ငွါးရမ္းတိုက္ခန္းကို အိမ္ရွင္ခြင့္ျပဳခ်က္မရဘဲ ျပင္ဆင္ ၊ ထပ္ခိုးတင္ျခင္းျပဳလို႕ ရမရ - Property Knowledge in Myanmar from iMyanmarHouse.com
692 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ငွါးရမ္းတိုက္ခန္းကို အိမ္ရွင္ခြင့္ျပဳခ်က္မရဘဲ ျပင္ဆင္ ၊ ထပ္ခိုးတင္ျခင္းျပဳလို႕ ရမရ

ဗဟုသုတ | Posted by စည္သူေအာင္ (iMyanmarHouse.com)

### Zawgyi Version ###

အေပ်ာက္စနစ္နဲ႕ ဝယ္ယူထားတာမဟုတ္ဘဲ လစဥ္အိမ္လခေပးတဲ့ စနစ္နဲ႕ စေပၚေငြတင္ျပီး အိမ္လခငွါးရမ္းတဲ့ အေဆာက္အအံုေတြကို အိမ္ရွင္ သေဘာမတူဘဲ ျပင္ဆင္တာေတြ ၊ ထပ္မံငွါးရမ္းတာေတြ ျပဳလုပ္လို႕ မရပါဘူး ။

တိုက္ခန္းေတြမွာ အိမ္ခန္းဖြဲ႕ျပင္ဆင္တာေတြထက္ ပိုျပီး ထပ္ခိုးတပ္ဆင္တဲ့ကိစၥေတြဟာ ဥပေဒမဲ့ေဆာင္ရြက္ခ်က္ျဖစ္ပါတယ္ ။ အခ်ိဳ႕တိုက္ခန္းေအာက္ထပ္ေတြမွာ ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံ လူေနခြင့္ေလွ်ာက္ထားတဲ့ အခါ တိုက္ခန္းထပ္ခိုမပါဘဲ မူလအိမ္ပံုစံအတိုင္း ေလွ်ာက္ၾကပါတယ္ ။ လူေနခြင့္လက္မွတ္ရမွ မွန္ခန္းထပ္ဖဲြ႕ျပီး တစ္ထပ္ေဆာင္ရြက္တာေတြ ရွိေနတယ္လို႕ သိရပါတယ္ ။ဒါေၾကာင့္ သက္ဆိုင္တဲ့ ပုဒ္မ အရ ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒပုဒ္မ (၁၀၈) ပိုဒ္ခြဲ (တ)မွာ အငွါးခ်ထားသူ အိမ္ရွင္ရဲ႕ သေဘာတူညီခ်က္မရွိဘဲ ငွါးရမ္းေနထိုင္သူေတြအေနနဲ႕ အငွါးခ်ထားတဲ့ ပစၥည္းအေပၚမွာ အျမဲတမ္းအေဆာက္အအံု မေဆာက္လုပ္ရလို႕ ျပ႒ာန္းထားတာေတြရွိတယ္လို႕ သိရပါတယ္ ။

တကယ္လို႕ အိမ္ငွါးက တာဝန္ေဖာက္ဖ်က္္ရင္ ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခ ၾကီးၾကပ္ေရးဥပေဒ (၁၂ ) (၁) (က) အရ အိမ္ငွါး တာဝန္ေဖာက္ဖ်က္မႈနဲ႕ တရားစြဲဆို နွင္ခ်ပိုင္ခြင့္ရွိတယ္လို႕ သိရပါတယ္။

ဒါေၾကာင့္ အိမ္ရွင္သေဘာတူခ်က္ မရွိဘဲ ထပ္ခိုးေဆာက္လုပ္တာဟာလည္း အိမ္ငွါးတာဝန္ေဖာက္ဖ်က္တာေၾကာင့္ အိမ္ရွင္မွာ အိမ္ငွါးကို ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခၾကီးၾကပ္ေရးဥပေဒပုဒ္မ ၁၂ (၁) (က) အရ နဲ႕ နွင္ထုတ္ခြင့္ရွိတယ္ ။

သက္ဆုိင္ရာ စည္ပင္သာယာေရးေကာ္မတီရဲ႕ ခြင့္ျပဳခ်က္ေလွ်ာက္ထားရင္ (ေျမရွင္ ) (အိမ္ရွင္ ) ရဲ႕သေဘာတူညီခ်က္ေတြရွိရမွာ ျဖစ္ျပီး အျပန္အလွန္နားလည္းမႈေတြ လိုအပ္ပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: The Modern

### Unicode Version ###

အပျောက်စနစ်နဲ့ ဝယ်ယူထားတာ မဟုတ်ဘဲ လစဉ်အိမ်လခပေးတဲ့ စနစ်နဲ့ စပေါ်ငွေတင်ပြီး အိမ်လခငှါးရမ်းတဲ့ အဆောက်အအုံတွေကို အိမ်ရှင် သဘောမတူဘဲ ပြင်ဆင်တာတွေ ၊ ထပ်မံငှါးရမ်းတာတွေ ပြုလုပ်လို့ မရပါဘူး ။

တိုက်ခန်းတွေမှာ အိမ်ခန်းဖွဲ့ပြင်ဆင်တာတွေထက် ပိုပြီး ထပ်ခိုးတပ်ဆင်တဲ့ကိစ္စတွေဟာ ဥပဒေမဲ့ဆောင်ရွက်ချက်ဖြစ်ပါတယ် ။ အချို့တိုက်ခန်းအောက်ထပ်တွေမှာ မြို့တော်စည်ပင်သာယာရေးကော်မတီထံ လူနေခွင့်လျှောက်ထားတဲ့ အခါ တိုက်ခန်းထပ်ခိုမပါဘဲ မူလအိမ်ပုံစံအတိုင်း လျှောက်ကြပါတယ် ။ လူနေခွင့်လက်မှတ်ရမှ မှန်ခန်းထပ်ဖွဲ့ပြီး တစ်ထပ်ဆောင်ရွက်တာတွေ ရှိနေတယ်လို့ သိရပါတယ် ။ဒါကြောင့် သက်ဆိုင်တဲ့ ပုဒ်မ အရ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ (၁၀၈) ပိုဒ်ခွဲ (တ)မှာ အငှါးချထားသူ အိမ်ရှင်ရဲ့ သဘောတူညီချက်မရှိဘဲ ငှါးရမ်းနေထိုင်သူတွေအနေနဲ့ အငှါးချထားတဲ့ ပစ္စည်းအပေါ်မှာ အမြဲတမ်းအဆောက်အအုံ မဆောက်လုပ်ရလို့ ပြဋ္ဌာန်းထားတာတွေရှိတယ်လို့ သိရပါတယ် ။

တကယ်လို့ အိမ်ငှါးက တာဝန်ဖောက်ဖျက်ရင် မြို့ပြဆိုင်ရာ ငှါးရမ်းခ ကြီးကြပ်ရေးဥပဒေ (၁၂ ) (၁) (က) အရ အိမ်ငှါး တာဝန်ဖောက်ဖျက်မှုနဲ့ တရားစွဲဆို နှင်ချပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် အိမ်ရှင်သဘောတူချက် မရှိဘဲ ထပ်ခိုးဆောက်လုပ်တာဟာလည်း အိမ်ငှါးတာဝန်ဖောက်ဖျက်တာကြောင့် အိမ်ရှင်မှာ အိမ်ငှါးကို မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးဥပဒေပုဒ်မ ၁၂ (၁) (က) အရ နဲ့ နှင်ထုတ်ခွင့်ရှိတယ် ။

သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုချက်လျှောက်ထားရင် (မြေရှင် ) (အိမ်ရှင် ) ရဲ့သဘောတူညီချက်တွေရှိရမှာ ဖြစ်ပြီး အပြန်အလှန်နားလည်းမှုတွေ လိုအပ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: The Modern

ေနာက္ဆံုးရ အိမ္ၿခံေျမ ဗဟုသုတမ်ား

အိမ္တန္ဖိုး ျမင့္တက္ေစတဲ့ အခ်က္မ်ား
ဆိုင္းဝိုင္းတစ္ခုနဲ႕တူတဲ့အေမြဆိုင္အိမ္ ဝယ္ခ်င္ၾကသူေတြ
မယားၿပိဳင္အျဖစ္ ဆက္စပ္ႏုိင္မည့္ အိမ္ေျမကို ၀ယ္မိလွ်င္
ေငြကုန္ေၾကးက် သက္သာေစမယ့္ အိမ္တြင္းထုတ္ ေပါင္းသတ္ေဆး (၁၀) မ်ိဳး
မိရင္း ဖရင္း ကြယ္လြန္ၿပီး အေမြ မခြဲေ၀ရေသးသည့္ သားသမီးမ်ားႏွင့္ ဆက္စပ္သည့္ ေျမႏွင့္အိမ္ကုိ ၀ယ္မည္ဆုိလွ်င္...
အိမ္ငွါးရမ္းခေၾကြးက်န္မ်ားကို တရားစြဲဆုိေတာင္းခြင့္ရွိသလား
အေမြမီေျမး၊ အေမြမမီေျမးတုိ႔ႏွင့္ သက္ဆုိင္သည့္ ေျမႏွင့္အိမ္ကုိ ၀ယ္မည္ဆုိလွ်င္
ကၽြမ္းက်င္တဲ့အိမ္ျခံေျမ ဝယ္ေရာင္းနဲ႕ ေတြ႕ရတာ ဂုဏ္ယူစရာ
ဝယ္ယူမည့္ တိုက္ခန္းသည္ ႏိုင္ငံျခားျပန္ (ျပည္သူပုိင္) တိုက္ခန္း ျဖစ္ေနလွ်င္
တရားဝင္လက္ရွိလက္ငုတ္ လုပ္ကိုင္သူျဖစ္လွ်င္ ပံုစံ ၇ ထုတ္ေပးျခင္း

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine