ကမ္ဘာ့ဈေးအကြီးဆုံးဇိမ်ခံအိမ်များ ဟောင်ကောင်နှင့်တိုကျိုတို့၌ တည်ရှိ
ကမ္ဘာ့ဈေးအကြီးဆုံးဇိမ်ခံအိမ်များ ဟောင်ကောင်နှင့်တိုကျိုတို့၌ တည်ရှိ - Property News in Myanmar from iMyanmarHouse.com
15 Jul 2019 10:35 am တွင် တင်ခဲ့သည်
698 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ဘီလျံနာဦးရေ ၇၉ ဦးရှိသည့် ဟောင်ကောင်သည် ကမ္ဘာ့ဇိမ်ခံအိမ်ဈေးအကြီးဆုံးမြို့လည်း ဖြစ်ပြီး ၎င်းနောက်တွင် တိုကျိုကလည်း ထက်ကြပ်မကွာလိုက်ပါလို့နေပါပြီ။
ဟောင်ကောင်တွင် ဇိမ်ခံအိမ်တစ်လုံး၏ ဈေးနှုန်းမှာ ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၈,၃၇၀ ဒေါ်လာ ဖြစ်နေပြီး ပြီးခဲ့သည့် ငါးနှစ်တာအတွင်း ၅၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း နိုင်ငံတကာဇိမ်ခံအိမ်ခြမြေစာရင်းဝက်ဘ်ဆိုက် Mansion Global မှတစ်ဆင့် ကမ္ဘာ့အိမ်ခြံမြေအေဂျင်စီ Savills ၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။
၎င်းဈေးနှုန်းက တိုကျိုအား ကမ္ဘာ့ဒုတိယဇိမ်ခံအိမ်ဈေးအကြီးဆုံးမြို့ဖြစ်စေခဲ့သည်။ ဂျပန်တွင်မူ ဇိမ်ခံအိမ်တစ်လုံး၏ ဈေးနှုန်းမှာ ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၆,၃၅၀ ဒေါ်လာ ဖြစ်နေပြီး ငါးနှစ်တာအတွင်း ၃၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
လန်ဒန်တွင် တိုကျို (၂၂ဦး) ထက် ဘီလျံနာဦးရေပိုများပြီး ၅၅ ဦး ရှိသော်လည်း လန်ဒန်ရှိ ဇိမ်ခံအိမ်ဈေးမှာ ပြီးခဲ့သည့်ငါးနှစ်တာအတွင်း ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၃,၄၀၀ ဒေါ်လာ သို့ ကျဆင်းခဲ့သည်။
လန်ဒန်နောက်တွင် နယူးယောက်က ထိုကာလအတွင်း ၁၅ ရာခိုင်နှုန်း မြင့်တက်ပြီး ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၃,၂၂၀ ဒေါ်လာ ဖြင့် ကမ္ဘာ့စတုတ္ထဇိမ်ခံအိမ်ဈေးအကြီးဆုံးမြို့အဖြစ် ရပ်တည်လာသည်။
“ဘီလျံနာဦးရေအများဆုံးမြို့အများအပြားက ကမ္ဘာ့ဇိမ်ခံအိမ်ဈေးနှုန်းအကြီးဆုံးမြို့တွေလည်း ဖြစ်နေတာဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး” ဟု Masion Global အား ကိုးကား၍ Savills ၏ ကမ္ဘာ့သုတေသနခေါင်းဆောင် ဆိုဖီချစ်က ပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ရှင်းကျန်းနှင့် ပေကျင်းတို့တွင် ကမ္ဘာ့ဇိမ်ခံအိမ်ဈေးအမြန်ဆုံးမြင့်တက်နှုန်းအချို့ရှိလာသည်။ Greater Bay Area တွင် ပါဝင်သည့် ရှင်းကျန်းတွင် ထိုငါးနှစ်တာကာလအတွင်း ၁၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၂,၀၁၀ ဒေါ်လာသို့ ရောက်ရှိခဲ့ကာ ပေကျင်းတွင် ၉၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၁,၇၈၀ ဒေါ်လာ ရှိလာကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
thukha-garden-residence
bkk-projects
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service