အိန္ဒိယမြို့ပြများတွင် နေအိမ်အလွတ် ၂ သန်း ရှိလာ
အိန္ဒိယမြို့ပြများတွင် နေအိမ်အလွတ် ၂ သန်း ရှိလာ - Property News in Myanmar from iMyanmarHouse.com
16 Aug 2019 11:05 am တွင် တင်ခဲ့သည်
724 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
မွမ်ဘိုင်းတစ်မြို့ထဲ၌ အိမ်အလွတ် ငါးသန်းရှိလာသည့် အိန္ဒိယတွင် မွမ်ဘိုင်းအပါအဝင် မြို့ကြီး ၁၂ မြို့၌ လူနေထိုင်ခြင်းမရှိဘဲ လစ်လပ်နေသည့် အိမ်အလွတ်ပမာဏ သိန်း ၂၀ (နှစ်သန်း) ဝန်းကျင် ရှိလာကြောင်း အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank India နှင့် အိမ်ခြံမြေရာဖြတ်ခြင်းနှင့် စီမံခန့်ခွဲရေးအဖွဲ့ RICS တို့၏ ပူးတွဲအစီရင်ခံစာတစ်စောင်အရ သိရသည်။
အိမ်ရှင်အများအပြားသည် အဓိကအားဖြင့် အိမ်ငှားခနည်းပါးခြင်း၊ အိမ်ခြံမြေတရားတပေါင်အမှုဖြစ်ခြင်း၊ အိမ်ငှားဘက်အလေးသာသောဥပဒေများပြားလာခြင်းအပါအဝင် အချက်အချို့ကြောင့် သူတို့၏ အိမ်များကို အငှားချရန် ဆန္ဒမရှိဖြစ်လာကြကြောင်း Knight Frank က ရှင်းပြခဲ့သည်။
အိမ်ငှားများအား ဥပဒေမဲ့နှင်ထုတ်ခွင့်မရှိစေသည့် အိမ်ငှားရမ်းခြင်းထိန်းချုပ်မှုဆိုင်ရာအက်ဥပဒေကဲ့သို့သော မူဝါဒများက အငှားချမည့် အိမ်ပိုင်ရှင်များအား သူတို့၏အိမ်ခြံမြေများကို အငှားဈေးကွက်သို့ မသွတ်သွင်းမိစေရန် ဟန့်တားနေသည်။
အိန္ဒိယမြို့ပြအိမ်ထောင်စုများ၏ ၂၇ ဒသမ ၅ ရာခိုင်နှုန်းကျော် (အရေအတွက်အားဖြင့် ၂၁ သန်း) သည် အိမ်များအား ငှားရမ်းနေထိုင်ကြကြောင်း ၂၀၁၁ ခုနှစ်သန်းခေါင်စာရင်းအရ သိရသည်။ လာမည့်နှစ် ၂၀ ကျော်အတွင်း အငှားအိမ်ရာဈေးကွက်သည် မြို့ပြများသို့ပြောင်းရွှေ့နေထိုင်မှုနှုန်းထက် ပိုမိုမြန်ဆန်သောနှုန်းဖြင့် ဖွံ့ဖြိုးမည်ဟု ခန့်မှန်းရကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့သည်။
Knight Frank နှင့် RICS တို့ စစ်တမ်းကောက်လေ့လာခဲ့သည့် မြို့ကြီး ၁၂ မြို့အနက် မွမ်ဘိုင်းက အရေအတွက် ၅ သိန်းဖြင့် လစ်လပ်အိမ်အများဆုံးရှိသည့် မြို့ဖြစ်ပြီး ဒေလီက ၃ သိန်းဖြင့် မွမ်ဘိုင်းပြီးလျှင် အများဆုံးဖြစ်သည်။
ဂါဇီဘတ်မြို့က အရေအတွက် ၅၅,၀၀၀ ဖြင့် လစ်လပ်အိမ်အရေအတွက် အနည်းဆုံးမြို့ဖြစ်ပြီး အရေအတွက် ၆၅,၀၀၀ ဖြင့် လက်ခ်နောင်းက ဒုတိယအများဆုံးမြို့ဖြစ်ကြောင်း သိရသည်။
ဝင်ငွေနည်းသောအိမ်ထောင်စုများအတွက် အငှားအိမ်ရာချထားပေးရန်လိုအပ်ချက်က တရားမဝင်ရွှေ့ပြောင်းအချေခြမှုများကို ဖြစ်ပွားစေသည့်အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု Knight Frank India နှင့် RICS အပါအဝင် ဈေးကွက်လေ့လာသူများက ယူဆကြသည်။
“အိန္ဒိယမြို့ပြများ၏ များပြားလှသောအိမ်ရာလိုအပ်ချက်များအတွက် အငှားအိမ်ရာများက အလွန်အရေးပါသည်။” ဟု ၎င်းတို့က ဖော်ပြထားကြသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
shwe-moe-kaung
mya-villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service