂွအောက်တစ်ထွာလောက်တွင်အခေါင်းပါတတ်၏..ရောဂါထူပြောအံ့ ပယ်လိုကပယ်.. မပယ်လိုက.. အလည်ဂွတိုင် နှင့်လဲစိုက်..လာဒ်ရအံ့။

စနေနေ့တွင် အိမ်ဆောက်မူ..

အနောက်တောင်ရှိတိုင်ထိပ်၌ စရွေးအောက်မှာ အမျက်သေးပါတတ်၏.. မိန်းမမသေ ယောကျ်ားသေတတ်၏..

ပယ်လိုကပယ်.. မပယ်လိုက.. အနောက်မြောက်အရပ်ကတိုင်နှင့်လဲစိုက် လာဒ်ကြီးရလတ္တံ့။အိမ်ပတ်ဝန်းကျင်တွင် မစိုက်အပ်သော အပင်များ၊ အိမ်ဆောက်ရက် ရွေးနည်း ၊ အိမ်ဆောက်လ ရွေးနည်း၊ မသုံးအပ်သော သစ် (၈) မျိုး၊

- အိမ်၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာများ .....

သစ်ပင် ပန်းမန်ဆိုတာ လူတွေအတွက် ကောင်းမွန်တဲ့ အရာပါ။ သဘာဝရာသီဥတုကို သင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ် ပတ်ဝန်းကျင် ခြံ ထဲ၊ အိမ် ဝန်းထဲမှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းစေမှာပါ။

ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိ အိမ်၊ ခြံ ထဲမှာ မစိုက်အပ် ၊ မရှိသင့်တဲ့ အပင်တစ်ချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူအဆတွေ ခေတ်မမီတော့ဘူးလို့ဘဲ ဆိုဆို ၊ ရှေးထုံးကိုလည်း မပယ်နဲ့ဆိုတဲ့ စကားပဲ ပြောပြော အိမ်နဲ့ ပတ်သတ်ပြီး ရှေးမြန်မာ အယူတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

- အိမ်ပတ်ဝန်းကျင်တွင် မစိုက်အပ်သောအပင်များ....

အိမ်၏ အရှေ့ဘက် မျက်နှာဘက်တွင် ညောင် ၊ သပြေပင်များ မစိုက်ရ။ စီးပွားပျက်တတ်သည်။ အနောက်ဘက်တွင် လက်ပံပင် ၊ ထိန်ပင် များ မစိုက်ရ။ တောင်ဘက်တွင် သျှီသျှားပင် ၊ ဖီးခြမ်းငှက်ပျော ၊ သင်္ဘောပင်များ မစိုက်ရ။ မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊သဖန်းပင် နှင့် သျှီသျှားပင် မစိုက်ရ။ အဆိုပါ အပင်များသည် ဖော်ပြပါ အရပ်မျက်နှာများတွင် ရှိနေပါက စီးပွားယုတ်လျော့မည်။ရောဂါဘယ ထူပြောမည်။ အိမ်တွင်း အိမ်ပြင် ဆူပူတတ်သည်။ အလိုအလျောက်ရှိနေပါကလည်း နှုတ်ပစ် ၊ ခုတ်ပစ်သင့်ပါသည်။

- အိမ်ဆောက်ရက် ရွေးနည်း....

တနင်္ဂနွေ - ဒုက္ခဆင်းရဲ ရောက်တတ်သည်။ တနင်္လာ - နှစ်လမြောက်တွင် သား သမီး ဖွားမြင်သော် ချမ်းသာ ကြွယ်ဝမည်။ အင်္ဂါ -ဆန်ရေစပါး ပေါများ ကြွယ်ဝမည်။ ဗုဒ္ဒဟူး၊စနေ- သုခ ချမ်းသာရမည်။ ကြာသပတေး - ချမ်းသာ ကြွယ်ဝမည်။ သောကြာ - သုံးလ ကြာလျှင် သုခ ပွားမည်။ - အိမ်ဆောက်လ ရွေးနည်း ။ တန်ခူးလ - ချမ်းသာ ကြွယ်ဝမည်။ ကဆုန်လ - ဆန်ရေစပါး ပေါများ ကြွယ်ဝမည်။ ဝါခေါင်လ - ဥစ္စာ စီးပွား တိုးပွားမည်။ နတ်တော်လ - ထင်ပေါ် ကျော်စောမည်။ ပြာသိုလ - လူအများ ချီးမွမ်းမှု ရမည်။ တပေါင်းလ - ချမ်းသာ ကြွယ်ဝမည်။ ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများ ကြုံရတတ်သည်။

ယနေ့ခေတ်မှာ အိမ်ကို သစ်သား အခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ဒါပေမယ့် အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင် ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာ အိမ်တစ်အိမ်ရဲ့ အဓိက ပါဝင်ပစ္စည်း ဖြစ်နေပါသေးတယ်။ ရှေးမြန်မာ လူကြီးများကတော့ အိမ်နဲ့ပတ်သတ်ရင် သစ်ကို အလွန်စိစစ်ပါတယ်။

ဗဟုသုတ အလို့ငှာ သိသလောက် ဖော်ပြပေးလိုက်ပါတယ်။

- မသုံးအပ်သော သစ် (၈) မျိုး....

၁။ ခုတ်ဖြတ်စဉ် တွဲလွဲ ကျနေသောသစ် (သစ်ဆွဲချ)

၂။ သစ်ခွ သစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)

၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီးလူး)

၄။ အရင်းအဖျားရှူး၍ အလယ်တွင် ကြီးသောသစ် (သစ်နပုန်း)

၅။ လမ်းကူး ချောင်းကူးသစ် (သစ်တံတား(ခ) သစ်လမ်းကူး)

၆။ အပင်ချင်း အကိုင်းချင်း ကြိတ်သောသစ် (သစ်ကြိတ်)

၇။ အပင်တွင် နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)

၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)

- အိမ် ၊ ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁) မျိုး ....

၁။ မိကျောင်း

၂။ မအူ

၃။ သခွတ်

၄။ ညောင်

၅။ သျှီသျှား

၆။ သီး(သား)

၇။ သပြေ

၈။ သစ်စိမ်ရေသား

၉။ ကေလာ

၁၀။ လက်ပံ

၁၁။ လဲ

- အိမ် ၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာများ....

၁။ တိုင်ဟောင်းကို ပန်းမဆွဲရ ။

၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ ။

၃။ တိုင်တို (ထောက်တို) ကို ကြမ်းပေါ် မပိုစေရ ။

၄။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ ။

၅။ ခေါင်လျှောက်ခွတွင် မပြီးခင် ကြမ်းမဖောက်ရ ။

၆။ တိုင်ထူရာတွင် တိုင်ချင်း မထိရ ။

၇။ အိမ်ဆောက်မပြီးခင် ဝန်း မခတ်ရ ။

၈။ ထုပ် ၊ လျှောက် ၊ ဒိုင်း ၊ မြား ၊ ခါးပန်း တို့ကို အလယ်တည့်တည့်တွင် မဆက်ရ ။

၉။ အမျိုးမတူသော သစ်ချင်း မဆက်ရ ။

၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏ လျှောက်ကို တင်၍ မဆက်ရ ။

တိုးတက်လာသော ယနေ့ခေတ် အနေအထားအရ အထက်ပါ အကြောင်းအရာတို့အား လုံးဝရှောင်ကြဉ်ရန် မဖြစ်နိုင်တော့ပါဘူး ။ ဒါပေမယ့်လို့ " ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့'' စကားလိုမျိုးပါပဲ။ နှစ်ပေါင်းများစွာ တည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မျှဝေချင်တဲ့ သဘောပါ။ဖတ်ကြည်ရှူ့သူအားလုံး သာယာချမ်းမြေ့တဲ့ အိမ်ဂေဟာလေးများပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ

Credit : Ko Moe Win

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service