တားမြစ်မှုများအကြား ခရီးသွားမစဲသွားသော သြစတြေးလျ “ကျောက်ဂွမ်းမြို့”
တားမြစ်မှုများအကြား ခရီးသွားမစဲသွားသော သြစတြေးလျ “ကျောက်ဂွမ်းမြို့” - Property News in Myanmar from iMyanmarHouse.com
24 Jul 2019 11:23 am တွင် တင်ခဲ့သည်
807 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
သြစတြေးလျအနောက်ပိုင်း ဝေးလံခေါင်သီတဲ့ ပီလ်ဘာရာဒေသအတွင်းပိုင်းရှိ စွန့်ပစ်မိုင်းတွင်းမြို့ Wittenoom (ဝစ်တနွန်) ဟာ ကမ္ဘာ့အဆိပ်သင့်စေဆုံးနေရာတစ်ခုနဲ့ ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ “အဆိပ်အတောက်တို့ဖြင့် ညစ်ညမ်းဆုံးသောနေရာ”အဖြစ် ယူဆခံထားရပေမဲ့လည်း ခရီးသွားဧည့်သည်တွေဟာ အကြောင်းတစ်ချို့ကြောင့် သူနဲ့ကင်းကင်းရှင်းရှင်းမနေနိုင်ကြပါဘူး။
သူခေတ်ကောင်းခဲ့ချိန် ၁၉၃၀ ကနေ ၁၉၆၆ ခုနှစ်ကြားကာလတုန်းကတော့ Wittenoom ဟာ လူဦးရေ ၂ သောင်းဝန်းကျင်ရှိတဲ့မြို့လေးဖြစ်ခဲ့ပါတယ်။ မြို့ခံအများစုက မြို့ရှိ ကျောက်ဂွမ်းထုတ်တဲ့ မိုင်းတွင်းတွေမှာ အလုပ်လုပ်ကြတာပါ။ ဒီကနေ့မှာတော့ Wittenoom ဟာ လူတွေ ခပ်ဝေးဝေးကနေရှောင်ကွင်းသွားကြစေဖို့ရည်ရွယ်တဲ့ အန္တရာယ်သတိပေးဆိုင်းဘုတ်ကြီးတွေနဲ့ ဝန်းရံထားတဲ့ မြို့ဆိုးလေးတစ်ခုဖြစ်သွားပါပြီ။ ကျောက်ဂွမ်းမိုင်းတွင်းတွေ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက အသက်မဝင်ရပ်တန့်သွားတဲ့ပေမဲ့လည်း ကျောက်ဂွမ်းအကြွင်းအကျန်တန်ချိန် သုံးတန်လောက်က မြို့မှာ ဝိုင်းရံနေဆဲဖြစ်ပြီး အဲ့ဒီပမာဏဟာ အသက်အန္တရာယ်ရှိစေနိုင်လောက်တဲ့အထိ မြို့လေထုကိုညစ်ညမ်းစေတယ်လို့ သိရပါတယ်။
ဒါကြောင့် ၂၀၁၈ ခုနှစ်တုန်းက သြစတြေးလျအစိုးရဟာ မြို့မှာကျန်နေသေးတဲ့လူသုံးဦးရဲ့ဘေးကင်းစေရေးအတွက် သူတို့ရဲ့နေအိမ်တွေကို မဖြစ်မနေသိမ်းယူခဲ့ရပါတယ်။ အခုထက်ထိတော့ Wittenoom ကို ခရီးသွားဧည့်သည့်ထောင်နဲ့ချီ နှစ်စဉ်လာရောက်ကြဆဲဖြစ်ပြီး ဓာတ်ပုံတွေကို လူမှုကွန်ရက်တွေမှာ ဂုဏ်ယူဝံ့ကြွားစွာတင်နေကြဆဲပါပဲ။
Wittenoom ကို မြေပုံ၊ လမ်းပြသင်္ကေတတွေထဲကနေဖယ်ထုတ်လိုက်ပြီး မီးလည်းဖြတ်ထားပြီးပါပြီ။ သတိပေးဆိုင်းဘုတ်တွေကိုလည်း မြို့ပတ်ပတ်လည်မှာ ချထားပါတယ်။ ဒါပေမဲ့လည်း စွန့်စွန့်စားစားခရီးသွားတွေကတော့ ဒါတွေကိုလျစ်လျူရှု၊ ဘေးအန္တရာယ်ကိုလျှော့တွက်ပြီး သွားရောက်နေကြဆဲပါပဲ။
အဲ့ဒါနဲ့ပတ်သက်ပြီး သြစတြေးလျရှေးလူမျိုးရေးရာနှင့်မြေယာဝန်ကြီး ဘန်ဝိုင်းယာ့တ်က “အဲ့ဒီသတိပေးဆိုင်းဘုတ်တွေဟာ အင်စတာဂရမ်မှာ ပုံတွဲတင်ဖို့အတွက် အလှဆင်ပေးထားတာမဟုတ်ပါဘူး။ ကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်ကြောင်း ပြင်းပြင်းထန်ထန်သတိပေးချက်တွေပါ။” လို့ မကြာသေးမီကပဲ ပြောကြားခဲ့ပါသေးတယ်။
Wittenoom မှာ အစိုးရအနေနဲ့ ကျောက်ဂွမ်းအကြွင်းအကျန်အားလုံးကို ဖယ်ရှားရှင်းလင်းပစ်ဖို့ မျှော်လင့်နေကြတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့လည်း ဝိုင်းယာ့တ်ကတော့ “ဒေါ်လာဘီလျံနဲ့ချီရင်းနှီးပြီး ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်မယ်ဆိုရင်တောင် အဲ့ဒီနေရာဟာ လူတွေပြန်လည်အခြေချနေထိုင်ဖို့အတွက် ဘေးကင်းလုံခြုံတော့မှာမဟုတ်တာကြောင့် အဲ့ဒီနေရာရှိတာကိုမေ့ပစ်ပြီး ဝေးဝေးနေတာအကောင်းဆုံးပါပဲ” လို့ ပြောကြားထားပါတယ်။
“Wittenoom ကို သွားရောက်လေ့လာလည်ပတ်ဖို့ စဉ်းစားနေတဲ့သူတွေကို ကျွန်တော်ပြောချင်တာလေးရှိပါတယ်။ မသွားပါနဲ့။” လို့လည်း ဝိုင်းယာ့တ်က သတိပေးထားကြောင်း သိရပါတယ်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
kalaw-garden-valley
mya-villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service