ထားဝယ်အထူးစီးပွားရေးဇုန်၏ အခြေခံအဆောက်အအုံဆိုင်ရာတည်ဆောက်မှုများ လာမည့် သုံးလေး နှစ်အတွင်း အပြီးတည်ဆောက်၍ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည် - Property News in Myanmar from iMyanmarHouse.com
280 ကြိမ် ကြည့်ရှု့ ပြီး

ထားဝယ်အထူးစီးပွားရေးဇုန်၏ အခြေခံအဆောက်အအုံဆိုင်ရာတည်ဆောက်မှုများ လာမည့် သုံးလေး နှစ်အတွင်း အပြီးတည်ဆောက်၍ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

### Zawgyi Version ###





လာမည့် သုံးလေးနှစ်အတွင်း အခြေခံကျသည့်အဆောက်အအုံများဖြစ်သော လမ်း၊ မီး၊ ရေ၊ ဆိပ်ကမ်းစသည်ဖြင့် ပြည့်စုံအောင်လုပ်ပြီးလျှင် ဂျပန်နှင့် ထိုင်းအပါအဝင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ကို ဖိတ်ခေါ်နိုင်မည် ဖြစ်ကြောင်း၊ယခုအခြေအနေတွင် အခြေခံအဆောက်အအုံပြည့်စုံခြင်းမရှိသေး သဖြင့်ဖိတ်ခေါ်မှုမလုပ်နိုင်သေးကြောင်းသိရသည်။



 

### Unicode Version ###

ထားဝယ်အထူးစီးပွားရေးဇုန်၏ အခြေခံအဆောက် အအုံများဖြစ်သည့် လမ်း၊ မီး၊ ရေ၊ ဆိပ် ကမ်းစသည့် တည်ဆောက်မှုများကို သုံးလေးနှစ်အတွင်း အပြီးတည်ဆောက်၍ နိုင်ငံတကာရင်းနှီးမြှုပ်များ ဖိတ်ခေါ်မည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌပြောထား ကြောင်းသိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်၏ ဧရိယာ ၁၉၆ စတုရန်းကီလိုမီတာရှိပြီး ကနဦးစီမံကိန်းတွင် ၂၇ စတုရန်းကီလို မီတာပါဝင်ကာ နှစ်လမ်းသွားကားလမ်း ဖောက်လုပ်မှုပါဝင်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံဘက်မှ ပင်မစီမံကိန်းနှင့်ပတ်သက်၍ Master Plan ရေးဆွဲခဲ့ကြောင်း၊ ၂၀၁၇ တွင် ယင်း Master Plant အား အခြေခံပြီး JICA က အကူအညီဖြင့် လေ့လာမှုများလုပ်ခဲ့ရာ ပြီးစီးသွားပြီ ဖြစ်ကြောင်းသိရသည်။

ပင်မစီမံကိန်းတွင် အပိုင်းသုံးပိုင်းခွဲခြားထားပြီး မြန်မာ၊ထိုင်း၊ဂျပန် သုံးနိုင်ငံပါဝင်မှာ ဖြစ်ပြီး အစိုးရအချင်းချင်း မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရမည်ကို ဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။အပိုင်း သုံးပိုင်းတွင် ပထမပိုင်းကို လက်ရှိအချိန်မှ ၂၀၃၀ ပြည့်နှစ်အထိ၊ဒုတိယပိုင်းကို ၂၀၃၀ မှ ၂၀၄၀ အထိ၊တတိယပိုင်းကို ၂၀၄၀ မှ ၂၀၅၀ အထိ ခွဲခြားထားကြောင်းသိရသည်။

လာမည့် သုံးလေးနှစ်အတွင်း အခြေခံကျသည့်အဆောက်အအုံများဖြစ်သော လမ်း၊ မီး၊ ရေ၊ ဆိပ်ကမ်းစသည်ဖြင့် ပြည့်စုံအောင်လုပ်ပြီးလျှင် ဂျပန်နှင့် ထိုင်းအပါအဝင် နိုင်ငံတကာရင်းနှီးမြှုုပ်နှံမှုများ ကို ဖိတ်ခေါ်နိုင်မည် ဖြစ်ကြောင်း၊ယခုအခြေအနေတွင် အခြေခံအဆောက်အအုံပြည့်စုံခြင်းမရှိသေး သဖြင့်ဖိတ်ခေါ်မှုမလုပ်နိုင်သေးကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မြေတန်ဖိုးမပါဘဲရောင်းချနိုင်မည့် ဒဂုံမြို့သစ်မြောက်ပိုင်း U9 ပြည်သူ့အိမ်ရာစီမံကိန်း အဆိုပြုလွှာဖိတ်ခေါ်...
ငါးလေလံ ဈေးကွက်တစ်ခု ဒလမြို့နယ်အတွင်း ဖော်ဆောင်ရန် စီစဉ်နေ
အမေရိကန်တရားရေးဌာန အရာရှိတို့က မလေးရှားဝန်ကြီးချုပ်ဟောင်း၏ မယားပါသားနှင့် ဆက်နွှယ်သော ဇိမ်ခံလူနေအိမ် ၃ လုံးကို ရောင်းချရန် စီစဉ်...
မကြာမီဖွင့်လှစ်မည့် အကြီးဆုံးဂမုန်းပွင့် Shopping Mall ရှေ့ရှိ အသင့်ဆောက်လုပ်ပြီး ရွှေမြယာအိမ်ရာ (၂) အရောင်းပြပွဲ...
ကမ္ဘာပေါ်တွင် ဒုတိယမြောက် တန်ဖိုးအကြီးဆုံး အိမ်ခြံမြေကုမ္ပဏီအဖြစ် နာမည်ကျော်သည့် ဟောင်ကောင်အခြေစိုက် Sun Hung Kai က တရုတ်ပြည်မကြီး ဟန်ကျိုးမြို့ရှိ မြေနေရာကို ယွမ်ငွေ ၁၃ ဘီလီယံကျော်ဖြင့် ဝယ်ယူ...
ရွှေဈေးမြင့်ချိန် ဈေးတင်မရောင်းရန်နှင့် လက်ငင်းအရောင်းအ၀ယ်ပြုလုပ်ရန် ရွှေလုပ်ငန်းရှင်များ အသင်းထုတ်ပြန်...
Walk the Line ဇာတ်ကားဖြင့် အော်စကာဆုရခဲ့သူ ဟောလိဝုဒ်ကြယ်ပွင့် ရိစ်ဝစ်သာ စပွန်း၏ ကန်ဒေါ်လာ ၆ သန်းကျော် တန်ကြေးရှိသော လော့စ်အိန်ဂျလိ စံအိမ်...
ထိန်ပင်အမှိုက်ပုံတွင် မီးမလောင်နိုင်စေရန် ဂျပန်ဖူကူအိုကာနည်းပညာအသုံးပြု၍ ပထမဆုံးစတင်လုပ်ဆောင်...
ဒလဘက်ခြမ်းတွင် မြို့သစ်တည်ဆောက်ရန် ကိုရီးယား (KOICA) နှင့်အကြိုလေ့လာဆန်းစစ်မှု ပြီးစီး
အိန္ဒိယမြို့ပြများတွင် နေအိမ်အလွတ် ၂ သန်း ရှိလာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine