ခြင့္ျပဳခ်က္ျဖင့္ ေနသည္ဆုိသည့္ အေဆာက္အအုံကို ၀ယ္မည္ဆုိလွ်င္

ခြင့္ျပဳခ်က္ျဖင့္ ေနသည္ဆုိသည့္ အေဆာက္အအုံကို ၀ယ္မည္ဆုိလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
11 Jul 2019 1:12 pm တွင် တင်ခဲ့သည်
921 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

''ခြင့္ျပဳခ်က္နဲ႔ထားတယ္ဆုိတာ ဘယ္လုိအေျခအေနမ်ဳိးကို ဆုိလုိတာလဲ ဆရာ''ဟု မိတ္ေဆြတစ္ဦးက စာ ေရးသူထံ လာေရာက္ေဆြးေႏြးပါသည္။

''ခြင့္ျပဳခ်က္နဲ႔ထားတယ္ဆုိတာက အလြယ္ကူဆုံးေျပာရရင္ မိမိပုိင္အိမ္၊ အေဆာက္အအုံ ေျမေပၚမွာ ေငြေၾကး တစ္ျပားတစ္ခ်ပ္မွ်မယူဘဲ အခမဲ့ထားျခင္းကုိ ဆုိလုိတာျဖစ္တယ္''

''တကယ္လုိ႔ မိဘေတြက သူတုိ႔ ပုိင္အိမ္မွာ သားသမီးကုိ ေနခြင့္ေပးထားရင္ ခြင့္ျပဳခ်က္အရ ေနထုိင္တာပဲေပါ့ ဟုတ္ပါသလား''

''ဘယ္လုိ အေျခအေနမ်ားရွိေနလုိ႔လဲ''

''ကြၽန္ေတာ့္ မိတ္ေဆြအမ်ဳိးသမီးတစ္ဦးက သူပုိင္တုိက္ခန္းကုိ ေရာင္းခ်င္တယ္လို႔ ေျပာတယ္။ သူလည္း က်န္း မာေရးမေကာင္းအသက္လည္း ႀကီးၿပီဆုိေတာ့ ေဆးကုသဖုိ႔နဲ႔ အလွဴအတန္းျပဳသြားခ်င္တယ္။ ဝယ္ႏုိင္ရင္ ဝယ္ပါလုိ႔ လာေျပာတယ္''

''အဲဒီတုိက္ခန္းမွာ ဘယ္သူေနသလဲ။ အမ်ဳိးသမီးႀကီးကုိယ္တုိင္ေတာ့မေနဘူး ဒီလုိလား''

''ဟုတ္တယ္။ သူက သမီးအႀကီးနဲ႔ ေနတယ္။ တုိက္ခန္းမွာသူ႔ရဲ႕ ေခြၽးမေနတယ္''

''သားျဖစ္သူက ဘယ္ေရာက္သြားလုိ႔လဲ၊ အိမ္ေထာင္ကြဲသြားလုိ႔လား''

''သားျဖစ္သူက ကြယ္လြန္သြားတာ သုံးႏွစ္ခန္႔ရွိၿပီေျပာတယ္''

''ဒါေၾကာင့္ ေခြၽးမကုိ ဆက္မထားခ်င္တဲ့ သေဘာေပါ့''

''ဟုတ္တယ္။ သားမဂၤလာေဆာင္ေတာ့ ေနစရာမရွိလုိ႔ အဲဒီအခန္းကုိ ေနခြင့္ျပဳခဲ့တာလုိ႔ ေျပာတယ္''

''ေခြၽးမျဖစ္သူက ဒီတုိက္ခန္းက သူတုိ႔ကို မဂၤလာေဆာင္စဥ္မွာ လက္ဖြဲ႔အျဖစ္ေပးထားတာလုိ႔ ေျပာတယ္''

''လက္ဖြဲ႔ပစၥည္းအျဖစ္ေပးခဲ့တယ္ဆုိရင္ မိဘကေမတၱာနဲ႔ ေပးကမ္းျခင္းျဖစ္တဲ့အတြက္ တရားဥပေဒနဲ႔အညီ ေပးကမ္းျခင္းစာခ်ဳပ္ရွိရပါမယ္။ စာခ်ဳပ္စာတမ္း ႐ုံးမွာမွတ္ပုံတင္ ျပဳလုပ္ခ်ဳပ္ဆုိရမွာ ျဖစ္ပါတယ္''

''ေပးကမ္းျခင္းမွာ စာခ်ဳပ္စာတမ္း မွတ္ပုံတင္စာခ်ဳပ္ မျပဳလုပ္ရင္ တရားမဝင္ဘူးေပါ့''

''မွန္ပါတယ္''

''အခုတုိက္ခန္းက အမ်ဳိးသမီးႀကီးတုိ႔ လင္မယားဝယ္ထားတဲ့ အိမ္ျဖစ္တယ္''

''မိဘမ်ားရဲ႕ အိမ္ပဲျဖစ္ေနမွာေပါ့။ ဖခင္က ရွိေသးလား''

''ခင္ပြန္းသည္ကလည္း ဆုံးသြားၿပီ။ တုိက္ခန္းဝယ္စဥ္က ဇနီးရဲ႕ အမည္နဲ႔ပဲဝယ္ခဲ့တာျဖစ္တယ္''

''ဘာပဲျဖစ္ျဖစ္ေပးကမ္းျခင္း စာခ်ဳပ္လည္း မရွိေတာ့ ဒီကိစၥက စဥ္းစားစရာ မလုိေတာ့ဘူးေပါ့''

''သူ႔ေယာက်္ားရဲ႕ အေမြကိုရပုိင္ခြင့္ရွိတယ္။ ဒါေၾကာင့္ ဆင္းမေပးႏုိင္ဘူးလုိ႔ ဆုိျပန္တယ္''

''ဒါကလည္း ေယာကၡမျဖစ္တဲ့ ခင္ပြန္းသည္ရဲ႕ မိခင္တစ္ေယာက္လုံး သက္ရွိထင္ရွားရွိေနေတာ့ အေမြရခြင့္ မရွိေသးဘူးေလ။ ၿပီးေတာ့ သားသမီး က်န္ရွိခဲ့သလား''

''သားသမီးမရွိဘူးထင္တယ္။ မိခင္ေျပာစကားအရေတာ့ သားသမီးလည္းမရဘူးလုိ႔ ေျပာပါတယ္''

''သားသမီးလည္း မရွိဘူးဆုိေတာ့ အေမြရွင္မိဘထက္ ေစာစြာကြယ္လြန္သြားတဲ့ သားသမီးရဲ႕ ေခြၽးမသုိ႔မဟုတ္ သားမက္အေနနဲ႔ ေယာကၡမအေမြကို ရခြင့္မရွိဘူးဆုိတဲ့ ဥပေဒအခ်က္ကလည္း ရွိေနတယ္။ ဒါေၾကာင့္ အေမြ ဆက္ခံသူအျဖစ္ေနပါတယ္ဆုိတာလည္း ဥပေဒအရ ခြင့္ျပဳႏုိင္တဲ့ အေျခအေနမရွိဘူး''

''တစ္သက္တာခြင့္ျပဳခ်က္နဲ႔ ထားတယ္ဆုိတာၾကားဖူးတယ္။ အခုကိစၥမွာ မိဘျဖစ္သူက သားနဲ႔ ေခြၽးမကို ေနခြင့္ျပဳထားတာက တစ္သက္လုံး ေနခြင့္ျပဳထားတာမ်ဳိး မျဖစ္ႏုိင္ဘူးလား''

''ခြင့္ျပဳခ်က္နဲ႔ထားတယ္ဆုိတာကေတာ့ ႏႈတ္အားျဖင့္ ခြင့္ျပဳခ်က္ထားလုိ႔ရတယ္။ ခြင့္ျပဳသူရဲ႕ ခြင့္ျပဳထားတဲ့ အခ်ိန္ကာလအထိပဲ အတည္ျဖစ္တယ္။ မည္သည့္အခ်ိန္ ကာလမဆုိ ခြင့္ျပဳခ်က္ကို ႐ုပ္သိမ္းခြင့္ ရွိတယ္''

''တခ်ဳိ႕က တစ္ႏွစ္ခြင့္ျပဳတာမ်ဳိး ႏွစ္ရွည္ခြင့္ျပဳေနထုိင္ခြင့္ေပးတာမ်ဳိးရွိတယ္ မဟုတ္လား''

''တခ်ဳိ႕ကလည္း ကြၽန္ေတာ္ ကြၽန္မတုိ႔ အိမ္မွဆင္းေပးပါမယ္။ ေနစရာရွာမေတြ႔ေသးလုိ႔ ႏွစ္လခန္႔ ဆက္ေနခြင့္ျပဳပါလုိ႔ ေတာင္းဆိုတာ ေတြလည္း ရွိတယ္''

''တကယ္လုိ႔ ဆရာေျပာသလုိ ဆက္လက္ေနထုိင္ခြင့္ေပးလုိက္ၿပီး အိမ္ကဆင္းမေပးရင္ ဘယ္လုိျဖစ္ႏုိင္သလဲ ဆရာ''

''ေနာက္ဆုံး အေျခအေနကေတာ့ မိမိပုိင္အိမ္မွ မဟုတ္တာဗ်ာ။ တရားစြဲႏွင္ခ်ရမယ့္ အေျခအေန ေရာက္ၾက တယ္''

''ဒါဆုိရင္ ခြင့္ျပဳခ်က္နဲ႔ ထားတာလည္း စာခ်ဳပ္စာတမ္းနဲ႔ ျပဳလုပ္ခ်ဳပ္ဆုိထားဖုိ႔ လုိတာေပါ့ေနာ္''

''မွန္ပါတယ္။ ခြင့္ျပဳခ်က္နဲ႔ ေနထုိင္ခြင့္ေပးထားေၾကာင္း စာရြက္စာတမ္းနဲ႔ ခ်ဳပ္ဆုိထားရင္ေတာ့ အေကာင္းဆုံး ေပါ့။ ဒါေပမယ့္ ခြင့္ျပဳခ်က္နဲ႔ မိမိပုိင္အေဆာက္အအုံမွာထားတယ္ဆုိတာ ပုိင္ရွင္ရဲ႕ အနီးစပ္ဆုံးေဆြမ်ဳိး ဒါမွမဟုတ္ အရင္းႏွီးဆုံး မိတ္ေဆြေတြျဖစ္တတ္ေတာ့ ႏႈတ္နဲ႔ပဲ ေနခြင့္ျပဳတာေတြ ျဖစ္တတ္တယ္''

''ဟုတ္က့ဲ ဆရာ။ ခြင့္ျပဳခ်က္နဲ႔ ေနထုိင္ခြင့္ေပးတဲ့ စာခ်ဳပ္ကုိ မွတ္ပုံတင္ဖုိ႔ လုိပါေသးလား''

''ဒီအခ်က္ကေတာ့ အေရးႀကီးတယ္ဗ်။ ဒါနဲ႔ ပတ္သက္လုိ႔ ဗဟုသုတအျဖစ္ ေျပာရရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ခဲ့ တဲ့ ဦးသာရွိန္ပါ (၂) ႏွင့္ ကိုတင္လွပါ (၂) ၁၉၆၇ ခုႏွစ္၊ ျမန္မာႏုိင္ငံတရားစီရင္ထုံးစာမ်က္ႏွာ - ၆၅၉ မွာ ေလွ်ာက္ထားခံရသူ ကိုတင္လွတုိ႔အေနျဖင့္ ၎တုိ႔အား အေဆာက္အအုံ၌ တစ္သက္တာေနထုိင္ခြင့္ေပးထား သည္ဟုဆုိေစကာမူ ေနာက္ထပ္တစ္ႏွစ္ေနထုိင္ရန္ ခြင့္ပန္ျခင္းမွာ မူလက ေပးထားေသာ ကတိပဋိညာဥ္သည္ ပဋိညာဥ္ဥပေဒ ပုဒ္မ - ၆၂ အရ ပ်က္ျပယ္သြားၿပီဟု ယူဆရန္ အေၾကာင္းရွိသည္။ ထုိ႔ျပင္ တစ္သက္တာခြင့္ျပဳ သည္ဟု ဆုိရာ၌ ဥပေဒအရ တရားမဝင္ေပ။ တစ္ႏွစ္ထက္ေက်ာ္၍ ေနထုိင္ခြင့္ေပးျခင္းေသာ္လည္းေကာင္း၊ တစ္ႏွစ္ၿပီးတစ္ႏွစ္ ဆက္လက္၍ ေနထုိင္ခြင့္ေပးျခင္းေသာ္လည္းေကာင္း ၎တုိ႔တြင္ ပစၥည္းလႊဲေျပာင္းေရး အက္ ဥပေဒ ပုဒ္မ (၉) အရစာျဖင့္ ေရးသားခ်က္ရွိရမည္။ ယင္းေရးသားခ်က္ကို မွတ္ပုံတင္ အက္ဥပေဒပုဒ္မ ၁၇ (၁) (ခ) အရ မွတ္ပုံတင္ရမည္။ ထုိသုိ႔ ျပဳလုပ္ထားျခင္းမရွိသျဖင့္ ယင္းတစ္သက္တာ ေနခြင့္ေပးေသာ အခြင့္အေရး မွာ တရားဥပေဒအရ ပ်က္ျပယ္သြားသည္ဟု ဆုံးျဖတ္ထားပါတယ္''

''ဒါဆုိရင္ တစ္သက္တာ ေနထုိင္ခြင့္ျပဳတယ္ဆုိရင္ ခြင့္ျပဳေၾကာင္း စာခ်ဳပ္စာတမ္း႐ုံးမွာ မွတ္ပုံတင္စာခ်ဳပ္ ျပဳ လုပ္ဖုိ႔လုိတာေပါ့''

''မွန္ပါတယ္။ ဒီအခ်က္ကို မူတည္ၿပီး ၁၉၉၁ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ ၁၇၈ မွာ ေဖာ္ျပထား တဲ့ ေဒၚသန္းပါ (၄) ႏွင့္ ေဒၚသန္းသန္း (၎၏ ကုိယ္စားလွယ္ - ေဒၚခင္ယုဇန) စီရင္ထုံးမွာ မပယ္ဖ်က္ႏုိင္ ေသာ ခြင့္ျပဳခ်က္ျဖင့္ေနသည္ဆုိရာ၌ မွတ္ပုံတင္စာခ်ဳပ္ျပဳလုပ္ရန္လုိအပ္ေၾကာင္း ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ မိမိပုိင္ ေဆာက္အအုံမွာ ခြင့္ျပဳခ်က္ျဖင့္ထားမည္ဆုိလွ်င္ စာခ်ဳပ္စာတမ္းႏွင့္ ခ်ဳပ္ ဆုိထားရွိသင့္ပါ တယ္''ဟု ေဆြးေႏြးလုိက္ပါသည္။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

### Unicode Version ###

''ခွင့်ပြုချက်နဲ့ထားတယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးကို ဆိုလိုတာလဲ ဆရာ''ဟု မိတ်ဆွေတစ်ဦးက စာ ရေးသူထံ လာရောက်ဆွေးနွေးပါသည်။

''ခွင့်ပြုချက်နဲ့ထားတယ်ဆိုတာက အလွယ်ကူဆုံးပြောရရင် မိမိပိုင်အိမ်၊ အဆောက်အအုံ မြေပေါ်မှာ ငွေကြေး တစ်ပြားတစ်ချပ်မျှမယူဘဲ အခမဲ့ထားခြင်းကို ဆိုလိုတာဖြစ်တယ်''

''တကယ်လို့ မိဘတွေက သူတို့ ပိုင်အိမ်မှာ သားသမီးကို နေခွင့်ပေးထားရင် ခွင့်ပြုချက်အရ နေထိုင်တာပဲပေါ့ ဟုတ်ပါသလား''

''ဘယ်လို အခြေအနေများရှိနေလို့လဲ''

''ကျွန်တော့် မိတ်ဆွေအမျိုးသမီးတစ်ဦးက သူပိုင်တိုက်ခန်းကို ရောင်းချင်တယ်လို့ ပြောတယ်။ သူလည်း ကျန်း မာရေးမကောင်းအသက်လည်း ကြီးပြီဆိုတော့ ဆေးကုသဖို့နဲ့ အလှူအတန်းပြုသွားချင်တယ်။ ဝယ်နိုင်ရင် ဝယ်ပါလို့ လာပြောတယ်''

''အဲဒီတိုက်ခန်းမှာ ဘယ်သူနေသလဲ။ အမျိုးသမီးကြီးကိုယ်တိုင်တော့မနေဘူး ဒီလိုလား''

''ဟုတ်တယ်။ သူက သမီးအကြီးနဲ့ နေတယ်။ တိုက်ခန်းမှာသူ့ရဲ့ ချွေးမနေတယ်''

''သားဖြစ်သူက ဘယ်ရောက်သွားလို့လဲ၊ အိမ်ထောင်ကွဲသွားလို့လား''

''သားဖြစ်သူက ကွယ်လွန်သွားတာ သုံးနှစ်ခန့်ရှိပြီပြောတယ်''

''ဒါကြောင့် ချွေးမကို ဆက်မထားချင်တဲ့ သဘောပေါ့''

''ဟုတ်တယ်။ သားမင်္ဂလာဆောင်တော့ နေစရာမရှိလို့ အဲဒီအခန်းကို နေခွင့်ပြုခဲ့တာလို့ ပြောတယ်''

''ချွေးမဖြစ်သူက ဒီတိုက်ခန်းက သူတို့ကို မင်္ဂလာဆောင်စဉ်မှာ လက်ဖွဲ့အဖြစ်ပေးထားတာလို့ ပြောတယ်''

''လက်ဖွဲ့ပစ္စည်းအဖြစ်ပေးခဲ့တယ်ဆိုရင် မိဘကမေတ္တာနဲ့ ပေးကမ်းခြင်းဖြစ်တဲ့အတွက် တရားဥပဒေနဲ့အညီ ပေးကမ်းခြင်းစာချုပ်ရှိရပါမယ်။ စာချုပ်စာတမ်း ရုံးမှာမှတ်ပုံတင် ပြုလုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်''

''ပေးကမ်းခြင်းမှာ စာချုပ်စာတမ်း မှတ်ပုံတင်စာချုပ် မပြုလုပ်ရင် တရားမဝင်ဘူးပေါ့''

''မှန်ပါတယ်''

''အခုတိုက်ခန်းက အမျိုးသမီးကြီးတို့ လင်မယားဝယ်ထားတဲ့ အိမ်ဖြစ်တယ်''

''မိဘများရဲ့ အိမ်ပဲဖြစ်နေမှာပေါ့။ ဖခင်က ရှိသေးလား''

''ခင်ပွန်းသည်ကလည်း ဆုံးသွားပြီ။ တိုက်ခန်းဝယ်စဉ်က ဇနီးရဲ့ အမည်နဲ့ပဲဝယ်ခဲ့တာဖြစ်တယ်''

''ဘာပဲဖြစ်ဖြစ်ပေးကမ်းခြင်း စာချုပ်လည်း မရှိတော့ ဒီကိစ္စက စဉ်းစားစရာ မလိုတော့ဘူးပေါ့''

''သူ့ယောကျ်ားရဲ့ အမွေကိုရပိုင်ခွင့်ရှိတယ်။ ဒါကြောင့် ဆင်းမပေးနိုင်ဘူးလို့ ဆိုပြန်တယ်''

''ဒါကလည်း ယောက္ခမဖြစ်တဲ့ ခင်ပွန်းသည်ရဲ့ မိခင်တစ်ယောက်လုံး သက်ရှိထင်ရှားရှိနေတော့ အမွေရခွင့် မရှိသေးဘူးလေ။ ပြီးတော့ သားသမီး ကျန်ရှိခဲ့သလား''

''သားသမီးမရှိဘူးထင်တယ်။ မိခင်ပြောစကားအရတော့ သားသမီးလည်းမရဘူးလို့ ပြောပါတယ်''

''သားသမီးလည်း မရှိဘူးဆိုတော့ အမွေရှင်မိဘထက် စောစွာကွယ်လွန်သွားတဲ့ သားသမီးရဲ့ ချွေးမသို့မဟုတ် သားမက်အနေနဲ့ ယောက္ခမအမွေကို ရခွင့်မရှိဘူးဆိုတဲ့ ဥပဒေအချက်ကလည်း ရှိနေတယ်။ ဒါကြောင့် အမွေ ဆက်ခံသူအဖြစ်နေပါတယ်ဆိုတာလည်း ဥပဒေအရ ခွင့်ပြုနိုင်တဲ့ အခြေအနေမရှိဘူး''

''တစ်သက်တာခွင့်ပြုချက်နဲ့ ထားတယ်ဆိုတာကြားဖူးတယ်။ အခုကိစ္စမှာ မိဘဖြစ်သူက သားနဲ့ ချွေးမကို နေခွင့်ပြုထားတာက တစ်သက်လုံး နေခွင့်ပြုထားတာမျိုး မဖြစ်နိုင်ဘူးလား''

''ခွင့်ပြုချက်နဲ့ထားတယ်ဆိုတာကတော့ နှုတ်အားဖြင့် ခွင့်ပြုချက်ထားလို့ရတယ်။ ခွင့်ပြုသူရဲ့ ခွင့်ပြုထားတဲ့ အချိန်ကာလအထိပဲ အတည်ဖြစ်တယ်။ မည်သည့်အချိန် ကာလမဆို ခွင့်ပြုချက်ကို ရုပ်သိမ်းခွင့် ရှိတယ်''

''တချို့က တစ်နှစ်ခွင့်ပြုတာမျိုး နှစ်ရှည်ခွင့်ပြုနေထိုင်ခွင့်ပေးတာမျိုးရှိတယ် မဟုတ်လား''

''တချို့ကလည်း ကျွန်တော် ကျွန်မတို့ အိမ်မှဆင်းပေးပါမယ်။ နေစရာရှာမတွေ့သေးလို့ နှစ်လခန့် ဆက်နေခွင့်ပြုပါလို့ တောင်းဆိုတာ တွေလည်း ရှိတယ်''

''တကယ်လို့ ဆရာပြောသလို ဆက်လက်နေထိုင်ခွင့်ပေးလိုက်ပြီး အိမ်ကဆင်းမပေးရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ''

''နောက်ဆုံး အခြေအနေကတော့ မိမိပိုင်အိမ်မှ မဟုတ်တာဗျာ။ တရားစွဲနှင်ချရမယ့် အခြေအနေ ရောက်ကြ တယ်''

''ဒါဆိုရင် ခွင့်ပြုချက်နဲ့ ထားတာလည်း စာချုပ်စာတမ်းနဲ့ ပြုလုပ်ချုပ်ဆိုထားဖို့ လိုတာပေါ့နော်''

''မှန်ပါတယ်။ ခွင့်ပြုချက်နဲ့ နေထိုင်ခွင့်ပေးထားကြောင်း စာရွက်စာတမ်းနဲ့ ချုပ်ဆိုထားရင်တော့ အကောင်းဆုံး ပေါ့။ ဒါပေမယ့် ခွင့်ပြုချက်နဲ့ မိမိပိုင်အဆောက်အအုံမှာထားတယ်ဆိုတာ ပိုင်ရှင်ရဲ့ အနီးစပ်ဆုံးဆွေမျိုး ဒါမှမဟုတ် အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်တတ်တော့ နှုတ်နဲ့ပဲ နေခွင့်ပြုတာတွေ ဖြစ်တတ်တယ်''

''ဟုတ်ကဲ့ ဆရာ။ ခွင့်ပြုချက်နဲ့ နေထိုင်ခွင့်ပေးတဲ့ စာချုပ်ကို မှတ်ပုံတင်ဖို့ လိုပါသေးလား''

''ဒီအချက်ကတော့ အရေးကြီးတယ်ဗျ။ ဒါနဲ့ ပတ်သက်လို့ ဗဟုသုတအဖြစ် ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ တဲ့ ဦးသာရှိန်ပါ (၂) နှင့် ကိုတင်လှပါ (၂) ၁၉၆၇ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ - ၆၅၉ မှာ လျှောက်ထားခံရသူ ကိုတင်လှတို့အနေဖြင့် ၎င်းတို့အား အဆောက်အအုံ၌ တစ်သက်တာနေထိုင်ခွင့်ပေးထား သည်ဟုဆိုစေကာမူ နောက်ထပ်တစ်နှစ်နေထိုင်ရန် ခွင့်ပန်ခြင်းမှာ မူလက ပေးထားသော ကတိပဋိညာဉ်သည် ပဋိညာဉ်ဥပဒေ ပုဒ်မ - ၆၂ အရ ပျက်ပြယ်သွားပြီဟု ယူဆရန် အကြောင်းရှိသည်။ ထို့ပြင် တစ်သက်တာခွင့်ပြု သည်ဟု ဆိုရာ၌ ဥပဒေအရ တရားမဝင်ပေ။ တစ်နှစ်ထက်ကျော်၍ နေထိုင်ခွင့်ပေးခြင်းသော်လည်းကောင်း၊ တစ်နှစ်ပြီးတစ်နှစ် ဆက်လက်၍ နေထိုင်ခွင့်ပေးခြင်းသော်လည်းကောင်း ၎င်းတို့တွင် ပစ္စည်းလွှဲပြောင်းရေး အက် ဥပဒေ ပုဒ်မ (၉) အရစာဖြင့် ရေးသားချက်ရှိရမည်။ ယင်းရေးသားချက်ကို မှတ်ပုံတင် အက်ဥပဒေပုဒ်မ ၁၇ (၁) (ခ) အရ မှတ်ပုံတင်ရမည်။ ထိုသို့ ပြုလုပ်ထားခြင်းမရှိသဖြင့် ယင်းတစ်သက်တာ နေခွင့်ပေးသော အခွင့်အရေး မှာ တရားဥပဒေအရ ပျက်ပြယ်သွားသည်ဟု ဆုံးဖြတ်ထားပါတယ်''

''ဒါဆိုရင် တစ်သက်တာ နေထိုင်ခွင့်ပြုတယ်ဆိုရင် ခွင့်ပြုကြောင်း စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ပြု လုပ်ဖို့လိုတာပေါ့''

''မှန်ပါတယ်။ ဒီအချက်ကို မူတည်ပြီး ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၇၈ မှာ ဖော်ပြထား တဲ့ ဒေါ်သန်းပါ (၄) နှင့် ဒေါ်သန်းသန်း (၎င်း၏ ကိုယ်စားလှယ် - ဒေါ်ခင်ယုဇန) စီရင်ထုံးမှာ မပယ်ဖျက်နိုင် သော ခွင့်ပြုချက်ဖြင့်နေသည်ဆိုရာ၌ မှတ်ပုံတင်စာချုပ်ပြုလုပ်ရန်လိုအပ်ကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မိမိပိုင် ဆောက်အအုံမှာ ခွင့်ပြုချက်ဖြင့်ထားမည်ဆိုလျှင် စာချုပ်စာတမ်းနှင့် ချုပ် ဆိုထားရှိသင့်ပါ တယ်''ဟု ဆွေးနွေးလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
taunggyi-garden-city
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service