စက်မှုဇုန်အဖြစ် ခြေဥရေးဆွဲခဲ့သည့် ညောင်နှစ်ပင်စခန်းကို ၂၀၂၀ နှစ်ဆန်းတွင် စတင်မည် - Property News in Myanmar from iMyanmarHouse.com
961 ကြိမ် ကြည့်ရှု့ ပြီး

စက်မှုဇုန်အဖြစ် ခြေဥရေးဆွဲခဲ့သည့် ညောင်နှစ်ပင်စခန်းကို ၂၀၂၀ နှစ်ဆန်းတွင် စတင်မည်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

### Zawgyi Version ###








### Unicode Version ###

ကိုရီးယား LH ကော်ပိုရေးရှင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့် ညောင်နှစ်ပင်စခန်းကို ၂၀၂၀ နှစ်ဆန်းတွင် စက်မှုဇုန်အဖြစ် ပြောင်းလဲတည်ဆောက်ရန်ပထမအဆင့်ကို စတင်မည်ဖြစ်ကြောင်း ပြောထားသည်။

၂၀၁၉ ဖေဖော်ဝါရီတွင် ကိုရီးယားစက်မှုဇုန်ထူထောင်ရေး ရင်းနှီးမြှုပ်နှံမှုကော်မရှင်က LH ကော်ပိုရေးရှင်းကို ခွင့်ပြုမိန့်ပေးခဲ့ပြီး ညောင်နှစ်ပင်စခန်းမြေ ဧက ၅၅၀ တွင် ပထမအဆင့်အဖြစ် မြေဧက ၃၀၀ တွင် စတင်မည်ဟု အဆိုပါကော်ပိုရေးရှင်းက ဆိုသည်။

မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကိုရီးယား အစိုးရပိုင်LH ကော်ပိုရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။ LH ကော်ပိုရေးရှင်း ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူ တစ်ဦးက JVA လို့ခေါ်သည့် အကျိုးတူပူးပေါင်းမှုသဘောတူညီမှုကို စတင်မည်ဖြစ်ပြီး ၂၀၂၀ နှစ်ဆန်းတွင် မြေပြင်လုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း ပြောထားသည်။ ညောင်နှစ်ပင်မြို့ပြစီမံကိန်းသည် အမေရိကန်ဒေါ်လာတစ်ဘီလီယံ တန်ဖိုးရှိပြီး မြန်မာနိုင်ငံက ရှယ်ယာ ၄၀ ရာခိုင်နှုန်း၊ ကိုရီးယားအစိုးရက ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက အကောင်အထည်ဖော်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်း ဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာနှင့်စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်းပြောထားသည်။

မြေဧက ၆၀၀ ပေါ်တွင် အဆိုပါစီမံကိန်း အကောင်အထည်ဖော်ရန် ကိုရီးယားဘက်က စီစဉ်ခြင်းဖြစ်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရန် အမျိုးသားညီလာခံကျင်းပခဲ့သည့် သမိုင်းဝင်အဆောက် အအုံအပါအဝင်မြေဧက ၃၀ ကျော်ကို အစိုးရထံ ပြန်လည်ပေးအပ်ရ၍ ဧက ၅၅၀ ကျော်သာ ပြုလုပ်ခွင့်ရခဲ့ ကြောင်း LH ကထုတ်ပြန်ထားပြီး ကိုရီးယား-မြန်မာ မြို့ပြစက်မှုဇုန်စီမံကိန်း (KMIC) အကောင်အထည်ဖော်ရန် ၂၀၁၇ ဇွန်လ ၁၆ ရက် တွင် ကိုရီးယားနိုင်ငံဂျယ်ဂျူးကျွန်း၌ နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်ဦးလွင်ရှိ ဦးပိုင်မြေ ၂ ဧကကျော်ကို ကြမ်းခင်းဈေး ကျပ် ၂၀ ဘီလီယံဖြင့် လေလံတင်ရောင်းချ...
ပြင်ဦးလွင်ရှိ ဦးပိုင်မြေ ၂ ဧကကျော်ကို ကြမ်းခင်းဈေး ကျပ် ၂၀ ဘီလီယံဖြင့် လေလံတင်ရောင်းချ...
တက္ကသိုလ် (၄) ခုကို ချိတ်ဆက်ထားသည့် ယာဉ်လိုင်းသစ်တစ်ခု Omni Focus ကုမ္ပဏီ ပြေးဆွဲသွားမည်
တက္ကသိုလ် (၄) ခုကို ချိတ်ဆက်ထားသည့် ယာဉ်လိုင်းသစ်တစ်ခု Omni Focus ကုမ္ပဏီ ပြေးဆွဲသွားမည်
ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်မည့် ကုမ္ပဏီများကို အခွန်ကင်းလွတ်ခွင့်ပေးရန် စီစဉ်နေဟုဆို...
ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်မည့် ကုမ္ပဏီများကို အခွန်ကင်းလွတ်ခွင့်ပေးရန် စီစဉ်နေဟုဆို...
ဖူးခက်အပန်းဖြေစခန်းများတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားဝယ်လက်များ ရှာဖွေလာ
ဖူးခက်အပန်းဖြေစခန်းများတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားဝယ်လက်များ ရှာဖွေလာ
တည်ဆောက်ဆဲရေအားလျှပ်စစ်စီမံကိန်း (၄)ခု အဆင့်မြှင့်ရန် အကြံပေးကုမ္ပဏီဖိတ်ခေါ်
တည်ဆောက်ဆဲရေအားလျှပ်စစ်စီမံကိန်း (၄)ခု အဆင့်မြှင့်ရန် အကြံပေးကုမ္ပဏီဖိတ်ခေါ်
မင်းဓမ္မလမ်းတွင် ဒေါ်လာသန်း ၃၅၀ တန် Mindama Complex စီမံကိန်းအကောင်အထည်ဖော်ရန်ရှိဟုဆို
မင်းဓမ္မလမ်းတွင် ဒေါ်လာသန်း ၃၅၀ တန် Mindama Complex စီမံကိန်းအကောင်အထည်ဖော်ရန်ရှိဟုဆို
၂၀၁၉ ခုနှစ်၏ သက်သာလှသောဝယ်ခွန်ဖြင့် အိမ်ပိုင်ဆိုင်နိုင်ဖို့ iMyanmarHouse.com မှ ကြီးမှူးကျင်းပမည့် မြန်မာ့အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီး...
၂၀၁၉ ခုနှစ်၏ သက်သာလှသောဝယ်ခွန်ဖြင့် အိမ်ပိုင်ဆိုင်နိုင်ဖို့ iMyanmarHouse.com မှ ကြီးမှူးကျင်းပမည့် မြန်မာ့အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီး...
လော့စ်အိန်ဂျလိမြို့  ကမ္ဘာကျော်ကြယ်ပွင့်များစုဝေးရာ မာလီဘူးအရပ်တွင် တစ်ချိန်က နစ်ကိုလပ်ကေ့ခ်ျ ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ သန်း ၃၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
လော့စ်အိန်ဂျလိမြို့  ကမ္ဘာကျော်ကြယ်ပွင့်များစုဝေးရာ မာလီဘူးအရပ်တွင် တစ်ချိန်က နစ်ကိုလပ်ကေ့ခ်ျ ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ သန်း ၃၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိမ်ခြံမြေသူဌေးကြီး ဟွေ့ဝင်းမော်ပိုင်ဆိုင်သော ဟောင်ကောင် ကုမ္ပဏီက တရုတ်ပြည်၊ ပေကျင်းမြို့ တော်ရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသော လူနေစီမံကိန်းမြေနေရာကို ယွမ်ငွေ သန်း ၈၅၀ ဖြင့် ဝယ်ယူ...
အိမ်ခြံမြေသူဌေးကြီး ဟွေ့ဝင်းမော်ပိုင်ဆိုင်သော ဟောင်ကောင် ကုမ္ပဏီက တရုတ်ပြည်၊ ပေကျင်းမြို့ တော်ရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသော လူနေစီမံကိန်းမြေနေရာကို ယွမ်ငွေ သန်း ၈၅၀ ဖြင့် ဝယ်ယူ...
အင်္ဂလန်တွင် နေအိမ်ကို ဖြိုဖျက်ကာ မီးပြတိုက်တစ်လုံးဆောက်လုပ်ရာ အပြီးသတ်မဆောက်လုပ်နိုင်ခဲ့ဘဲ ပေါင် ၄ သန်းအကြွေးတင်ခဲ့ပြီး ဇနီးဖြစ်သူနှင့်ပါ ကွာရှင်းလိုက်ရ...
အင်္ဂလန်တွင် နေအိမ်ကို ဖြိုဖျက်ကာ မီးပြတိုက်တစ်လုံးဆောက်လုပ်ရာ အပြီးသတ်မဆောက်လုပ်နိုင်ခဲ့ဘဲ ပေါင် ၄ သန်းအကြွေးတင်ခဲ့ပြီး ဇနီးဖြစ်သူနှင့်ပါ ကွာရှင်းလိုက်ရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)