ေဟာင္ေကာင္ အိမ္ျခံေျမ developer ျဖစ္ေသာ Lai Sun Group က လန္ဒန္တြင္ ၅၆ ထပ္ျမင့္မားေသာ မိုးေမွ်ာ္တိုက္ၾကီးတစ္လံုး ေဆာက္လုပ္မည္

ေဟာင္ေကာင္ အိမ္ျခံေျမ developer ျဖစ္ေသာ Lai Sun Group က လန္ဒန္တြင္ ၅၆ ထပ္ျမင့္မားေသာ မိုးေမွ်ာ္တိုက္ၾကီးတစ္လံုး ေဆာက္လုပ္မည္ - Property News in Myanmar from iMyanmarHouse.com
15 Aug 2019 12:42 pm တွင် တင်ခဲ့သည်
655 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေဟာင္ေကာင္ အိမ္ျခံေျမ developer ျဖစ္ေသာ Lai Sun Group သည္ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ႕ေတာ္၊ လီဒင္ေဟာလမ္းတြင္ ၅၆ ထပ္ျမင့္မားေသာ မိုးေမွ်ာ္တိုက္ၾကီးတစ္လံုး ေဆာက္လုပ္ရန္ စီစဥ္လ်က္ရွိေၾကာင္း ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္ တစ္ခုတြင္ ေဖာ္ျပသည္။

သူေဌးၾကီး ပီတာလမ္း၏ Lai Sun Group သည္ လန္ဒန္ရွိ အေဆာက္အအံု ၂ ခုကို ၂၀၁၄ ႏွင့္ ၂၀၁၅ ခုႏွစ္မ်ားအတြင္း ဝယ္ယူခဲ့ျပီး ေနာက္ ယခုကဲ့သို႔ အေကာင္အထည္ေဖာ္လာျခင္းလည္း ျဖစ္သည္။

ပီတာလမ္းပိုင္ဆိုင္ေသာ Lai Sun Garment (International) Limited ႏွင့္ Lai Sun Development တို႔က ပူးတြဲ ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ရာတြင္ လန္ဒန္တြင္ ဝယ္ယူခဲ့ေသာ အေဆာက္အအံု ၂ လံုးကို အျမင့္ ၂၆၃ မီတာရွိသည့္ မိုးေမွ်ာ္တိုက္ၾကီးအျဖစ္ ေျပာင္းလဲ ေဆာက္လုပ္ရန္ လန္ဒန္ျမိဳ႕၏ အာဏာပိုင္တို႔က ခြင့္ျပဳခ်က္ေပးလိုက္ျပီျဖစ္ေၾကာင္း စေတာ့အိတ္ခ်ိန္းသို႔ ထုတ္ျပန္ေၾကညာခဲ့သည္။

အဆိုပါ မိုးေမွ်ာ္တိုက္ၾကီးကို “The Diamond” ဟု အမည္ေပးထားျပီးျဖစ္ကာ ေဆာက္လုပ္ျပီးစီးပါက လန္ဒန္တြင္ တတိယအျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီးျဖစ္လာမည္ ျဖစ္သည္။

Lai Sun Group က ေဆာက္လုပ္မည့္ မိုးေမွ်ာ္တိုက္ၾကီးကို Skidmore ႏွင့္ Owings & Merrill တို႔က ဒီဇိုင္းေရးဆြဲေပးထားျပီး လန္ဒန္ျမိဳ႕ စီးပြားေရးအခ်က္အျခာေနရာအတြက္ စတုရန္းမီတာ ၁၀၂၀၀၀ ရွိေသာ ရံုးခန္းေနရာ ေဆာင္ၾကဥ္းေပးႏိုင္မည္ျဖစ္ကာ ျဗိတိန္ျမိဳ႕ေတာ္၏ ရံုးခန္းေစ်းကြက္အတြက္ တရုတ္ရင္းႏွီးျမွဳပ္ႏွံသူတစ္ဦး၏ အၾကီးမားဆံုးႏွင့္ ေနာက္ဆံုးရင္းႏွီးျမွဳပ္ႏွံမႈ တစ္ခုျဖစ္လာသည္။

“Lai Sun Group သည္ လန္ဒန္တြင္ ၂၀၁၀ ျပည့္ႏွစ္ကတည္းက ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ေနခဲ့ျခင္းျဖစ္ျပီး ေရရွည္ဖြံ႔ျဖိဳးေရးအတြက္ ရည္မွန္းခ်က္မ်ားရွိသည္။”ဟု Lai Sun ၏ ဒုတိယဥကၠဌ က်ံဳးဖူအန္း၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

“လန္ဒန္သည္ ကမၻာ့ဘ႑ာေရးဦးေဆာင္ အခ်က္အျခာေနရာျဖစ္သည္ႏွင့္အညီ အေကာင္းဆံုး ရံုးခန္း၊ လက္လီ အေရာင္းႏွင့္ အမ်ားျပည္သူဆိုင္ရာေနရာ လိုအပ္ခ်က္မ်ား ရွိေနဆဲျဖစ္ျပီး ယခုရင္းႏွီးျမွဳပ္ႏွံမႈမွာ ကမၻာ့ဘ႑ာေရးဗဟိုအျဖစ္ လန္ဒန္၏အနာဂတ္ အေပၚ ကၽြႏု္ပ္တို႔၏ ယံုၾကည္မႈရွိျခင္းကို ျပလိုက္ျခင္းလည္းျဖစ္သည္။”ဟု က်ံဳးဖူအန္း၏ ထုတ္ျပန္ခ်က္တြင္ ဆက္လက္ေဖာ္ျပသည္။

The Diamond မိုးေမွ်ာ္တိုက္ၾကီးကို အျမင့္ ၂၂၅ မီတာရွိေသာ Cheesegrater မိုးေမွ်ာ္တိုက္ၾကီးေဘးတြင္ ေဆာက္လုပ္မည္ ျဖစ္သည္။

Cheesegrater မိုးေမွ်ာ္တိုက္ၾကီးကို ေဟာင္ေကာင္ျပိဳင္ဖက္ကုမၸဏီျဖစ္ေသာ CC Land က ပိုင္ဆိုင္ထားျခင္းျဖစ္သည္။

CC Land သည္ လန္ဒန္၏ အထင္ကရ အေဆာက္အအံုၾကီးကို British Land and Oxford Properties ထံမွ ၂၀၁၇ ခုႏွစ္၊ ပထမ ၃ လပတ္အတြင္း ေပါင္ ၁ ဒသမ ၁၅ ဘီလီယံျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဥေရာပသမဂၢမွ ျဗိတိန္ႏိုင္ငံႏႈတ္ထြက္ျခင္း အက်ပ္အတည္းမ်ားအၾကားမွ လန္ဒန္၏ ရံုးခန္းေစ်းကြက္တြင္ တရုတ္ရင္းႏွီးျမွဳပ္ႏွံမႈမ်ားမွာ ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ တန္ဖုိးပမာဏ ျမင့္တက္လာေစရန္ အကူအညီေပးေနသည္။

ယခုႏွစ္ ပထမ ၆ လအတြင္း CK Asset Holdings သည္ လန္ဒန္ရွိ UBS ရံုးခ်ဳပ္အေဆာက္အအံုကို GIC ႏွင့္ British Land ထံမွ ေပါင္ ၁ ဘီလီယံျဖင့္ ဝယ္ယူခဲ့သည္။

ထို႔အျပင္ Nan Fung ကုမၸဏီကလည္း လန္ဒန္ေျမာက္ပိုင္းရွိ Regent Quarter ရံုးခန္းကြန္ပလက္စ္ကို ADIA ထံမွ ေပါင္သန္း ၂၇၀ ျဖင့္ ဝယ္ယူခဲ့သည္။

ျပည္မၾကီး developer ေသာ Beijing Zhaotai Group ကလည္း ကန္ႏြန္လမ္း အမွတ္ ၄၅ ရွိ အေဆာက္အအံုကို ေပါင္ ၁၄၅ သန္းျဖင့္ ဝယ္ယူခဲ့ေသးသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဟောင်ကောင် အိမ်ခြံမြေ developer ဖြစ်သော Lai Sun Group သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်၊ လီဒင်ဟောလမ်းတွင် ၅၆ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးတစ်လုံး ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

သူဌေးကြီး ပီတာလမ်း၏ Lai Sun Group သည် လန်ဒန်ရှိ အဆောက်အအုံ ၂ ခုကို ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များအတွင်း ဝယ်ယူခဲ့ပြီး နောက် ယခုကဲ့သို့ အကောင်အထည်ဖော်လာခြင်းလည်း ဖြစ်သည်။

ပီတာလမ်းပိုင်ဆိုင်သော Lai Sun Garment (International) Limited နှင့် Lai Sun Development တို့က ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် လန်ဒန်တွင် ဝယ်ယူခဲ့သော အဆောက်အအုံ ၂ လုံးကို အမြင့် ၂၆၃ မီတာရှိသည့် မိုးမျှော်တိုက်ကြီးအဖြစ် ပြောင်းလဲ ဆောက်လုပ်ရန် လန်ဒန်မြို့၏ အာဏာပိုင်တို့က ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း စတော့အိတ်ချိန်းသို့ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ မိုးမျှော်တိုက်ကြီးကို “The Diamond” ဟု အမည်ပေးထားပြီးဖြစ်ကာ ဆောက်လုပ်ပြီးစီးပါက လန်ဒန်တွင် တတိယအမြင့်မားဆုံး မိုးမျှော်တိုက်ကြီးဖြစ်လာမည် ဖြစ်သည်။

Lai Sun Group က ဆောက်လုပ်မည့် မိုးမျှော်တိုက်ကြီးကို Skidmore နှင့် Owings & Merrill တို့က ဒီဇိုင်းရေးဆွဲပေးထားပြီး လန်ဒန်မြို့ စီးပွားရေးအချက်အခြာနေရာအတွက် စတုရန်းမီတာ ၁၀၂၀၀၀ ရှိသော ရုံးခန်းနေရာ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကာ ဗြိတိန်မြို့တော်၏ ရုံးခန်းဈေးကွက်အတွက် တရုတ်ရင်းနှီးမြှုပ်နှံသူတစ်ဦး၏ အကြီးမားဆုံးနှင့် နောက်ဆုံးရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်လာသည်။

“Lai Sun Group သည် လန်ဒန်တွင် ၂၀၁၀ ပြည့်နှစ်ကတည်းက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေခဲ့ခြင်းဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးရေးအတွက် ရည်မှန်းချက်များရှိသည်။”ဟု Lai Sun ၏ ဒုတိယဥက္ကဌ ကျုံးဖူအန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လန်ဒန်သည် ကမ္ဘာ့ဘဏ္ဍာရေးဦးဆောင် အချက်အခြာနေရာဖြစ်သည်နှင့်အညီ အကောင်းဆုံး ရုံးခန်း၊ လက်လီ အရောင်းနှင့် အများပြည်သူဆိုင်ရာနေရာ လိုအပ်ချက်များ ရှိနေဆဲဖြစ်ပြီး ယခုရင်းနှီးမြှုပ်နှံမှုမှာ ကမ္ဘာ့ဘဏ္ဍာရေးဗဟိုအဖြစ် လန်ဒန်၏အနာဂတ် အပေါ် ကျွနု်ပ်တို့၏ ယုံကြည်မှုရှိခြင်းကို ပြလိုက်ခြင်းလည်းဖြစ်သည်။”ဟု ကျုံးဖူအန်း၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

The Diamond မိုးမျှော်တိုက်ကြီးကို အမြင့် ၂၂၅ မီတာရှိသော Cheesegrater မိုးမျှော်တိုက်ကြီးဘေးတွင် ဆောက်လုပ်မည် ဖြစ်သည်။

Cheesegrater မိုးမျှော်တိုက်ကြီးကို ဟောင်ကောင်ပြိုင်ဖက်ကုမ္ပဏီဖြစ်သော CC Land က ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

CC Land သည် လန်ဒန်၏ အထင်ကရ အဆောက်အအုံကြီးကို British Land and Oxford Properties ထံမှ ၂၀၁၇ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း ပေါင် ၁ ဒသမ ၁၅ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံနှုတ်ထွက်ခြင်း အကျပ်အတည်းများအကြားမှ လန်ဒန်၏ ရုံးခန်းဈေးကွက်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများမှာ ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးပမာဏ မြင့်တက်လာစေရန် အကူအညီပေးနေသည်။

ယခုနှစ် ပထမ ၆ လအတွင်း CK Asset Holdings သည် လန်ဒန်ရှိ UBS ရုံးချုပ်အဆောက်အအုံကို GIC နှင့် British Land ထံမှ ပေါင် ၁ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

ထို့အပြင် Nan Fung ကုမ္ပဏီကလည်း လန်ဒန်မြောက်ပိုင်းရှိ Regent Quarter ရုံးခန်းကွန်ပလက်စ်ကို ADIA ထံမှ ပေါင်သန်း ၂၇၀ ဖြင့် ဝယ်ယူခဲ့သည်။

ပြည်မကြီး developer သော Beijing Zhaotai Group ကလည်း ကန်နွန်လမ်း အမှတ် ၄၅ ရှိ အဆောက်အအုံကို ပေါင် ၁၄၅ သန်းဖြင့် ဝယ်ယူခဲ့သေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
kalaw-garden-valley
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service