ကမၻာေက်ာ္ စာေရးဆရာၾကီး မာ့ခ္တြိန္းပိုင္ဆိုင္ခဲ့ဖူးေသာ ကြန္နက္တီကပ္ျပည္နယ္ရွိ ယာေတာအိမ္ (ကမၻာေက်ာ္ပုဂၢိဳလ္တို႔၏ စံအိမ္မ်ား)

ကမၻာေက်ာ္ စာေရးဆရာၾကီး မာ့ခ္တြိန္းပိုင္ဆိုင္ခဲ့ဖူးေသာ ကြန္နက္တီကပ္ျပည္နယ္ရွိ ယာေတာအိမ္ (ကမၻာေက်ာ္ပုဂၢိဳလ္တို႔၏ စံအိမ္မ်ား) - Property News in Myanmar from iMyanmarHouse.com
11 Jul 2019 12:55 pm တွင် တင်ခဲ့သည်
973 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္စာေပ၏ ဖခင္ၾကီးဟု ဝီလ်ံ ေဖာ့က္္နာက တင္စားေခၚေဝၚျခင္းခံရသူ ကမၻာေက်ာ္ စာေရးဆရာၾကီး မာ့ခ္တြိန္း၏ အမည္ရင္းမွာ ဆင္ျမဴရယ္ လန္းဂြန္ ကလဲမန္းစ္ျဖစ္ျပီး ၁၈၃၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၃၀ ရက္တြင္ ေမြးဖြားျပီး ၁၉၁၀ ျပည့္ႏွစ္၊ ဧျပီလ ၂၁ ရက္တြင္ ကြယ္လြန္သည္။

ကေလာင္အမည္ မာ့ခ္တြိန္းျဖင့္သာ လူသိမ်ားသည္။

The Gilded Age: A Tale of Today (၁၈၇၃ ခုႏွစ္)၊ The Prince and the Pauper (၁၈၈၁)၊ A Connecticut Yankee in King Arthur's Court (၁၈၈၉) ၊ The American Claimant (၁၈၉၂) ၊ Pudd'nhead Wilson (၁၈၉၄) ၊ Personal Recollections of Joan of Arc (၁၈၉၆) ၊ A Horse's Tale (၁၉၀၇) ႏွင့္ The Mysterious Stranger (၁၉၁၆, ကြယ္လြန္ျပီးမွ ထုတ္ေဝ) ဝတၳဳရွည္မ်ား ေရးသားခဲ့သည္။

အေမရိကန္ျပည္ေထာင္စု၊ ကြန္နက္တီကပ္ျပည္နယ္တြင္ မာ့ခ္တြိန္းပိုင္ဆိုင္ခဲ့ဖူးေသာ ယာေတာအိမ္ၾကီးတစ္လံုးရွိ၏။

မာ့ခ္တြိန္းသည္ အဆိုပါေနအိမ္ကို ၁၉၀၉ ခုႏွစ္အတြင္း သမီးျဖစ္သူအတြက္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

တည္ေနရာမွာ အေမရိကန္ျပည္ေထာင္စု၊ ကြန္နက္တီကပ္ျပည္နယ္၊ ဖဲရဲဖီးခရိုင္၊ ရက္ဒင္းျမိဳ႕ကေလးတြင္ ျဖစ္သည္။

ယာေတာအက်ယ္အဝန္းမွာ ၁၈ ဒသမ ၇ ဧကခန္႔ရွိျပီး သမီးျဖစ္သူ ဂ်င္းန္ ကလီမန္းစ္အတြက္ ၁၉၀၉ ခုႏွစ္တြင္ ဝယ္ယူေပးခဲ့ျခင္းျဖစ္ေၾကာင္း မာ့ခ္တြိန္းစာၾကည့္တိုက္ရွိ စာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပသည္။

မာ့ခ္တြိန္း၏ ပင္မေနအိမ္ျဖစ္ေသာ ရက္ဒင္းျမိဳ႕တြင္ပင္ရွိေသာ Stormfield ေနအိမ္ႏွင့္ နီးကပ္စြာေနႏိုင္ရန္အတြက္ အဆိုပါယာေတာကို ဝယ္ယူေပးခဲ့ျခင္းလည္း ျဖစ္သည္။

မာ့ခ္တြိန္းသည္ Stormfield စံအိမ္တြင္ ၁၉၀၈ ခုႏွစ္မွ ကြယ္လြန္သြားသည့္ ၁၉၁၀ ျပည့္ႏွစ္အထိ ေနထိုင္သြားခဲ့သည္။

(၁၉၂၃ ခုႏွစ္တြင္မူ မီးသင့္ေလာင္မႈေၾကာင့္ ေနအိမ္ပ်က္စီးခဲ့ျပီး ထိုႏွစ္အတြင္းတြင္ပင္ ပံုစံတူေနအိမ္ငယ္ ျပန္လည္ေဆာက္လုပ္ခဲ့သည္)

ယာေတာအိမ္ဝယ္ယူျပီးေနာက္ လအနည္းငယ္မွ်သာရွိေသးခ်ိန္တြင္ မာ့ခ္တြိန္း၏သမီးျဖစ္သူဂ်င္းန္မွာ ရုတ္တရက္ကြယ္လြန္သြားခဲ့ရာ ကြယ္လြန္ခ်ိန္၌ အသက္ ၂၉ ႏွစ္အရြယ္သာရွိေသးသည္။

ေရခ်ဳိးခန္းအတြင္း လဲက်ေသဆံုးေနသည္ကို ေတြ႔ခဲ့ၾကရျခင္းျဖစ္ျပီး ဆရာဝန္တို႔၏ သံုးသပ္ခ်က္အရ ႏွလံုးေဖာက္က ေသဆံုးခဲ့ၾကျခင္းျဖစ္သည္ဟု ဆိုသည္။

သမီးျဖစ္သူဆံုးပါးျပီးေနာက္ ႏွစ္အနည္းငယ္အၾကာတြင္ မာ့ခ္တြိန္းသည္လည္း ႏွလံုးေရာဂါျဖင့္ပင္ ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၇၄ ႏွစ္ရွိျပီ ျဖစ္သည္။

မာ့ခ္တြိန္းသည္ သမီးကြယ္လြန္ျပီးေနာက္ ယာေတာအိမ္ကို ေရာင္းခ်လုိက္ကာ ရရွိလာေသာေငြမ်ားကို သူ၏အမည္ျဖင့္ စာၾကည့္တိုက္တစ္ခု တည္ေထာင္ေပးခဲ့သည္။

ဝယ္ယူလိုက္သည့္ ပိုင္ရွင္မ်ားက ယာေတာအိမ္ကို ၂၀၁၃ ခုႏွစ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျပီး ျပဳျပင္မြမ္းမံမႈ မ်ားစြာ ျပဳလုပ္ခဲ့သည္။

ယာေတာျခံဝန္းအတြင္း ေရွးေဟာင္းဟန္ ယာေတာအိမ္၊ စပါးက်ီတစ္ခုႏွင့္ မာ့ခ္တြိန္း၏ အလုပ္ခန္းတစ္ခုတို႔ ပါဝင္သည္။

ယာေတာအိမ္မွာ ၁၇၈၇ ခုႏွစ္ကတည္းက ေဆာက္လုပ္ထားသည့္အိမ္ျဖစ္ျပီး စပါးက်ီမွာမူ ၁၈၆၀ ခုႏွစ္ခန္႔တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ေနာက္ပိုင္းတြင္ စပါးက်ီကို ျပဳျပင္မြမ္းမံခဲ့ျပီး ဧည့္ေဂဟာအျဖစ္ ေျပာင္းလဲအသံုးျပဳခဲ့သည္။

(မာ့ခ္တြိန္း၏ ကမၻာေက်ာ္ အေတြးအေခၚမ်ား)

အမွန္တရားက ဖိနပ္ေတြ ၀တ္ဆင္ေနတုန္းမွာပဲ မုသားက ကမာၻတစ္၀က္ထိ ခရီးဆက္ေနႏိုင္ခဲ့ၿပီ ...

(-Mark Twain-)

လူေတြအေၾကာင္းကိုပိုေလ့လာေလေလ က်ဳပ္ရဲ႕ေခြးကိုက်ဳပ္ပိုသေဘာက်ေလေလပဲ။

(Mark Twain)

Giving up the habit of smoking is very easy. I've done it so many times.

ေဆးလိပ္ျဖတ္တာသိပ္လြယ္တယ္။က်ဳပ္အႀကိမ္ႀကိမ္ျဖတ္ျပီးျပီ။

( Mark Twain)

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်စာပေ၏ ဖခင်ကြီးဟု ဝီလျံ ဖော့က်နာက တင်စားခေါ်ဝေါ်ခြင်းခံရသူ ကမ္ဘာကျော် စာရေးဆရာကြီး မာ့ခ်တွိန်း၏ အမည်ရင်းမှာ ဆင်မြူရယ် လန်းဂွန် ကလဲမန်းစ်ဖြစ်ပြီး ၁၈၃၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် မွေးဖွားပြီး ၁၉၁၀ ပြည့်နှစ်၊ ဧပြီလ ၂၁ ရက်တွင် ကွယ်လွန်သည်။

ကလောင်အမည် မာ့ခ်တွိန်းဖြင့်သာ လူသိများသည်။

The Gilded Age: A Tale of Today (၁၈၇၃ ခုနှစ်)၊ The Prince and the Pauper (၁၈၈၁)၊ A Connecticut Yankee in King Arthur's Court (၁၈၈၉) ၊ The American Claimant (၁၈၉၂) ၊ Pudd'nhead Wilson (၁၈၉၄) ၊ Personal Recollections of Joan of Arc (၁၈၉၆) ၊ A Horse's Tale (၁၉၀၇) နှင့် The Mysterious Stranger (၁၉၁၆, ကွယ်လွန်ပြီးမှ ထုတ်ဝေ) ဝတ္ထုရှည်များ ရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်တွင် မာ့ခ်တွိန်းပိုင်ဆိုင်ခဲ့ဖူးသော ယာတောအိမ်ကြီးတစ်လုံးရှိ၏။

မာ့ခ်တွိန်းသည် အဆိုပါနေအိမ်ကို ၁၉၀၉ ခုနှစ်အတွင်း သမီးဖြစ်သူအတွက် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်၊ ဖဲရဲဖီးခရိုင်၊ ရက်ဒင်းမြို့ကလေးတွင် ဖြစ်သည်။

ယာတောအကျယ်အဝန်းမှာ ၁၈ ဒသမ ၇ ဧကခန့်ရှိပြီး သမီးဖြစ်သူ ဂျင်းန် ကလီမန်းစ်အတွက် ၁၉၀၉ ခုနှစ်တွင် ဝယ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း မာ့ခ်တွိန်းစာကြည့်တိုက်ရှိ စာရွက်စာတမ်းများတွင် ဖော်ပြသည်။

မာ့ခ်တွိန်း၏ ပင်မနေအိမ်ဖြစ်သော ရက်ဒင်းမြို့တွင်ပင်ရှိသော Stormfield နေအိမ်နှင့် နီးကပ်စွာနေနိုင်ရန်အတွက် အဆိုပါယာတောကို ဝယ်ယူပေးခဲ့ခြင်းလည်း ဖြစ်သည်။

မာ့ခ်တွိန်းသည် Stormfield စံအိမ်တွင် ၁၉၀၈ ခုနှစ်မှ ကွယ်လွန်သွားသည့် ၁၉၁၀ ပြည့်နှစ်အထိ နေထိုင်သွားခဲ့သည်။

(၁၉၂၃ ခုနှစ်တွင်မူ မီးသင့်လောင်မှုကြောင့် နေအိမ်ပျက်စီးခဲ့ပြီး ထိုနှစ်အတွင်းတွင်ပင် ပုံစံတူနေအိမ်ငယ် ပြန်လည်ဆောက်လုပ်ခဲ့သည်)

ယာတောအိမ်ဝယ်ယူပြီးနောက် လအနည်းငယ်မျှသာရှိသေးချိန်တွင် မာ့ခ်တွိန်း၏သမီးဖြစ်သူဂျင်းန်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ရာ ကွယ်လွန်ချိန်၌ အသက် ၂၉ နှစ်အရွယ်သာရှိသေးသည်။

ရေချိုးခန်းအတွင်း လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ကြရခြင်းဖြစ်ပြီး ဆရာဝန်တို့၏ သုံးသပ်ချက်အရ နှလုံးဖောက်က သေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

သမီးဖြစ်သူဆုံးပါးပြီးနောက် နှစ်အနည်းငယ်အကြာတွင် မာ့ခ်တွိန်းသည်လည်း နှလုံးရောဂါဖြင့်ပင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ်ရှိပြီ ဖြစ်သည်။

မာ့ခ်တွိန်းသည် သမီးကွယ်လွန်ပြီးနောက် ယာတောအိမ်ကို ရောင်းချလိုက်ကာ ရရှိလာသောငွေများကို သူ၏အမည်ဖြင့် စာကြည့်တိုက်တစ်ခု တည်ထောင်ပေးခဲ့သည်။

ဝယ်ယူလိုက်သည့် ပိုင်ရှင်များက ယာတောအိမ်ကို ၂၀၁၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ပြုပြင်မွမ်းမံမှု များစွာ ပြုလုပ်ခဲ့သည်။

ယာတောခြံဝန်းအတွင်း ရှေးဟောင်းဟန် ယာတောအိမ်၊ စပါးကျီတစ်ခုနှင့် မာ့ခ်တွိန်း၏ အလုပ်ခန်းတစ်ခုတို့ ပါဝင်သည်။

ယာတောအိမ်မှာ ၁၇၈၇ ခုနှစ်ကတည်းက ဆောက်လုပ်ထားသည့်အိမ်ဖြစ်ပြီး စပါးကျီမှာမူ ၁၈၆၀ ခုနှစ်ခန့်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် စပါးကျီကို ပြုပြင်မွမ်းမံခဲ့ပြီး ဧည့်ဂေဟာအဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်။

(မာ့ခ်တွိန်း၏ ကမ္ဘာကျော် အတွေးအခေါ်များ)

အမှန်တရားက ဖိနပ်တွေ ဝတ်ဆင်နေတုန်းမှာပဲ မုသားက ကမ္ဘာတစ်ဝက်ထိ ခရီးဆက်နေနိုင်ခဲ့ပြီ ...

(-Mark Twain-)

လူတွေအကြောင်းကိုပိုလေ့လာလေလေ ကျုပ်ရဲ့ခွေးကိုကျုပ်ပိုသဘောကျလေလေပဲ။

(Mark Twain)

Giving up the habit of smoking is very easy. I've done it so many times.

ဆေးလိပ်ဖြတ်တာသိပ်လွယ်တယ်။ကျုပ်အကြိမ်ကြိမ်ဖြတ်ပြီးပြီ။

( Mark Twain)

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
area-one-business-complex
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service