လူတန်းစေ့အိမ်ရာပိုင်ဆိုင်နိုင်ရေး ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေး - Property News in Myanmar from iMyanmarHouse.com
489 ကြိမ် ကြည့်ရှု့ ပြီး

လူတန်းစေ့အိမ်ရာပိုင်ဆိုင်နိုင်ရေး ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

### Zawgyi Version ###






### Unicode Version ###

ဇူလိုင်လ ၆ ရက်တွင် ပြုလုပ်သည့် မြို့ပြနှင့် အိမ်ရာကဏ္ဍနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်က ရန်ကုန်မြို့ရှိ အိမ်ထောင်စုအားလုံး၏ ၅၈ ရာခိုင်းနှုန်းသည် တစ်လလျှင် ကျပ်နှစ်သိန်းအောက်သာ ဝင်ငွေရရှိသောကြောင့် လူတန်းစေ့အိမ်ရာ ပိုင်ဆိုင် နိုင်ရေး ရည်မှန်းချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးကြောင်း ပြောထားသည်။

အိမ်ရာကဏ္ဍနှင့် ပတ်သက်သော စစ်တမ်းကောက်ယူမှုကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ Urban Research & Development Institute (URDI) ကကောက်ယူခဲ့ရာတွင် ရန်ကုန်မြို့တွင်နေထိုင်သည့် အိမ် ထောင်စုအများစု၏ ဝင်ငွေမှာ ဌာနမှ ရောင်းချပေးနေသည့်အိမ်ရာများ ဝယ်ယူရန် လက်လှမ်းမီခြင်းမရှိသေး ကြောင်း၊ အလွန်အခြေခံကျသည့် လူတန်းစားများအတွက် လက်လှမ်းမမီကြောင်း၊ Housing Policy များက မည်မျှပင် ဝင်ငွေနည်းပြည်သူများအား ဦးတည်သည်ပြောပြော လက်ရှိတွင်ရည်ရွယ်ထားသည့်အတိုင်း မရောက်သေးကြောင်း ၎င်းကပြောထားသည်။

တစ်လလျှင် ကျပ် နှစ်သိန်းအောက်သာ ဝင်ငွေရှိသည့် ၅၈ ရာခိုင်နှုန်းသော အိမ်ထောင်စုများ အိမ်ရာ ပိုင်ဆိုင်နိုင်ရေးအတွက် ဌာနမှပိုမိုဆောင်ရွက်နေပြီး တိုင်းဒေသကြီးအစိုးရမှ မြေနေရာပေးအပ်ကာ တည် ဆောက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

၂၀၂၀ တွင် ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းကို မဟာဗျူဟာမြောက်လုပ်ငန်းအဖြစ်စတင်မည်
ရန်ကုန်တိုင်းအစိုးရရောင်းချမည့် မြေကွက် ၅၀၀ ကျော်တွင် ရာခိုင်နှုန်း ၉၀ ကျော်သည် လမ်းများ၊ လမ်းမီးတိုင်များ စိုက်ထူပြီးသားဖြစ်ကြောင်း ဦးသန်းပြော...
မြန်မာနိုင်ငံက ယှဉ်ပြိုင်မှုနဲ့ စည်းမျဉ်းတွေကို အခြေခံတဲ့ စီးပွားရေးပုံစံကို ပြောင်းနေပြီလို့ဆို...
စင်္ကာပူအစိုးရ ရန်ပုံငွေအဖွဲ့ GIC က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ရှိ ရုံးခန်းတာဝါ အဆောက်အအုံကြီးတစ်လုံးကို ပေါင် သန်း ၅၃၀ ဖြင့် ဝယ်ယူ...
အွန်လိုင်းကနေအထပ်မြင့်တည်ဆောက်ခွင့်ပါမစ်လျှောက်ထားမှု
The Lord of the Rings ဇာတ်ကားကြီး၏ ဝတ္ထုဇာတ်လမ်းကို ရေးသားခဲ့သည့် စာရေးဆရာကြီး တိုလ်ကီယန်၏ အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ်မြို့ရှိနေအိမ် ပေါင် ၄ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
စင်ဒီကရောဖို့ဒ်တို့ စုံတွဲက နေအိမ်ရှာဖွေလျက်ရှိပြီး နယူးယောက်မြို့တွင် ဒေါ်လာ ၁၄ သန်းတန် ကွန်ဒိုခန်းကို ခင်ပွန်းနှင့်အတူ ကြည့်ရှုခဲ့...
ရန်ကုန်တိုင်းက စီမံကိန်း ၁၅၀ ကျော်ကို ဘတ်ဂျတ်အခြေအနေကြည့်ပြီး ဆက်လက်လုပ်ဆောင်မယ်
စင်္ကာပူနိုင်ငံ အရှေ့တောင်ပိုင်း Geylang အရပ်ရှိ အခန်းပေါင်း ၄၉ ခန်းပါ၊ ၈ ထပ်အဆောက်အအုံ ဟိုတယ်တစ်လုံးကို ဒေါ်လာ ၂၃ သန်းဖြင့် ရောင်းချမည်...
ရန်ကုန်မြို့ပြင်ပ စက်မူဇုန်များအကောင်အထည်ဖော်ရန် နှစ်ခုသေချာ၍ နှစ်ခုမှာ ညှိနှိုင်းဆဲဟု တိုင်းဝန်ကြီးပြော...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)